ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

လိႈင္ၿမိဳ႕နယ္တြင္ ျဖစ္ပြားေသာ သံုးေလာင္းၿပိဳင္လူသတ္မႈ တြင္ တရားခံကို ေဖာ္ထုတ္ၿပီးျဖစ္ ၍ ေသဆံုးသူ၏ခင္ပြန္းထင္ျမင္ယူ ဆေရးသားခ်က္မ်ားကို မွတ္ခ်က္ ေပးရန္မရွိေၾကာင္း အေနာက္ပိုင္း ခ႐ိုင္မွဴး ဒုရဲမွဴးႀကီး သိန္းလြင္က ေျပာသည္။


ႏုိဝင္ဘာအတြင္း ျဖစ္ပြားခဲ့ ေသာ အဆုိပါလူသတ္မႈႏွင့္ပတ္ သက္၍ မ်က္ျမင္သက္ေသမရွိ ေသာ လူသတ္မႈကို က်ဴးလြန္ သည္ဟု ဝန္ခံသူ၏ ေျဖာင့္ခ်က္ တစ္ခုတည္းျဖင့္ အတည္ျပဳၿပီး လူသတ္မႈ၊ လုယက္မႈအျဖစ္ ပုဒ္မတပ္ကာ သတင္းထုတ္ျပန္ခဲ့သ ျဖင့္ လက္မခံႏိုင္ေၾကာင္း အသတ္ခံရသူ၏ခင္ပြန္းက ေဝဖန္ျခင္း ျဖစ္သည္။

ဦးလွမ်ိဳးထြန္း၏ထုိသို႔ေျပာ ၾကားခ်က္မ်ားႏွင့္ပတ္သက္၍ ဒုရဲ မွဴးႀကီးသိန္းလြင္က ‘‘သူကလည္း သူ႔ခံစားခ်က္နဲ႔ ေျပာတာေတြရွိမွာ ပါ။ ကြၽန္ေတာ္တို႔ကလည္း ကြၽန္ ေတာ္တို႔စစ္ေဆးခ်က္အတုိင္း တရားခံကို ေဖာ္ထုတ္ၿပီးသားပါ။ ဒီအတြက္ ဘာမွ ေျပာစရာမရွိပါ ဘူး’’ဟု ေျပာသည္။

လူသတ္မႈျဖစ္ပြားၿပီး တစ္ ပတ္ခန္႔အၾကာမွသာ လူသတ္မႈ ကို သိရွိေသာ္လည္း တရားခံကို သံုးနာရီအတြင္း ဖမ္းဆီးရမိခဲ့ ေၾကာင္း၊ က်ဴးလြန္သူသည္ ေသဆံုးသူ မေကသီလိႈင္၏ စား ေသာက္ဆုိင္တြင္ မန္ေနဂ်ာအျဖစ္ လုပ္ကိုင္ေနေသာ  ဝန္ထမ္းဇြဲလင္း ထက္ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္သည္။

ရဲတပ္ဖြဲ႕က ထိုသို႔ ထုတ္ျပန္ ေသာ္လည္း ေသဆံုးသူ၏ခင္ပြန္း ဦးလွမ်ိဳးထြန္းကမူ လူသတ္မႈျဖစ္ ပြားသည့္ ႏိုဝင္ဘာ ၉ ရက္ နံနက္ ၆ နာရီခန္႔က သမီးအႀကီး မသံသာထြန္းေက်ာင္းသြားရန္ ေနအိမ္မွ ထြက္ခြာၿပီး တိုက္ေဘးခန္းတြင္ ေနထိုင္သူ ဖခင္သည္ နံနက္ ၇ နာရီ ခန္႔တြင္ ေန႔စဥ္ လမ္းေလွ်ာက္ ထြက္ေလ့ရွိသည္ကို သိရွိသူတစ္ ဦးက ေျပာျပခဲ့သျဖင့္ အသတ္ခံရ သူမ်ားသည္ အိပ္ေပ်ာ္ေနစဥ္ အ သတ္ခံရျခင္း ျဖစ္ႏုိင္ေၾကာင္း ၎၏ထင္ျမင္ခ်က္ကို ေျပာသည္။

‘‘လက္ရွိမွာ အိမ္က တယ္ လီဖုန္းသံုးလံုးေပ်ာက္ေနတယ္။ ကြၽန္ေတာ္ကိုင္တဲ့ အိမ္ေသာ့ လည္း ရွာမေတြ႕ဘူး။ လူသတ္မႈနဲ႔ ဖမ္းထားတဲ့ လင္မယားႏွစ္ေယာက္ အိမ္ကို မၾကာခဏလာၿပီး ကူညီလုပ္ကိုင္ေပးတယ္။ အိမ္အဝင္အ ထြက္ေကာင္းေကာင္းသိတဲ့လူအ ျပင္ ေနာက္ထပ္လူပါမယ္။ တံခါး ေပါင္ေတြမွာ တံခါးဖြင့္ၾကည့္ ထားတဲ့ ေသြးေတြေတြ႕ရတယ္’’ ဟု ဦးလွမ်ိဳးထြန္းက ေျပာသည္။

သံသယရွိသူအခ်ိဳ႕ႏွင့္ပတ္ သက္၍ ေနာက္ခံအေၾကာင္းအရာႏွင့္တကြ ရဲစခန္းသို႔ ပို႔ေပးထား ေသာ္လည္း ေခၚယူစစ္ေဆးေမး ျမန္းျခင္းမရွိေၾကာင္း​ ၎က ေျပာ သည္။

လူသတ္ရာတြင္ အသံုးျပဳခဲ့ သည့္ဓားကို ယေန႔တိုင္ ရွာမေတြ႕ ေသးေၾကာင္း၊ ေသဆံုးသူ သံုးဦး အနက္ ေကသီလိႈင္သည္ ခင္ပြန္း ကို တစ္ပတ္လွ်င္ ႏွစ္ရက္ေထာင္ ဝင္စာ ပံုမွန္လာေရာက္ေတြ႕ဆံုၿပီး ႏုိဝင္ဘာ ၇ ရက္က ေနာက္ဆံုး ေထာင္ဝင္စာလာေတြ႕ခဲ့ေၾကာင္း ဦးလွမ်ိဳးထြန္းကေျပာၾကားသည္။

‘‘အမႈမွန္ ေပၚေပါက္ဖို႔အ တြက္ ကြၽန္ေတာ္လိုလားတယ္။ ဒီေကာင္ေလးတစ္ေယာက္တည္း သတ္တယ္ဆိုတာ မျဖစ္ႏုိင္ပါ ဘူး။ သူတစ္ေယာက္တည္း သတ္ ရဲေလာက္တဲ့ သတၱိမရွိဘူးဆိုတာ ကြၽန္ေတာ္ယံုတယ္။ အခုခ်ိန္ထိ ရဲက အမႈနဲ႔ပတ္သက္လို႔ ဘာမွ ေျပာတာမရွိပါဘူး’’ဟု ၎က ေျပာသည္။

လိႈင္ၿမိဳ႕နယ္ (၉)ရပ္ကြက္ရွိ လူသတ္မႈျဖစ္ပြားခဲ့သည့္ တိုက္ ခန္းတြင္ ဒီဇင္ဘာ ၉ ရက္နံနက္ က တစ္လျပည့္ဆြမ္းကပ္အလွဴ ျပဳလုပ္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


လှိုင်မြို့နယ်တွင် ဖြစ်ပွားသော သုံးလောင်းပြိုင်လူသတ်မှု တွင် တရားခံကို ဖော်ထုတ်ပြီးဖြစ် ၍ သေဆုံးသူ၏ခင်ပွန်းထင်မြင်ယူ ဆရေးသားချက်များကို မှတ်ချက် ပေးရန်မရှိကြောင်း အနောက်ပိုင်း ခရိုင်မှူး ဒုရဲမှူးကြီး သိန်းလွင်က ပြောသည်။


နိုဝင်ဘာအတွင်း ဖြစ်ပွားခဲ့ သော အဆိုပါလူသတ်မှုနှင့်ပတ် သက်၍ မျက်မြင်သက်သေမရှိ သော လူသတ်မှုကို ကျူးလွန် သည်ဟု ဝန်ခံသူ၏ ဖြောင့်ချက် တစ်ခုတည်းဖြင့် အတည်ပြုပြီး လူသတ်မှု၊ လုယက်မှုအဖြစ် ပုဒ်မတပ်ကာ သတင်းထုတ်ပြန်ခဲ့သ ဖြင့် လက်မခံနိုင်ကြောင်း အသတ်ခံရသူ၏ခင်ပွန်းက ဝေဖန်ခြင်း ဖြစ်သည်။

ဦးလှမျိုးထွန်း၏ထိုသို့ပြော ကြားချက်များနှင့်ပတ်သက်၍ ဒုရဲ မှူးကြီးသိန်းလွင်က ‘‘သူကလည်း သူ့ခံစားချက်နဲ့ ပြောတာတွေရှိမှာ ပါ။ ကျွန်တော်တို့ကလည်း ကျွန် တော်တို့စစ်ဆေးချက်အတိုင်း တရားခံကို ဖော်ထုတ်ပြီးသားပါ။ ဒီအတွက် ဘာမှ ပြောစရာမရှိပါ ဘူး’’ဟု ပြောသည်။

လူသတ်မှုဖြစ်ပွားပြီး တစ် ပတ်ခန့်အကြာမှသာ လူသတ်မှု ကို သိရှိသော်လည်း တရားခံကို သုံးနာရီအတွင်း ဖမ်းဆီးရမိခဲ့ ကြောင်း၊ ကျူးလွန်သူသည် သေဆုံးသူ မကေသီလှိုင်၏ စား သောက်ဆိုင်တွင် မန်နေဂျာအဖြစ် လုပ်ကိုင်နေသော  ဝန်ထမ်းဇွဲလင်း ထက်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ရဲတပ်ဖွဲ့က ထိုသို့ ထုတ်ပြန် သော်လည်း သေဆုံးသူ၏ခင်ပွန်း ဦးလှမျိုးထွန်းကမူ လူသတ်မှုဖြစ် ပွားသည့် နိုဝင်ဘာ ၉ ရက် နံနက် ၆ နာရီခန့်က သမီးအကြီး မသံသာထွန်းကျောင်းသွားရန် နေအိမ်မှ ထွက်ခွာပြီး တိုက်ဘေးခန်းတွင် နေထိုင်သူ ဖခင်သည် နံနက် ၇ နာရီ ခန့်တွင် နေ့စဉ် လမ်းလျှောက် ထွက်လေ့ရှိသည်ကို သိရှိသူတစ် ဦးက ပြောပြခဲ့သဖြင့် အသတ်ခံရ သူများသည် အိပ်ပျော်နေစဉ် အ သတ်ခံရခြင်း ဖြစ်နိုင်ကြောင်း ၎င်း၏ထင်မြင်ချက်ကို ပြောသည်။

‘‘လက်ရှိမှာ အိမ်က တယ် လီဖုန်းသုံးလုံးပျောက်နေတယ်။ ကျွန်တော်ကိုင်တဲ့ အိမ်သော့ လည်း ရှာမတွေ့ဘူး။ လူသတ်မှုနဲ့ ဖမ်းထားတဲ့ လင်မယားနှစ်ယောက် အိမ်ကို မကြာခဏလာပြီး ကူညီလုပ်ကိုင်ပေးတယ်။ အိမ်အဝင်အ ထွက်ကောင်းကောင်းသိတဲ့လူအ ပြင် နောက်ထပ်လူပါမယ်။ တံခါး ပေါင်တွေမှာ တံခါးဖွင့်ကြည့် ထားတဲ့ သွေးတွေတွေ့ရတယ်’’ ဟု ဦးလှမျိုးထွန်းက ပြောသည်။

သံသယရှိသူအချို့နှင့်ပတ် သက်၍ နောက်ခံအကြောင်းအရာနှင့်တကွ ရဲစခန်းသို့ ပို့ပေးထား သော်လည်း ခေါ်ယူစစ်ဆေးမေး မြန်းခြင်းမရှိကြောင်း ၎င်းက ပြော သည်။

လူသတ်ရာတွင် အသုံးပြုခဲ့ သည့်ဓားကို ယနေ့တိုင် ရှာမတွေ့ သေးကြောင်း၊ သေဆုံးသူ သုံးဦး အနက် ကေသီလှိုင်သည် ခင်ပွန်း ကို တစ်ပတ်လျှင် နှစ်ရက်ထောင် ဝင်စာ ပုံမှန်လာရောက်တွေ့ဆုံပြီး နိုဝင်ဘာ ၇ ရက်က နောက်ဆုံး ထောင်ဝင်စာလာတွေ့ခဲ့ကြောင်း ဦးလှမျိုးထွန်းကပြောကြားသည်။

‘‘အမှုမှန် ပေါ်ပေါက်ဖို့အ တွက် ကျွန်တော်လိုလားတယ်။ ဒီကောင်လေးတစ်ယောက်တည်း သတ်တယ်ဆိုတာ မဖြစ်နိုင်ပါ ဘူး။ သူတစ်ယောက်တည်း သတ် ရဲလောက်တဲ့ သတ္တိမရှိဘူးဆိုတာ ကျွန်တော်ယုံတယ်။ အခုချိန်ထိ ရဲက အမှုနဲ့ပတ်သက်လို့ ဘာမှ ပြောတာမရှိပါဘူး’’ဟု ၎င်းက ပြောသည်။

လှိုင်မြို့နယ် (၉)ရပ်ကွက်ရှိ လူသတ်မှုဖြစ်ပွားခဲ့သည့် တိုက် ခန်းတွင် ဒီဇင်ဘာ ၉ ရက်နံနက် က တစ်လပြည့်ဆွမ်းကပ်အလှူ ပြုလုပ်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top