န၀ဒေးရုပ်ရှင်ရုံ နှင့် ဗဟိုမီးသတ်အနီး Facility ပြည့်စုံသည့် အသင့်နေ Real Home ကွန်ဒိုအရောင်းပြပွဲ
×
Credit: Buzzy
# Unicode Version ဖြင့် ဖတ်ပါ #
ခုခေတ် လူ့အဖွဲ့အစည်း မှာ မိန်းကလေးေ တာ်တော်များများ ယောကျ်ားတွေရဲ့ညှင်းပန်းနှိပ်စက်ခြင်းကို ခံနေကြရပါတယ်။ လူသိရှင်ကြားမဖြစ်လိုက်တဲ့ကိစ္စတွေလည်းရှိသလို အချို့မိန်းကလေးတွေကြတော့လည်း မမြိုသိပ်နိုင်တော့လို့ အမှန်တရားကို ဖွင့်ချလိုက်တော့တယ်။ မိန်းကလေး တွေကတော့ တိတ်ဆိတ်စွာပဲပြဿနာကိုဖြေရှင်းချင်ပေမယ့် တစ်ချို့လူတွေကငြိမ်ခံနေတော့ ပိုဆိုးလာတယ်။ အခုလည်း မိန်းကလေး တစ်ယောက်က သူမ ရည်စားဟောင်း ညှင်းပန်းနှိပ်စက်ခဲ့တာကို လူအများသိအောင် ဖွင့်ချပြခဲ့တယ်။
ဖေ့စ်ဘုတ်သုံးစွဲသူ Nuel Raynes က သူမရဲ့ရိုင်းစိုင်းကြမ်းကြုတ်တဲ့ ရည်းစား အကြောင်း သူငယ်ချင်းတွေသိအောင် သူမအကောင့်မှာတင်ခဲ့ပါတယ်။ သူမ ရည်းစားဟောင်း ရိုက်နှက်လို့ တစ်ကိုယ်လုံး ရောင်ကိုင်းနေတဲ့ နေရာတွေကို ဓာတ်ပုံရိုက်ပြခဲ့တယ်။
သူမ ရည်းစား က ဘာမှမဟုတ်တဲ့ပြဿနာလေးတွေမှာလည်း ဒေါသထွက်လွယ်ပြီး စကားနဲ့မဖြေရှင်းပဲ လက်ပါတတ်တဲ့အကျင့်ရှိပါတယ်။ ဘယ်လောက်ပဲချစ်ချစ် သူမအတွက် ဒီလိုရည်းစားမျိုးကိုလက်ခံပြီး တစ်သက်လုံးတွဲနေဖို့ မဖြစ်နိုင်တေ့ပေမယ့် ထိုအချိန်မှာပဲ သူမ ရည်းစား နဲ့ ကိုယ်ဝန် ရရှိခဲ့လို့ ကလေး အတွက်ပဲဖြစ်ဖြစ် အားတင်းပြီး သူမတို့ရှေ့ဆက်ခဲ့တယ်။
အဲ့ဒီအချိန်ကစပြီး သူမအပေါ်ဆက်ဆံတာတွေ ပိုကြမ်းလာပြီး အိမ်လည်းပြန်မအိပ်တော့ဘူး။ တကယ်တော့ သူမရည်းစားက နောက်မီးလင်းနေခဲ့တာပါ။ လူကို ထုရိုက်လို့အားမရသေးတဲ့အပြင် နောက်တစ်ယောက်ထားပြီး သူမကိုစိတ်ဒုက္ခပေးလွန်းလို့ ဘယ်လိုမှမခံစားနိုင်တာနဲ့ လူမှုကွန်ရက်ပေါ် သူမ ခံစားချက် တွေတင်ခဲ့တယ်။ အခြား အနိုင်ကျင့်နှိပ်စက်ခံနေရတဲ့ မိန်းကလေး တွေလည်းသိအောင် ပြောပြခဲ့တာပါ။ မိန်းကလေး များ အထူးသတိပြုကြပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: Buzzy
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top