မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×



Image may contain: 1 person


Image may contain: 1 person, standing, plant, tree, outdoor and nature




Photo@ ThandarBo FB
Credit: hlataw

#Unicode Version#
ယခုရက်ပိုင်းမှာ တင်အသားပေး ကိတ်ကြောင်းပြတဲ့ ကောင်မလေးတွေ အရမ်းကို များလာပြီး တင်အသားပေး ပုံလေးတွေနဲ့ ဗီဒီယိုဖိုင်အတိုလေးတွေက ပုရိသတွေကြားမှာ ခေတ်စားနေကြပါတယ်..။



 အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းသမီးချောလေး သန္တာဗိုလ်က သူ့ရဲ့ လူမှုကွန်ယက် fb စာမျက်နှာမှာပေါ်မှာ Status စာသားတချို့ ရေးသားဖော်ပြခဲ့တာ တွေ့ရပါတယ်..။


သန္တာဗိုလ်က ဒီဇင်ဘာ(၃)ရက်နေ့က သူအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားတာ တွေ့ရပါတယ်..။

မင်းသမီးချောလေး သန္တာဗိုလ်က “ဖင်ပြပြီး နာမည်ကြီးချင်တာလား? Like များချင်တာလား..” ဆိုပြီး သူရဲ့ fb စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်..။

အဲ့ဒီ Status စာသားနဲ့ ပတ်သက်ပြီး အနုပညာရှင်လောကထဲက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်..။

အရပ်ရှည်ပြီး သွယ်လှတဲ့ ကိုယ်လုံးလေးရှိတဲ့ သူမကတော့ သရုပ်ဆောင် မော်လ်ဒယ်တစ်ယောက် အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်..။

ကြော်ငြာများနဲ့ Music MTV တွေကနေ လူသိများလာပြီး နောက်ပိုင်းမှာ ဇာတ်ကားများတွေမှာလည်း ပါဝင်သရုပ်ဆောင်ရိုက်ကူးလာတာ တွေ့ရပါတယ်..။

အချစ်ရေးနဲ့ ပတ်သက်ပြီးလည်း သရုပ်ဆောင် မင်းသားချော ကောင်းပြည့်နဲ့ လက်တွဲနေပြီး တည်ငြိမ်အေးဆေးပြီး သာယာပျော်ရွှင်တဲ့ အချစ်ရေးကိုလည်း ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်..။

အနုပညာရှင် စုံတွဲဖြစ်တဲ့ သူမတို့ ချစ်သူနှစ်ဦးကတော့ ပရိသတ်တွေ အားကျရတဲ့ ဆယ်လီစုံတွဲ တစ်တွဲဖြစ်ပြီး အိမ်ထောင်ပြုဖို့ကတော့ လိုသေးတယ်လို့ ဆိုပါတယ်..။

သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ ဖက်ရှင်ရှိုးပွဲဆက်တိုက်တွေ လျှောက်နေရပြီး မဂ္ဂဇင်း၊ ဓာတ်ပုံကြော်ငြာတွေလည်း ရိုက်ကူးပေးနေတယ်လို့ သိရပါတယ်..။

Photo@ ThandarBo FB

ဖိုးသူတော် (www.phothutaw.com)
Credit: hlataw

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top