×
1The Goblin Shark
2The Vampire Squid
3The Frilled Shark
4The Giant Squid
5The Dumbo Octopus
9The Great Swallower
10Barreleye
Credit:  cantwait2say
# Unicode Version ဖြင့် ဖတ်ပါ #
ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးရဲ့ အကြောင်းကို ကျွန်တော်တို့ အပြည့်အစုံမသိနိုင်သေးပါဘူး။ကုန်းနေသတ္တဝါတွေ ရေနေသတ္တဝါတွေရဲ့ မျိုးစိတ်တွေကိုလည်း ရှာဖွေလို့ မကုန်ခမ်းနိုင်သေးပါဘူး။ပင်လယ်မှာ တွေ့ရတဲ့ ထူးဆန်းမှုတွေကို အကျယ်ချဲ့ရင် ပြောမကုန်နိုင်ရှိပါတယ်။ဒီတေယ့ လက်ရှိမှာ ပင်လယ် သမုဒ္ဒရာမှာ တွေ့ရတဲ့ ထူးဆန်းတဲ့ အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
1The Goblin Shark
သမုဒ္ဒရာမှာ ရိုးရိုးငါးမန်းထက် ကြောက်စရာကောင်းတာကတော့ နတ်ဆိုးငါးမန်းဖြစ်ပြီး သူတို့ရဲ့ နှုတ်သီးပြားကြီးတွေအောက်မှာ ထက်မြတဲ့ သေမင်းတမန် သွားတွေရှိပါတယ်။အပေါ်သွားက 31 ချောင်းနဲ့ အောက်သွား 62 ချောင်းရှိပြီး 3 မီတာကနေ 4 မီတာအထိ ရှည်တတ်ပါတယ်။200 ကီလိုဂရမ်လောက်အလေးချိန်ရှိပြီး သူတို့ဟာ အချိန်ပြည့်ဒေါသထွက်ပြီး ရန်လိုကာ အသေကိုက်သတ်တတ်တဲံ သတ္တဝါတွေဖြစ်ပါတယ်။
2The Vampire Squid
သွေးစုပ်တဲ့ကင်းမွန်ဆိုတာ ရေအောက်မှာ တကယ်ရှိတဲ့ငါးတွေဖြစ်ပါတယ်။သူတို့ဟာ မျိုးစိတ်သီးသန့်ဖြစ်ြ့ီး အကောင်ကြီးတွေဆီက သွေးစုပ်ပြီး အသက်ရှင်နေထိုင်တာဖြစ်ပါတယ်။ရေနက်ပိုင်းမှာ အနေများပြီး အုပ်စုဖွဲ့မနေတတ်ပါဘူး။
3The Frilled Shark
Frilled Shark ဆိုတာ ငါးမန်းမျိုးစိတ်ဝင်ဖြစ်ပြီး သူတို့ရဲ့ ခန္ဓာကိုယ်က ငါးရှဉ့်လို မြွေလို ဖြစ်ပါတယ်။သွားတွေ အထပ်လိုက်ပါပြီး အမဲလိုက်တဲ့အခါ အရမ်းရက်စက်တဲ့ အကောင်တွေဖြစ်ပါတယ်။ရေနက်ပိုင်းနဲ့ အမှောင်ပိုင်းမှာ ကျင်လည်ပြီး လျင်မြန်စွာ သားကောင်ကို ဖမ်းဆီးနိုင်တဲ့ သတ္တဝါတွေုဖြစ်ပါတယ်။
4The Giant Squid
ဒီကင်းမွန်ကြီးကတော့ အကောင်ကြီးဖြစ်ပြီး တကယ့်ကို ထူးဆန်းနေတာဖြစ်ပါတယ်။သူဟာ 59 ပေထိရှည်ပြီး သင်္ဘောငယ်တစင်းလောက်ကြီးတာဖြစ်ပါတယ်။သူတို့ကို ရေအောက်မှာ မကြာ ခဏတွေ့ရပြီး ရေကူးတဲ့အခါ အင်မတန်လှပတဲ့ သတ္တဝါဖြစ်ပါတယ်။ဝေလငါးပေါက်လောက်ရှိတဲ့ ဒီအကောင်ကြီးတွေက အေးဆေးငြိမ်သက်တဲ့ ကောင်တွေ ဖြစ်ပါတယ်။
5The Dumbo Octopus
Dumbo ခေါ်တဲ့ ရေဘဝဲလေးတွေကတော့ အကောင်ငယ်တွေဖြစ်ပြီး သမုဒ္ဒရာ ရေအောက်ကြမ်းပြင် 13100 ပေမှာ နေထိုင်ကြပါတယ်။သူတို့ဟာ ဖြေးဖြေးသာ သွားလာလှုပ်ရှားပြီး ပိုကီမွန်ကောင်လေးတွေလို ချစ်စရာကောင်းပါတယ်။လူကို ရန်မမူတတ်တဲ့ သတ္တဝါတွေဖြစ်ပါတယ်။
6The Underwater City of Pavlopetri
Pavlopetri ဆိုတဲ့ မြို့တော်ဟာ လွန်ခဲ့တဲ့ နှစ် 5000 လောက် မြို့တောဖြစ်ပြီး ရေအောက်ရောက်သွားတာဖြစ်ပါတယ်။အဲဒီမှာ လမ်းတွေ၊အိမ်တွေ၊ဥယျာဉ်နဲ့ ဘုရားကျောင်းတွေရှိပါတယ်။အီလိယာ့ခ်က စိတ်ဆိုးလို့ နစ်မြုပ်ပစ်လိုက်တယ်လို့ ဂရိကဗျာရှည်ကြီးမှာ ဖော်ပြထားပါတယ်။
7Underwater River of the Black Sea
မြစ်ကြီးရဲ့ အောက်မှာ ဖြတ်စီးနေတဲ့ အနက်ရောက် ပင်လယ်ကြီးကို သိပ္ပံပညာရှင်တွေက ရှာတွေ့ခဲ့ပြီး ဒါဟာ သီးသန့်ကမ္ဘာလို ဖြစ်နေတယ်လို့ ဆိုပါတယ်။
8The Lost City of Heracleion
Heracleion ဆိုတာ ပျောက်ဆုံးတဲ့ မြို့ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် 1200 လောက်က ချမ်းသာကြွယ်ဝခဲ့ပါတယ်။ဒီမြို့ကို ရေအောက်မှာ တွေ့ရှိမှုက မကြာသေးပဲ ရှေးဟောင်း 16 ပေခန့်ရှိတဲ့ ရုပ်ထုတွေ ရွှေဒင်္ဂါးတွေနဲ့ မြို့အင်္ဂါရပ် အပြည့်အစုံပြန်တွေ့ရတာဖြစ်ပါတယ်။
9The Great Swallower
ဒီငါးတွေကို နာမည်ကောင်းကောင်းမပေးရသေးပါဘူး။သူတို့ဟာ မြွေတွေနဲ့ တူတာတခုရှိပါတယ်။အဲ့ဒါကတော့ မြိုတာပါပဲ။သူတို့နဲ့မဆန်တဲ့ သတ္တဝါတွေကို ဖမ်းပြီး မြိုတာဖြစ်သလို တခါတလေ ဗိုက်တွေတောင် ပေါက်ထွက်ကုန်တာဖြစ်ပါတယ်။
10Barreleye
ဒီငါးတွေရဲ့ မျက်လုံးကတော့ လူတွေလိုပဲ ရှေ့မျက်နှာစာမှာ ရှိတာဖြစ်ပါတယ်။သူတို့ရဲ့ ဦးခေါင်းက ကြည်လင်နေပြီး ခေါင်းထဲက အရာတွေကို မြင်နေရပါတယ်။သူတို့ ပြဿနာရှာတတ်တဲ့ အကောင်တွေမဟုတ်သလို ရန်မူတိုက်ခတ်မခံရအောင် အရောင်ပြောင်းတတ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top