ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဆရာ၀န္ေတြက ေသဆုံးၿပီလုိ႔ မွားယြင္းအတည္ျပဳခဲ့ေပမယ့္ အသက္ရွင္ေနေသးေၾကာင္း ေတြ႕ရွိခဲ့တဲ့ ကေလးငယ္ဟာ အခုအခါမွာေတာ့ အမွန္တကယ္ ေသဆုံးသြားခဲ့ပါတယ္။

အိႏိၵယႏုိင္ငံ နယူးေဒလီၿမိဳ႕က Max ပုဂၢလိကေဆး႐ုံမွာ ဒီကေလးကုိ ေမြးဖြားခဲ့တာပါ။ ကုိယ္၀န္ေဆာင္ခ်ိန္ ၂၂ ပတ္နဲ႔ အျမႊာညီအစ္ကုိႏွစ္ဦး ေမြးဖြားခဲ့တာျဖစ္ၿပီး သူ႔အစ္ကုိကေတာ့ ေမြးကတည္းက အသက္မပါခဲ့ပါဘူး။

သူ႔အစ္ကုိကုိ ေမြးဖြားၿပီး နာရီပုိင္းအၾကာမွာ ဆရာ၀န္ေတြက ဒီကေလးငယ္ကုိ ေသဆုံးၿပီလုိ႔ မွားယြင္းအတည္ျပဳခဲ့ပါတယ္။ ဒါေပမဲ့ စ်ာပနအခမ္းအနားကုိသြားေနတုန္း အိတ္ထဲထည့္ထားတဲ့ ကေလးငယ္ တြန္႔လိမ္ေနတာ ေတြ႕ရွိခဲ့တဲ့ မိဘႏွစ္ဦးက ကေလးငယ္ကုိ အနီးဆုံး ေဆး႐ုံတစ္ခုမွာ တင္ပုိ႔ခဲ့ပါတယ္။ ကေလးငယ္ ေသဆုံးသြားခဲ့ၿပီး ေနာက္မွာေတာ့ ဖခင္ျဖစ္သူက သူ႔သားကုိ ေသၿပီလုိ႔ မွားယြင္းအတည္ျပဳခဲ့တဲ့ ဆရာ၀န္ႏွစ္ဦးကို မဖမ္းမခ်င္း သားအေလာင္းကုိ အိမ္ ျပန္သယ္မွာ မဟုတ္ဘူးလုိ႔ ဆုိပါတယ္။ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က စုံစမ္းစစ္ေဆးမႈ
လုပ္ၿပီးတဲ့ေနာက္မွာ Max ေဆး႐ုံက အဲဒီဆရာ၀န္ႏွစ္ဦးကုိ အလုပ္ထုတ္ခဲ့ပါတယ္။

ဒီျဖစ္ရပ္မွာ ေဆးဘက္ဆုိင္ရာ ေပါ့ဆမႈက်ဴးလြန္ခဲ့တယ္လုိ႔ အျပစ္ရွိေၾကာင္း စစ္ေဆးေတြ႕ရွိရင္ ေဆး႐ုံလုိင္စင္ကုိ သိမ္းမယ္လုိ႔ ျပည္နယ္က်န္းမာေရး၀န္ႀကီးက ေျပာပါတယ္။ ေဒလီရဲတပ္ဖြဲ႕က
ဒီျဖစ္ရပ္ကုိ ရာဇ၀တ္မႈအဖြဲ႕ထံ လႊဲေျပာင္းေပးထားတယ္လုိ႔ ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:pthonlinemedia.com

#Unicode Version#
ဆရာဝန်တွေက သေဆုံးပြီလို့ မှားယွင်းအတည်ပြုခဲ့ပေမယ့် အသက်ရှင်နေသေးကြောင်း တွေ့ရှိခဲ့တဲ့ ကလေးငယ်ဟာ အခုအခါမှာတော့ အမှန်တကယ် သေဆုံးသွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က Max ပုဂ္ဂလိကဆေးရုံမှာ ဒီကလေးကို မွေးဖွားခဲ့တာပါ။ ကိုယ်ဝန်ဆောင်ချိန် ၂၂ ပတ်နဲ့ အမြွှာညီအစ်ကိုနှစ်ဦး မွေးဖွားခဲ့တာဖြစ်ပြီး သူ့အစ်ကိုကတော့ မွေးကတည်းက အသက်မပါခဲ့ပါဘူး။

သူ့အစ်ကိုကို မွေးဖွားပြီး နာရီပိုင်းအကြာမှာ ဆရာဝန်တွေက ဒီကလေးငယ်ကို သေဆုံးပြီလို့ မှားယွင်းအတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဈာပနအခမ်းအနားကိုသွားနေတုန်း အိတ်ထဲထည့်ထားတဲ့ ကလေးငယ် တွန့်လိမ်နေတာ တွေ့ရှိခဲ့တဲ့ မိဘနှစ်ဦးက ကလေးငယ်ကို အနီးဆုံး ဆေးရုံတစ်ခုမှာ တင်ပို့ခဲ့ပါတယ်။ ကလေးငယ် သေဆုံးသွားခဲ့ပြီး နောက်မှာတော့ ဖခင်ဖြစ်သူက သူ့သားကို သေပြီလို့ မှားယွင်းအတည်ပြုခဲ့တဲ့ ဆရာဝန်နှစ်ဦးကို မဖမ်းမချင်း သားအလောင်းကို အိမ်ပြန်သယ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စုံစမ်းစစ်ဆေးမှု
လုပ်ပြီးတဲ့နောက်မှာ Max ဆေးရုံက အဲဒီဆရာဝန်နှစ်ဦးကို အလုပ်ထုတ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ ဆေးဘက်ဆိုင်ရာ ပေါ့ဆမှုကျူးလွန်ခဲ့တယ်လို့ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိရင် ဆေးရုံလိုင်စင်ကို သိမ်းမယ်လို့ ပြည်နယ်ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ ဒေလီရဲတပ်ဖွဲ့က
ဒီဖြစ်ရပ်ကို ရာဇဝတ်မှုအဖွဲ့ထံ လွှဲပြောင်းပေးထားတယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:pthonlinemedia.com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top