ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

တရုတ္နိုင္ငံ အလွအပနွင့္ အသားအရည္ထိန္းသိမ္းမႈဆိုင္ရာ ကုမၸဏီတစ္ခုမွ လက္ေအာက္ငယ္သားအမ်ိဳးသမီး ၀န္ထမ္းမ်ားကို အလုပ္လုပ္ရာမွာ အဖြဲ႕လိုက္ ပူးေပါင္းေဆာင္ရြက္လိုစိတ္ ရွိေစရန္အတြက္ အခ်င္းခ်င္း တစ္ေယာက္တစ္ခ်က္စီ ပါးရိုက္ရန္္ ခိုင္းေစခဲ့ပါတယ္။

ကုမၸဏီသူေဌးမွ အလုပ္လုပ္တဲ့ အမ်ိဳးသမီး၀န္ထမ္းမ်ားကို နွစ္စဥ္က်င္းပေလ့ရွိတဲ့  နွစ္သစ္ကို ၾကိဳဆိုတဲ့ ကုမၸဏီအခမ္းအနားရဲ႕ စင္ေပၚမွာ ဒူးေထာက္ကာ အခ်င္းခ်င္း ပါးရိုက္ေစခဲ့တဲ့ ဗီဒီယို အြန္လိုင္းေပၚ ပ်ံ႕ႏွံ ့ခဲ့ပါတယ္။

ဗီဒီယိုထဲမွာ အမ်ိဳးသမီး၀န္ထမ္းမ်ား အခ်င္းခ်င္း အျပန္အလွန္ ပါး႐ိုက္ေနတာကို သူေဌးျဖစ္သူက ရပ္လို႔ အမိန္႔မေပးမခ်င္း အခ်င္းခ်င္း ဒူးေထာက္ျပီး ပါးရိုက္ခဲ့ၾကရပါတယ္။

Nanchang Jinhuayuan Meiye လို႔ေခၚတဲ့ ကုမၸဏီမွာ အလုပ္လုပ္တဲ့ အမ်ိဳးသမီးမ်ားအားလံုး တစ္နွစ္လံုး ဒီလိုလုပ္ခဲ့ရတယ္လို႔ ဆိုပါတယ္။ သူတို႔သူေဌးကေတာ့ သူတို႔ကို အလုပ္တည္ျမဲေနေစဖို႔အတြက္ ဒီလိုေစခိုင္းခဲ့ တာပါ။ လူေပါင္းရာခ်ီ တက္ေရာက္ၿပီး ဝိုင္းၾကည့္ေနၾကတဲ့ စင္ေပၚမွာ ယခုလိုျပဳလုပ္ေစခိုင္းခဲ့တဲ့အတြက္ လူအမ်ားက စာနာစိတ္မရွိတဲ့ အဖြဲ႔အစည္းလို႔ ၀ိုင္း၀န္းေရးသား ေဝဖန္ခဲ့ၾကပါတယ္။ ဒီဗီဒီယိုကို တင္ျပီးမၾကာခင္ မွာပဲ ၾကည့္ရႈ ့သူ ေျခာက္သန္းေက်ာ္ခန္႔ရွိခဲ့ပါတယ္။

အမည္မေဖာ္လိုတဲ့ ၀န္ထမ္းတစ္ဦးက ဒါဟာ သူတို႔အဖဲြ႕ရဲ႕စည္းလံုးမႈကိုျပလိုေၾကာင္း၊ ကုမၸဏီနွစ္သစ္အခမ္းအနား တစ္ခုထဲတြင္သာ ျပဳလုပ္ေၾကာင္း၊ သူတို႔ကုမၸဏီ၀န္ထမ္းမ်ားမွာ သန္မာေၾကာင္း ေျပာခဲ့ပါတယ္။ တရုတ္နိုင္ငံ လူမႈမီဒီယာမွေတာ့ ဒီီဗီဒီယိုဟာ အလုပ္သမားအေပၚ အႏိုင္က်င့္အၾကမ္းဖက္ရာက်ျပီး သတင္းမွန္၊ မမွန္ဆိုတာကို ရဲမ်ားက စစ္ေဆးေနဆဲျဖစ္ ေၾကာင္းေျပာခဲ့ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#
တရုတ်နိုင်ငံ အလှအပနှင့် အသားအရည်ထိန်းသိမ်းမှုဆိုင်ရာ ကုမ္ပဏီတစ်ခုမှ လက်အောက်ငယ်သားအမျိုးသမီး ဝန်ထမ်းများကို အလုပ်လုပ်ရာမှာ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိစေရန်အတွက် အချင်းချင်း တစ်ယောက်တစ်ချက်စီ ပါးရိုက်ရန် ခိုင်းစေခဲ့ပါတယ်။

ကုမ္ပဏီသူဌေးမှ အလုပ်လုပ်တဲ့ အမျိုးသမီးဝန်ထမ်းများကို နှစ်စဉ်ကျင်းပလေ့ရှိတဲ့  နှစ်သစ်ကို ကြိုဆိုတဲ့ ကုမ္ပဏီအခမ်းအနားရဲ့ စင်ပေါ်မှာ ဒူးထောက်ကာ အချင်းချင်း ပါးရိုက်စေခဲ့တဲ့ ဗီဒီယို အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပါတယ်။

ဗီဒီယိုထဲမှာ အမျိုးသမီးဝန်ထမ်းများ အချင်းချင်း အပြန်အလှန် ပါးရိုက်နေတာကို သူဌေးဖြစ်သူက ရပ်လို့ အမိန့်မပေးမချင်း အချင်းချင်း ဒူးထောက်ပြီး ပါးရိုက်ခဲ့ကြရပါတယ်။

Nanchang Jinhuayuan Meiye လို့ခေါ်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်တဲ့ အမျိုးသမီးများအားလုံး တစ်နှစ်လုံး ဒီလိုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ သူတို့သူဌေးကတော့ သူတို့ကို အလုပ်တည်မြဲနေစေဖို့အတွက် ဒီလိုစေခိုင်းခဲ့ တာပါ။ လူပေါင်းရာချီ တက်ရောက်ပြီး ဝိုင်းကြည့်နေကြတဲ့ စင်ပေါ်မှာ ယခုလိုပြုလုပ်စေခိုင်းခဲ့တဲ့အတွက် လူအများက စာနာစိတ်မရှိတဲ့ အဖွဲ့အစည်းလို့ ဝိုင်းဝန်းရေးသား ဝေဖန်ခဲ့ကြပါတယ်။ ဒီဗီဒီယိုကို တင်ပြီးမကြာခင် မှာပဲ ကြည့်ရှု့သူ ခြောက်သန်းကျော်ခန့်ရှိခဲ့ပါတယ်။

အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ဦးက ဒါဟာ သူတို့အဖွဲ့ရဲ့စည်းလုံးမှုကိုပြလိုကြောင်း၊ ကုမ္ပဏီနှစ်သစ်အခမ်းအနား တစ်ခုထဲတွင်သာ ပြုလုပ်ကြောင်း၊ သူတို့ကုမ္ပဏီဝန်ထမ်းများမှာ သန်မာကြောင်း ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံ လူမှုမီဒီယာမှတော့ ဒီဗီဒီယိုဟာ အလုပ်သမားအပေါ် အနိုင်ကျင့်အကြမ်းဖက်ရာကျပြီး သတင်းမှန်၊ မမှန်ဆိုတာကို ရဲများက စစ်ဆေးနေဆဲဖြစ် ကြောင်းပြောခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top