စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ရန္ကုန္-မႏၲေလးအျမန္ လမ္းတြင္ ယခုႏွစ္ဆန္းက ျဖစ္ပြားခဲ့သည့္ ဟုိက္ေအ့စ္ယာဥ္မီး ေလာင္ၿပီး ရွစ္ေလာင္းၿပိဳင္ေသ ဆုံးမႈ၌ တရားစြဲဆုိခံထားရသူ ေအာင္ခန္႔ကုိ ဒီဇင္ဘာ ၂၉ ရက္ က ရာဇသတ္ႀကီးပုဒ္မသုံးခုျဖင့္ စြဲခ်က္တင္အမိန္႔ခ်မွတ္ခဲ့သည္။

အဆိုပါအမႈႏွင့္ပတ္သက္၍ ႐ုံးခ်ိန္း ၃၄ ခ်ိန္းစစ္ေဆးၿပီးေနာက္ ဒီဇင္ဘာ ၂၉ ရက္ကေအာင္ခန္႔ကုိ အျပစ္ရွိပါသလားဟု ၿမိဳ႕နယ္တရားသူႀကီးမွ ေမးျမန္းရာ ေအာင္ခန္႔က ၀န္ခံထြက္ဆုိခဲ့သည္။

‘‘အမႈကုိေတာ့ လာမယ့္ဇန္ န၀ါရီ ၅ ရက္မွာ ဆက္ၿပီးစစ္ေဆး မယ္။ ႏွစ္ဖက္ေရွ႕ေနေတြက တင္ ျပစရာေတြမရွိေတာ့ရင္ေတာ့ အ မိန္႔ခ်ဖုိ႔ နီးသြားမွာပါ။ ၅ ရက္ေန႔ ဘာေတြထပ္စစ္ေဆးမယ္ဆုိတာ ေတာ့ မသိေသးပါဘူး’’ဟု လွည္း ကူးၿမိဳ႕နယ္တရား႐ုံးမွ တာ၀န္ရွိ သူတစ္ဦးက ေျပာသည္။

ေပါ့ေလ်ာ့မႈေၾကာင့္ လူေသ မႈ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က၊ မီးေပါ့ဆမႈပုဒ္မ ၂၈၅၊ ယာဥ္မ ဆင္မျခင္ေမာင္းႏွင္မႈပုဒ္မ ၂၇၉ တို႔ျဖင့္ စြဲခ်က္တင္ရန္ ဒီဇင္ဘာ ၁၅ ရက္တြင္ တရားလုိေရွ႕ေနက ေလွ်ာက္ထားၿပီးေနာက္ ၿမိဳ႕နယ္တရားသူႀကီးက စြဲခ်က္တင္အမိန္႔ခ်မွတ္ခဲ့သည္။

အမိန္႔ခ်သည့္ေန႔တြင္ အမႈ ႏွင့္ပတ္သက္သည္ မိသားစု၀င္ အခ်ိဳ႕လာေရာက္နားေထာင္ခဲ့ၿပီး ေနာက္ အမ်ိဳးသမီးအခ်ိဳ႕ငုိေနသ ျဖင့္ အတူပါလာသူမ်ားကုိ အိမ္ ျပန္ေခၚသြားရန္ တရား႐ုံးတြင္တာ ၀န္ထမ္းေဆာင္ေနသည့္ရဲ၀န္ ထမ္းမ်ားက ေျပာဆုိခဲ့သည္။

‘‘တရားခံဘက္က ေရွ႕ေနက တရားလုိေရွ႕ေနအပါအ၀င္ ေနာက္ထပ္ေလးေယာက္ကုိစစ္ ေဆးခြင့္ေတာင္းတယ္။ အမႈနဲ႔ ပတ္သက္လုိ႔ေတာ့ အမွန္တရား အတိုင္းစီမံေဆာင္ရြက္သြားမယ္။ တရားလုိဘက္ကလည္း ဘယ္သူ မွလာေရာက္ေျပာဆုိတာမရွိပါ ဘူး’’ ဟု လွည္းကူးၿမိဳ႕နယ္တရား သူႀကီးကေျပာသည္။

ပုဂံ၌ ဘုရားဖူးၿပီးအျမန္လမ္း အတိုင္းေနျပည္ေတာ္ဘက္မွ ရန္ ကုန္ၿမိဳ႕သုိ႔ ေမာင္းႏွင္လာသည့္ ဟုိက္ေအ့စ္ကုိယ္ပုိင္ယာဥ္သည္ ယခုႏွစ္ ဇန္န၀ါရီ ၂၁ ရက္နံနက္ ၈ နာရီခန္႔က မုိင္တုိင္အမွတ္ ၄မုိင္ ၂ ဖာလုံအေရာက္တြင္ လမ္းလယ္ရွိအလူမီနီယံေပါင္ကုိ တိုက္မိရာမွ မီးေလာင္ကြၽမ္းၿပီး အမ်ိဳးသမီးခုနစ္ဦးႏွင့္ အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့သည္။

အဆုိပါအမႈႏွင့္ပတ္သက္၍ ယာဥ္ေမာင္းေအာင္ခန္႔ဇြဲျမန္မာ (ခ)ေအာင္ခန္႔ကုိ ရာဇသတ္ႀကီး ပုဒ္မ ၃၀၄-(က) အရ ေဖေဖာ္၀ါရီ ၂၀ ရက္တြင္ လွည္းကူးၿမိဳ႕နယ္ တရား႐ုံးသုိ႔ တရားစြဲဆုိတင္ပုိ႔ခဲ့ သည္။

အျမန္လမ္းတြင္ ဘုရားဖူးျပန္လာေသာ ယာဥ္မီးေလာင္သျဖင့္ လူရွစ္ဦးေသဆုံးခဲ့သည့္အမႈကုိ စီအုိင္ဒီက လႊဲေျပာင္းစစ္ ေဆးခဲ့သည္။

ယာဥ္မီးေလာင္မႈေၾကာင့္ အမ်ိဳးသမီးခုနစ္ဦး၊ အမ်ိဳးသား တစ္ဦးေသဆုံးၿပီး အသက္ရွင္ လြတ္ေျမာက္ခဲ့သည့္ေအာင္ခန္႔ သည္ အခင္းျဖစ္ပြားစဥ္က ၎ကုိယ္တိုင္ ယာဥ္ေမာင္းႏွင္ခဲ့ေၾကာင္း ဇန္န၀ါရီ ၂၃ ရက္တြင္၀န္ခံထြက္ဆုိသည္။

၂၀၁၇ ဇန္န၀ါရီ ၂၁ ရက္ နံနက္ ၈ နာရီခြဲခန္႔က ယာဥ္မေတာ္တဆမႈျဖစ္ကာ မီးစတင္ ေလာင္ကြၽမ္းခဲ့ၿပီး ၉ နာရီ ၁၀ မိနစ္တြင္ မီးၿငိမ္းခဲ့သည္။

ယင္းအမႈတြင္ မီးေလာင္ ေသဆုံးသူမ်ားသည္ လႈပ္ရွား႐ုန္း ကန္မႈမရွိဘဲ ၿငိမ္သက္စြာေသဆုံး ခဲ့သည့္ပုံစံရွိသည္ဟု သုံးသပ္ ခ်က္မ်ားရွိခဲ့ၿပီး လူအမ်ားအျပား စိတ္၀င္စားမႈျမင့္မားေသာ အမႈ ျဖစ္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ #
ရန်ကုန်-မန္တလေးအမြန် လမ်းတွင် ယခုနှစ်ဆန်းက ဖြစ်ပွားခဲ့သည့် ဟိုက်အေ့စ်ယာဉ်မီး လောင်ပြီး ရှစ်လောင်းပြိုင်သေ ဆုံးမှု၌ တရားစွဲဆိုခံထားရသူ အောင်ခန့်ကို ဒီဇင်ဘာ ၂၉ ရက် က ရာဇသတ်ကြီးပုဒ်မသုံးခုဖြင့် စွဲချက်တင်အမိန့်ချမှတ်ခဲ့သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ရုံးချိန်း ၃၄ ချိန်းစစ်ဆေးပြီးနောက် ဒီဇင်ဘာ ၂၉ ရက်ကအောင်ခန့်ကို အပြစ်ရှိပါသလားဟု မြို့နယ်တရားသူကြီးမှ မေးမြန်းရာ အောင်ခန့်က ဝန်ခံထွက်ဆိုခဲ့သည်။

‘‘အမှုကိုတော့ လာမယ့်ဇန် နဝါရီ ၅ ရက်မှာ ဆက်ပြီးစစ်ဆေး မယ်။ နှစ်ဖက်ရှေ့နေတွေက တင် ပြစရာတွေမရှိတော့ရင်တော့ အ မိန့်ချဖို့ နီးသွားမှာပါ။ ၅ ရက်နေ့ ဘာတွေထပ်စစ်ဆေးမယ်ဆိုတာ တော့ မသိသေးပါဘူး’’ဟု လှည်း ကူးမြို့နယ်တရားရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ပေါ့လျော့မှုကြောင့် လူသေ မှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က၊ မီးပေါ့ဆမှုပုဒ်မ ၂၈၅၊ ယာဉ်မ ဆင်မခြင်မောင်းနှင်မှုပုဒ်မ ၂၇၉ တို့ဖြင့် စွဲချက်တင်ရန် ဒီဇင်ဘာ ၁၅ ရက်တွင် တရားလိုရှေ့နေက လျှောက်ထားပြီးနောက် မြို့နယ်တရားသူကြီးက စွဲချက်တင်အမိန့်ချမှတ်ခဲ့သည်။

အမိန့်ချသည့်နေ့တွင် အမှု နှင့်ပတ်သက်သည် မိသားစုဝင် အချို့လာရောက်နားထောင်ခဲ့ပြီး နောက် အမျိုးသမီးအချို့ငိုနေသ ဖြင့် အတူပါလာသူများကို အိမ် ပြန်ခေါ်သွားရန် တရားရုံးတွင်တာ ဝန်ထမ်းဆောင်နေသည့်ရဲဝန် ထမ်းများက ပြောဆိုခဲ့သည်။

‘‘တရားခံဘက်က ရှေ့နေက တရားလိုရှေ့နေအပါအဝင် နောက်ထပ်လေးယောက်ကိုစစ် ဆေးခွင့်တောင်းတယ်။ အမှုနဲ့ ပတ်သက်လို့တော့ အမှန်တရား အတိုင်းစီမံဆောင်ရွက်သွားမယ်။ တရားလိုဘက်ကလည်း ဘယ်သူ မှလာရောက်ပြောဆိုတာမရှိပါ ဘူး’’ ဟု လှည်းကူးမြို့နယ်တရား သူကြီးကပြောသည်။

ပုဂံ၌ ဘုရားဖူးပြီးအမြန်လမ်း အတိုင်းနေပြည်တော်ဘက်မှ ရန် ကုန်မြို့သို့ မောင်းနှင်လာသည့် ဟိုက်အေ့စ်ကိုယ်ပိုင်ယာဉ်သည် ယခုနှစ် ဇန်နဝါရီ ၂၁ ရက်နံနက် ၈ နာရီခန့်က မိုင်တိုင်အမှတ် ၄မိုင် ၂ ဖာလုံအရောက်တွင် လမ်းလယ်ရှိအလူမီနီယံပေါင်ကို တိုက်မိရာမှ မီးလောင်ကျွမ်းပြီး အမျိုးသမီးခုနစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ယာဉ်မောင်းအောင်ခန့်ဇွဲမြန်မာ (ခ)အောင်ခန့်ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၄-(က) အရ ဖေဖော်ဝါရီ ၂၀ ရက်တွင် လှည်းကူးမြို့နယ် တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ သည်။

အမြန်လမ်းတွင် ဘုရားဖူးပြန်လာသော ယာဉ်မီးလောင်သဖြင့် လူရှစ်ဦးသေဆုံးခဲ့သည့်အမှုကို စီအိုင်ဒီက လွှဲပြောင်းစစ် ဆေးခဲ့သည်။

ယာဉ်မီးလောင်မှုကြောင့် အမျိုးသမီးခုနစ်ဦး၊ အမျိုးသား တစ်ဦးသေဆုံးပြီး အသက်ရှင် လွတ်မြောက်ခဲ့သည့်အောင်ခန့် သည် အခင်းဖြစ်ပွားစဉ်က ၎င်းကိုယ်တိုင် ယာဉ်မောင်းနှင်ခဲ့ကြောင်း ဇန်နဝါရီ ၂၃ ရက်တွင်ဝန်ခံထွက်ဆိုသည်။

၂၀၁၇ ဇန်နဝါရီ ၂၁ ရက် နံနက် ၈ နာရီခွဲခန့်က ယာဉ်မတော်တဆမှုဖြစ်ကာ မီးစတင် လောင်ကျွမ်းခဲ့ပြီး ၉ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းခဲ့သည်။

ယင်းအမှုတွင် မီးလောင် သေဆုံးသူများသည် လှုပ်ရှားရုန်း ကန်မှုမရှိဘဲ ငြိမ်သက်စွာသေဆုံး ခဲ့သည့်ပုံစံရှိသည်ဟု သုံးသပ် ချက်များရှိခဲ့ပြီး လူအများအပြား စိတ်ဝင်စားမှုမြင့်မားသော အမှု ဖြစ်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top