(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

“ဟဲလို …ရဲတပ္ဖြဲ႕ကပါလား?

“မုဂိုးလ္ ကစားကြင္း ( Mot-gol playground) နားက အိမ္တစ္ခုမွာပါ ။အခု ကြ်န္မ မုဒိမ္းက်င့္ခံေနရလို႔ အျမန္ကူညီပါ…”

မိန္းကေလးတစ္ေယာက္ ေၾကာက္လြန္း၍ အသံမ်ား တုန္ရီေနသည္။

ရဲ- မုဂိုးလ္ ကစားကြင္း?

မိန္းကေလး-ဟုတ္ကဲ့။ မုဂိုးလ္ ကစားကြင္းပတ္ဝန္းက်င္ပါ ကြ်န္မ အခုေရာက္ေနတဲ့အိမ္ကို အတိအက်မသိဘူး…

ရဲ- ဒါဆို ဂ်ိဒုန္ ( Ji-Dong ) ရပ္ကြက္ေပါ့…

မိန္းကေလး-ဟုတ္ကဲ့… ဂ်ိဒုန္း မူလတန္းေက်ာင္း (Ji-dong Primary school) နဲ႔ မုဂိုးလ္ ကစားကြင္းၾကားမွာပါ။”

ရဲ- “ကြ်န္ေတာ္ ခင္ဗ်ားဖုန္းရဲ႕ တည္ေနရာကိုရွာၿပီးအျမန္လာခဲ့ပါမယ္။ စိတ္မပူပါနဲ႔..”

မိန္းကေလး-ဟုတ္ကဲ့..

ရဲ- အခု ခင္ဗ်ားကို မုဒိမ္းထပ္က်င့္ခံရေတာ့မဲ့ အေျခအေနေပါ့ဟုတ္လား? အ႐ိုက္ခံရေသးလား..?

မိန္းကေလး- ဟုတ္…. ဟုတ္ကဲ့…..

ရဲ- လိပ္စာကို ပိုၿပီးတိက်ေအာင္ေျပာႏိုင္မလား စဥ္းစားပါဦး…

မိန္းကေလး-“ဂ်ိဒုန္း မူလတန္းေက်ာင္း ဘက္ကေန မုဂိုးလ္ ကစားကြင္းဖက္ကို လမ္းေလွ်ာက္လာရင္း သူ ကြ်န္မကိုေခၚသြားတာ…

ရဲ- ဂ်ိဒုန္း မူလတန္းေက်ာင္း ဘက္ကေန လမ္းေလွ်ာက္လာတာေနာ္…

မိန္းကေလး-ဟုတ္ကဲ့ – မုဂိုးလ္ ကစားကြင္းဖက္ကိုမေရာက္ေသးပါဘူး…

ရဲ- သူက ဘယ္သူလဲ?

မိန္းကေလး အခုမွေတြ႕တဲ့လူပါရွင္…. စကားရွည္လိုက္တာ… အျမန္ဆံုး လာကယ္ပါရွင္..”

ရဲ- ဒီလူကို တကယ္မသိဘူးလား စဥ္းစားပါဦး ညီမ?

မိန္းကေလး- လံုးဝကို မသိတာပါ

ရဲ- ညီမအခုေရာက္ေနတဲ့ အခန္းမွာ ဘာလုပ္ထားလဲ?

မိန္းကေလး-ေသာ့ခတ္ထားတယ္။

ရဲ- ညီမက ေသာ့ခတ္လိုက္တာလား?

မိန္းကေလး- သူအျပင္ထြက္သြားတာနဲ႔ ကြ်န္မ အတြင္းက ေသာ့ခတ္ပစ္လိုက္တယ္။

ရဲ- ဒီလူေတြဝင္လာတဲ့ ေျခသံၾကားရရင္ေျပာေနာ္…

ထိုစဥ္ တခါးေဆာင့္ဖြင့္သံကို ရဲမ်ားက ဖုန္းထဲမွတဆင့္ၾကားလိုက္ရသည္။

မိန္းကေလး- “ကယ္ၾကပါဦးရွင္.. အျမန္လာၾကပါ..”

” ဒုန္းဒုန္းဒုန္း”

သူမ ဖုန္းမခ်ေသး… K သည္ ဖုန္းကိုဖြင့္၍ ရဲမ်ားၾကားေစရန္ အခန္းေထာင့္ရွိ အဝတ္မ်ားေအာက္တြင္ ဖြက္ထားလိုက္သည္။ ရဲမ်ားက လဲၿပိဳသံမ်ားကို ဖုန္းမွတဆင့္ၾကားေနရသည္။ ထိုေန႔ညက သူမႏွင့္ ရဲတို႔ အျပန္အလွန္ေျပာၾကေသာ စကားမ်ားမွာ အထက္ေဖၚျပပါအတိုင္း အတိအက်ျဖစ္သည္။

ရဲမ်ားသည္ ” တစ္ေယာက္ေယာက္က ေနာက္ၿပီးဆက္တာမ်ားလား? ဧၿပီရယ္ဖူးလ္ ( April Fools ) မ်ားလား?” ဟု ထင္ေနၾကသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ထိုေန႔သည္ ဧၿပီလ ၁ ရက္ေန႔ျဖစ္သည္။

၂၀၁၂ ခုႏွစ္-၄လပိုင္း -၁ရက္ေန႔ ည ၁၀ နာရီ ၅၀ မိနစ္ ၅၈ စကၠန္႔ ေနရာကား ဆူဝန္- ဂေယာင္ဂီဒို – ေတာင္ကိုရီးယား ျဖစ္သည္။ (Suwon, Gyeonggi-do, South Korea )

ကြ်န္မတို႔မိသားစုက ဆင္းရဲတယ္။ ကြ်န္မ အေမနဲ႔ အေဖကို သနားတယ္။ ကၽြန္မတို႔ေမာင္ႏွမေတြ အတြက္ ႐ုန္းကန္ေနရတာ မၾကည့္ရက္ဘူး။ ကြ်န္မ အထက္တန္းေက်ာင္းသူ ဘဝထဲက ေန႔စားအလုပ္ ႏွစ္ခု သံုးခု လုပ္ခဲ့ၿပီး ကၽြန္မလစာေတြအကုန္ အေမ့ ဘဏ္ထဲကိုထည့္ေပးခဲ့တယ္။ ကြ်န္မက ဒုတိယေျမာက္ သမီးဆိုေပမဲ့ မိဘေတြရဲ႕ဒုကၡကို ကြ်န္မသာလွ်င္ အသိဆံုး…။ အထက္တန္းေက်ာင္းၿပီးေတာ့ အေဖက တကၠသိုလ္ဆက္တက္ဖို႔ ေျပာတယ္။ ေျပာမဲ့သာေျပာေနတာ သူတို႔ ဘယ္ေလာက္ေတာင္ အားတင္းၿပီးေျပာေနရတယ္ဆိုတာ ကြ်န္မသိတာေပါ့…။

“စိတ္ခ် အေဖ.. သမီးေက်ာင္းတက္မွာပါ.. ဒါေပမယ့္ သမီးအလုပ္လုပ္ၿပီး ပိုက္ဆံ အရင္စုခ်င္တယ္..”

ဒီလိုနဲ႔ ကြ်န္မ အသက္ ၂၈ ႏွစ္ရွိလာပါၿပီ……မိဘေတြ အရိပ္အေျခၾကည့္ၿပီး တကၠသိုလ္ မတက္ႏိုင္ခဲ့ေတာ့ဘူး…။ ေက်ာင္းတက္ဖို႔ ႀကိဳးစားလိုက္ ဝမ္းေရးအတြက္လံုးပန္းလိုက္ ဒီအရြယ္ေရာက္မွလည္း မတက္ခ်င္ေတာ့ပါဘူးေလ…။ ၁၈ ႏွစ္ကေလးေတြနဲ႔ အတူ ပထမႏွစ္တက္ရမွာလဲ ရွက္ပါတယ္… စာေတြလဲေမ့ကုန္ၿပီ..။ ေအးေလ ..ကြ်န္မ တစ္ေယာက္ အနစ္နာခံလိုက္လို႔ ဘာျဖစ္မွာလဲ..?

ကြ်န္မ ဟန္းဖုန္း စက္႐ုံမွာ အလုပ္ဝင္လုပ္တယ္။ ပင္ပန္းေပမယ့္ လစာေကာင္းေကာင္းရတယ္။ အခ်ိန္ပိုေတြလည္းမ်ားတယ္ေလ..။ မွတ္မိပါေသးတယ္..။ ကြ်န္မ အလုပ္ဝင္ကာစကေပါ့…

“ေန႔လည္စာ သြားစားၾကမယ္ေဟ့”

သူေဌးက ကြ်န္မတို႔ အလုပ္သမားေတြကို ေန႔လည္စာကို အျပင္မွာ ဝယ္ေကြ်းေလ့ရွိပါတယ္..။ ကြ်န္မ အရဲစြန္႔ၿပီး သူေဌးရံုးခန္းထဲကို ဝင္လိုက္တယ္။

“သူေဌး…ကြ်န္မ ေန႔လည္စာလိုက္မစားေတာ့ဘူး… ပိုက္ဆံပဲ ေပးလိုက္ပါလားရွင္… ကြ်န္မ ကိုယ့္ဘာသာကိုယ္ တစ္ေယာက္တည္းပဲ ထမင္းစားတတ္လို႔ပါ”

ကြ်န္မ ညာလိုက္တယ္။ သူေဌးက တစ္သိန္းေပးခဲ့တယ္။ ေပ်ာ္လိုက္တာ.,။ ကြ်န္မ ေႁခြတာတဲ့အေနနဲ႔ ေန႔လည္ ထမင္းမစားပဲ ထမင္းစားခ်ိန္မွာ အိပ္ပစ္လိုက္တယ္။ အင္း မဆိုးပါဘူး..။အိပ္တာလဲ အားရွိတာပဲ…။ တခါတေလေတာ့ ဆာလြန္းလို႔ ထမင္းလိပ္ေလးတစ္လိပ္ ဝယ္စားတယ္။ ကြ်န္မ ပိုက္ဆံစုရမယ္။



ဒီေန႔လည္း ကြ်န္မ အၿမဲ အိမ္ျပန္ေနက်လမ္းအတိုင္း အိမ္ျပန္ခဲ့ပါတယ္…။ ဒီေန႔ ကြ်န္မတို႔ စက္႐ုံမွာ အခ်ိန္ပိုရွိလို႔ အလုပ္ လုပ္ရတာမို႔ အိမ္အျပန္ေနာက္က်ခဲ့တယ္…။ တစ္ဘဝလံုး ဆင္းဆင္းရဲရဲနဲ႔ ဘယ္တုန္းကမွ ကံမေကာင္းခဲ့တဲ့ ကြ်န္မ….။ ဒီေန႔ညမွာ ထပ္ၿပီး ကံဆိုးမိုးေမွာင္က်ေတာ့မွာ ကၽြန္မ မသိခဲ့ဘူး။ ထိုမိန္းကေလးအား K ဟူေသာ အမည္ျဖင့္ဆက္လက္ေဖၚျပသြားပါမည္။

ထိုညတြင္ ေခ်ာေမာလွပေသာ မိန္းကေလး K အား လူယုတ္မာတစ္ဦးက ဖမ္းဆီးသြားေလေတာ့သည္။

ည ၁၀ နာရီ ၅၁ မိနစ္ ၇ စကၠန္႔ ရဲမ်ားက ဖုန္းထဲမွတဆင့္ၾကားေနရသည္။

K – ေတာင္းပန္ပါတယ္ရွင္… ဦးေလးႀကီး ကြ်န္မ ေတာင္းပန္ပါတယ္..။

ရဲ- ဟဲလို ဟဲလို

K – ေတာင္းပန္ပါတယ္ရွင့္..။ ကြ်န္မ ေတာင္းပန္ပါတယ္..။

ရဲ- ဟဲလို ဟဲလို

ည ၁၀ နာရီ ၅၂ မိနစ္ ၁၉ စကၠန္႔

K- အား အမယ္ေလး… ေတာင္းပန္ပါတယ္ရွင္

ရဲ- လိပ္စာ ေလးသိရမလား ဟဲလို ဟဲလို

အသံုးမက် ေသာရဲ သည္ လုပ္ေဆာင္သင့္သည္မ်ားကို ျမန္ျမန္မလုပ္ပဲ ေမးခြန္းမ်ားကိုသာ ေလွ်ာက္ေမးေနေတာ့သည္။

K- အား ေတာင္းပန္ပါတယ္ရွင့္။ ေတာင္းပန္ပါတယ္။ ဦးေလးႀကီးရယ္ ကြ်န္မကို ခ်မ္းသာေပးပါ။

ည ၁၀ နာရီ ၅၃ မိနစ္

က်ိ က်ိ က်ိ ( တိတ္- tape ခြာေသာ အသံ)

K- အမယ္ေလး နာလိုက္တာ… လက္ခလယ္ နာလို႔ပါ..

ည ၁၀ နာရီ ၅၅ မိနစ္ ၂၈ စကၠန္႔

K- ဦးေလးရယ္- ကြ်န္မ ေတာင္းပန္ပါတယ္ နာလို႔ပါ

တိတ္ခြာ၍ ရစ္ပတ္သံမ်ား ဆက္ၾကားေနရသည္ က်ိ….က်ိ….။

K အနီးရွိ ေျခသံ စကားေျပာသံတို႔သည္ ေယာက္်ား တစ္ေယာက္ထဲ မဟုတ္ႏိုင္ဟု ခန္႔မွန္းရသည္…။ သူမအား ရဲတို႔လာကယ္ႏိုင္ရန္ အလြန္ေၾကာက္ရြံ႕ေနသည့္ၾကားမွ အားကိုးတႀကီးဖုန္းဆက္ခဲ့ေလသည္။ သို႔ေသာ္ ရဲမ်ားက ေပၚမလာ…။

လူယုတ္မာႀကီးက တိတ္မ်ားယူလာ၍ သူမကို လႈပ္မရေအာင္ တိတ္ႏွင့္ပတ္ေနသည္။ ထို႔ေနာက္ ၅ မိနစ္ေက်ာ္ အၾကာတြင္ ရဲတို႔က ရက္စက္စြာျဖင့္ ဖုန္းခ်ပစ္လိုက္သည္။ သူမ ကူ ကယ္ရာမဲ့ေလၿပီ။ မိဘဆီဖုန္းဆက္တာက ေတာ္ဦးမည္။ ေနာက္ဆံုးအခ်ိန္အထိ မိဘမ်ားအား ဒုကၡမေပးခ်င္ေသာ မိမိကိုယ္ကို အားကိုးသည့္ မိန္းကေလး…။ အခုေတာ့….။

အသံုးမက်ေသာရဲသည္ အေဆာက္အဦ ဘယ္ႏွစ္ထပ္တိုက္ ဘယ္လိုပံုစံကိုမေမး…။ အေရးႀကီးေသာအခ်ိန္ကို အသံုးမက်ေသာ ေမးခြန္းမ်ားႏွင့္ အခ်ိန္ျဖဳန္းခဲ့သည္။

K သည္ရဲကား အေရးေပၚ အသံေလးမ်ားၾကားရမည္လား ေမွ်ာ္လင့္တႀကီးျဖင့္ နားေထာင္ေနခဲ့ရွာမည္။ အခ်ိန္ေတြသာ ကုန္သြားသည္။

K ဖုန္းဆက္ၿပီး ၁၀ နာရီေက်ာ္ေက်ာ္အၾကာ…. ရဲစခန္းကို ဖုန္းထပ္ဝင္လာသည္။

“ကြ်န္ေတာ့္ ေဘး အိမ္က ငိုသံလိုလို ၿငီးသံလိိုလို တစ္ညလံုး ၾကားရတယ္ဗ်.. မသကၤာစရာပဲ..” ဒါေတာင္ ရဲမ်ားက ခ်က္ခ်င္းမသြားၾက…။

K ဖုန္းဆက္ၿပီး ၁၃ နာရီအၾကာ.. ရဲမ်ားက K အား ရွာေဖြေတြ႕ရွိခဲ့ၾကေလသည္။

K ေျပာခဲ့သည့္အတိုင္း ဂ်ိဒုန္း မူလတန္းေက်ာင္းမွ ၈၀ မီတာအကြာ မုဂိုးလ္ ကစားကြင္းဖက္မေရာက္ခင္ အိမ္တစ္အိမ္၏ ေျမေအာက္ခန္းတြင္ျဖစ္သည္။

သို႔ေသာ္…. K ဟူေသာ ထိုကိုရီးယား မိန္းမေခ်ာေလး၏ ခႏၶာကိုယ္ သည္ ၃၆၅ ပိုင္း….အပိုင္းပိုင္းျပတ္ေနေလသည္။ အလြန္ေနာက္က်သြားေလၿပီ…။

သူမ၏ ခႏၶာကိုယ္မွ အ႐ိုးမ်ားတြင္ အသားစ တစ္ခုမွ မက်န္ေအာင္ ေသသပ္ ကြ်မ္းက်င္စြာျဖင့္ လွီးျဖတ္ထားသည္။ အသားမ်ားကို တဖန္ အသားသပ္သပ္ အဆီသပ္သပ္ အရြတ္သပ္သပ္ ေသေသ ခ်ာခ်ာခြဲထားၿပီး အညီအမွ် ပလပ္စတစ္ အိတ္အမည္း ၁၃ အိတ္တြင္ထည့္၍ ေရခဲေသတၱာထဲထည့္ထားသည္။ သို႔ေသာ္ ကလီစာမ်ားကို အစံုလိုက္ မေတြ႕ရေတာ့။

ရဲမ်ားသည္ ထို ၁၃ နာရီၾကာေသာအခ်ိန္တြင္ ဘာလုပ္ေနသနည္း? ေတာင္ကိုရီးယားျပည္သူမ်ား ရဲတပ္ဖြဲ႕ကို အျပစ္တင္ ရႈတ္ခ် ဆႏၵျပေလေတာ့သည္။ ရဲစခန္းကို ဖုန္းဆက္စဥ္ သူမ မထမဆံုးေျပာခဲ့သည့္စကားမွာ…

“ကြ်န္မ မုဂိုးလ္ ကစားကြင္း နားက အိမ္တစ္ခုမွာပါ ။ ကြ်န္မ မုဒိမ္းက်င့္ခံေနရတယ္..” သူမေျပာခဲ့သည့္စကားသည္ “မုဒိမ္းက်င့္ခံေနရတယ္” ဟူ၍ျဖစ္သည္။

လူယုတ္မာသည္ K အား မုဒိမ္းက်င့္ရန္ အားထုတ္ခဲ့ၿပီး မေအာင္ျမင္၍ အျပင္သို႔ခဏထြက္သြားခ်ိန္တြင္ K က ရဲစခန္းကို ဖုန္းဆက္ျခင္းျဖစ္သည္။ ဆက္၍ မုဒိမ္းက်င့္ခံရမည္ဟု တြက္ဆ၍သာ ဖုန္းဆက္ျခင္းျဖစ္သည္။ သူမကိုယ္သူမ အသတ္ခံရမည္ဟု ထင္မထားခဲ့…။

“ကြ်န္မကို သတ္ပစ္ေတာ့မယ္ထင္တယ္..”ဟု မေျပာခဲ့ပါ။ သူမကိုယ္သူမ သည္လို ရက္ရက္စက္စက္ အသတ္ခံရမည္ကို မရိပ္မိခဲ့ရွာ…။

ဤေဆာင္းပါးကို နားလည္ႏိုင္ရန္ အလြန္ေၾကာက္စရာေကာင္းသည့္ ကိုရီးယား-တ႐ုတ္လူမ်ိဳး လူမိုက္ဂိုဏ္းဝင္ တစ္ခ်ိဳ႕အေၾကာင္း သိထားရန္လိုအပ္ပါသည္။ ( ကိုရီးယား-တ႐ုတ္ အားလံုးကို မဆိုလိုပါ)

ေတာင္ကိုရီးယားႏွင့္ ေျမာက္ကိုရီးယား ႏွစ္ျခမ္းမကြဲခင္ အခ်ိန္ ေရွးရာဇဝင္ကာလမွ စတင္ခဲ့သည္။ ၁၈၆၀ ခုႏွစ္ဝန္းက်င္ေလာက္တြင္ သမိုင္းအဆက္ဆက္မွ စစ္ပြဲမ်ားေၾကာင့္ ကိုရီးယားတို႔သည္ အိမ္နီးခ်င္း တ႐ုတ္ႏိုင္ငံသို႔ ႏိုင္ငံေရးခိုလံႈ၍ သြားေရာက္ေနထိုင္ၾကသည္။ ၁၉၁၀ ကိုရီးယားႏိုင္ငံသည္ ဂ်ပန္တို႔ လက္ေအာက္ က်ေရာက္သြားျပီး ကိုရီးယားလူမ်ိဳးအခ်ိဳ႕ တ႐ုတ္ျပည္ဘက္သို႔ ထြက္ေျပးတိမ္းေရွာင္ျပန္သည္။

အေျခအေန အမ်ိဳးမ်ိဳးေၾကာင့္ အလုပ္သေဘာအရ မျဖစ္မေန သြားေရာက္ေနထိုင္ခဲ့ၾကသူမ်ားလည္းရွိသည္။ အတင္းအၾကပ္ စစ္အက်ဥ္းသားမ်ားအေနျဖင့္ အပို႔ခံရသူမ်ားလည္းရွိသည္။ သူတို႔သည္ တ႐ုတ္ႏိုင္ငံတြင္ ေရွးအဆက္ဆက္ကတည္းက ေနထိုင္ၾကသည့္အေလွ်ာက္ အိမ္ေထာင္က်၍ မ်ိဳးဆက္သစ္မ်ားထူေထာင္လိုက္ၾကသည္။ သူတို႔သည္ ကိုရီးယားလူမ်ိဳးျဖစ္ေသာ္လည္း စစ္ပြဲမ်ား အၿပီးတြင္ ကိုရီးယားႏိုင္ငံသို႔ ျပန္မလာႏိုင္ၾကေတာ့ေပ…။တ႐ုတ္ျပည္၌ ေနသားက်ေနၾကၿပီျဖစ္သည္။ သန္းႏွင့္ခ်ီေသာ ကိုရီးယားလူမ်ိဳးမ်ား တ႐ုတ္ျပည္တြင္ရွိသည္…။ ၂၀၀၉ ခုႏွစ္စစ္တမ္းအရ ကိုရီးယား ၂,၄၉၈,၀၇၆ ေယာက္ခန္႔သည္ တ႐ုတ္ႏိုင္ငံ၌ရွိေနသည္။ ေနာက္ပိုင္း ေတာင္ကိုရီးယားႏွင့္ ေျမာက္ကိုရီးယားႏွစ္အုပ္စု ကြဲသြားသည့္ေနာက္တြင္ တ႐ုတ္ျပည္မွ ကိုရီးယား တခ်ိဳ႕က ခ်မ္းသာလာေသာ ေတာင္ကိုရီးယားသို႔ျပန္လာလိုေသာ ဆႏၵရွိလာၾကသည္။

တခ်ိဳ႕ကလည္း ေျမာက္ကိုရီယားဘက္သို႔ ခိုဝင္သြားၾကသည္။ အခ်ိဳ႕ကလည္း တ႐ုတ္ျပည္တြင္ ဆက္လက္ေနထိုင္ၾကသည္။ သို႔ေသာ္ ေတာင္ကိုရီးယားအစိုးရက သူတို႔အား ကိုရီးယားႏိုင္ငံသားအျဖစ္ မသတ္မွတ္ေတာ့ပါ…။ ဤတြင္ ႏိုင္ငံေရး ျပႆနာမ်ား အျငင္းပြားမႈမ်ားစြာ စတင္ခဲ့သည္..။ ကမ႓ာ၌ မထင္ရွားေသာ္လည္း သူတို႔သည္လည္းေျမာက္ကိုရီးယားကဲ့သို႔ ေတာင္ကိုရီးယားအား မေက်နပ္ေသာ အုပ္စုတစ္ခုျဖစ္သည္။ ထိုကဲ့သို႔ ခံစားခ်က္တု႔ိရွိေနေသာ ကိုရီးယား-တ႐ုတ္လူမ်ိဳးအုပ္စုကို ဂ်ဴိဆန္ဂ်ဳ( Joseonjok-조산족) ဟုေခၚသည္။

“သူတို႔က ကြ်န္ေတာ္တို႔နဲ႔ ႐ုပ္ခ်င္းသာဆင္တာဗ်… အေျပာအဆို အေတြးအေခၚ ႐ိုးရာ ဓေလ့ တစက္ေလးမွမတူေတာ့ဘူး။ ကိုရီးယားစကားလဲ မေျပာတတ္… တ႐ုတ္လူမ်ိဳးစ္စစ္ေတာင္ ဒီလို႐ိုင္းမယ္မထင္ဘူးဗ်… သူတို႔က ႐ိုင္းတယ္..ရက္စက္ၾကမ္းၾကဳတ္တယ္.. ဘယ္လိုျဖစ္ကုန္ၾကတာလဲ မသိပါဘူးဗ်ာ…” ကိုရီးယားလူမ်ိဳးတစ္ဦးက ေျပာၾကားခဲ့သည္။

တ႐ုတ္ ႏိုင္ငံသားမွတ္ပံုတင္ ကိုင္ေဆာင္ထားၾကေသာ ထိုသူတို႔သည္ ၁၉၉၀ ခုႏွစ္မွ စ၍ ကိုရီးယားႏိုင္ငံသို႔ တ႐ုတ္လူမ်ိဳးမ်ားအျဖစ္ တျဖည္းျဖည္း ဝင္ေရာက္လာၾကသည္။ တရားမဝင္ေနထိုင္ၾကသည္။ သူတို႔သည္ ျပစ္မႈက်ဴးလြန္ေသာ္လည္း တရားမဝင္ေနၾကသည္ျဖစ္၍ ရွာရန္မလြယ္…။ ကိုရီးယားလူမ်ိဳးတို႔နဲ႔ခြဲမရေအာင္တူလွ၍ ဖမ္းမိရန္ မလြယ္လွပါ…။ ျပႆနာတခုျဖစ္လွ်င္ ဓါးကိုင္၍ထိုးသည့္ လူမိုက္မ်ားမဟုတ္ ပုဆိန္ျဖင့္ခုတ္ၾကေသာလူမိုက္မ်ားျဖစ္သည္ဟု ကိုရီးယားမီဒီယာမ်ားက ဆိုၾကသည္။ အလြန္ရက္စက္ေသာ မေကာင္းမႈမ်ားကို က်ဴးလြန္ေလ့ရွိၾကေသာသူတစ္ခ်ိဳ႕ေၾကာင့္ ကိုရီးယား-တ႐ုတ္တို႔သည္ နာမည္ဆိုးျဖင့္ေက်ာ္ေဇာၾကသည္။

ကိုရီးယားႏိုင္ငံတြင္ ၎တို႔သည္ အုပ္စုလိုက္ဖြဲ႕ၿပီးေနထိုင္ၾကသည္။ ကိုရီယားလူမ်ိဳးတို႔ ႏွင့္ အျခားႏိုင္ငံျခားသား အလုပ္သမားတို႔သည္ထိုနယ္ေျမမ်ားႏွင့္ ေဝးေဝးေနထိုင္ၾကသည္။ သာမန္လူမေျပာႏွင့္ သူတို႔စုေနေသာ အရပ္ေဒသ မ်ားတြင္ ရဲဝန္ထမ္းတို႔ပင္ သတိႀကီးစြာေနၾကရသည္။ လူမိုက္တို႔သည္ ရဲမ်ားကိုလည္းဂ႐ုစိုက္သူမ်ားမဟုတ္ဟု ဆိုသည္။

ကိုရီးယား-တ႐ုတ္လူမ်ိဳး ဝို ဝန္း ခြ်န္း (Oh Woon-choon) ျဖစ္သည္။ ၂၀၀၇ ခုႏွစ္ ၉ လပိုင္းတြင္ တရားဝင္ အလုပ္သမား ဗီဇာျဖင့္ ေတာင္ကိုရီးယားကို ဝင္ေရာက္လာသည္။ ၂၀၁၂ ခုႏွစ္-၄လပိုင္း -၁ရက္ေန႔ အိမ္လမ္းၾကားထိပ္ထြက္၍ ေဆးလိပ္ေသာက္ရင္း ပတ္ဝန္းက်င္ကို အကဲခတ္ေနခဲ့သည္။

လာၿပီ… မိန္းကေလး တစ္ေယာက္တည္း… ေခ်ာလိုက္တာ..။ လမ္းေပၚ၌ လူရွင္းေနသည္။ မိန္းကေလးအား ေျခထိုးခံ၍ ဝင္တိုက္လိုက္သည္။ မိန္းကေလးက ” ေတာင္းပန္ပါတယ္”…ဟုေျပာ၍ ဆက္ေလွ်ာက္သြားမည္အလုပ္..။ ဝို ဝန္း ခြ်န္း သည္ ထိုမိန္းကေလးကို ဆံပင္ဆြဲ၍ သူ႔အိမ္ကို တရြတ္တိုက္ ဆြဲေခၚသြားသည္။ ထိုအျဖစ္အပ်က္ အစအဆံုးကို ကားတစ္စီး၏ေနာက္ကြယ္မွ ပုန္း၍ ၾကည့္ေနေသာ အျခား မိန္းမရြယ္တစ္ဦးရွိေနသည္ကို CCTV ၌ေတြ႕ရသည္။ ဝို ဝန္း ခြ်န္း သည္ လိမ္ၿပီးရင္း လိမ္ခဲ့သည္။

“ကြ်န္ေတာ့္ကို ဝင္တိုက္ၿပီး မေတာင္းပန္လို႔ ေဒါသနဲ႔ သတ္မိပါတယ္…”

မဟုတ္ပါ….။ CCTV ထဲတြင္ ေပၚေနသည္။

ဝို ဝန္း ခြ်န္း သည္ သားေကာင္ေစာင့္ေနေသာ မုဆိုးကဲ့သို႔ သူ႔အိမ္အနီးတြင္ ေစာင့္ေနၿပီး သူကိုယ္တိုင္ တမင္ ဝင္တိုက္ကာ တရြတ္တိုက္ ဆြဲေခၚသြားျခင္းျဖစ္သည္။

လူယုတ္မာ ဝို ဝန္း ခြ်န္း သည္ ..တမ်ိဳးေျပာင္းလိမ္သည္။ ကြ်န္ေတာ္ သူမကို မုဒိမ္းက်င့္ခ်င္လို ေခၚသြားတာပါ..။ ပိုက္ဆံေပးေတာ့လဲမယူ .. ျငင္းဆန္ေနခဲ့တယ္..။ ကြ်န္ေတာ္ အျပင္ခဏသြားၿပီးျပန္လာေတာ့ အခန္းအထဲကေန ေသာ့ခတ္ထားတယ္။ ကြ်န္ေတာ္ ေဒါသထြက္သြားတယ္…။ ဒါေၾကာင့္ သူမကို တိတ္နဲ႔ပတ္ၿပီးမုဒိမ္းက်င့္ခဲ့တယ္…။ မုဒိမ္းက်င့္ခဲ့မိလို႔ ရဲတိုင္မွာစိုးလို ေၾကာက္ၿပီး သတ္လိုက္မိတယ္..။

မဟုတ္ပါ….။ မိန္းကေလး၏ ကိုယ္ခႏၶာအား စစ္ေဆးၾကည့္ေသာအခါ မုဒိမ္းက်င့္ခံထားရေသာ သဲလြန္စ မရွိ…။ အဆင္မေျပေတာ့ ထပ္လိမ္ျပန္သည္။

“အမွန္ေတာ့ မိန္းကေလးက ေအာ္ဟစ္႐ုန္းကန္ေနလို႔ လိင္ကိစၥမျဖစ္ေျမာက္ခဲ့ပါဘူး..။”

ထိုသို႔ဆိုလွ်င္ တိတ္မ်ားႏွင့္ ခ်ဳပ္၍ စိတ္တိုင္းက် မုဒိမ္းက်င့္ႏို္ုင္သည္။ လည္ပင္းၫွစ္၍ ေမ့သြားခ်ိန္လည္း မုဒိမ္းက်င့္ႏိုင္သည္။ မိန္းမ လိုက္စားေသာ ဝို ဝန္း ခြ်န္း သည္ မိန္းမတစ္ေယာက္အား မုဒိမ္းက်င့္ခ်င္ေပလိမ့္မည္။ သို႔ေသာ္ ဘာအတြက္ေၾကာင့္ မုဒိမ္းမက်င့္ထားသနည္း? မုဒိမ္းမက်င့္ပဲႏွင့္ က်င့္သည္ဟု အဘယ္အေၾကာင္းေၾကာင့္ လိမ္လည္သနည္း? ထိုထက္ႀကီးမားေသာ အျပစ္ကိုက်ဴးလြန္ထား၍ျဖစ္ေပမည္။

“အဲဒီညက သူမ ေသသြား ၿပီးေတာ့ သူမ ခႏၶာကိုယ္ကို ေဖ်ာက္ဖ်က္ဘို႔အတြက္ ဒီလို ခုတ္ထစ္ခဲ့တာပါ..”

အဲဒီညက…? မဟုတ္ပါ…။ ဒါလည္း လိမ္တာျဖစ္သည္။ အဲဒီညက မိန္းကေလး K မေသခဲ့ပါ။ ရဲမ်ားလာကယ္လွ်င္ အသက္ရွင္ႏိုင္ပါေသးသည္။ K အားဖမ္းဆီးခဲ့သည္မွာ ည ၁၀ ေက်ာ္ျဖစ္ၿပီး K ေသဆံုးသည့္အခ်ိန္ကို တြက္ခ်က္ၾကရာ ေနာက္တေန႔ မနက္ ၅ နာရီႏွင့္ ၇ နာရီ အၾကားျဖစ္သည္။

“ မင္း ဘာေျပာခ်င္ေသးလဲ..?”

ထိုအခါ စကားထပ္ေျပာင္းသည္။ “ကြ်န္ေတာ္ K ကို မုဒိမ္းက်င့္ဖို႔ႀကိဳးစားၿပီး မေအာင္ျမင္တဲ့အခါ တိတ္နဲ႔ ပတ္ၿပီး ခ်ဳပ္ထားလိုက္ပါတယ္..။ သူမ ေခါင္းကို႐ိုက္ႏွက္ခဲ့တယ္။ သူမ ေသသြားၿပီထင္ခဲ့တယ္။ ၿပီးေတာ့ အိပ္ခ်င္တာနဲ႔ ၈ နာရီေလာက္အိပ္လိုက္တယ္။ အိပ္ယာကႏိုးေတာ့ မေသေသးဘူးဆိုတာသိရလို႔ ထပ္ၿပီး လည္ပင္းၫွစ္သတ္တာပါ။ မနက္ ၇ ေလာက္မွ သတ္ပစ္တာပါ”

မိန္းကေလးတစ္ေယာက္ကို မုဒိမ္းက်င့္မိ၍ ရဲတိုင္မွာ ေၾကာက္ရြံ့သည္ဟုဆိုသည္။ ထိုသူသည္ မိန္းကေလးကိုဖမ္း၍ သတ္ၿပီး ေအးေအးေဆးေဆး အိပ္ေပ်ာ္သြားသည္…? တစ္ညလံုးအိပ္ေနခဲ့သည္…? ဒါလည္း မဟုတ္ပါ…။

“ CCTV မွာ မင္းမနက္ ၅ နာရီႀကီး ႂကြတ္ႂကြတ္အိတ္အမည္း ထြက္ဝယ္တာ ေပၚေနတယ္..မလိမ္နဲ႔”

သိပၸံခန္း၌ အေလာင္းအပိုင္းအစမ်ားအားစစ္ေဆးအၿပီးတြင္ အေလာင္းမ်ားကို အၿမဲ စစ္ေဆးေနက်ျဖစ္ေသာ ပညာရွင္ကပင္ ” ကြ်န္ေတာ့္ ပါးစပ္နဲ႔ ေျပာမထြက္ေတာ့ပါဘူးခင္ဗ်ာ..” ဟု တုန္ရီစြာ စကားစခဲ့သည္။

ဝို ဝန္း ခြ်န္း သည္ K အား အသက္မေသခင္ အရွင္လတ္လတ္ ရက္ရက္စက္စက္ ခုတ္ထစ္ခဲ့ေၾကာင္းေတြ႕ရ၍ျဖစ္ေလသည္။ အက်ည္းတန္စြာျဖင့္ ရက္စက္ေပစြ…။

လူတစ္ေယာက္ေသဆံုးလွ်င္ ခႏၶာကိုယ္ရွိ ေသြးမ်ားဆုတ္ကုန္သည္။ အေလာင္းဖ်က္ေနခ်ိန္တြင္ အခ်ိန္ၾကာလာသည္ႏွင့္အမွ် အသားတို႔သည္ ေသြးဆုတ္၍ အေရာင္ေျပာင္းကုန္ၾကသည္။ ထို႔ေၾကာင့္ ပထမခုတ္ထားေသာ အသားတံုးတို႔ႏွင့္ ေနာက္ဆံုးခုတ္ထားေသာအသားတံုး တို႔မွာ သိသိ သာသာ အေရာင္ေျပာင္းေနရမည္။ မေသဆံုးလွ်င္ သို႔မဟုတ္ ႏွလံုးခုန္ေနေသးလွ်င္ ေသြးမ်ား လည္ပတ္ေနဆဲျဖစ္၍ အသားမ်ားကအေရာင္မေျပာင္း..။ အသားစတို႔ကို စစ္ေဆးရာတြင္ အားလံုးအေရာင္မကြဲ တသားတည္းျဖစ္ေနသည္ …။ ထို႔ေၾကာင့္ အျခားေသာစစ္ေဆးမႈမ်ားျဖင့္ ထပ္ရွိျပဳလုပ္ၾကရာ မိန္းမပ်ိဳေလးသည္ မေသဆံုးေသးခင္ အသားတို႔ကိုခုတ္ထစ္ခဲ့ျခင္းျဖစ္သည္ကို ေတြ႕ရွိရေလသည္။

K ၏ ခႏၶာကိုယ္တြင္ ေမ့ေဆး ထုံေဆး စသည္တို႔ကို စစ္ေဆးေတြ႕ရွိမႈမရွိ…။ ထိုသို႔ဆိုလွ်င္ ေမ့ေဆးထံုေဆးမရွိ တတိတိျဖင့္ အသားမ်ားကို အသားတလႊာ အဆီတစ္လႊာ ဒါးျဖင့္ အလွီးခံခဲ့ရသည္လား? သနားစရာေကာင္းလွသည္။ K တြင္လည္ပင္းၫွစ္ခံရေသာ ဒါဏ္ရာေတာ့ရွိသည္။ ေမ့ေမ်ာ၍ နာက်င္မႈကို မခံစားရပါေစႏွင့္ ဟုသာ ဆုေတာင္းေနမိပါေတာ့သည္။ ေသခ်ာတာကေတာ့ ေနာက္ဆံုးအခ်ိန္ ျဖတ္ေတာက္ျခင္းခံခဲ့ရသည္အထိ သူမ ႏွလံုးခုန္ေနေသးခဲ့သည္။

အမုန္းတရား အာဃာတမရွိေသာ တစ္ခါမွ မျမင္ဖူးေသာ မိန္းကေလး K အား အသက္ေသမွ ခုတ္ထစ္၍ ရလွ်က္သားႏွင့္ ထိုကဲ့သို႔ အသက္မေသပဲ တစ္ညလံုး ၈ နာရီခန္႔ အဘယ္ေၾကာင့္ ဓါးျဖင့္လွီးျဖတ္ခဲ့သနည္း? အေျဖကိုရွာၾကသည္။

ကိုရီးယားလူမ်ိဳးတို႔ကို မုန္း၍လား? မျဖစ္ႏိုင္ပါ..။ မုန္း၍ ခုတ္ျဖတ္ထားလွ်င္ ေဒါသတႀကီး မုန္းမုန္းျဖင့္ ပရမ္းပတာ ခုတ္ထစ္ပစ္ေပမည္။ အလွဆင္ေနစရာမလို…။ ဝို ဝန္း ခြ်န္း သည္ K ၏အသားမ်ားအား ေသေသခ်ာခ်ာ သပ္သပ္ရပ္ရပ္ အဆီအသားသပ္သပ္ ဖယ္၍ အသားေရာင္းဆိုင္ မွာတင္ေရာင္းမည့္ပံုစံမ်ိဳး ခပ္ေစာင္းေစာင္းလွီး၍ အိတ္ ၁၂ အိတ္တြင္ အညီအမွ်ထည့္ထားသည္။ ထိုအသားတို႔ကို ေရာင္းရန္ ခုတ္ျဖတ္ထားျခင္းမွာ အလြန္ေသခ်ာသည္။ ထိုအသားမ်ားကို အားလံုးဆက္စပ္ၾကည့္ေသာအခါ K ၏ခႏၶာကိုယ္ တခုလံုးစာ ျပန္ရသည္…။

သို႔ေသာ္ အေရးႀကီးေသာအခ်က္… အတြင္းမွ ကလီစာအခ်ိဳ႕က ေပ်ာက္ေနသည္။ ဘယ္ေရာက္သြားသနည္း..? ဝို ဝန္း ခြ်န္း သည္ ထိုေမးခြန္းကိုၾကားရေသာအခါ တုန္လႈပ္သြားၿပီး “မသိပါ…”ဟု တြင္တြင္ေျပာသည္။

အေျဖက တစ္ခုပဲရွိသည္။ CCTV ထဲရွိ ကားေနာက္မွ မိန္းမပ်ိဳသည္ လူနာတစ္ဦးအတြက္ လိုအပ္ေသာ ကိုယ္ခႏၶာအတြင္းအဂၤါ တစ္ခုခု ဝယ္ရန္ လာေစာင့္ေနသည္..။ ထို႔ေၾကာင့္ ဝို ဝန္း ခြ်န္း သည္ K အားမုဒိမ္းက်င့္ရန္ အခ်ိန္မရ…။ K အား အသက္မေသခင္ ခႏၶာကိုယ္ကို လွီးျဖတ္ခဲ့ျခင္းမွာ…အသက္မေသခင္ ကိုယ္အတြင္းအဂၤါကိုထုတ္လိုျခင္းေၾကာင့္ျဖစ္သည္။ ထို႔ေၾကာင့္ အရွင္လတ္လတ္ ကိုယ္ခႏၶာအတြင္းအဂၤါ ထုတ္၍ အျပင္မွာ ေစာင့္ေနေသာ မိန္းကေလးအားေပးလိုက္သည္။

( ေထာက္လွမ္းေရးတို႔ ခန္႔မွန္းခ်က္ျဖစ္ပါသည္ .. သက္ေသမျပည့္စံုေသးပါ..။)

ထိုသို႔ဆိုလွ်င္ ထိုေစာင့္ေနသည့္ မိန္းကေလးကိုမစစ္ေဆးဘူးလား? ထိုအမႈကို တစံုတစ္ခုက ဖုန္းကြယ္ထားသည္လား? သက္ေသရွာမရ၍ အတိအလင္း မေၾကျငာႏိုင္ေသးသည္လား?

သံသယျဖစ္စရာ.,, ေတြးစရာ..မ်ားျပားေနသည္။ ဘာတစ္ခုမွ အတိအက် မသိ..။ လွ်ိဳ႕ဝွက္ခ်က္တစ္ခုအေနျဖင့္ ယေန႔အထိတည္ရွိေနသည္။

မိန္းကေလး K သည္ ၇ မိနစ္တိုင္တိုင္ ဖုန္းကိုဖြင့္ထားခဲ့သည္။ အထက္ေဖၚျပပါ စကားတို႔ အထိသာ တရားဝင္ခ်ျပခဲ့သည္။ ေနာက္ပိုင္း သူမဘက္မွ ၾကားရေသာအသံတို႔ကို ေထာက္လွမ္းေရးမွ ထိမ္းသိမ္းထားသည္။ က်န္ရစ္သူမိသားစုႏွင့္တကြ မည္သူ႔ကိုမွ ေျပာမျပပါ…။

လွ်ိဳ႕ဝွက္ခ်က္တစ္ခု အေနျဖင့္ ႏိုင္ငံေတာ္က သိမ္းပစ္လိုက္သည္လား? ရဲတို႔က ေဖ်ာက္ဖ်က္ပစ္လိုက္သည္လား? မည္သူမွမသိ…။

အဆိုးဝါးဆံုးမွာ တာဝန္မဲ့ေသာ ရဲစခန္းဖက္မွ K ၏ဖုန္းကို အရင္ခ်ပစ္လိုက္ျခင္းျဖစ္သည္။ လင္မယားရန္ျဖစ္သည္ထင္၍ …ဟု ရဲတို႔က အေၾကာင္းျပသည္။ အဘယ္ေၾကာင့္ ထိုသို႔ျပဳလုပ္သည္ကို မည္သူမွ မစဥ္းစားတတ္ေအာင္ျဖစ္ေနပါသည္။

ရဲတို႔သည္ ထိုလူမိုက္နယ္ေျမကို ညဖက္မသြားရဲေလသလား? လာဘ္ေပး လာဘ္ယူမ်ားလား?

ဝို ဝန္း ခြ်န္း သည္ မိန္းမလိုက္စားသူျဖစ္သည္။ တပတ္တခါ မိန္းမတို႔ႏွင့္ ေပ်ာ္ပါးသည္။ ( ေတာင္ကိုရီးယားတြင္ sex business သည္ တရားဝင္မဟုတ္ပါ…။ ) ထို႔ေၾကာင့္ ေငြကို ေရလိုသံုးႏိုင္မွ မိန္းမလိုက္စားႏိုင္သည္။

လူသတ္သမား ဝို ဝန္း ခြ်န္း သည္ ဖုန္း ၄ ခုကိုင္ထားသည္။ ၅ ႏွစ္အတြင္း ကိုရီးယားႏွင့္တ႐ုတ္ျပည္သို႔ ၈ ေခါက္ အသြား အျပန္လုပ္ခဲ့သည္။ အလုပ္ၾကမ္းလုပ္ေသာ လူတန္းစားျဖစ္ေသာ္ျငား ဘဏ္ထဲတြင္ ေငြေျမာက္ျမားစြာရွိေနသည္။ မၾကာေသးမီက တ႐ုတ္ျပည္တြင္ အဆင့္ျမင့္တိုက္ခန္းတစ္ခု ဝယ္ထားသည္။ ထို တိုက္ခန္းတြင္ မိန္းမႏွင့္ သမီး ေနထိုင္ၾကသည္။

ထိုပိုက္ဆံမ်ား ဘယ္ကရသနည္း? သူ႔အိမ္တြင္ မီးရႈိ႕ေသာ မီးဖိုႀကီးတစ္ခုလည္းရွိသည္။ ထိုအထဲတြင္လည္း အ႐ိုးတစ္ခ်ိဳ႕ေတြ႕ရသည္။ သူသည္ လူသားေရာင္းစားေနသည္ဆိုလွ်င္ ဝယ္ယူ စားသံုးသူတို႔မွာ မည္သူေတြနည္း? ထိုလူသားတို႔အား အသားသြတ္ဗူးလုပ္၍ ျပည္ပသို႔တင္ပို႔ေနသည္လား?

မည္သို႔ဆိုေစ…တရားသူႀကီးက ဝို ဝန္း ခြ်န္း အား လူသားစားလိုေသာ သို႔မဟုတ္ လူသားမ်ားအားေရာင္းလိုေသာ ရည္ရြယ္ခ်က္ျဖင့္ K အား ရက္ရက္စက္စက္သတ္ျဖတ္ခဲ့သည္ဟု သံုးသပ္ခဲ့သည္။

၂၀၁၂ ခုႏွစ္ ၆ လပိုင္း ၁၅ ရက္ေန႔

ဦးစြာပထမ ေတာင္ကိုရီးယား၏ အႀကီးေလးဆံုးျပစ္မႈျဖစ္ေသာ ” ေသဒဏ္” ကို ခ်ခဲ့သည္။ ထိုအသံကိုၾကားရေသာအခါ လူသတ္သမား ဝို ဝန္း ခြ်န္း သည္ အလြန္တုန္လႈပ္သြားသည္ကို ေတြ႕လိုက္ရသည္။ သူတပါးအား မေသမရွင္ ဓါးႏွင့္ လွီးခဲ့ေသာ္လည္း မိမိေသမည္ကိုေတာ့ အလြန္ေၾကာက္ေနခဲ့သည္။ ေတာင္ကိုရီးယားတြင္ ” ေသဒဏ္” အား အၿပီးအပိုင္ဖ်က္သိမ္းထားျခင္း မဟုတ္ပါ… လူ႔အခြင့္အေရးအရ ခဏတာ ရပ္ဆိုင္းထားျခင္းျဖစ္သည္။ သမၼတအသစ္ တဦးဦးလက္ထက္တြင္ ျပန္၍ခြင့္ျပဳလွ်င္ ေသဒဏ္က်ထားေသာသူမ်ား တစ္ဦးခ်င္း အသတ္ခံရမည္ျဖစ္သည္။ ထိုအသတ္ခံရမည့္ အခ်ိန္အထိ အလုပ္ၾကမ္းႏွင့္ေထာင္ထဲတြင္ေနရမည္။

“ကြ်န္ေတာ္ လူသားမစားခဲ့ပါ… ကြ်န္ေတာ္ လူသားေရာင္းစားခဲ့ေသာ သက္ေသမရွိပါဘူး” ဟူ၍ ဝိုက အယူခံဝင္သည္။

လူသားႏွင့္ ကိုယ္တြင္းအဂၤါ ေရာင္းခ်သည္ မွာအလြန္ေသခ်ာေသာ္လည္း သက္ေသက မျပည့္စံုပါ။ ထို႔ေၾကာင့္ အထက္တရား႐ုံးမွ “မေသမခ်င္း အလုပ္ၾကမ္းႏွင့္ ေထာင္ဒါဏ္”ဟု ေျပာင္းေပးခဲ့သည္။ ဝို ဝန္း ခြ်န္း သည္ ႏိုင္ငံျခားသားတို႔ ေနထိုင္ရေသာ ေထာင္၌မေနရပါ။ ရက္စက္ေသာလူသတ္သမားျဖစ္၍ ေထာင္အႀကီးသို႔ ေျပာင္းေနရသည္။

ေထာင္ကားေပၚသို႔ လူသတ္သမား ဝို ဝန္း ခြ်န္း တက္သြားသည္။ သူ႔အေရွ႕တြင္ မူးယစ္ေဆးသံုး၍ ေထာင္က်သူ ရီ( Lee) ကထိုင္ေနသည္။ ေထာင္ကားေပၚတြင္ပင္ ႏွာဘူူးက်ေသာ သက္ၾကားအို ဝို ဝန္း ခြ်န္း သည္ ေထာင္ကားျပဴတင္းေပါက္မွတဆင့္ မိန္းမလွေလးမ်ားျဖတ္သြားလွ်င္ ေခါင္းလည္ေအာင္ လိုက္ၾကည့္သည္ …အသံထြက္၍ ဘာေတြေျပာမွန္းမသိ တတြတ္တြတ္ေျပာသည္..မ်က္ႏွာ ျပံဳးစစႏွင္ ဒူးႏွံ႔ေနေလသည္။

တစ္ခါလည္းမဟုတ္ ..ႏွစ္ခါလည္းမဟုတ္ .. အက်ဥ္းသား ရီ က မခံႏိုင္ေတာ့..။ ” ေဟ့ေကာင္ မင္းက ဝို ဝန္း ခြ်န္း မဟုတ္လား? မင္းဒူးေခါင္းၿငိမ္ၿငိမ္ေနစမ္း ေထာင္ထဲေရာက္မွ မင္းေျခေထာက္႐ိုက္ခ်ိဳးပစ္ဦးမယ္”

လူသတ္သမား ဝို ဝန္း ခြ်န္း က ေဒါသတႀကီးထ, ထိုးသည္။ ရီ ကျပန္ထိုးသည္။

” မင္း မထီမဲ့ျမင္မလုပ္နဲ႔ကြ ေသခ်င္လား?

” ေခြးမသား… ငါက ကိုယ့္ ဘာသာ မူးယစ္ေဆးသံုးတာ မင္းလို မယုတ္မာဘူး။ မင္းလို တိရိစၧာန္မဟုတ္ဘူးကြ…လို႔ ကြ်န္ေတာ္ေျပာခဲ့တယ္ဗ်ာ”

ရီက အင္တာဗ်ဴးသူမ်ားအားေျပာၾကားခဲ့သည္။

လူသတ္သမား ဝို ဝန္း ခြ်န္း အား ထိုကဲ့သို႔ အျပစ္ ေပးေသာ္လည္း ဝို ဝန္း ခြ်န္း ၏ေနာက္ကြယ္မွ ဇာတ္လမ္းမ်ားကို ဖုံးကြယ္ထားၾကသသည္ဟု ယူဆၾကသျဖင့္ ေတာင္ကိုရီးယားျပည္သူမ်ား မေက်နပ္ၾကပါ…။ ထို႔အျပင္ မိမိကိုယ္ကို မိမိ မလုံမျခဳံခံစားရသည္။

ဘယ္ေန႔ ငါ့အလွည့္လဲ..? ထိုအျဖစ္မ်ားႏွင့္ ဆင္တူ မိန္းကေလးမ်ား ေပ်ာက္ဆံုးသြားေသာအမႈ ၁၅၀ မႈ ျဖစ္ေပၚခဲ့သည္။ ေပ်ာက္ဆံုးသူတို႔ သတင္း အစ အန တစ္ခုမွ မၾကားရေသး..။

ဝို ဝန္း ခြ်န္းသည္ ေတာင္ကိုရီးယား၌ အိမ္ ၇ ေနရာေျပာင္းေရႊ႕ေနထိုင္ခဲ့သည္။ ထိုေပ်ာက္ဆံုးသူတို႔သည္ ဝို ဝန္း ခြ်န္း ေနထိုင္ခဲ့သည့္ အိမ္နားတဝိုက္ျဖစ္ေၾကာင္း ထိတ္လန္႔တုန္လႈပ္ဖြယ္ စံုစမ္းသိရွိရသည္။ ယခုအထိ ထိုေပ်ာက္ဆံုးသူတို႔ အား အမွန္တကယ္ အစ အန ရွာ၍မရသည္လား? သို႔မဟုတ္ ႏိုင္ငံေရးဆူပူမႈျဖစ္မည္စိုး၍လား?

တကယ့္ကိုးရီးယားလူမ်ိဳးမ်ားႏွင့္ ကိုရီးယားတ႐ုတ္လူမ်ိဳးတို႔ အၾကား ပိုမိုႀကီးမားေသာ ပ႗ိပကၡ အာဃာတမ်ားႀကီးထြားမည္စိုး၍ ႏိုင္ငံေတာ္က ဖံုးကြယ္ထားသည္လား မသိ… ေတာင္ကိုရီးယားျပည္သူမ်ားက သံသယျဖစ္ေနၾကသည္….ဟု ႐ုပ္ျမင္သံၾကား မႈခင္း သတင္းမ်ားက ေျပာၾကားခဲ့သည္။

” ကြ်န္မတို႔ ဆူဝန္ဖက္မွာ လူသားစားတဲ့ ႏိုင္ငံျခားသားရွိတယ္လို႔ ေကာလဟလ ထြက္ေနတာၾကာၿပီရွင့္… ကြ်န္မတို႔လဲ မယံုလို႔ ရယ္စရာလုပ္ေနခဲ့ၾကတာ… ေၾကာက္စရာေကာင္းလိုက္တာ…”

ဤေလာကႀကီးတြင္ မည္သူ႔ကိုယံုရမည္နည္း?

လူ႔ ကလီစာေစ်းကြက္.,, ေက်ာက္ကပ္.. အသည္း.. ႏွလံုး.. အ႐ိုးႏု.. မ်က္လံုး…အကုန္ အေရာင္းအဝယ္လုပ္ေနၾကသည္။ အလြန္ေၾကာက္စရာ ေကာင္းလွသည္။ က်န္းမာေရးေကာင္းသူမ်ား ပို၍ အႏၲရာယ္မ်ားသည္ဟုဆိုသည္။ Plastic surgery ( အလွျပဳျပင္ေရး ခြဲစိတ္ကုသမႈ) တို႔တြင္ လူတို႔၏ အေရျပား အ႐ိုးႏုႏွင့္ ႐ိုးတြင္း ခ်ဥ္ဆီတို႔ကိုေရာင္း၍ရသည္ဟု သတင္းထဲတြင္ ဖတ္ရပါသည္။ လူေသအေလာင္းကို မိမိမေသခင္ လွဴသူမ်ားရွိသည္။ ေဆးပညာအတြက္ အသံုးဝင္သည္။ မေသသင့္ေသာလူနာမ်ားအား လွဴ၍ရသည္။ ကုသိုလ္ရသည္။

သို႔ေသာ္ ထိုခႏၶာကိုယ္လွဴထားသူတို႔ ေသေတာ့မည္ဆိုလွ်င္ နံေဘးမွ ေဆးပညာရွင္တို႔က ကိုယ္ခႏၶာအစိတ္အပိုင္းတို႔ကို ထုတ္ယူရန္ လာေစာင့္ေနၾကသျဖင့္ က်န္ရစ္သူမိသားစုတို႔ ဝမ္းနည္းၾကသျဖင့္ လွဴသူနည္းလာသည္။ ထို႔ေၾကာင့္ တရားမဝင္ ေသၿပီးၿပီးခ်င္းေရာင္းလွ်င္ ျမန္မာေငြ သိန္း ၃၀၀၀ နီးပါးရသည္ဟု ဆိုသည္။ ေသမည့္သူမရွိေတာ့ သတ္၍ေရာင္းၾကသည္။ ေသသြားလွ်င္ အခ်ိဳ႕ အဂၤါမ်ား သံုးမရေတာ့၍ လူေကာင္းတစ္ေယာက္အား မေသခင္ ဒါးႏွင့္ခြဲ၍ ထုတ္ယူေရာင္းစားၾကေတာ့သည္။

ကြ်န္မတို႔ ယခု ေနထိုင္လွ်က္ရွိေသာ ဤေလာကႀကီးသည္ လူတစ္ေယာက္အသက္ရွင္ရန္ အျခားလူတစ္ေယာက္ကို သတ္ပစ္ေသာ အက်ည္းတန္ ႐ုပ္ဆိုးသည့္ ေလာက ျဖစ္ေနေလၿပီလား…?

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မေရႊမိုး ( ကိုရီးယား )

# Unicode Version ျဖင့္ ဖတ္ပါ #
“ဟဲလို …ရဲတပ်ဖွဲ့ကပါလား?

“မုဂိုးလ် ကစားကွင်း ( Mot-gol playground) နားက အိမ်တစ်ခုမှာပါ ။အခု ကျွန်မ မုဒိမ်းကျင့်ခံနေရလို့ အမြန်ကူညီပါ…”

မိန်းကလေးတစ်ယောက် ကြောက်လွန်း၍ အသံများ တုန်ရီနေသည်။

ရဲ- မုဂိုးလ် ကစားကွင်း?

မိန်းကလေး-ဟုတ်ကဲ့။ မုဂိုးလ် ကစားကွင်းပတ်ဝန်းကျင်ပါ ကျွန်မ အခုရောက်နေတဲ့အိမ်ကို အတိအကျမသိဘူး…

ရဲ- ဒါဆို ဂျိဒုန် ( Ji-Dong ) ရပ်ကွက်ပေါ့…

မိန်းကလေး-ဟုတ်ကဲ့… ဂျိဒုန်း မူလတန်းကျောင်း (Ji-dong Primary school) နဲ့ မုဂိုးလ် ကစားကွင်းကြားမှာပါ။”

ရဲ- “ကျွန်တော် ခင်ဗျားဖုန်းရဲ့ တည်နေရာကိုရှာပြီးအမြန်လာခဲ့ပါမယ်။ စိတ်မပူပါနဲ့..”

မိန်းကလေး-ဟုတ်ကဲ့..

ရဲ- အခု ခင်ဗျားကို မုဒိမ်းထပ်ကျင့်ခံရတော့မဲ့ အခြေအနေပေါ့ဟုတ်လား? အရိုက်ခံရသေးလား..?

မိန်းကလေး- ဟုတ်…. ဟုတ်ကဲ့…..

ရဲ- လိပ်စာကို ပိုပြီးတိကျအောင်ပြောနိုင်မလား စဉ်းစားပါဦး…

မိန်းကလေး-“ဂျိဒုန်း မူလတန်းကျောင်း ဘက်ကနေ မုဂိုးလ် ကစားကွင်းဖက်ကို လမ်းလျှောက်လာရင်း သူ ကျွန်မကိုခေါ်သွားတာ…

ရဲ- ဂျိဒုန်း မူလတန်းကျောင်း ဘက်ကနေ လမ်းလျှောက်လာတာနော်…

မိန်းကလေး-ဟုတ်ကဲ့ – မုဂိုးလ် ကစားကွင်းဖက်ကိုမရောက်သေးပါဘူး…

ရဲ- သူက ဘယ်သူလဲ?

မိန်းကလေး အခုမှတွေ့တဲ့လူပါရှင်…. စကားရှည်လိုက်တာ… အမြန်ဆုံး လာကယ်ပါရှင်..”

ရဲ- ဒီလူကို တကယ်မသိဘူးလား စဉ်းစားပါဦး ညီမ?

မိန်းကလေး- လုံးဝကို မသိတာပါ

ရဲ- ညီမအခုရောက်နေတဲ့ အခန်းမှာ ဘာလုပ်ထားလဲ?

မိန်းကလေး-သော့ခတ်ထားတယ်။

ရဲ- ညီမက သော့ခတ်လိုက်တာလား?

မိန်းကလေး- သူအပြင်ထွက်သွားတာနဲ့ ကျွန်မ အတွင်းက သော့ခတ်ပစ်လိုက်တယ်။

ရဲ- ဒီလူတွေဝင်လာတဲ့ ခြေသံကြားရရင်ပြောနော်…

ထိုစဉ် တခါးဆောင့်ဖွင့်သံကို ရဲများက ဖုန်းထဲမှတဆင့်ကြားလိုက်ရသည်။

မိန်းကလေး- “ကယ်ကြပါဦးရှင်.. အမြန်လာကြပါ..”

” ဒုန်းဒုန်းဒုန်း”

သူမ ဖုန်းမချသေး… K သည် ဖုန်းကိုဖွင့်၍ ရဲများကြားစေရန် အခန်းထောင့်ရှိ အဝတ်များအောက်တွင် ဖွက်ထားလိုက်သည်။ ရဲများက လဲပြိုသံများကို ဖုန်းမှတဆင့်ကြားနေရသည်။ ထိုနေ့ညက သူမနှင့် ရဲတို့ အပြန်အလှန်ပြောကြသော စကားများမှာ အထက်ဖေါ်ပြပါအတိုင်း အတိအကျဖြစ်သည်။

ရဲများသည် ” တစ်ယောက်ယောက်က နောက်ပြီးဆက်တာများလား? ဧပြီရယ်ဖူးလ် ( April Fools ) များလား?” ဟု ထင်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေ့သည် ဧပြီလ ၁ ရက်နေ့ဖြစ်သည်။

၂၀၁၂ ခုနှစ်-၄လပိုင်း -၁ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ် ၅၈ စက္ကန့် နေရာကား ဆူဝန်- ဂယောင်ဂီဒို – တောင်ကိုရီးယား ဖြစ်သည်။ (Suwon, Gyeonggi-do, South Korea )

ကျွန်မတို့မိသားစုက ဆင်းရဲတယ်။ ကျွန်မ အမေနဲ့ အဖေကို သနားတယ်။ ကျွန်မတို့မောင်နှမတွေ အတွက် ရုန်းကန်နေရတာ မကြည့်ရက်ဘူး။ ကျွန်မ အထက်တန်းကျောင်းသူ ဘဝထဲက နေ့စားအလုပ် နှစ်ခု သုံးခု လုပ်ခဲ့ပြီး ကျွန်မလစာတွေအကုန် အမေ့ ဘဏ်ထဲကိုထည့်ပေးခဲ့တယ်။ ကျွန်မက ဒုတိယမြောက် သမီးဆိုပေမဲ့ မိဘတွေရဲ့ဒုက္ခကို ကျွန်မသာလျှင် အသိဆုံး…။ အထက်တန်းကျောင်းပြီးတော့ အဖေက တက္ကသိုလ်ဆက်တက်ဖို့ ပြောတယ်။ ပြောမဲ့သာပြောနေတာ သူတို့ ဘယ်လောက်တောင် အားတင်းပြီးပြောနေရတယ်ဆိုတာ ကျွန်မသိတာပေါ့…။

“စိတ်ချ အဖေ.. သမီးကျောင်းတက်မှာပါ.. ဒါပေမယ့် သမီးအလုပ်လုပ်ပြီး ပိုက်ဆံ အရင်စုချင်တယ်..”

ဒီလိုနဲ့ ကျွန်မ အသက် ၂၈ နှစ်ရှိလာပါပြီ……မိဘတွေ အရိပ်အခြေကြည့်ပြီး တက္ကသိုလ် မတက်နိုင်ခဲ့တော့ဘူး…။ ကျောင်းတက်ဖို့ ကြိုးစားလိုက် ဝမ်းရေးအတွက်လုံးပန်းလိုက် ဒီအရွယ်ရောက်မှလည်း မတက်ချင်တော့ပါဘူးလေ…။ ၁၈ နှစ်ကလေးတွေနဲ့ အတူ ပထမနှစ်တက်ရမှာလဲ ရှက်ပါတယ်… စာတွေလဲမေ့ကုန်ပြီ..။ အေးလေ ..ကျွန်မ တစ်ယောက် အနစ်နာခံလိုက်လို့ ဘာဖြစ်မှာလဲ..?

ကျွန်မ ဟန်းဖုန်း စက်ရုံမှာ အလုပ်ဝင်လုပ်တယ်။ ပင်ပန်းပေမယ့် လစာကောင်းကောင်းရတယ်။ အချိန်ပိုတွေလည်းများတယ်လေ..။ မှတ်မိပါသေးတယ်..။ ကျွန်မ အလုပ်ဝင်ကာစကပေါ့…

“နေ့လည်စာ သွားစားကြမယ်ဟေ့”

သူဌေးက ကျွန်မတို့ အလုပ်သမားတွေကို နေ့လည်စာကို အပြင်မှာ ဝယ်ကျွေးလေ့ရှိပါတယ်..။ ကျွန်မ အရဲစွန့်ပြီး သူဌေးရုံးခန်းထဲကို ဝင်လိုက်တယ်။

“သူဌေး…ကျွန်မ နေ့လည်စာလိုက်မစားတော့ဘူး… ပိုက်ဆံပဲ ပေးလိုက်ပါလားရှင်… ကျွန်မ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်းပဲ ထမင်းစားတတ်လို့ပါ”

ကျွန်မ ညာလိုက်တယ်။ သူဌေးက တစ်သိန်းပေးခဲ့တယ်။ ပျော်လိုက်တာ.,။ ကျွန်မ ခြွေတာတဲ့အနေနဲ့ နေ့လည် ထမင်းမစားပဲ ထမင်းစားချိန်မှာ အိပ်ပစ်လိုက်တယ်။ အင်း မဆိုးပါဘူး..။အိပ်တာလဲ အားရှိတာပဲ…။ တခါတလေတော့ ဆာလွန်းလို့ ထမင်းလိပ်လေးတစ်လိပ် ဝယ်စားတယ်။ ကျွန်မ ပိုက်ဆံစုရမယ်။



ဒီနေ့လည်း ကျွန်မ အမြဲ အိမ်ပြန်နေကျလမ်းအတိုင်း အိမ်ပြန်ခဲ့ပါတယ်…။ ဒီနေ့ ကျွန်မတို့ စက်ရုံမှာ အချိန်ပိုရှိလို့ အလုပ် လုပ်ရတာမို့ အိမ်အပြန်နောက်ကျခဲ့တယ်…။ တစ်ဘဝလုံး ဆင်းဆင်းရဲရဲနဲ့ ဘယ်တုန်းကမှ ကံမကောင်းခဲ့တဲ့ ကျွန်မ….။ ဒီနေ့ညမှာ ထပ်ပြီး ကံဆိုးမိုးမှောင်ကျတော့မှာ ကျွန်မ မသိခဲ့ဘူး။ ထိုမိန်းကလေးအား K ဟူသော အမည်ဖြင့်ဆက်လက်ဖေါ်ပြသွားပါမည်။

ထိုညတွင် ချောမောလှပသော မိန်းကလေး K အား လူယုတ်မာတစ်ဦးက ဖမ်းဆီးသွားလေတော့သည်။

ည ၁၀ နာရီ ၅၁ မိနစ် ၇ စက္ကန့် ရဲများက ဖုန်းထဲမှတဆင့်ကြားနေရသည်။

K – တောင်းပန်ပါတယ်ရှင်… ဦးလေးကြီး ကျွန်မ တောင်းပန်ပါတယ်..။

ရဲ- ဟဲလို ဟဲလို

K – တောင်းပန်ပါတယ်ရှင့်..။ ကျွန်မ တောင်းပန်ပါတယ်..။

ရဲ- ဟဲလို ဟဲလို

ည ၁၀ နာရီ ၅၂ မိနစ် ၁၉ စက္ကန့်

K- အား အမယ်လေး… တောင်းပန်ပါတယ်ရှင်

ရဲ- လိပ်စာ လေးသိရမလား ဟဲလို ဟဲလို

အသုံးမကျ သောရဲ သည် လုပ်ဆောင်သင့်သည်များကို မြန်မြန်မလုပ်ပဲ မေးခွန်းများကိုသာ လျှောက်မေးနေတော့သည်။

K- အား တောင်းပန်ပါတယ်ရှင့်။ တောင်းပန်ပါတယ်။ ဦးလေးကြီးရယ် ကျွန်မကို ချမ်းသာပေးပါ။

ည ၁၀ နာရီ ၅၃ မိနစ်

ကျိ ကျိ ကျိ ( တိတ်- tape ခွာသော အသံ)

K- အမယ်လေး နာလိုက်တာ… လက်ခလယ် နာလို့ပါ..

ည ၁၀ နာရီ ၅၅ မိနစ် ၂၈ စက္ကန့်

K- ဦးလေးရယ်- ကျွန်မ တောင်းပန်ပါတယ် နာလို့ပါ

တိတ်ခွာ၍ ရစ်ပတ်သံများ ဆက်ကြားနေရသည် ကျိ….ကျိ….။

K အနီးရှိ ခြေသံ စကားပြောသံတို့သည် ယောက်ျား တစ်ယောက်ထဲ မဟုတ်နိုင်ဟု ခန့်မှန်းရသည်…။ သူမအား ရဲတို့လာကယ်နိုင်ရန် အလွန်ကြောက်ရွံ့နေသည့်ကြားမှ အားကိုးတကြီးဖုန်းဆက်ခဲ့လေသည်။ သို့သော် ရဲများက ပေါ်မလာ…။

လူယုတ်မာကြီးက တိတ်များယူလာ၍ သူမကို လှုပ်မရအောင် တိတ်နှင့်ပတ်နေသည်။ ထို့နောက် ၅ မိနစ်ကျော် အကြာတွင် ရဲတို့က ရက်စက်စွာဖြင့် ဖုန်းချပစ်လိုက်သည်။ သူမ ကူ ကယ်ရာမဲ့လေပြီ။ မိဘဆီဖုန်းဆက်တာက တော်ဦးမည်။ နောက်ဆုံးအချိန်အထိ မိဘများအား ဒုက္ခမပေးချင်သော မိမိကိုယ်ကို အားကိုးသည့် မိန်းကလေး…။ အခုတော့….။

အသုံးမကျသောရဲသည် အဆောက်အဦ ဘယ်နှစ်ထပ်တိုက် ဘယ်လိုပုံစံကိုမမေး…။ အရေးကြီးသောအချိန်ကို အသုံးမကျသော မေးခွန်းများနှင့် အချိန်ဖြုန်းခဲ့သည်။

K သည်ရဲကား အရေးပေါ် အသံလေးများကြားရမည်လား မျှော်လင့်တကြီးဖြင့် နားထောင်နေခဲ့ရှာမည်။ အချိန်တွေသာ ကုန်သွားသည်။

K ဖုန်းဆက်ပြီး ၁၀ နာရီကျော်ကျော်အကြာ…. ရဲစခန်းကို ဖုန်းထပ်ဝင်လာသည်။

“ကျွန်တော့် ဘေး အိမ်က ငိုသံလိုလို ငြီးသံလိုလို တစ်ညလုံး ကြားရတယ်ဗျ.. မသင်္ကာစရာပဲ..” ဒါတောင် ရဲများက ချက်ချင်းမသွားကြ…။

K ဖုန်းဆက်ပြီး ၁၃ နာရီအကြာ.. ရဲများက K အား ရှာဖွေတွေ့ရှိခဲ့ကြလေသည်။

K ပြောခဲ့သည့်အတိုင်း ဂျိဒုန်း မူလတန်းကျောင်းမှ ၈၀ မီတာအကွာ မုဂိုးလ် ကစားကွင်းဖက်မရောက်ခင် အိမ်တစ်အိမ်၏ မြေအောက်ခန်းတွင်ဖြစ်သည်။

သို့သော်…. K ဟူသော ထိုကိုရီးယား မိန်းမချောလေး၏ ခန္ဓာကိုယ် သည် ၃၆၅ ပိုင်း….အပိုင်းပိုင်းပြတ်နေလေသည်။ အလွန်နောက်ကျသွားလေပြီ…။

သူမ၏ ခန္ဓာကိုယ်မှ အရိုးများတွင် အသားစ တစ်ခုမှ မကျန်အောင် သေသပ် ကျွမ်းကျင်စွာဖြင့် လှီးဖြတ်ထားသည်။ အသားများကို တဖန် အသားသပ်သပ် အဆီသပ်သပ် အရွတ်သပ်သပ် သေသေ ချာချာခွဲထားပြီး အညီအမျှ ပလပ်စတစ် အိတ်အမည်း ၁၃ အိတ်တွင်ထည့်၍ ရေခဲသေတ္တာထဲထည့်ထားသည်။ သို့သော် ကလီစာများကို အစုံလိုက် မတွေ့ရတော့။

ရဲများသည် ထို ၁၃ နာရီကြာသောအချိန်တွင် ဘာလုပ်နေသနည်း? တောင်ကိုရီးယားပြည်သူများ ရဲတပ်ဖွဲ့ကို အပြစ်တင် ရှုတ်ချ ဆန္ဒပြလေတော့သည်။ ရဲစခန်းကို ဖုန်းဆက်စဉ် သူမ မထမဆုံးပြောခဲ့သည့်စကားမှာ…

“ကျွန်မ မုဂိုးလ် ကစားကွင်း နားက အိမ်တစ်ခုမှာပါ ။ ကျွန်မ မုဒိမ်းကျင့်ခံနေရတယ်..” သူမပြောခဲ့သည့်စကားသည် “မုဒိမ်းကျင့်ခံနေရတယ်” ဟူ၍ဖြစ်သည်။

လူယုတ်မာသည် K အား မုဒိမ်းကျင့်ရန် အားထုတ်ခဲ့ပြီး မအောင်မြင်၍ အပြင်သို့ခဏထွက်သွားချိန်တွင် K က ရဲစခန်းကို ဖုန်းဆက်ခြင်းဖြစ်သည်။ ဆက်၍ မုဒိမ်းကျင့်ခံရမည်ဟု တွက်ဆ၍သာ ဖုန်းဆက်ခြင်းဖြစ်သည်။ သူမကိုယ်သူမ အသတ်ခံရမည်ဟု ထင်မထားခဲ့…။

“ကျွန်မကို သတ်ပစ်တော့မယ်ထင်တယ်..”ဟု မပြောခဲ့ပါ။ သူမကိုယ်သူမ သည်လို ရက်ရက်စက်စက် အသတ်ခံရမည်ကို မရိပ်မိခဲ့ရှာ…။

ဤဆောင်းပါးကို နားလည်နိုင်ရန် အလွန်ကြောက်စရာကောင်းသည့် ကိုရီးယား-တရုတ်လူမျိုး လူမိုက်ဂိုဏ်းဝင် တစ်ချို့အကြောင်း သိထားရန်လိုအပ်ပါသည်။ ( ကိုရီးယား-တရုတ် အားလုံးကို မဆိုလိုပါ)

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်ခြမ်းမကွဲခင် အချိန် ရှေးရာဇဝင်ကာလမှ စတင်ခဲ့သည်။ ၁၈၆၀ ခုနှစ်ဝန်းကျင်လောက်တွင် သမိုင်းအဆက်ဆက်မှ စစ်ပွဲများကြောင့် ကိုရီးယားတို့သည် အိမ်နီးချင်း တရုတ်နိုင်ငံသို့ နိုင်ငံရေးခိုလှုံ၍ သွားရောက်နေထိုင်ကြသည်။ ၁၉၁၀ ကိုရီးယားနိုင်ငံသည် ဂျပန်တို့ လက်အောက် ကျရောက်သွားပြီး ကိုရီးယားလူမျိုးအချို့ တရုတ်ပြည်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ပြန်သည်။

အခြေအနေ အမျိုးမျိုးကြောင့် အလုပ်သဘောအရ မဖြစ်မနေ သွားရောက်နေထိုင်ခဲ့ကြသူများလည်းရှိသည်။ အတင်းအကြပ် စစ်အကျဉ်းသားများအနေဖြင့် အပို့ခံရသူများလည်းရှိသည်။ သူတို့သည် တရုတ်နိုင်ငံတွင် ရှေးအဆက်ဆက်ကတည်းက နေထိုင်ကြသည့်အလျှောက် အိမ်ထောင်ကျ၍ မျိုးဆက်သစ်များထူထောင်လိုက်ကြသည်။ သူတို့သည် ကိုရီးယားလူမျိုးဖြစ်သော်လည်း စစ်ပွဲများ အပြီးတွင် ကိုရီးယားနိုင်ငံသို့ ပြန်မလာနိုင်ကြတော့ပေ…။တရုတ်ပြည်၌ နေသားကျနေကြပြီဖြစ်သည်။ သန်းနှင့်ချီသော ကိုရီးယားလူမျိုးများ တရုတ်ပြည်တွင်ရှိသည်…။ ၂၀၀၉ ခုနှစ်စစ်တမ်းအရ ကိုရီးယား ၂,၄၉၈,၀၇၆ ယောက်ခန့်သည် တရုတ်နိုင်ငံ၌ရှိနေသည်။ နောက်ပိုင်း တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနှစ်အုပ်စု ကွဲသွားသည့်နောက်တွင် တရုတ်ပြည်မှ ကိုရီးယား တချို့က ချမ်းသာလာသော တောင်ကိုရီးယားသို့ပြန်လာလိုသော ဆန္ဒရှိလာကြသည်။

တချို့ကလည်း မြောက်ကိုရီယားဘက်သို့ ခိုဝင်သွားကြသည်။ အချို့ကလည်း တရုတ်ပြည်တွင် ဆက်လက်နေထိုင်ကြသည်။ သို့သော် တောင်ကိုရီးယားအစိုးရက သူတို့အား ကိုရီးယားနိုင်ငံသားအဖြစ် မသတ်မှတ်တော့ပါ…။ ဤတွင် နိုင်ငံရေး ပြဿနာများ အငြင်းပွားမှုများစွာ စတင်ခဲ့သည်..။ ကမ္ဘာ၌ မထင်ရှားသော်လည်း သူတို့သည်လည်းမြောက်ကိုရီးယားကဲ့သို့ တောင်ကိုရီးယားအား မကျေနပ်သော အုပ်စုတစ်ခုဖြစ်သည်။ ထိုကဲ့သို့ ခံစားချက်တု့ိရှိနေသော ကိုရီးယား-တရုတ်လူမျိုးအုပ်စုကို ဂျိူဆန်ဂျု( Joseonjok-조산족) ဟုခေါ်သည်။

“သူတို့က ကျွန်တော်တို့နဲ့ ရုပ်ချင်းသာဆင်တာဗျ… အပြောအဆို အတွေးအခေါ် ရိုးရာ ဓလေ့ တစက်လေးမှမတူတော့ဘူး။ ကိုရီးယားစကားလဲ မပြောတတ်… တရုတ်လူမျိုးစ်စစ်တောင် ဒီလိုရိုင်းမယ်မထင်ဘူးဗျ… သူတို့က ရိုင်းတယ်..ရက်စက်ကြမ်းကြုတ်တယ်.. ဘယ်လိုဖြစ်ကုန်ကြတာလဲ မသိပါဘူးဗျာ…” ကိုရီးယားလူမျိုးတစ်ဦးက ပြောကြားခဲ့သည်။

တရုတ် နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားကြသော ထိုသူတို့သည် ၁၉၉၀ ခုနှစ်မှ စ၍ ကိုရီးယားနိုင်ငံသို့ တရုတ်လူမျိုးများအဖြစ် တဖြည်းဖြည်း ဝင်ရောက်လာကြသည်။ တရားမဝင်နေထိုင်ကြသည်။ သူတို့သည် ပြစ်မှုကျူးလွန်သော်လည်း တရားမဝင်နေကြသည်ဖြစ်၍ ရှာရန်မလွယ်…။ ကိုရီးယားလူမျိုးတို့နဲ့ခွဲမရအောင်တူလှ၍ ဖမ်းမိရန် မလွယ်လှပါ…။ ပြဿနာတခုဖြစ်လျှင် ဓါးကိုင်၍ထိုးသည့် လူမိုက်များမဟုတ် ပုဆိန်ဖြင့်ခုတ်ကြသောလူမိုက်များဖြစ်သည်ဟု ကိုရီးယားမီဒီယာများက ဆိုကြသည်။ အလွန်ရက်စက်သော မကောင်းမှုများကို ကျူးလွန်လေ့ရှိကြသောသူတစ်ချို့ကြောင့် ကိုရီးယား-တရုတ်တို့သည် နာမည်ဆိုးဖြင့်ကျော်ဇောကြသည်။

ကိုရီးယားနိုင်ငံတွင် ၎င်းတို့သည် အုပ်စုလိုက်ဖွဲ့ပြီးနေထိုင်ကြသည်။ ကိုရီယားလူမျိုးတို့ နှင့် အခြားနိုင်ငံခြားသား အလုပ်သမားတို့သည်ထိုနယ်မြေများနှင့် ဝေးဝေးနေထိုင်ကြသည်။ သာမန်လူမပြောနှင့် သူတို့စုနေသော အရပ်ဒေသ များတွင် ရဲဝန်ထမ်းတို့ပင် သတိကြီးစွာနေကြရသည်။ လူမိုက်တို့သည် ရဲများကိုလည်းဂရုစိုက်သူများမဟုတ်ဟု ဆိုသည်။

ကိုရီးယား-တရုတ်လူမျိုး ဝို ဝန်း ချွန်း (Oh Woon-choon) ဖြစ်သည်။ ၂၀၀၇ ခုနှစ် ၉ လပိုင်းတွင် တရားဝင် အလုပ်သမား ဗီဇာဖြင့် တောင်ကိုရီးယားကို ဝင်ရောက်လာသည်။ ၂၀၁၂ ခုနှစ်-၄လပိုင်း -၁ရက်နေ့ အိမ်လမ်းကြားထိပ်ထွက်၍ ဆေးလိပ်သောက်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်နေခဲ့သည်။

လာပြီ… မိန်းကလေး တစ်ယောက်တည်း… ချောလိုက်တာ..။ လမ်းပေါ်၌ လူရှင်းနေသည်။ မိန်းကလေးအား ခြေထိုးခံ၍ ဝင်တိုက်လိုက်သည်။ မိန်းကလေးက ” တောင်းပန်ပါတယ်”…ဟုပြော၍ ဆက်လျှောက်သွားမည်အလုပ်..။ ဝို ဝန်း ချွန်း သည် ထိုမိန်းကလေးကို ဆံပင်ဆွဲ၍ သူ့အိမ်ကို တရွတ်တိုက် ဆွဲခေါ်သွားသည်။ ထိုအဖြစ်အပျက် အစအဆုံးကို ကားတစ်စီး၏နောက်ကွယ်မှ ပုန်း၍ ကြည့်နေသော အခြား မိန်းမရွယ်တစ်ဦးရှိနေသည်ကို CCTV ၌တွေ့ရသည်။ ဝို ဝန်း ချွန်း သည် လိမ်ပြီးရင်း လိမ်ခဲ့သည်။

“ကျွန်တော့်ကို ဝင်တိုက်ပြီး မတောင်းပန်လို့ ဒေါသနဲ့ သတ်မိပါတယ်…”

မဟုတ်ပါ….။ CCTV ထဲတွင် ပေါ်နေသည်။

ဝို ဝန်း ချွန်း သည် သားကောင်စောင့်နေသော မုဆိုးကဲ့သို့ သူ့အိမ်အနီးတွင် စောင့်နေပြီး သူကိုယ်တိုင် တမင် ဝင်တိုက်ကာ တရွတ်တိုက် ဆွဲခေါ်သွားခြင်းဖြစ်သည်။

လူယုတ်မာ ဝို ဝန်း ချွန်း သည် ..တမျိုးပြောင်းလိမ်သည်။ ကျွန်တော် သူမကို မုဒိမ်းကျင့်ချင်လို ခေါ်သွားတာပါ..။ ပိုက်ဆံပေးတော့လဲမယူ .. ငြင်းဆန်နေခဲ့တယ်..။ ကျွန်တော် အပြင်ခဏသွားပြီးပြန်လာတော့ အခန်းအထဲကနေ သော့ခတ်ထားတယ်။ ကျွန်တော် ဒေါသထွက်သွားတယ်…။ ဒါကြောင့် သူမကို တိတ်နဲ့ပတ်ပြီးမုဒိမ်းကျင့်ခဲ့တယ်…။ မုဒိမ်းကျင့်ခဲ့မိလို့ ရဲတိုင်မှာစိုးလို ကြောက်ပြီး သတ်လိုက်မိတယ်..။

မဟုတ်ပါ….။ မိန်းကလေး၏ ကိုယ်ခန္ဓာအား စစ်ဆေးကြည့်သောအခါ မုဒိမ်းကျင့်ခံထားရသော သဲလွန်စ မရှိ…။ အဆင်မပြေတော့ ထပ်လိမ်ပြန်သည်။

“အမှန်တော့ မိန်းကလေးက အော်ဟစ်ရုန်းကန်နေလို့ လိင်ကိစ္စမဖြစ်မြောက်ခဲ့ပါဘူး..။”

ထိုသို့ဆိုလျှင် တိတ်များနှင့် ချုပ်၍ စိတ်တိုင်းကျ မုဒိမ်းကျင့်နိုုင်သည်။ လည်ပင်းညှစ်၍ မေ့သွားချိန်လည်း မုဒိမ်းကျင့်နိုင်သည်။ မိန်းမ လိုက်စားသော ဝို ဝန်း ချွန်း သည် မိန်းမတစ်ယောက်အား မုဒိမ်းကျင့်ချင်ပေလိမ့်မည်။ သို့သော် ဘာအတွက်ကြောင့် မုဒိမ်းမကျင့်ထားသနည်း? မုဒိမ်းမကျင့်ပဲနှင့် ကျင့်သည်ဟု အဘယ်အကြောင်းကြောင့် လိမ်လည်သနည်း? ထိုထက်ကြီးမားသော အပြစ်ကိုကျူးလွန်ထား၍ဖြစ်ပေမည်။

“အဲဒီညက သူမ သေသွား ပြီးတော့ သူမ ခန္ဓာကိုယ်ကို ဖျောက်ဖျက်ဘို့အတွက် ဒီလို ခုတ်ထစ်ခဲ့တာပါ..”

အဲဒီညက…? မဟုတ်ပါ…။ ဒါလည်း လိမ်တာဖြစ်သည်။ အဲဒီညက မိန်းကလေး K မသေခဲ့ပါ။ ရဲများလာကယ်လျှင် အသက်ရှင်နိုင်ပါသေးသည်။ K အားဖမ်းဆီးခဲ့သည်မှာ ည ၁၀ ကျော်ဖြစ်ပြီး K သေဆုံးသည့်အချိန်ကို တွက်ချက်ကြရာ နောက်တနေ့ မနက် ၅ နာရီနှင့် ၇ နာရီ အကြားဖြစ်သည်။

“ မင်း ဘာပြောချင်သေးလဲ..?”

ထိုအခါ စကားထပ်ပြောင်းသည်။ “ကျွန်တော် K ကို မုဒိမ်းကျင့်ဖို့ကြိုးစားပြီး မအောင်မြင်တဲ့အခါ တိတ်နဲ့ ပတ်ပြီး ချုပ်ထားလိုက်ပါတယ်..။ သူမ ခေါင်းကိုရိုက်နှက်ခဲ့တယ်။ သူမ သေသွားပြီထင်ခဲ့တယ်။ ပြီးတော့ အိပ်ချင်တာနဲ့ ၈ နာရီလောက်အိပ်လိုက်တယ်။ အိပ်ယာကနိုးတော့ မသေသေးဘူးဆိုတာသိရလို့ ထပ်ပြီး လည်ပင်းညှစ်သတ်တာပါ။ မနက် ၇ လောက်မှ သတ်ပစ်တာပါ”

မိန်းကလေးတစ်ယောက်ကို မုဒိမ်းကျင့်မိ၍ ရဲတိုင်မှာ ကြောက်ရွံ့သည်ဟုဆိုသည်။ ထိုသူသည် မိန်းကလေးကိုဖမ်း၍ သတ်ပြီး အေးအေးဆေးဆေး အိပ်ပျော်သွားသည်…? တစ်ညလုံးအိပ်နေခဲ့သည်…? ဒါလည်း မဟုတ်ပါ…။

“ CCTV မှာ မင်းမနက် ၅ နာရီကြီး ကြွတ်ကြွတ်အိတ်အမည်း ထွက်ဝယ်တာ ပေါ်နေတယ်..မလိမ်နဲ့”

သိပ္ပံခန်း၌ အလောင်းအပိုင်းအစများအားစစ်ဆေးအပြီးတွင် အလောင်းများကို အမြဲ စစ်ဆေးနေကျဖြစ်သော ပညာရှင်ကပင် ” ကျွန်တော့် ပါးစပ်နဲ့ ပြောမထွက်တော့ပါဘူးခင်ဗျာ..” ဟု တုန်ရီစွာ စကားစခဲ့သည်။

ဝို ဝန်း ချွန်း သည် K အား အသက်မသေခင် အရှင်လတ်လတ် ရက်ရက်စက်စက် ခုတ်ထစ်ခဲ့ကြောင်းတွေ့ရ၍ဖြစ်လေသည်။ အကျည်းတန်စွာဖြင့် ရက်စက်ပေစွ…။

လူတစ်ယောက်သေဆုံးလျှင် ခန္ဓာကိုယ်ရှိ သွေးများဆုတ်ကုန်သည်။ အလောင်းဖျက်နေချိန်တွင် အချိန်ကြာလာသည်နှင့်အမျှ အသားတို့သည် သွေးဆုတ်၍ အရောင်ပြောင်းကုန်ကြသည်။ ထို့ကြောင့် ပထမခုတ်ထားသော အသားတုံးတို့နှင့် နောက်ဆုံးခုတ်ထားသောအသားတုံး တို့မှာ သိသိ သာသာ အရောင်ပြောင်းနေရမည်။ မသေဆုံးလျှင် သို့မဟုတ် နှလုံးခုန်နေသေးလျှင် သွေးများ လည်ပတ်နေဆဲဖြစ်၍ အသားများကအရောင်မပြောင်း..။ အသားစတို့ကို စစ်ဆေးရာတွင် အားလုံးအရောင်မကွဲ တသားတည်းဖြစ်နေသည် …။ ထို့ကြောင့် အခြားသောစစ်ဆေးမှုများဖြင့် ထပ်ရှိပြုလုပ်ကြရာ မိန်းမပျိုလေးသည် မသေဆုံးသေးခင် အသားတို့ကိုခုတ်ထစ်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရလေသည်။

K ၏ ခန္ဓာကိုယ်တွင် မေ့ဆေး ထုံဆေး စသည်တို့ကို စစ်ဆေးတွေ့ရှိမှုမရှိ…။ ထိုသို့ဆိုလျှင် မေ့ဆေးထုံဆေးမရှိ တတိတိဖြင့် အသားများကို အသားတလွှာ အဆီတစ်လွှာ ဒါးဖြင့် အလှီးခံခဲ့ရသည်လား? သနားစရာကောင်းလှသည်။ K တွင်လည်ပင်းညှစ်ခံရသော ဒါဏ်ရာတော့ရှိသည်။ မေ့မျော၍ နာကျင်မှုကို မခံစားရပါစေနှင့် ဟုသာ ဆုတောင်းနေမိပါတော့သည်။ သေချာတာကတော့ နောက်ဆုံးအချိန် ဖြတ်တောက်ခြင်းခံခဲ့ရသည်အထိ သူမ နှလုံးခုန်နေသေးခဲ့သည်။

အမုန်းတရား အာဃာတမရှိသော တစ်ခါမှ မမြင်ဖူးသော မိန်းကလေး K အား အသက်သေမှ ခုတ်ထစ်၍ ရလျှက်သားနှင့် ထိုကဲ့သို့ အသက်မသေပဲ တစ်ညလုံး ၈ နာရီခန့် အဘယ်ကြောင့် ဓါးဖြင့်လှီးဖြတ်ခဲ့သနည်း? အဖြေကိုရှာကြသည်။

ကိုရီးယားလူမျိုးတို့ကို မုန်း၍လား? မဖြစ်နိုင်ပါ..။ မုန်း၍ ခုတ်ဖြတ်ထားလျှင် ဒေါသတကြီး မုန်းမုန်းဖြင့် ပရမ်းပတာ ခုတ်ထစ်ပစ်ပေမည်။ အလှဆင်နေစရာမလို…။ ဝို ဝန်း ချွန်း သည် K ၏အသားများအား သေသေချာချာ သပ်သပ်ရပ်ရပ် အဆီအသားသပ်သပ် ဖယ်၍ အသားရောင်းဆိုင် မှာတင်ရောင်းမည့်ပုံစံမျိုး ခပ်စောင်းစောင်းလှီး၍ အိတ် ၁၂ အိတ်တွင် အညီအမျှထည့်ထားသည်။ ထိုအသားတို့ကို ရောင်းရန် ခုတ်ဖြတ်ထားခြင်းမှာ အလွန်သေချာသည်။ ထိုအသားများကို အားလုံးဆက်စပ်ကြည့်သောအခါ K ၏ခန္ဓာကိုယ် တခုလုံးစာ ပြန်ရသည်…။

သို့သော် အရေးကြီးသောအချက်… အတွင်းမှ ကလီစာအချို့က ပျောက်နေသည်။ ဘယ်ရောက်သွားသနည်း..? ဝို ဝန်း ချွန်း သည် ထိုမေးခွန်းကိုကြားရသောအခါ တုန်လှုပ်သွားပြီး “မသိပါ…”ဟု တွင်တွင်ပြောသည်။

အဖြေက တစ်ခုပဲရှိသည်။ CCTV ထဲရှိ ကားနောက်မှ မိန်းမပျိုသည် လူနာတစ်ဦးအတွက် လိုအပ်သော ကိုယ်ခန္ဓာအတွင်းအင်္ဂါ တစ်ခုခု ဝယ်ရန် လာစောင့်နေသည်..။ ထို့ကြောင့် ဝို ဝန်း ချွန်း သည် K အားမုဒိမ်းကျင့်ရန် အချိန်မရ…။ K အား အသက်မသေခင် ခန္ဓာကိုယ်ကို လှီးဖြတ်ခဲ့ခြင်းမှာ…အသက်မသေခင် ကိုယ်အတွင်းအင်္ဂါကိုထုတ်လိုခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် အရှင်လတ်လတ် ကိုယ်ခန္ဓာအတွင်းအင်္ဂါ ထုတ်၍ အပြင်မှာ စောင့်နေသော မိန်းကလေးအားပေးလိုက်သည်။

( ထောက်လှမ်းရေးတို့ ခန့်မှန်းချက်ဖြစ်ပါသည် .. သက်သေမပြည့်စုံသေးပါ..။)

ထိုသို့ဆိုလျှင် ထိုစောင့်နေသည့် မိန်းကလေးကိုမစစ်ဆေးဘူးလား? ထိုအမှုကို တစုံတစ်ခုက ဖုန်းကွယ်ထားသည်လား? သက်သေရှာမရ၍ အတိအလင်း မကြေငြာနိုင်သေးသည်လား?

သံသယဖြစ်စရာ.,, တွေးစရာ..များပြားနေသည်။ ဘာတစ်ခုမှ အတိအကျ မသိ..။ လျှို့ဝှက်ချက်တစ်ခုအနေဖြင့် ယနေ့အထိတည်ရှိနေသည်။

မိန်းကလေး K သည် ၇ မိနစ်တိုင်တိုင် ဖုန်းကိုဖွင့်ထားခဲ့သည်။ အထက်ဖေါ်ပြပါ စကားတို့ အထိသာ တရားဝင်ချပြခဲ့သည်။ နောက်ပိုင်း သူမဘက်မှ ကြားရသောအသံတို့ကို ထောက်လှမ်းရေးမှ ထိမ်းသိမ်းထားသည်။ ကျန်ရစ်သူမိသားစုနှင့်တကွ မည်သူ့ကိုမှ ပြောမပြပါ…။

လျှို့ဝှက်ချက်တစ်ခု အနေဖြင့် နိုင်ငံတော်က သိမ်းပစ်လိုက်သည်လား? ရဲတို့က ဖျောက်ဖျက်ပစ်လိုက်သည်လား? မည်သူမှမသိ…။

အဆိုးဝါးဆုံးမှာ တာဝန်မဲ့သော ရဲစခန်းဖက်မှ K ၏ဖုန်းကို အရင်ချပစ်လိုက်ခြင်းဖြစ်သည်။ လင်မယားရန်ဖြစ်သည်ထင်၍ …ဟု ရဲတို့က အကြောင်းပြသည်။ အဘယ်ကြောင့် ထိုသို့ပြုလုပ်သည်ကို မည်သူမှ မစဉ်းစားတတ်အောင်ဖြစ်နေပါသည်။

ရဲတို့သည် ထိုလူမိုက်နယ်မြေကို ညဖက်မသွားရဲလေသလား? လာဘ်ပေး လာဘ်ယူများလား?

ဝို ဝန်း ချွန်း သည် မိန်းမလိုက်စားသူဖြစ်သည်။ တပတ်တခါ မိန်းမတို့နှင့် ပျော်ပါးသည်။ ( တောင်ကိုရီးယားတွင် sex business သည် တရားဝင်မဟုတ်ပါ…။ ) ထို့ကြောင့် ငွေကို ရေလိုသုံးနိုင်မှ မိန်းမလိုက်စားနိုင်သည်။

လူသတ်သမား ဝို ဝန်း ချွန်း သည် ဖုန်း ၄ ခုကိုင်ထားသည်။ ၅ နှစ်အတွင်း ကိုရီးယားနှင့်တရုတ်ပြည်သို့ ၈ ခေါက် အသွား အပြန်လုပ်ခဲ့သည်။ အလုပ်ကြမ်းလုပ်သော လူတန်းစားဖြစ်သော်ငြား ဘဏ်ထဲတွင် ငွေမြောက်မြားစွာရှိနေသည်။ မကြာသေးမီက တရုတ်ပြည်တွင် အဆင့်မြင့်တိုက်ခန်းတစ်ခု ဝယ်ထားသည်။ ထို တိုက်ခန်းတွင် မိန်းမနှင့် သမီး နေထိုင်ကြသည်။

ထိုပိုက်ဆံများ ဘယ်ကရသနည်း? သူ့အိမ်တွင် မီးရှို့သော မီးဖိုကြီးတစ်ခုလည်းရှိသည်။ ထိုအထဲတွင်လည်း အရိုးတစ်ချို့တွေ့ရသည်။ သူသည် လူသားရောင်းစားနေသည်ဆိုလျှင် ဝယ်ယူ စားသုံးသူတို့မှာ မည်သူတွေနည်း? ထိုလူသားတို့အား အသားသွတ်ဗူးလုပ်၍ ပြည်ပသို့တင်ပို့နေသည်လား?

မည်သို့ဆိုစေ…တရားသူကြီးက ဝို ဝန်း ချွန်း အား လူသားစားလိုသော သို့မဟုတ် လူသားများအားရောင်းလိုသော ရည်ရွယ်ချက်ဖြင့် K အား ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည်ဟု သုံးသပ်ခဲ့သည်။

၂၀၁၂ ခုနှစ် ၆ လပိုင်း ၁၅ ရက်နေ့

ဦးစွာပထမ တောင်ကိုရီးယား၏ အကြီးလေးဆုံးပြစ်မှုဖြစ်သော ” သေဒဏ်” ကို ချခဲ့သည်။ ထိုအသံကိုကြားရသောအခါ လူသတ်သမား ဝို ဝန်း ချွန်း သည် အလွန်တုန်လှုပ်သွားသည်ကို တွေ့လိုက်ရသည်။ သူတပါးအား မသေမရှင် ဓါးနှင့် လှီးခဲ့သော်လည်း မိမိသေမည်ကိုတော့ အလွန်ကြောက်နေခဲ့သည်။ တောင်ကိုရီးယားတွင် ” သေဒဏ်” အား အပြီးအပိုင်ဖျက်သိမ်းထားခြင်း မဟုတ်ပါ… လူ့အခွင့်အရေးအရ ခဏတာ ရပ်ဆိုင်းထားခြင်းဖြစ်သည်။ သမ္မတအသစ် တဦးဦးလက်ထက်တွင် ပြန်၍ခွင့်ပြုလျှင် သေဒဏ်ကျထားသောသူများ တစ်ဦးချင်း အသတ်ခံရမည်ဖြစ်သည်။ ထိုအသတ်ခံရမည့် အချိန်အထိ အလုပ်ကြမ်းနှင့်ထောင်ထဲတွင်နေရမည်။

“ကျွန်တော် လူသားမစားခဲ့ပါ… ကျွန်တော် လူသားရောင်းစားခဲ့သော သက်သေမရှိပါဘူး” ဟူ၍ ဝိုက အယူခံဝင်သည်။

လူသားနှင့် ကိုယ်တွင်းအင်္ဂါ ရောင်းချသည် မှာအလွန်သေချာသော်လည်း သက်သေက မပြည့်စုံပါ။ ထို့ကြောင့် အထက်တရားရုံးမှ “မသေမချင်း အလုပ်ကြမ်းနှင့် ထောင်ဒါဏ်”ဟု ပြောင်းပေးခဲ့သည်။ ဝို ဝန်း ချွန်း သည် နိုင်ငံခြားသားတို့ နေထိုင်ရသော ထောင်၌မနေရပါ။ ရက်စက်သောလူသတ်သမားဖြစ်၍ ထောင်အကြီးသို့ ပြောင်းနေရသည်။

ထောင်ကားပေါ်သို့ လူသတ်သမား ဝို ဝန်း ချွန်း တက်သွားသည်။ သူ့အရှေ့တွင် မူးယစ်ဆေးသုံး၍ ထောင်ကျသူ ရီ( Lee) ကထိုင်နေသည်။ ထောင်ကားပေါ်တွင်ပင် နှာဘူူးကျသော သက်ကြားအို ဝို ဝန်း ချွန်း သည် ထောင်ကားပြူတင်းပေါက်မှတဆင့် မိန်းမလှလေးများဖြတ်သွားလျှင် ခေါင်းလည်အောင် လိုက်ကြည့်သည် …အသံထွက်၍ ဘာတွေပြောမှန်းမသိ တတွတ်တွတ်ပြောသည်..မျက်နှာ ပြုံးစစနှင် ဒူးနှံ့နေလေသည်။

တစ်ခါလည်းမဟုတ် ..နှစ်ခါလည်းမဟုတ် .. အကျဉ်းသား ရီ က မခံနိုင်တော့..။ ” ဟေ့ကောင် မင်းက ဝို ဝန်း ချွန်း မဟုတ်လား? မင်းဒူးခေါင်းငြိမ်ငြိမ်နေစမ်း ထောင်ထဲရောက်မှ မင်းခြေထောက်ရိုက်ချိုးပစ်ဦးမယ်”

လူသတ်သမား ဝို ဝန်း ချွန်း က ဒေါသတကြီးထ, ထိုးသည်။ ရီ ကပြန်ထိုးသည်။

” မင်း မထီမဲ့မြင်မလုပ်နဲ့ကွ သေချင်လား?

” ခွေးမသား… ငါက ကိုယ့် ဘာသာ မူးယစ်ဆေးသုံးတာ မင်းလို မယုတ်မာဘူး။ မင်းလို တိရိစ္ဆာန်မဟုတ်ဘူးကွ…လို့ ကျွန်တော်ပြောခဲ့တယ်ဗျာ”

ရီက အင်တာဗျူးသူများအားပြောကြားခဲ့သည်။

လူသတ်သမား ဝို ဝန်း ချွန်း အား ထိုကဲ့သို့ အပြစ် ပေးသော်လည်း ဝို ဝန်း ချွန်း ၏နောက်ကွယ်မှ ဇာတ်လမ်းများကို ဖုံးကွယ်ထားကြသသည်ဟု ယူဆကြသဖြင့် တောင်ကိုရီးယားပြည်သူများ မကျေနပ်ကြပါ…။ ထို့အပြင် မိမိကိုယ်ကို မိမိ မလုံမခြုံခံစားရသည်။

ဘယ်နေ့ ငါ့အလှည့်လဲ..? ထိုအဖြစ်များနှင့် ဆင်တူ မိန်းကလေးများ ပျောက်ဆုံးသွားသောအမှု ၁၅၀ မှု ဖြစ်ပေါ်ခဲ့သည်။ ပျောက်ဆုံးသူတို့ သတင်း အစ အန တစ်ခုမှ မကြားရသေး..။

ဝို ဝန်း ချွန်းသည် တောင်ကိုရီးယား၌ အိမ် ၇ နေရာပြောင်းရွှေ့နေထိုင်ခဲ့သည်။ ထိုပျောက်ဆုံးသူတို့သည် ဝို ဝန်း ချွန်း နေထိုင်ခဲ့သည့် အိမ်နားတဝိုက်ဖြစ်ကြောင်း ထိတ်လန့်တုန်လှုပ်ဖွယ် စုံစမ်းသိရှိရသည်။ ယခုအထိ ထိုပျောက်ဆုံးသူတို့ အား အမှန်တကယ် အစ အန ရှာ၍မရသည်လား? သို့မဟုတ် နိုင်ငံရေးဆူပူမှုဖြစ်မည်စိုး၍လား?

တကယ့်ကိုးရီးယားလူမျိုးများနှင့် ကိုရီးယားတရုတ်လူမျိုးတို့ အကြား ပိုမိုကြီးမားသော ပဋ္ဋိပက္ခ အာဃာတများကြီးထွားမည်စိုး၍ နိုင်ငံတော်က ဖုံးကွယ်ထားသည်လား မသိ… တောင်ကိုရီးယားပြည်သူများက သံသယဖြစ်နေကြသည်….ဟု ရုပ်မြင်သံကြား မှုခင်း သတင်းများက ပြောကြားခဲ့သည်။

” ကျွန်မတို့ ဆူဝန်ဖက်မှာ လူသားစားတဲ့ နိုင်ငံခြားသားရှိတယ်လို့ ကောလဟလ ထွက်နေတာကြာပြီရှင့်… ကျွန်မတို့လဲ မယုံလို့ ရယ်စရာလုပ်နေခဲ့ကြတာ… ကြောက်စရာကောင်းလိုက်တာ…”

ဤလောကကြီးတွင် မည်သူ့ကိုယုံရမည်နည်း?

လူ့ ကလီစာဈေးကွက်.,, ကျောက်ကပ်.. အသည်း.. နှလုံး.. အရိုးနု.. မျက်လုံး…အကုန် အရောင်းအဝယ်လုပ်နေကြသည်။ အလွန်ကြောက်စရာ ကောင်းလှသည်။ ကျန်းမာရေးကောင်းသူများ ပို၍ အန္တရာယ်များသည်ဟုဆိုသည်။ Plastic surgery ( အလှပြုပြင်ရေး ခွဲစိတ်ကုသမှု) တို့တွင် လူတို့၏ အရေပြား အရိုးနုနှင့် ရိုးတွင်း ချဉ်ဆီတို့ကိုရောင်း၍ရသည်ဟု သတင်းထဲတွင် ဖတ်ရပါသည်။ လူသေအလောင်းကို မိမိမသေခင် လှူသူများရှိသည်။ ဆေးပညာအတွက် အသုံးဝင်သည်။ မသေသင့်သောလူနာများအား လှူ၍ရသည်။ ကုသိုလ်ရသည်။

သို့သော် ထိုခန္ဓာကိုယ်လှူထားသူတို့ သေတော့မည်ဆိုလျှင် နံဘေးမှ ဆေးပညာရှင်တို့က ကိုယ်ခန္ဓာအစိတ်အပိုင်းတို့ကို ထုတ်ယူရန် လာစောင့်နေကြသဖြင့် ကျန်ရစ်သူမိသားစုတို့ ဝမ်းနည်းကြသဖြင့် လှူသူနည်းလာသည်။ ထို့ကြောင့် တရားမဝင် သေပြီးပြီးချင်းရောင်းလျှင် မြန်မာငွေ သိန်း ၃၀၀၀ နီးပါးရသည်ဟု ဆိုသည်။ သေမည့်သူမရှိတော့ သတ်၍ရောင်းကြသည်။ သေသွားလျှင် အချို့ အင်္ဂါများ သုံးမရတော့၍ လူကောင်းတစ်ယောက်အား မသေခင် ဒါးနှင့်ခွဲ၍ ထုတ်ယူရောင်းစားကြတော့သည်။

ကျွန်မတို့ ယခု နေထိုင်လျှက်ရှိသော ဤလောကကြီးသည် လူတစ်ယောက်အသက်ရှင်ရန် အခြားလူတစ်ယောက်ကို သတ်ပစ်သော အကျည်းတန် ရုပ်ဆိုးသည့် လောက ဖြစ်နေလေပြီလား…?

ဖိုးသူတော် (www.phothutaw.com)
Credit: မရွှေမိုး ( ကိုရီးယား )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top