ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ေမေမ မသြားပါနဲ႔..သူ႔အသက္ငါးႏွစ္….“ေမေမ.. ေမေမ့စကားကို သားနားေထာင္ပါမယ္။ ေမေမ မသြားပါနဲ႔..”မူႀကိဳေက်ာင္း ရဲ႕ ေက်ာင္းေပါက္ဝမွာ ေမေမ့ ေျခေထာက္ ကိုဖက္ၿပီး သူငိုယိုေတာင္းပန္တယ္။ ေမေမ ကထိုင္ခ်ၿပီး သူ႔ပါးႏွစ္ဘက္ကို လက္ႏွစ္ဘက္နဲ႔ ကိုင္လိုက္တယ္။

“ေယာက္်ားေလး ဆိုတာ မ်က္ရည္ မက်ရဘူး သား… အထဲမွာ သား နဲ႔အတူ ေဆာ့ကစားမယ့္ ကိုကိုမမေတြ အမ်ားႀကီးရွိတယ္။ ၿပီးေတာ့ ဆရာမကလည္း သားကို သီခ်င္း ေတြ အမ်ားႀကီးသင္ေပးဦးမွာ။ သား ေသခ်ာလိုက္ဆိုၿပီး ေမေမ့ကိုျပန္ဆိုျပေနာ္။ ေမေမရံုးဆင္းတာနဲ႔ သားကို လာႀကိဳမယ္” ေမေမ့ ေျပာစကားကို သူ မ်က္ရည္ သုတ္ၿပီး ေခါင္းညိတ္ျပတယ္။

သူ႔အသက္ဆယ္ႏွစ္ ….

“ေမေမ……”

ေက်ာင္းေပါက္ဝမွာ ေမေမ ကိုေတြ႔တာနဲ႔ သူေျပးဖက္တယ္။ ေမေမ့ ရင္ခြင္ ထဲ ဝမ္းသာအားရ သူေခါင္းေလးတိုးေဝွ႕တယ္။

“ေျဖႏိုင္လား သား?”

အမွတ္ျပည့္ရတဲ့ အေျဖ စာရြက္ ကို ေမေမ ဆီ သူထိုးေပးတယ္။

“ေမေမ့ သား က ေတာ္လိုက္တာ… လာ.. ေမေမ တို႔ တစ္ခုခုသြားစားရေအာင္ သား ကို ဂုဏ္ျပဳရမယ္”

သူ႔အသက္ ဆယ့္ငါးႏွစ္….

“သား မသြားခ်င္ဘူး.. သား က်ဴရွင္ မတက္ခ်င္ဘူး…က်ဴရွင္ တက္လည္း အပုိပဲ”

ေမေမ က စိတ္ဆိုးမာန္ဆိုးနဲ႔ အေျဖလႊာစာရြက္ကို ထိုးျပၿပီး “သား အမွတ္စာရင္းကို သားၾကည့္ပါဦး။ ဘာျဖစ္လို႔ ေမေမ့စကား ကို သားနားမေထာင္ရတာလဲ? ဒီလိုပံုစံနဲ႔ဆက္သြားရင္ တကၠသိုလ္တက္ရမွာမဟုတ္ဘူး။ သားကို ပညာတတ္ေစခ်င္လို႔ ေမေမ ပိုက္ဆံ အကုန္ခံၿပီး ေက်ာင္းထားတာ၊ တစ္ေနကုန္ ဂိမ္းကစားဖို႔ မဟုတ္ဘူး သား…” သူ တံခါးေဆာင့္ပိတ္ၿပီး အျပင္ကိုထြက္သြားလိုက္တယ္။ သူ႔ေနာက္ေက်ာမွာ ေမေမ့အသံကပ္ပါလာတယ္။

“သား……. ျပန္လာခဲ့……!!”

သူ႔အသက္ ၂ဝႏွစ္…..

“သား အိမ္မျပန္ေတာ့ဘူး ေမေမ.. ဒီည သား သူငယ္ခ်င္း ေတြနဲ႔ ပါတီ လုပ္မယ္။

ေအာ္.. ေမေမကို ေျပာရဦးမယ္။ တကၠသိုလ္ ဝင္ခြင့္ ေလွ်ာက္လႊာ သားျဖည့္လိုက္ၿပီေနာ္.. ” ရီေဝေဝအသံနဲ႔ ေမေမဆီ သူ႔ဖုန္းဆက္တယ္။

“အိမ္ျပန္လာၿပီး ျဖည့္ပါလား သား… ေမေမ့ ကို တိုင္ပင္ၿပီးမွ ျဖည့္ပါလား!

ေမေမ့ ကိုလည္း ဘာမွမတိုင္ပင္ပဲနဲ႔ သား ဘာလို႔ ေမေမ့စ ကား နားမေထာင္ရတာလဲ? သား …ဘာလိုင္းဦးစားေပးေလွ်ာက္ထားသလဲ?”

“ဟာ… ေမေမ ကလည္း စိတ္ရႈပ္လိုက္တာ.. သားကိစၥ သားသိပါတယ္.. ေမေမ ဝင္မပါပါနဲ႔..”

ေမေမ ဘက္က ဘာမွမေျပာခင္ သူ ဖုန္း အရင္ခ်ပစ္လိုက္တယ္။ ၿပီးေတာ့ ခြက္ကိုကိုင္ေျမာက္ၿပီး အေပါင္းအသင္း ဘက္လွည့္လိုက္တယ္။

“သူငယ္ခ်င္း တို႔ေရ.. လာကြာ.. ခ်ီးယားစ္…”

သူ႔အသက္ ၃ဝႏွစ္…..

“အရက္ ေသာက္ဖို႔ စိတ္ရွိေသးတာလား?”

သူ႔လက္ထဲက ဖန္ခြက္ကို ေမေမ လုယူၿပီး ေျပာလိုက္တယ္။

“ဒီ မိန္းကေလး မဆိုးပါဘူး.. ေမေမ ဘယ္ေတာ့မွ ေျမးခ်ီရမလဲ သားရယ္..”

“သူ႔ကို သားမႀကိဳက္ဘူးေမေမ… ဟို ေကာင္မေလးနဲ႔ စပ္ေပး ဒီေကာင္မေလးနဲ႔ စပ္ေပး မလုပ္နဲ႔ေတာ့ေမေမ။ သားကို ေနရာလပ္ေလးတစ္ခုေပးပါ…”

“ေမေမ့ စကား ကို တစ္ေခါက္ေလာက္ နားေထာင္ေပးပါလား သား? ေမေမ ေျပာမယ္….”

“ဟာ……. သား နားမေထာင္ဘူး… ငယ္ငယ္ေလးကတည္းက အခုခ်ိန္ထိ ေမေမ့ စကား ကို သားနားေထာင္ေနခဲ့တာ.. ေမေမ ေျပာတာေတြ ဘယ္ေလာက္မွန္လို႔လဲ? ဘယ္ေလာက္မွန္လဲ?”

သူ႔အသက္ ၄ဝ…..

“ပိုက္ဆံ က ဘယ္ေလာက္မွ မမ်ားပါဘူး။ လိုအပ္တာဝယ္ဖို႔ ေမေမ အတြက္ သား ပိုက္ဆံ ထည့္ေပးလိုက္တယ္။ ပိုက္ဆံလိုတဲ့အခါ ဖုန္း ထပ္ဆက္လိုက္ေပါ့…”

“ေမေမ ဘာမွမလိုဘူးသား… ႏွစ္ကုန္တဲ့အခါ ေျမးေတြေခၚၿပီး အိမ္ျပန္ခဲ့ပါဦး.. သား တို႔ကို ေမေမ လြမ္းလို႔ပါ.. ၿပီးေတာ့ သားကို ေမေမေျပာျပစရာတစ္ခုရွိတယ္…”

“ႏွစ္ကုန္ရင္ ကုမၸဏီ ကလုပ္ငန္းတိုးခ်ဲ႕မယ္တဲ့။ သား ေတာ္ေတာ္နဲ႔ ျပန္လာျဖစ္မွာ မဟုတ္ဘူး ေမေမ… ေနာက္ႀကံဳမွ ေျပာၾကတာေပါ့…” ဖုန္း ကို သူအရင္ခ်ပစ္လိုက္တယ္။

သူ႔အသက္ ၄၁ႏွစ္…..

စီးကရက္ တစ္လိတ္ကို ဖြာရင္း စာတိုက္ကပို႔လာခဲ့တဲ့ စာတစ္ေစာင္ကို သူၾကည့္ေနမိတယ္။ စာအိတ္ေပၚမွာ ေပးပို႔သူလိပ္စာ မပါဘူး။ စာအိတ္ ကို ေဖာက္ၾကည့္ေတာ့ စာအိတ္ထဲမွာ….
သားအျဖစ္ ေမြးစားစာခ်ဳပ္တစ္ေစာင္၊ ေသဆံုးေၾကာင္း ေဆးလက္မွတ္တစ္ေစာင္…. ေဆးလိတ္မီးခိုးေငြ႔ၾကားမွာ သူ႔အျမင္ေတြ မႈန္ဝါးသြားခဲ့တယ္။

အုတ္ဂူတစ္ခုေရွ႕မွာ သူဒူးေထာက္ေနမိတာ ဘယ္ေလာက္ၾကာခဲ့မွန္း မသိေတာ့ဘူး။ သူ ႔ႏွလံုးသား ေကဲြအက္မြေၾကလို႔… ဆို႔နင့္တဲ့အသံနဲ႔ ေမေမၾကားႏိုင္ဖို႔ ေနာက္ဆံုးစကားတစ္ခြန္း သူေျပာလိုက္တယ္။ တမလြန္က ေမေမ သူ႔အသံကို ၾကားႏိုင္ပါေစ…

“ေမေမ… ေမေမ့ စကားကို သားနားေထာင္ပါေတာ့မယ္.. ေမေမ ထြက္မသြားပါနဲ႔…”

ႏိုင္းႏိုင္းစေန ဘာသာျပန္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
မေမေ မသွားပါနဲ့..သူ့အသက်ငါးနှစ်….“မေမေ.. မေမေ့စကားကို သားနားထောင်ပါမယ်။ မေမေ မသွားပါနဲ့..”မူကြိုကျောင်း ရဲ့ ကျောင်းပေါက်ဝမှာ မေမေ့ ခြေထောက် ကိုဖက်ပြီး သူငိုယိုတောင်းပန်တယ်။ မေမေ ကထိုင်ချပြီး သူ့ပါးနှစ်ဘက်ကို လက်နှစ်ဘက်နဲ့ ကိုင်လိုက်တယ်။

“ယောက်ျားလေး ဆိုတာ မျက်ရည် မကျရဘူး သား… အထဲမှာ သား နဲ့အတူ ဆော့ကစားမယ့် ကိုကိုမမတွေ အများကြီးရှိတယ်။ ပြီးတော့ ဆရာမကလည်း သားကို သီချင်း တွေ အများကြီးသင်ပေးဦးမှာ။ သား သေချာလိုက်ဆိုပြီး မေမေ့ကိုပြန်ဆိုပြနော်။ မေမေရုံးဆင်းတာနဲ့ သားကို လာကြိုမယ်” မေမေ့ ပြောစကားကို သူ မျက်ရည် သုတ်ပြီး ခေါင်းညိတ်ပြတယ်။

သူ့အသက်ဆယ်နှစ် ….

“မေမေ……”

ကျောင်းပေါက်ဝမှာ မေမေ ကိုတွေ့တာနဲ့ သူပြေးဖက်တယ်။ မေမေ့ ရင်ခွင် ထဲ ဝမ်းသာအားရ သူခေါင်းလေးတိုးဝှေ့တယ်။

“ဖြေနိုင်လား သား?”

အမှတ်ပြည့်ရတဲ့ အဖြေ စာရွက် ကို မေမေ ဆီ သူထိုးပေးတယ်။

“မေမေ့ သား က တော်လိုက်တာ… လာ.. မေမေ တို့ တစ်ခုခုသွားစားရအောင် သား ကို ဂုဏ်ပြုရမယ်”

သူ့အသက် ဆယ့်ငါးနှစ်….

“သား မသွားချင်ဘူး.. သား ကျူရှင် မတက်ချင်ဘူး…ကျူရှင် တက်လည်း အပိုပဲ”

မေမေ က စိတ်ဆိုးမာန်ဆိုးနဲ့ အဖြေလွှာစာရွက်ကို ထိုးပြပြီး “သား အမှတ်စာရင်းကို သားကြည့်ပါဦး။ ဘာဖြစ်လို့ မေမေ့စကား ကို သားနားမထောင်ရတာလဲ? ဒီလိုပုံစံနဲ့ဆက်သွားရင် တက္ကသိုလ်တက်ရမှာမဟုတ်ဘူး။ သားကို ပညာတတ်စေချင်လို့ မေမေ ပိုက်ဆံ အကုန်ခံပြီး ကျောင်းထားတာ၊ တစ်နေကုန် ဂိမ်းကစားဖို့ မဟုတ်ဘူး သား…” သူ တံခါးဆောင့်ပိတ်ပြီး အပြင်ကိုထွက်သွားလိုက်တယ်။ သူ့နောက်ကျောမှာ မေမေ့အသံကပ်ပါလာတယ်။

“သား……. ပြန်လာခဲ့……!!”

သူ့အသက် ၂ဝနှစ်…..

“သား အိမ်မပြန်တော့ဘူး မေမေ.. ဒီည သား သူငယ်ချင်း တွေနဲ့ ပါတီ လုပ်မယ်။

အော်.. မေမေကို ပြောရဦးမယ်။ တက္ကသိုလ် ဝင်ခွင့် လျှောက်လွှာ သားဖြည့်လိုက်ပြီနော်.. ” ရီဝေဝေအသံနဲ့ မေမေဆီ သူ့ဖုန်းဆက်တယ်။

“အိမ်ပြန်လာပြီး ဖြည့်ပါလား သား… မေမေ့ ကို တိုင်ပင်ပြီးမှ ဖြည့်ပါလား!

မေမေ့ ကိုလည်း ဘာမှမတိုင်ပင်ပဲနဲ့ သား ဘာလို့ မေမေ့စ ကား နားမထောင်ရတာလဲ? သား …ဘာလိုင်းဦးစားပေးလျှောက်ထားသလဲ?”

“ဟာ… မေမေ ကလည်း စိတ်ရှုပ်လိုက်တာ.. သားကိစ္စ သားသိပါတယ်.. မေမေ ဝင်မပါပါနဲ့..”

မေမေ ဘက်က ဘာမှမပြောခင် သူ ဖုန်း အရင်ချပစ်လိုက်တယ်။ ပြီးတော့ ခွက်ကိုကိုင်မြောက်ပြီး အပေါင်းအသင်း ဘက်လှည့်လိုက်တယ်။

“သူငယ်ချင်း တို့ရေ.. လာကွာ.. ချီးယားစ်…”

သူ့အသက် ၃ဝနှစ်…..

“အရက် သောက်ဖို့ စိတ်ရှိသေးတာလား?”

သူ့လက်ထဲက ဖန်ခွက်ကို မေမေ လုယူပြီး ပြောလိုက်တယ်။

“ဒီ မိန်းကလေး မဆိုးပါဘူး.. မေမေ ဘယ်တော့မှ မြေးချီရမလဲ သားရယ်..”

“သူ့ကို သားမကြိုက်ဘူးမေမေ… ဟို ကောင်မလေးနဲ့ စပ်ပေး ဒီကောင်မလေးနဲ့ စပ်ပေး မလုပ်နဲ့တော့မေမေ။ သားကို နေရာလပ်လေးတစ်ခုပေးပါ…”

“မေမေ့ စကား ကို တစ်ခေါက်လောက် နားထောင်ပေးပါလား သား? မေမေ ပြောမယ်….”

“ဟာ……. သား နားမထောင်ဘူး… ငယ်ငယ်လေးကတည်းက အခုချိန်ထိ မေမေ့ စကား ကို သားနားထောင်နေခဲ့တာ.. မေမေ ပြောတာတွေ ဘယ်လောက်မှန်လို့လဲ? ဘယ်လောက်မှန်လဲ?”

သူ့အသက် ၄ဝ…..

“ပိုက်ဆံ က ဘယ်လောက်မှ မများပါဘူး။ လိုအပ်တာဝယ်ဖို့ မေမေ အတွက် သား ပိုက်ဆံ ထည့်ပေးလိုက်တယ်။ ပိုက်ဆံလိုတဲ့အခါ ဖုန်း ထပ်ဆက်လိုက်ပေါ့…”

“မေမေ ဘာမှမလိုဘူးသား… နှစ်ကုန်တဲ့အခါ မြေးတွေခေါ်ပြီး အိမ်ပြန်ခဲ့ပါဦး.. သား တို့ကို မေမေ လွမ်းလို့ပါ.. ပြီးတော့ သားကို မေမေပြောပြစရာတစ်ခုရှိတယ်…”

“နှစ်ကုန်ရင် ကုမ္ပဏီ ကလုပ်ငန်းတိုးချဲ့မယ်တဲ့။ သား တော်တော်နဲ့ ပြန်လာဖြစ်မှာ မဟုတ်ဘူး မေမေ… နောက်ကြုံမှ ပြောကြတာပေါ့…” ဖုန်း ကို သူအရင်ချပစ်လိုက်တယ်။

သူ့အသက် ၄၁နှစ်…..

စီးကရက် တစ်လိတ်ကို ဖွာရင်း စာတိုက်ကပို့လာခဲ့တဲ့ စာတစ်စောင်ကို သူကြည့်နေမိတယ်။ စာအိတ်ပေါ်မှာ ပေးပို့သူလိပ်စာ မပါဘူး။ စာအိတ် ကို ဖောက်ကြည့်တော့ စာအိတ်ထဲမှာ….
သားအဖြစ် မွေးစားစာချုပ်တစ်စောင်၊ သေဆုံးကြောင်း ဆေးလက်မှတ်တစ်စောင်…. ဆေးလိတ်မီးခိုးငွေ့ကြားမှာ သူ့အမြင်တွေ မှုန်ဝါးသွားခဲ့တယ်။

အုတ်ဂူတစ်ခုရှေ့မှာ သူဒူးထောက်နေမိတာ ဘယ်လောက်ကြာခဲ့မှန်း မသိတော့ဘူး။ သူ့နှလုံးသား ကေွဲအက်မွကြေလို့… ဆို့နင့်တဲ့အသံနဲ့ မေမေကြားနိုင်ဖို့ နောက်ဆုံးစကားတစ်ခွန်း သူပြောလိုက်တယ်။ တမလွန်က မေမေ သူ့အသံကို ကြားနိုင်ပါစေ…

“မေမေ… မေမေ့ စကားကို သားနားထောင်ပါတော့မယ်.. မေမေ ထွက်မသွားပါနဲ့…”

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top