ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အားကစားက ဘဝရဲ႕ အစိတ္အပိုင္းတစ္ခုပါ
တ႐ုတ္ႏိုင္ငံအေ႐ွ႕ပိုင္း Auhui ျပည္နယ္၊ Hefei ၿမိဳ႕မွာ ေနထုိင္တဲ့ ဘြားဘြားတစ္ေယာက္ဟာ ဘတ္စကတ္ေဘာကို ကၽြမ္းကၽြမ္းက်င္က်င္ ကစားျပေနတဲ့အတြက္ အြန္လိုင္း မွာ ဆယ္လီတစ္ေယာက္ ျဖစ္လာပါတယ္။ သူမ နာမည္က Yue Jingxia လို႔ ေခၚပါတယ္။ အသက္က ၈၂ ႏွစ္ ႐ွိပါၿပီ။ မနက္တိုင္း ဘတ္စကတ္ေဘာကို မိနစ္ ၂၀ ၾကာ ကစားပါသတဲ့။

ဒါတင္မကေသးဘူး သူမက ေယာဂလည္း သင္ေပးေသးတယ္။ သက္ႀကီး႐ြယ္အိုေတြအတြက္ ေယာဂက်င့္နည္း သင္ေပးပါတယ္။ သူမရဲ႕ ေန႔စဥ္ေလ့က်င့္မႈေတြကို အားက်သူေတြ အမ်ားႀကီးပါပဲ။ သူမအတြက္ေတာ့ အားကစားဟာ ဘဝရဲ႕ တစ္စိတ္တစ္ပိုင္းပဲလို႔ ဆုိတယ္။ သူမရဲ႕ အျပဳသေဘာေဆာင္တဲ့လူေနမႈဘဝကို သူမ်ားေတြကိုလည္း မွ်ေဝခ်င္သူပါ။

အသက္ ၈၂ ႏွစ္ ႐ွိေနၿပီ ျဖစ္သည့္တုိင္ ဘတ္စကတ္ေဘာကို ဖ်တ္ဖ်တ္လတ္လတ္ ကစားႏုိင္ေသးတာေၾကာင့္လည္း Yue Jingxia ကို လူေတြပိုသေဘာက်ၾကပါတယ္။ ျပံဳး႐ႊင္သြက္လက္ေနတဲ့ သူမရဲ႕ ပံုရိပ္ေတြဟာ အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔သြားၿပီးေနာက္ တ႐ုတ္လူမႈကြန္ရက္ေပၚမွာ ဆယ္လီတစ္ဦး ျဖစ္လာေနပါၿပီ။

Source : CCTV

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day

# Unicode Version ျဖင့္ ဖတ္ပါ #
အားကစားက ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ
တရုတ်နိုင်ငံအရှေ့ပိုင်း Auhui ပြည်နယ်၊ Hefei မြို့မှာ နေထိုင်တဲ့ ဘွားဘွားတစ်ယောက်ဟာ ဘတ်စကတ်ဘောကို ကျွမ်းကျွမ်းကျင်ကျင် ကစားပြနေတဲ့အတွက် အွန်လိုင်း မှာ ဆယ်လီတစ်ယောက် ဖြစ်လာပါတယ်။ သူမ နာမည်က Yue Jingxia လို့ ခေါ်ပါတယ်။ အသက်က ၈၂ နှစ် ရှိပါပြီ။ မနက်တိုင်း ဘတ်စကတ်ဘောကို မိနစ် ၂၀ ကြာ ကစားပါသတဲ့။

ဒါတင်မကသေးဘူး သူမက ယောဂလည်း သင်ပေးသေးတယ်။ သက်ကြီးရွယ်အိုတွေအတွက် ယောဂကျင့်နည်း သင်ပေးပါတယ်။ သူမရဲ့ နေ့စဉ်လေ့ကျင့်မှုတွေကို အားကျသူတွေ အများကြီးပါပဲ။ သူမအတွက်တော့ အားကစားဟာ ဘဝရဲ့ တစ်စိတ်တစ်ပိုင်းပဲလို့ ဆိုတယ်။ သူမရဲ့ အပြုသဘောဆောင်တဲ့လူနေမှုဘဝကို သူများတွေကိုလည်း မျှဝေချင်သူပါ။

အသက် ၈၂ နှစ် ရှိနေပြီ ဖြစ်သည့်တိုင် ဘတ်စကတ်ဘောကို ဖျတ်ဖျတ်လတ်လတ် ကစားနိုင်သေးတာကြောင့်လည်း Yue Jingxia ကို လူတွေပိုသဘောကျကြပါတယ်။ ပြုံးရွှင်သွက်လက်နေတဲ့ သူမရဲ့ ပုံရိပ်တွေဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားပြီးနောက် တရုတ်လူမှုကွန်ရက်ပေါ်မှာ ဆယ်လီတစ်ဦး ဖြစ်လာနေပါပြီ။

Source : CCTV

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top