မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×
Credit: Hlataw
#Unicode Version#
Body အလှကြောင့် နာမည်ကြီးနေသူတွေထဲမှာ ခြူးဆစ်ဟန်လည်း တစ်ယောက်အပါအဝင်ပါ။ သူမဟာ အလှှမယ်ဟောင်းတစ်ယောက်ပါ။ Miss Golden Land Myanmar (2015) ပြိုင်ပွဲမှာ Miss Face of Beauty Myanmar ဆုရခဲ့ဖူးပါတယ်။ အခုနောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်နေပါတယ်။ ကြော်ငြာတွေ ရိုက်ကူးပေးနေတာတွေ့ရပါတယ်။
သူမရဲ့ လှပတဲ့ body အလှဓါတ်ပုံတွေကို အွန်လိုင်းမှာရှိတဲ့ တင်တုရောင်းတဲ့ ကြော်ငြာတွေမှာ အသုံးချနေကြပါတယ်။သူမပုံတွေကိုသုံးပြီး တင်တုရောင်းတာမျိုးတွေမလုပ်ဖို့ ခြူးဆစ်ဟန်က တားမြစ်စကားဆိုလိုက်ပါတယ်။ သူမပုံတွေကိုသုံးပြီး တင်တုရောင်းနေတာဟာ သူမကလည်း အတုသုံးတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးသက်ရောက်သွားတာကြောင့် “အတုဆို လို့ မိတ်ကပ်လိမ်းရင်တောင် မျက်တောင်တု မတက်ဘူး” လို့လည်း ခြူးဆစ်ဟန်က ပြောသွားပါတယ်။ အပြည့်အစုံကတော့…
“ရောင်းတော့လဲ ရောင်းကြပေါ့ အကိုတို့အမတို့ရယ် တူအောင်လဲရောင်းကြပေါ့ ဒီတင်တုကိုဝတ်မယ်ဆိုရင်ဖြင့်  ပေါင် အောက်ထိ ဘောင်းဘီကရောက်နေမှာပေါ့  အခုဟာက ခေးပုံထဲက ဘောင်းဘီအရာက GS ဆိုတော့ တစ်ဝက်ပဲ ပါလို့ပါ ကိုယ့်စီးပွား ကိုယ်လုပ်ကြပေါ့ ခေး ပုံတော့ ယူမသုံးကြနဲ့ လေ ခေးမှာ အတုဆိုလို့ မိတ်ကပ်လိမ်းရင်တောင် မျက်တောင်တု မတက်ဘူး JL လို ပေါင်တင်ပြီး တရားဆွဲရမလား ?? ဒါပင်မဲ့ ဝမ်းသာပါတယ် ရောင်းကောင်းကြပါစေ…” ဆိုပြီး တင်ထားပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Hlataw
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top