ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

 မႏၲေလးအျပည္ျပည္ ဆုိင္ရာေလဆိပ္ ၇ မိုင္ခန္႔အကြာရွိ မိုးေလဝသ ေရဒါစခန္း တည္ ေဆာက္ၿပီးျဖစ္၍ ယခုလဆန္းမွ စတင္ကာ စမ္းသပ္တုိင္းတာမႈ မ်ား ေဆာင္ရြက္ေနၿပီဟု မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီး ဌာန အထက္ျမန္မာျပည္ ၫႊန္ ၾကားေရးမွဴး ဦးေက်ာ္လြင္ဦးက ေျပာသည္။

ဂ်ပန္အျပည္ျပည္ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရးေအဂ်င္ စီ (JICA)၏ အကူအညီျဖင့္ မိုးေလဝသေရဒါစခန္းကို ၂၀၁၆ ဒီဇင္ဘာလဆန္းမွ စတင္ကာ ေဆာက္လုပ္ခဲ့သည္။ ေရဒါစခန္း ကို က်ပ္သန္း ၄၀ ခန္႔ အကုန္က်ခံ တည္ေဆာက္ခဲ့ၿပီး လက္ရိွတြင္ တည္ေဆာက္ေရးလုပ္ငန္းမ်ား ၿပီးစီး၍ မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာန ဝန္ထမ္းမ်ား ႏွင့္ ဂ်ပန္ႏုိင္ငံမွ မုိးေလဝသေရဒါ ကြၽမ္းက်င္သူမ်ား ပူးေပါင္းကာ စမ္းသပ္ေဆာင္ရြက္ေနေၾကာင္း ဦးေက်ာ္လြင္ဦးက ေျပာသည္။

‘‘မိုးေလဝသဆုိင္ရာ၊ အင္ ဂ်င္နီယာလုပ္ငန္းဆုိင္ရာေတြအ တြက္ လက္ေတြ႕ေလ့က်င့္သင္ တန္းေပးေနတာေတြရွိပါတယ္။ မႏၲေလးေရဒါကေန အညာေဒသ၊ ရွမ္းကုန္းျမင့္ေဒသနဲ႔ ခ်င္းျပည္ နယ္၊ စစ္ကိုင္းတိုင္းေအာက္ပိုင္း ေဒသေတြမွာ ျဖစ္ေပၚႏုိင္မယ့္ မိုး တိမ္ေတာင္ႀကီးေတြ ျဖစ္ေပၚေန တာကို ျမင္ရႏုိင္တယ္။ ရန္ကုန္၊ ေက်ာက္ျဖဴနဲ႔ မႏၲေလးေရဒါသံုး လံုးရဲ႕ ပံုရိပ္ေတြကို ေနျပည္ေတာ္ မိုးဇလဌာနကေန တုိက္႐ိုက္ ၾကည့္ေနႏိုင္ၿပီဆုိေတာ့ ႀကိဳတင္ သတိေပးခ်က္ေတြ ထုတ္ျပန္တဲ့ အခါ ပိုတိက်လာႏိုင္တာေပါ့’’ဟု ၎က ရွင္းျပသည္။

အဆုိပါစခန္း၏ မိုးေလဝသ အေျခအေန အခ်က္အလက္ဖမ္း ယူႏိုင္စြမ္းသည္ အခ်င္းကီလိုမီတာ ၅၀၀ ထိ ဖမ္းယူထိန္းခ်ဳပ္ႏိုင္မည္ျဖစ္ၿပီး အထက္ျမန္မာျပည္ ႏွင့္ပတ္သက္သည့္ မိုးေလဝသအ ေၾကာင္းအရာမ်ားကို သိရွိႏုိင္မည္ ျဖစ္သည္္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ် ၇ မိုင်ခန့်အကွာရှိ မိုးလေဝသ ရေဒါစခန်း တည် ဆောက်ပြီးဖြစ်၍ ယခုလဆန်းမှ စတင်ကာ စမ်းသပ်တိုင်းတာမှု များ ဆောင်ရွက်နေပြီဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန အထက်မြန်မာပြည် ညွှန် ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင် စီ (JICA)၏ အကူအညီဖြင့် မိုးလေဝသရေဒါစခန်းကို ၂၀၁၆ ဒီဇင်ဘာလဆန်းမှ စတင်ကာ ဆောက်လုပ်ခဲ့သည်။ ရေဒါစခန်း ကို ကျပ်သန်း ၄၀ ခန့် အကုန်ကျခံ တည်ဆောက်ခဲ့ပြီး လက်ရှိတွင် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီး၍ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းများ နှင့် ဂျပန်နိုင်ငံမှ မိုးလေဝသရေဒါ ကျွမ်းကျင်သူများ ပူးပေါင်းကာ စမ်းသပ်ဆောင်ရွက်နေကြောင်း ဦးကျော်လွင်ဦးက ပြောသည်။

‘‘မိုးလေဝသဆိုင်ရာ၊ အင် ဂျင်နီယာလုပ်ငန်းဆိုင်ရာတွေအ တွက် လက်တွေ့လေ့ကျင့်သင် တန်းပေးနေတာတွေရှိပါတယ်။ မန္တလေးရေဒါကနေ အညာဒေသ၊ ရှမ်းကုန်းမြင့်ဒေသနဲ့ ချင်းပြည် နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း ဒေသတွေမှာ ဖြစ်ပေါ်နိုင်မယ့် မိုး တိမ်တောင်ကြီးတွေ ဖြစ်ပေါ်နေ တာကို မြင်ရနိုင်တယ်။ ရန်ကုန်၊ ကျောက်ဖြူနဲ့ မန္တလေးရေဒါသုံး လုံးရဲ့ ပုံရိပ်တွေကို နေပြည်တော် မိုးဇလဌာနကနေ တိုက်ရိုက် ကြည့်နေနိုင်ပြီဆိုတော့ ကြိုတင် သတိပေးချက်တွေ ထုတ်ပြန်တဲ့ အခါ ပိုတိကျလာနိုင်တာပေါ့’’ဟု ၎င်းက ရှင်းပြသည်။

အဆိုပါစခန်း၏ မိုးလေဝသ အခြေအနေ အချက်အလက်ဖမ်း ယူနိုင်စွမ်းသည် အချင်းကီလိုမီတာ ၅၀၀ ထိ ဖမ်းယူထိန်းချုပ်နိုင်မည်ဖြစ်ပြီး အထက်မြန်မာပြည် နှင့်ပတ်သက်သည့် မိုးလေဝသအ ကြောင်းအရာများကို သိရှိနိုင်မည် ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top