ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

မင္းသမီး အက္ရွ္ေလ ဂ်ဒ္၊ အဆိုေတာ္ ေတလာဆြစ္ဖ္ ၊ အူဘာ အင္ဂ်င္နီယာ ဆူဆန္ ေဖာင္းလား ၊ ေကာ္ပိုရိတ္ ေလာ္ဘီသမား Adama Iwu နဲ႔ မကၠဆီကို က စေတာ္ဘယ္ရီ ခူးသမ Isabel Pascual

တိုင္းမဂၢဇင္း က ဒီႏွစ္အတြက္ ထူးခၽြန္ ထင္ရွား ပုဂၢိဳလ္ဆုကို ၿငိမ္ဆိတ္မွုကို ေဖာက္ခြဲထြက္ခဲ့သူ ေတြ အျဖစ္ ကာမ အနိုင္က်င့္ အျမတ္ထုတ္ခံရမွုေတြကို ငုံ႔မခံဘဲ တိုင္ၾကားတဲ့အမ်ိဳးသမီးေတြကို ေရြးခ်ယ္ခဲ့ ပါတယ္။

အင္တာနက္မွာ ကၽြန္မတို႔လည္း ထပ္တူ ဆိုတဲ့ စာစုနဲ႔ ဒီလို မတရားမွုေတြကို ေဖာ္ထုတ္တဲ့ လွုပ္ရွားမွု ကေနၿပီး ေဟာလီးဝုဒ္ ထုတ္လုပ္သူ နာမည္ႀကီး ဟာေဗး ဝိုင္းစတင္း အေပၚ စြပ္စြဲခ်က္ေတြ ထြက္လာတာက စခဲ့တာ ျဖစ္ပါတယ္။

ဒီလွုပ္ရွားမွုဟာ ျဖစ္ေနတာေတြရဲ့ တစိတ္တပိုင္းသာ ရွိေသးၿပီး အလုံးစုံ မလႊမ္းျခဳံ နိုင္ေသးပါဘူးလို႔ တိုင္းက ေျပာပါတယ္။

ဒါေပမဲ့ ဒါဟာ ဆယ္စုႏွစ္ေတြ အတြင္း အျမန္ဆုံး ေပါက္သြားတဲ့ လူမွု အေျပာင္းအလဲ ျဖစ္တယ္ လို႔လည္း တိုင္း အယ္ဒီတာ ခ်ဳပ္ Edward Felsenthal က ဆိုပါတယ္။

ရာနဲ႔ခ်ီတဲ့ အမ်ိဳးသမီး အမ်ိဳးသားေတြက သူတို႔ၾကဳံခဲ့တာေတြ ထြက္ေျပာရဲတဲ့ သတၱိက စခဲ့တယ္လို႔ သူက NBC ႐ုပ္သံကို ေျပာပါတယ္။

မစၥတာ ဝင္းစတိုင္း ရဲ့ မတရားျပဳမွုကို ပထမဆုံး ထြက္ေျပာတဲ့ မင္းသမီး အက္ရွ္ေလ ဂ်ဒ္နဲ႔ ခႏၶာကိုယ္ ေအာက္ပိုင္းကို ကိုင္တြယ္လို႔ ဒီေဂ် တေယာက္ကို တရားစြဲ ရာမွာ အနိုင္ရတဲ့ ေပါ့ပ္ အဆိုေတာ္ ေတလာဆြစ္ဖ္ တို႔ အထူး ထင္ရွားတဲ့ နာမည္ႀကီးေတြ ျဖစ္ပါတယ္။

သူတို႔နဲ႔ အတူ အူဘာ အမွုေဆာင္ အရာရွိခ်ဳပ္ကို ျပဳတ္ေအာင္ စြဲဆိုခဲ့တဲ့ ၂၆ ႏွစ္ အရြယ္ အင္ဂ်င္နီယာေဟာင္း ဆူဆန္ ေဖာင္းလား ၊ ဆကရာ မင္တိုက အသက္ ၄ဝ အရြယ္ ေကာ္ပိုရိတ္ ေလာ္ဘီသမား Adama Iwu နဲ႔ မကၠဆီကို က ၄၂ ႏွစ္ အရြယ္ စေတာ္ဘယ္ရီ ခူးသမ Isabel Pascual (နာမည္ရင္း မဟုတ္ ) တို႔လည္း တိုင္း မဂၢဇင္းက ေဖာ္ျပထား ပါတယ္။

ဒီ လွုပ္ရွားမွုမွာ ေခါင္းေဆာင္ အဖြဲ႕အစည္း ရယ္လို႔ မရွိဘဲ hashtag ေခၚတဲ့ အင္တာနက္ အမွတ္အသား # နဲ႔ ကၽြန္မတို႔လည္း ထပ္တူ ဆိုၿပီး ဒီလို မတရား ငုံ႔ခံေနရတဲ့ သန္းနဲ႔ခ်ီသူေတြ အတြက္ ေသြးစည္းမွု ကို ျပတဲ့ လွုပ္ရွားမွုႀကီး ျဖစ္ပါတယ္။

အမ်ိဳးသမီး အမ်ိဳးသားေတြက သူတို႔ က်ဴးလြန္ခံရတဲ့ ျဖစ္ရပ္ေတြကို လူေတြၾကားထဲ ပြင့္ပြင့္လင္းလင္း ထြက္ေျပာၿပီး က်ဴးလြန္သူေတြသာ ရွက္ဖို႔ေကာင္းေၾကာင္း ထြက္ေျပာလာၾကတာလည္း ျဖစ္ပါတယ္။

လူမ်ိဳးမေရြး အဆင့္အတန္း အလုပ္အကိုင္ မေရြး တကမၻာလုံးက အမ်ိဳးသမီးေတြ အင္တာနက္မွာ ထြက္ေျပာ ၾကတာပါ။

အရွက္နဲ႔ အေၾကာက္ ကို အမ်က္ ေဒါသ အျဖစ္ ေျပာင္းပစ္သလို ေထာင္နဲ႔ခ်ီသူေတြ လမ္းေပၚ ထြက္ၿပီး ေတာင္းဆိုမွုေတြလည္း ရွိလာပါတယ္။

အင္တာနက္မွာ စိတ္ႀကိဳက္လိုရာ ရွာတဲ့ေခတ္ကို ရည္ညႊန္းၿပီး ၂ဝဝ၆ အတြက္ တိုင္းက သင့္ကို ေရြးခ်ယ္ခဲ့

အာဏာရွိတဲ့ အမ်ိဳးသား တစုလည္း သူတို႔ အမူအက်င့္ေတြကို ထုတ္ဝန္ခံဖို႔ ျဖစ္လာခဲ့ပါတယ္။ လြတ္လပ္အေတြးေဆြးေႏြးဖလွယ္

တိုင္းက ေဖာ္ျပတဲ့ အထဲ ဒီ # အမွတ္အသားကို ဆယ္ႏွစ္ေက်ာ္က ထြင္တဲ့ Tarana Burke၊ ဒါကို အင္တာနက္မွာ ေအာက္တိုဘာလ က စေပါက္ေအာင္ လုပ္တဲ့ ႐ုပ္ရွင္ မင္းသမီး Alyssa Milano နဲ႔ မင္းသား တယ္ရီ ခ႐ူးစ္၊ အလုပ္ရွင္ကို တရားစြဲတဲ့ ဟိုတယ္ အလုပ္သမားတစု၊ အထက္လႊတ္ေတာ္အမတ္ Sara Gelser ၊ ဖြင့္ေျပာရင္ အလုပ္ျပဳတ္မွာ စိုးတဲ့ ေဆး႐ုံ အလုပ္သမား တေယာက္၊ ေဖာက္စ္ သတင္းဌာနက သတင္းေထာက္ Megyn Kelly တို႔လည္း ပါပါတယ္။

Megyn Kelly ကိုဆိုရင္ ၿပီးခဲ့တဲ့ အေမရိကန္ သမၼတ ေရြးေကာက္ပြဲ အတြင္း သူစီစဥ္တဲ့ စကားစစ္ထိုးပြဲ အၿပီးမွာပဲ သမၼတေလာင္း ထရမ့္က ဒီအမ်ိဳးသမီး မ်က္လုံးက ေသြးေတြ ထြက္ေနတာ၊ သူ႔တကိုယ္လုံး ဘယ္နားမဆို ေသြးထြက္ေနတာလို႔ အေျပာခံခဲ့ရတာပါ။

ရယ္စရာ ေကာင္းတာက မစၥတာ ထရမ့္ကို မႏွစ္ အတြက္ အထင္ရွားဆုံးဆု ေပးခဲ့ၿပီးသားကို ဒီႏွစ္ ျပန္ရမယ္ ဆိုၿပီး သတင္းထြက္လာ ခဲ့တာပါ။ Forbes မဂၢဇင္းရဲ့ ထူးခၽြန္သူ စာရင္းက ျမန္မာ အမ်ိဳးသမီး

သူ အေရြးခံရတာဟာ အမ်ိဳးသမီးေတြ အတြက္ ေခတ္ေနာက္ျပန္ ဆုတ္တာပဲလို႔ Megyn Kelly က ဆိုပါတယ္။

တႏွစ္စီ အတြက္ အဆိုး အေကာင္း လုပ္ခဲ့သူေတြ ထဲက အထင္ရွားဆုံး သူ ေရြးခ်ယ္တာကို တိုင္းက ၁၉၂၇ က စခဲ့ပါတယ္။

ေရြးခ်ယ္ခဲ့သူ အမ်ားစုက ပုဂၢိဳလ္ တေယာက္ စီ ျဖစ္တတ္ေပမယ့္ အျမဲတမ္းေတာ့ မဟုတ္ပါဘူး။

၂ဝ၁၄ တုန္းက အီဘိုလာ ေရာဂါ တိုက္ဖ်က္သူေတြကို ေရြးသလို ၂ဝ၁၁ တုန္းကလည္း အာရပ္ေႏြဦး လွုပ္ရွားမွု ကို အသိအမွတ္ျပဳတဲ့ အေနနဲ႔ ဆႏၵျပသူေတြကို ေရြးခဲ့ပါတယ္။

၁၉၅ဝ ကေတာ့ ကိုရီးယားစစ္မွာ တိုက္ေနတဲ့ အေမရိကန္ တပ္ေတြကို ရည္ရြယ္ၿပီး အေမရိကန္ တပ္သား ကို ေရြးပါတယ္။

၁၉၅၆ မွာ ဟန္ေဂရီ အေရးအခင္းေၾကာင့္ ဟန္ေဂရီ ျပည္သားေတြကို ေရြးသလို သိပၸံ ပညာရွင္ေတြ၊ ၂၅ ႏွစ္ေအာက္ အေမရိကန္ေတြနဲ႔ အေမရိကန္ အလယ္ပိုင္းက လူေတြကို ေရြးတာေတြ ရွိခဲ့ပါတယ္။

၂ဝဝ၆ မွာေတာ့ အင္တာနက္မွာ စိတ္ႀကိဳက္လိုရာ ရွာတဲ့ေခတ္ကို ရည္ညႊန္းၿပီး တိုင္း မဂၢဇင္း က သင့္ကို ေရြးခ်ယ္ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ #

မင်းသမီး အက်ရှ်လေ ဂျဒ်၊ အဆိုတော် တေလာဆွစ်ဖ် ၊ အူဘာ အင်ဂျင်နီယာ ဆူဆန် ဖောင်းလား ၊ ကော်ပိုရိတ် လော်ဘီသမား Adama Iwu နဲ့ မက္ကဆီကို က စတော်ဘယ်ရီ ခူးသမ Isabel Pascual

တိုင်းမဂ္ဂဇင်း က ဒီနှစ်အတွက် ထူးချွန် ထင်ရှား ပုဂ္ဂိုလ်ဆုကို ငြိမ်ဆိတ်မှုကို ဖောက်ခွဲထွက်ခဲ့သူ တွေ အဖြစ် ကာမ အနိုင်ကျင့် အမြတ်ထုတ်ခံရမှုတွေကို ငုံ့မခံဘဲ တိုင်ကြားတဲ့အမျိုးသမီးတွေကို ရွေးချယ်ခဲ့ ပါတယ်။

အင်တာနက်မှာ ကျွန်မတို့လည်း ထပ်တူ ဆိုတဲ့ စာစုနဲ့ ဒီလို မတရားမှုတွေကို ဖော်ထုတ်တဲ့ လှုပ်ရှားမှု ကနေပြီး ဟောလီးဝုဒ် ထုတ်လုပ်သူ နာမည်ကြီး ဟာဗေး ဝိုင်းစတင်း အပေါ် စွပ်စွဲချက်တွေ ထွက်လာတာက စခဲ့တာ ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုဟာ ဖြစ်နေတာတွေရဲ့ တစိတ်တပိုင်းသာ ရှိသေးပြီး အလုံးစုံ မလွှမ်းခြုံ နိုင်သေးပါဘူးလို့ တိုင်းက ပြောပါတယ်။

ဒါပေမဲ့ ဒါဟာ ဆယ်စုနှစ်တွေ အတွင်း အမြန်ဆုံး ပေါက်သွားတဲ့ လူမှု အပြောင်းအလဲ ဖြစ်တယ် လို့လည်း တိုင်း အယ်ဒီတာ ချုပ် Edward Felsenthal က ဆိုပါတယ်။

ရာနဲ့ချီတဲ့ အမျိုးသမီး အမျိုးသားတွေက သူတို့ကြုံခဲ့တာတွေ ထွက်ပြောရဲတဲ့ သတ္တိက စခဲ့တယ်လို့ သူက NBC ရုပ်သံကို ပြောပါတယ်။

မစ္စတာ ဝင်းစတိုင်း ရဲ့ မတရားပြုမှုကို ပထမဆုံး ထွက်ပြောတဲ့ မင်းသမီး အက်ရှ်လေ ဂျဒ်နဲ့ ခန္ဓာကိုယ် အောက်ပိုင်းကို ကိုင်တွယ်လို့ ဒီဂျေ တယောက်ကို တရားစွဲ ရာမှာ အနိုင်ရတဲ့ ပေါ့ပ် အဆိုတော် တေလာဆွစ်ဖ် တို့ အထူး ထင်ရှားတဲ့ နာမည်ကြီးတွေ ဖြစ်ပါတယ်။

သူတို့နဲ့ အတူ အူဘာ အမှုဆောင် အရာရှိချုပ်ကို ပြုတ်အောင် စွဲဆိုခဲ့တဲ့ ၂၆ နှစ် အရွယ် အင်ဂျင်နီယာဟောင်း ဆူဆန် ဖောင်းလား ၊ ဆကရာ မင်တိုက အသက် ၄ဝ အရွယ် ကော်ပိုရိတ် လော်ဘီသမား Adama Iwu နဲ့ မက္ကဆီကို က ၄၂ နှစ် အရွယ် စတော်ဘယ်ရီ ခူးသမ Isabel Pascual (နာမည်ရင်း မဟုတ် ) တို့လည်း တိုင်း မဂ္ဂဇင်းက ဖော်ပြထား ပါတယ်။

ဒီ လှုပ်ရှားမှုမှာ ခေါင်းဆောင် အဖွဲ့အစည်း ရယ်လို့ မရှိဘဲ hashtag ခေါ်တဲ့ အင်တာနက် အမှတ်အသား # နဲ့ ကျွန်မတို့လည်း ထပ်တူ ဆိုပြီး ဒီလို မတရား ငုံ့ခံနေရတဲ့ သန်းနဲ့ချီသူတွေ အတွက် သွေးစည်းမှု ကို ပြတဲ့ လှုပ်ရှားမှုကြီး ဖြစ်ပါတယ်။

အမျိုးသမီး အမျိုးသားတွေက သူတို့ ကျူးလွန်ခံရတဲ့ ဖြစ်ရပ်တွေကို လူတွေကြားထဲ ပွင့်ပွင့်လင်းလင်း ထွက်ပြောပြီး ကျူးလွန်သူတွေသာ ရှက်ဖို့ကောင်းကြောင်း ထွက်ပြောလာကြတာလည်း ဖြစ်ပါတယ်။

လူမျိုးမရွေး အဆင့်အတန်း အလုပ်အကိုင် မရွေး တကမ္ဘာလုံးက အမျိုးသမီးတွေ အင်တာနက်မှာ ထွက်ပြော ကြတာပါ။

အရှက်နဲ့ အကြောက် ကို အမျက် ဒေါသ အဖြစ် ပြောင်းပစ်သလို ထောင်နဲ့ချီသူတွေ လမ်းပေါ် ထွက်ပြီး တောင်းဆိုမှုတွေလည်း ရှိလာပါတယ်။

အင်တာနက်မှာ စိတ်ကြိုက်လိုရာ ရှာတဲ့ခေတ်ကို ရည်ညွှန်းပြီး ၂ဝဝ၆ အတွက် တိုင်းက သင့်ကို ရွေးချယ်ခဲ့

အာဏာရှိတဲ့ အမျိုးသား တစုလည်း သူတို့ အမူအကျင့်တွေကို ထုတ်ဝန်ခံဖို့ ဖြစ်လာခဲ့ပါတယ်။ လွတ်လပ်အတွေးဆွေးနွေးဖလှယ်

တိုင်းက ဖော်ပြတဲ့ အထဲ ဒီ # အမှတ်အသားကို ဆယ်နှစ်ကျော်က ထွင်တဲ့ Tarana Burke၊ ဒါကို အင်တာနက်မှာ အောက်တိုဘာလ က စပေါက်အောင် လုပ်တဲ့ ရုပ်ရှင် မင်းသမီး Alyssa Milano နဲ့ မင်းသား တယ်ရီ ခရူးစ်၊ အလုပ်ရှင်ကို တရားစွဲတဲ့ ဟိုတယ် အလုပ်သမားတစု၊ အထက်လွှတ်တော်အမတ် Sara Gelser ၊ ဖွင့်ပြောရင် အလုပ်ပြုတ်မှာ စိုးတဲ့ ဆေးရုံ အလုပ်သမား တယောက်၊ ဖောက်စ် သတင်းဌာနက သတင်းထောက် Megyn Kelly တို့လည်း ပါပါတယ်။

Megyn Kelly ကိုဆိုရင် ပြီးခဲ့တဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲ အတွင်း သူစီစဉ်တဲ့ စကားစစ်ထိုးပွဲ အပြီးမှာပဲ သမ္မတလောင်း ထရမ့်က ဒီအမျိုးသမီး မျက်လုံးက သွေးတွေ ထွက်နေတာ၊ သူ့တကိုယ်လုံး ဘယ်နားမဆို သွေးထွက်နေတာလို့ အပြောခံခဲ့ရတာပါ။

ရယ်စရာ ကောင်းတာက မစ္စတာ ထရမ့်ကို မနှစ် အတွက် အထင်ရှားဆုံးဆု ပေးခဲ့ပြီးသားကို ဒီနှစ် ပြန်ရမယ် ဆိုပြီး သတင်းထွက်လာ ခဲ့တာပါ။ Forbes မဂ္ဂဇင်းရဲ့ ထူးချွန်သူ စာရင်းက မြန်မာ အမျိုးသမီး

သူ အရွေးခံရတာဟာ အမျိုးသမီးတွေ အတွက် ခေတ်နောက်ပြန် ဆုတ်တာပဲလို့ Megyn Kelly က ဆိုပါတယ်။

တနှစ်စီ အတွက် အဆိုး အကောင်း လုပ်ခဲ့သူတွေ ထဲက အထင်ရှားဆုံး သူ ရွေးချယ်တာကို တိုင်းက ၁၉၂၇ က စခဲ့ပါတယ်။

ရွေးချယ်ခဲ့သူ အများစုက ပုဂ္ဂိုလ် တယောက် စီ ဖြစ်တတ်ပေမယ့် အမြဲတမ်းတော့ မဟုတ်ပါဘူး။

၂ဝ၁၄ တုန်းက အီဘိုလာ ရောဂါ တိုက်ဖျက်သူတွေကို ရွေးသလို ၂ဝ၁၁ တုန်းကလည်း အာရပ်နွေဦး လှုပ်ရှားမှု ကို အသိအမှတ်ပြုတဲ့ အနေနဲ့ ဆန္ဒပြသူတွေကို ရွေးခဲ့ပါတယ်။

၁၉၅ဝ ကတော့ ကိုရီးယားစစ်မှာ တိုက်နေတဲ့ အမေရိကန် တပ်တွေကို ရည်ရွယ်ပြီး အမေရိကန် တပ်သား ကို ရွေးပါတယ်။

၁၉၅၆ မှာ ဟန်ဂေရီ အရေးအခင်းကြောင့် ဟန်ဂေရီ ပြည်သားတွေကို ရွေးသလို သိပ္ပံ ပညာရှင်တွေ၊ ၂၅ နှစ်အောက် အမေရိကန်တွေနဲ့ အမေရိကန် အလယ်ပိုင်းက လူတွေကို ရွေးတာတွေ ရှိခဲ့ပါတယ်။

၂ဝဝ၆ မှာတော့ အင်တာနက်မှာ စိတ်ကြိုက်လိုရာ ရှာတဲ့ခေတ်ကို ရည်ညွှန်းပြီး တိုင်း မဂ္ဂဇင်း က သင့်ကို ရွေးချယ်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top