မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×
Credit: lwinpyin
#Unicode Version#
မနေ့က ဒီဇင်ဘာ ၃ရက် မနက် ၀၈း၅၀ အချိန်ခန့်က သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားလမ်း သုမင်္ဂလာရာမ လယ်တီဝိပဿနာကျောင်းတိုက်ကြီးဝန်းမှာ လူ၉ဦး ဓာတ်လှေကားပိတ်မိနေခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ဓာတ်လှေကားပိတ်မိနေကြောင်း သတင်းရရှိတာကြောင့် သင်္ဃန်းကျွန်း မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ တာမွေမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးနဲ့ လူနာတင်ယာဉ်(၁)စီးတို့ အပါအဝင် မီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မနက် ၉း၁၅ အချိန်မှာ ပိတ်မိနေသူ ၉ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိခဲ့သူ၃ဦး ရှိခဲ့ပါတယ်။ ဒဏ်ရာရရှိခဲ့သူ ၃ ဦးကို သင်္ဃန်းကျွန်း စံပြဆေးရုံကိုု မီးသတ်တပ်ဖွဲ့က ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top