ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

(၁) ငါသည္ ဘ၀ဆက္တုိင္း ေဒါသမရွိသူ ၿဖစ္ပါရေစ၊၊
(၂) ငါသည္ ဘ၀ဆက္တုိင္း ေလာဘမရွိသူ ၿဖစ္ပါရေစ၊
(၃) ငါသည္ ဘ၀ဆက္တုိင္း စိတ္မနာတတ္သူ ၿဖစ္ပါရေစ၊၊
(၄) ငါသည္ ဘ၀ဆက္တုိင္း အခ်စ္မရွိသူ ၿဖစ္ပါရေစ၊၊
(၅) ငါသည္ ဘ၀ဆက္တုိင္း အနာေရာဂါမရွိသူ ၿဖစ္ပါရေစ၊၊
(၆) ငါသည္ ဘ၀ဆက္တုိင္း သူတစ္ပါးကို ဒုကၡမေပးတတ္သူ ၿဖစ္ပါရေစ၊၊

ဗုဒၶဘာသာ၀င္တုိ႔သည္ အလွဴတစ္ခုကိုၿပဳၿပီးတုိင္း “ဆုေတာင္း”သည့္အေလ့ရွိၾကသည္၊၊ ဆုေတာင္းၿခင္းသည္ ဗုဒၶဘာသာ၏အေရးပါေသာ ဘာသာေရးယဥ္ေက်းမႈတစ္ခုပင္ ၿဖစ္ပါသည္၊၊ ေတာင္းဆုိေလ့ရွိၾကသည့္ “ဆု”အမ်ားစုမွာ အသက္ရွည္လုိၿခင္း၊ က်န္းမာလုိၿခင္း၊ စီးပြားတုိး တက္လိုၿခင္း၊ ေဘးအႏၱ ရာယ္ကင္းလိုၿခင္းႏွင့္ ဘ၀လုိအပ္ခ်က္မ်ားစြာတုိ႔ၿဖစ္ၾကသည္၊၊

ထုိသုိ႔ဆုမ်ားစြာကို ေတာင္းသည့္အခါ ေတာင္းေသာဆုမ်ား ရရွိသည္မ်ားလည္း ရွိသည္၊ မရရွိၾက သည္မ်ားလည္း ရွိပါသည္၊၊ ဗုဒၶဘာသာတြင္ သာမန္ခ်မ္းသာမွအစၿပဳ၍ ဘုရားအၿဖစ္တုိင္ေအာင္ “ဆု ေတာင္းမႈ”ကိုေရွးဦးစြာၿပဳရေၾကာင္း၊ ၿပီးလ်င္ ေတာင္းသည့္ဆုအေလ်ာက္ လုိအပ္သည့္ “ပါရမီ”မ်ားကို ၿဖည့္ဆည္းရေၾကာင္း ပါဠိစာေပတြင္ညႊန္ၿပထားပါသည္၊၊

“ေကာင္းမႈကုိၿပဳၿပီး အလိုရွိသည့္ဆုကို အတိအက်မေတာင္းဆုိလ်င္ အက်ဳိးကိုရသည့္အခါတြင္ မိမိလိုခ်င္သည့္အက်ဳိးကို တိတိက်က်မရရွိ” တတ္ဟူ၍ အ႒ကထာ၊ ပါဠိအေထာက္အထား ရွိပါသည္၊၊ ဤသည္ကို ၾကည့္ေသာအားၿဖင့္ ဆုသည္မၿဖစ္မေနေတာင္းသင့္သည့္ “ဗုဒၶဘာသာ က်င့္ထုံးတစ္ခု”ဟု မွတ္ယူရပါမည္၊၊
ဆုေတာင္းၿခင္းယဥ္ေက်းမႈကို ဗုဒၶဘာသာပါဠိစာေပမွ ကန္႔ကြက္ၿခင္းမရွိပါ၊၊ သုိ႔ေသာ္ ေလာကီခ်မ္း သာမႈအစ၊ ဘုရားအၿဖစ္တုိင္ေအာင္ ဆုလာဘ္ မ်ားကို ဆုေတာင္းရုံသက္သက္ၿဖင့္ရရွိႏုိင္သည္ဟု ပါဠိစာ ေပတြင္ညႊန္းဆုိထားၿခင္း မရွိပါ၊၊

ဗုဒၶရွင္ေတာ္လက္ထက္ေတာ္က လူပုဂၢဳိလ္ ဒါယကာ၊ ဒါယိကာမတုိ႔ ဘုရားရွင္ထံတြင္ၿဖစ္ေစ၊ အဂၢသာ ၀က၊ မဟာသာ၀ကႏွင့္ အၿခားရဟန္း မ်ားအထံတြင္ၿဖစ္ေစ ဆုေတာင္းၾကေသာအခါ ဘုရားရွင္ႏွင့္၊ တပည့္သံဃာေတာ္မ်ားမွ “ေတာင္းေသာဆုမ်ား ၿပည့္စုံၾကပါေစ” ဟု ၿပန္လည္ မိန္႔ဆုိၾကသည္ကို ေတြ႔ရ သည္၊၊
“ပေစၥကဗုဒၶါအရွင္ၿမတ္”တုိ႔သည္တရားအရွည္ကိုေဟာေလ့မရွိဘဲ “ေတာင္းေသာဆုမ်ား၊ လိုအပ္ေသာဆုမ်ား လၿပည့္ညတြင္ ထြက္ေပၚ ေသာ ေရႊလမင္း ၾကီးကဲ့သုိ႔ ၀င္း၀င္းပပၿပည့္၀ၾကပါေစ”ဟု ဆုကိုသာေပး ေလ့ရွိေၾကာင္းကို ပါဠိစာေပတြင္ေတြ႔ရသည္၊၊ ဆုိခဲ့ၿပီးသည္မ်ား ကိုေထာက္ဆ၍ ေကာင္းမႈကုိၿပဳၿပီးတုိင္း “ဆုေတာင္း”သင့္သည္ဟု မွတ္သားရပါမည္၊၊

ယေန႔ေခတ္အခါတြင္လည္း ဗုဒၶဘာသာ၀င္တုိ႔သည္ ေစတီပုထုိးမ်ားႏွင့္ ရဟန္းသံဃာေတာ္တုိ႔၏ အထံတြင္ ဆုေတာင္းေလ့ရွိၾကပါသည္၊၊ ဆုေတာင္းၿခင္းသည္ ဗုဒၶဘာသာႏွင့္ ၿမန္မာတုိ႔၏ႏွလုံးသား တြင္ အၿမစ္တြယ္ေနၿပီၿဖစ္ရကား ေတးသီခ်င္းမ်ား၊ ပ်ဳိ႔၊ ကဗ်ာ၊ လကၤာမ်ား၊ ရတု၊ ေတာလားမ်ားႏွင့္၊ ေရွးၾကသည့္ ၿမန္မာစာေပမ်ားတြင္ပါ ဆုေတာင္းၿခင္းမ်ားကို တသီးတသန္႔ေတြ႔ရသည္၊၊

“အရွင္မဟာသီလ၀ံသ”၏ “ဆုေတာင္းခန္းပ်ဳိ႔”သည္ ေရွးေခတ္ဗုဒၶဘာသာ၀င္တုိ႔ မည္မွ်ဆုေတာင္းမႈကို ႏွစ္သက္ၿမတ္ႏုိးသည္ကို ေဖာ္ၿပသည့္ အေကာင္းဆုံး သာဓကက်မ္းစာတစ္ခု ၿဖစ္ပါသည္၊၊ ထုိ႔ၿပင္ ဆုေတာင္းမႈကို ပါဠိပညာရွင္တို႔ လက္ခံက်င့္သုံးသည္ကိုလည္း ၿပရာေရာက္ သည့္သာဓကလည္း ၿဖစ္ ပါသည္၊၊
အရွင္၏အၿမင္တြင္ “ဆုေတာင္းၿခင္းသည္ စိတ္ကိုတစ္မ်ဳိးတစ္ဖုံအားေပးရာေရာက္သည္၊ ႏွစ္သိမ့္ရာ ေရာက္သည့္အတြက္ အားေပးသင့္သည့္ ယဥ္ေက်းမႈတစ္ခုဟု ၿမင္ပါသည္၊၊”

ဘ၀တြင္ တစ္ခါတစ္ရံ လက္လွန္းမမွီသည့္အရာမ်ားကို တကယ္မရရွိသည့္တုိင္ ဘုရားေရွ႔၊ သံဃာေရွ႔၊ ေစတီေတာ္ တုိ႔ေရွ့တြင္ ဆုမ်ားအၿဖစ္ ေဖာေဖာသီသီေတာင္းဆုိလိုက္ရလ်င္ စိတ္မ်ားစြာသက္သာရသည္ကို ဆုေတာင္းေလ့ရွိ သူတုိင္းက သိၾကသည္၊၊
သတိၿပဳသင့္သည္မွာ မည္သည့္တန္ဖုိးရွိသည့္အရာမွ “ဆုေတာင္း”သက္သက္ၿဖင့္ မရရွိတတ္ေၾကာင္း ၿဖစ္ပါသည္၊၊ လိုခ်င္သည့္ဆုသည္ အဖုိးထုိက္တန္ေလေလ၊ ထုိဆုအတြက္ လုံ႔လအားထုတ္ရမႈသည္ လည္း ၾကီးမားရေလေလပင္ ၿဖစ္ပါသည္၊၊

ဘုရားၿဖစ္ခ်င္လြန္းသၿဖင့္ ဒီပကၤရာၿမတ္စြာဘုရားအထံတြင္ “ဘုရားဆု”ေတာင္းခဲ့ေသာ “သုေမဓာရွင္ ရေသ့”သည္ ေလးအသေခ်ၤ၊ ကပၸါတစ္သိမ္း ဒုကၡမ်ားစြာကိုရင္ဆုိင္ေက်ာ္လႊားရင္း၊ အမ်ားတကာမ ၿပဳႏုိင္သည့္ ဘ၀အရင္းအႏွီးမ်ားကို ၿမွဳပ္ႏွံခဲ့ရပုံကို “ငါးရာ့ငါးဆယ္ဇာတ္နိပါတ္ေတာ္” မ်ားတြင္ ေလ့လာ ရရွိႏုိင္သည္၊၊
ဆုေတာင္းသည့္အခါ ေကာင္းေသာဆုတြင္မကဘဲ လြန္စြာၾကမ္းၾကဳတ္ရက္စက္သည့္ ဆုမ်ားကိုလည္း ေတာင္းေလ့ရွိၾကသည္ကို လက္ေတြ႔ ပတ္၀န္းက်င္တြင္မက “ဆဒၵန္ဆင္မင္း၀တၳဳ”တြင္ ေတြ႔ရသည္၊၊ စူဠသုဘဒၵါသည္ လင္သားအေပၚအမ်က္ထားၿပီး “ေနာင္ဘ၀တြင္လင္သားကို အႏုိင္ရသူၿဖစ္ရၿပီး၊ လင္ သား၏ အစြယ္ကိုနားေဋာင္းလုပ္ၿပီး ပန္ဆင္ႏုိင္သူၿဖစ္ရေစရန္ ဆုေတာင္းေၾကာင္း”ေလ့လာရသည္၊၊
မည္သည့္ဆုကိုေတာင္းသည္ၿဖစ္ေစ ေတာင္းဆုိသူ၏စိတ္သည္ ထုိဆုအတြက္အမွန္တကယ္ ၿပင္းၿပ ထက္သန္ၿပီး၊ ေတာင္းသည့္ဆုကို ရေစတတ္သည့္ အားထုတ္ၾကဳိးစားဖြယ္မ်ားကိုၿဖည့္ဆည္းလ်င္ မိမိ ေတာင္းတေသာဆုသည္ အမွန္တကယ္ရရွိတတ္ေၾကာင္း စာေပ အေထာက္အထား၊ လက္ေတြ႔အ ေထာက္အထားမ်ားအရ အတည္ၿပဳႏုိင္ပါသည္၊၊


လူတုိ႔တြင္ “ဘ၀တစ္ခုတြင္ ရင့္က်က္ၿပီးသူ၊ ဘ၀မ်ားစြာအတြက္ ရင့္က်က္ၿပီးသူ” ဟု ႏွစ္မ်ဳိးရွိေၾကာင္းကို မွတ္သားရပါမည္၊၊ ဘ၀တစ္ခုတြင္ ရင့္က်က္ၿပီးသူတုိ႔သည္ ဘ၀တစ္ခုေကာင္းစားမႈကုိဆုေတာင္းေလ့ ရွိၿပီး၊ ဘ၀မ်ားစြာအတြက္ ရင့္က်က္ၿပီးသူမ်ားမွာမူ ဘ၀မွလြတ္ေၿမာက္ေရးကုိ ဆုေတာင္းေလ့ရွိ ေၾကာင္းကို ေတြ႔ရသည္၊၊
“ဘ၀တစ္ခုတြင္ ရင့္က်က္ၿပီးသူ”ဟူသည္ စာေရးသူအရွင္အပါအ၀င္ စာဖတ္သူအမ်ားကို ရည္ညြန္း ပါသည္၊ “ဘ၀မ်ားစြာတြင္ ရင့္က်က္ၿပီးသူ”ဟူသည္မွာ တရားအၿမင္ကိုရရွိၿပီးသူမ်ားကို ရည္ညႊန္းပါ သည္၊၊

အရွင္၏ ယၡဳစာတမ္းတြင္ ဘ၀တစ္ခုတြင္ ရင့္က်က္ၿပီးသူတုိ႔၏ မဆုံးႏုိင္သည့္ေန႔စဥ္ဆုေတာင္းမ်ား ကိုအေသးစိတ္ မေဖာ္ၿပေတာ့ဘဲ၊ ဘ၀မ်ားစြာအတြက္ ရင့္က်က္ၿပီးၾကေသာသူတုိ႔၏ အတုယူဖြယ္ “ဆုေတာင္း”ပုံမ်ားကိုေဖာ္ၿပမည္ ၿဖစ္ပါသည္၊၊
ငါးရာ့ငါးဆယ္ ဇာတ္ေတာ္မ်ားတြင္ “ကဏွဇာတ္”ဟူ၍ ရွိပါသည္၊၊

ကဏွရေသ့ၾကီးတရားက်င့္ရာ သစ္ ပင္အရိပ္သုိ႔ သိၾကားမင္းေရာက္လာၿပီး၊ “အရွင္ရေသ့ အလုိရွိေသာဆုကိုေတာင္းဆုိပါ”ဟု ဆုၿဖင့္ဖိတ္ မန္ေသာေၾကာင့္ “ကဏွရေသ့”သည္ အရွင္သိၾကားမင္း သင္ေပးႏုိင္မည္ ဆုိက ေပးပါဟုအစခ်ီၿပီး မွတ္ သားအတုယူဖြယ္ ဆုေၿခာက္မ်ဳိးကို ေတာင္းဆုိလိုက္ပါသည္၊၊

(၁) ငါသည္ ဘ၀ဆက္တုိင္း ေဒါသမရွိသူ ၿဖစ္ပါရေစ၊၊
(၂) ငါသည္ ဘ၀ဆက္တုိင္း ေလာဘမရွိသူ ၿဖစ္ပါရေစ၊
(၃) ငါသည္ ဘ၀ဆက္တုိင္း စိတ္မနာတတ္သူ ၿဖစ္ပါရေစ၊၊
(၄) ငါသည္ ဘ၀ဆက္တုိင္း အခ်စ္မရွိသူ ၿဖစ္ပါရေစ၊၊
(၅) ငါသည္ ဘ၀ဆက္တုိင္း အနာေရာဂါမရွိသူ ၿဖစ္ပါရေစ၊၊
(၆) ငါသည္ ဘ၀ဆက္တုိင္း သူတစ္ပါးကို ဒုကၡမေပးတတ္သူ ၿဖစ္ပါရေစ၊၊

ကဏွရေသ့ၾကီး၏ ဆုေတာင္းေၿခာက္မ်ဳိးကို သုံးသပ္ၾကည့္လ်င္ ဘ၀တစ္ခုခ်မ္းသာရန္အတြက္ တစ္စုံတစ္ရာဆုေတာင္း မပါသည္ကို ေတြ႔ရေပမည္၊၊ စာဖတ္သူတုိ႔ေန႔စဥ္ေတာင္းဆုိတတ္သည့္ ဆု မ်ားႏွင့္ မ်ားစြာပင္ကြာၿခားေနသည္ကို ေတြ႔ရသည္၊၊ အတုယူသင့္သည့္ မွတ္သားဖြယ္ဆုေတာင္းမ်ား ၿဖစ္ပါသည္၊၊
“ကဏွ”ဟူေသာ ပါဠိအမည္မွာ “အမည္း=Black”ဟု ၿမန္မာၿပန္ဆိုရပါသည္၊၊ ဇာတ္လမ္းအမည္သည္ “အမည္းဇာတ္”ဟု နာမည္ေခၚဆုိထားေသာ္ လည္း ကဏွရွင္ရေသ့ေတာင္းေသာဆုမ်ားမွာ မည္မွ်ၿဖဴ စင္သန္႔ရွင္းသည္ကို စာဖတ္သူသိၿပီးအတုိင္းပင္ ၿဖစ္ပါသည္၊၊ ေလာကတြင္ တစ္ခါတရံ ဂုဏ္ႏွင့္ၿဒပ္ ထပ္တူမက်သည့္ သေဘာပင္ၿဖစ္သည္၊၊
ယေန႔ေခတ္တြင္လည္း “ကဏွဇာတ္”မွဆုေတာင္းမ်ားကဲ့သုိ႔ အတုယူသင့္သည့္ ဆုေတာင္းမ်ားကို ေတာင္းဆုိသြားၾကသည့္ ဆရာေတာ္ၾကီးမ်ားႏွင့္၊ လူပုဂၢဳိလ္မ်ားစြာပင္ ရွိပါသည္၊၊ ထုိအထဲမွ “ဒီပဲယင္း ဆရာေတာ္ၾကီး”၏ ဆုေတာင္းဆယ္မ်ဳိးကို “အလင္းစက္”စာဖတ္သူသို႔တင္ၿပလိုပါသည္၊၊
ဒီပဲယင္းဆရာေတာ္ၾကီးသည္ တတိယေရႊက်င္သာသနာပုိင္ၿဖစ္ၿပီး၊ “ပရမတၳစကၡဳက်မ္း၊”အပါအ၀င္ က်မ္းေပါင္းမ်ားစြာကို သာသနာေတာ္ အတြက္ေရးသားခဲ့သည့္ က်မ္းၿပဳဆရာေတာ္ၾကီးတစ္ပါး ၿဖစ္ပါ သည္၊၊ ဆရာေတာ္ၾကီး၏ဘြဲ႔ေတာ္အမည္မွာ “ဘဒၵႏၱဥာဏ၀ရ”ၿဖစ္ပါသည္၊၊
ဆရာေတာ္ၾကီးသည္ သူ၏“ပရမတၳစကၡဳက်မ္း”နိဂုံးတြင္ ေအာက္တြင္ေဖာ္ၿပမည့္ “ဆု(၁၀)မ်ဳိး”ကို ေတာင္းဆုိခဲ့ပါသည္၊၊

(၁) ငါသည္ သူတစ္ပါးအက်ဳိးကိုလုိလားသူ ၿဖစ္ပါရေစ၊၊
(၂) သူတစ္ပါးတုိ႔သည္လည္း ငါ့အက်ဳိးကိုလိုလားၾကပါေစ၊၊
(၃) ငါသည္ သူတစ္ပါး၏ ဆင္းရဲဒုကၡကို မႏွစ္သက္သူ ၿဖစ္ပါရေစ၊၊
(၄) ငါ၏ဆင္းရဲဒုကၡကိုလည္း သူတစ္ပါးတုိ႔က မလိုလားၾကပါေစႏွင့္၊၊
(၅) ငါသည္ အၿခားသတၱ၀ါမ်ားကို ညွင္းဆဲတတ္သူ မၿဖစ္ပါရေစႏွင့္၊၊
(၆) ငါ့အားလည္း အၿခားသတၱ၀ါတုိ႔က မညွင္းဆဲၾကပါေစႏွင့္၊၊
(၇) ငါသည္ သူတစ္ပါး၏ရန္သူ မၿဖစ္ပါရေစႏွင့္၊၊
(၈) သူတစ္ပါးသည္လည္း ငါ၏ရန္သူ မၿဖစ္ပါေစႏွင့္၊၊
(၉) သတၱ၀ါအေပါင္းသည္ လမ္းေကာက္ကိုေရွာင္ရွား၍ လမ္းေၿဖာင့္ကိုေလ်ာက္လွမ္းႏုိင္ၾကပါေစ၊၊
(၁၀) ငါသည္လည္း လမ္းေကာက္ကုိေရွာင္ရွား၍ လမ္းေၿဖာင့္ကိုေလ်ာက္လွမ္းႏုိင္သူ ၿဖစ္ပါရေစ၊၊

အထက္တြင္ တင္ၿပခဲ့သည္မ်ားမွာ ဒီပဲယင္းဆရာေတာ္ၾကီး၏ က်မ္းၿပဳဆုေတာင္းမ်ား ၿဖစ္ပါသည္၊၊ ဆရာေတာ္ၾကီး၏ ဆုေတာင္းဆယ္မ်ဳိးကို သုံးသပ္ၾကည့္လ်င္ ဆရာေတာ္ၾကီးသည္ ေလာကီစည္းစိမ္ ႏွင့္၊ ဘ၀ခံစားမႈတစ္စုံတရာကို ဆုမေတာင္းဘဲ လူသားတုိ႔အတြက္ေကာင္းက်ဳိးမ်ားကိုသာ ဆုေတာင္း ခဲ့သည္ကို အတုယူ၊ ေလးစားဖြယ္ ေလ့လာရပါသည္၊၊

ငါးရာ့ငါးဆယ္ဇာတ္ေတာ္မွာပင္ အၿခားထင္ရွားသည့္ ဆုေတာင္းႏွင့္ပတ္သက္၊ ဆက္စပ္ေသာဇာတ္ လမ္းတစ္ခုမွာ “အကိတၱိဇာတ္”ၿဖစ္ပါသည္၊၊ အကိတၱိဇာတ္လမ္းသည္လည္း အထက္တြင္တင္ၿပ ခဲ့ေသာ “ကဏွဇာတ္”ႏွင့္ အသြားဆင္တူပင္ၿဖစ္ပါသည္၊၊ သို႔ေသာ္ ဆုေတာင္းပုံၿခင္းကား ကြာၿခားပါ သည္၊၊
“အကိတၱိ”ဟူေသာ ပါဠိအမည္မွာ “အ+ကိတၱိ=မထင္ရွားသူ၊ အထင္ရွားၿခင္း”ဟူ၍ ၿမန္မာအဓိပၸါယ္ သက္ေရာက္ပါသည္၊၊ သုိ႔ေသာ္ ဇာတ္လမ္းတြင္ပါ၀င္ေသာ အကိတၱိရေသ့၏ဆုေတာင္းမ်ားမွာ ကမၻာ ေက်ာ္ဆုေတာင္းမ်ားဟူ၍ပင္ ေခၚဆုိထုိက္လွပါသည္၊၊

အကိတၱိရွင္ရေသ့၏ မွတ္သား၊ အတုယူဖြယ္ဆုေတာင္းမ်ားမွာ - - -

(၁) ေလာဘမရွိသူ ၿဖစ္ရပါလုိ၏၊၊
(၂) ေဒါသမရွိသူ ၿဖစ္ရပါလို၏၊၊
(၃) လူမုိက္ကို ဘ၀ဆက္တုိင္း မေတြ႔မၿမင္ရပါေစႏွင့္၊၊
(၄) လူမုိက္အေၾကာင္း ဘ၀ဆက္တုိင္း မၾကားရပါေစႏွင့္၊၊
(၅) လူမုိက္ႏွင့္ ဘ၀ဆက္တုိင္း မိတ္ေဆြမၿဖစ္ရပါေစႏွင့္၊၊
(၆) လူမုိက္ႏွင့္ ဘ၀ဆက္တုိင္း စကားမေၿပာရပါေစႏွင့္၊၊
(၇) လူမုိက္အား ဘ၀ဆက္တုိင္း မႏွစ္သက္ရပါေစႏွင့္၊၊
(၈) ပညာရွင္ကို ဘ၀ဆက္တုိင္း ေတြ႔ၿမင္ရပါေစ၊၊
(၉) ပညာရွင္အေၾကာင္း ဘ၀ဆက္တုိင္း ၾကားရပါေစ၊၊
(၁၀) ပညာရွင္ႏွင့္ ဘ၀ဆက္တုိင္း မိတ္ေဆြၿဖစ္ရပါေစ၊၊
(၁၁) ပညာရွင္ႏွင့္ ဘ၀ဆက္တုိင္း စကားေၿပာခြင့္ရပါေစ၊၊
(၁၂) ပညာရွင္ကုိ ဘ၀ဆက္တုိင္း ႏွစ္သက္သူၿဖစ္ရပါေစ၊၊
(၁၃) နံနက္အာရုဏ္တက္အခ်ိန္တြင္ ဆြမ္းေဘာဇဥ္မ်ား အလိုအေလ်ာက္ၿဖစ္ေပၚလာပါေစ၊၊
(၁၄) သီလရွိေသာအလွဴခံပုဂၢဳိလ္ၿမတ္မ်ား လာေရာက္အလွဴခံၾကပါေစ၊၊
(၁၅) ဆြမ္းေဘာဇဥ္မ်ားသည္ လွဴ၍မကုန္ခမ္းသည္ ၿဖစ္ပါေစ၊၊
(၁၆) လွဴစဥ္ စိတ္ၾကည္လင္ပါရေစ၊၊
(၁၇) လွဴၿပီးေနာက္တြင္ ေနာင္တမရသည္ ၿဖစ္ရပါေစ၊၊
(၁၈) သိၾကားမင္းသည္ ငါ၏အထံသို႔ေနာက္မလာပါေစႏွင့္၊၊

“အကိတၱိရွင္ရေသ့”၏ ဆုေတာင္းမ်ားကို ၿခဳံငုံေလ့လာလ်င္ ရေသ့ၾကီး၏စိတ္ဓာတ္ႏွင့္ အက်င့္ၿမင့္ၿမတ္ ပုံကုိ ေတြ႔ၿမင္ရမည္ၿဖစ္ပါသည္၊၊
ေဖာ္ၿပခဲ့ၿပီးသည္ သူေတာ္သူၿမတ္သုံးဦး၏ ဆုေတာင္းမ်ားတြင္ ဘ၀အတြက္ရလုိသည္ကို ဆုေတာင္း သည္ထက္ မရလိုသည္မ်ားကိုသာ ဆုမ်ားအၿဖစ္ေတာင္းဆုိၾကသည္ကုိ ေတြ႔ရသည္၊၊ ယေန႔ လူတုိ႔ေန႔ စဥ္ေတာင္းဆုိေနၾကေသာ ဆုမ်ားႏွင့္မ်ားစြာၿခားနားသည္ကို ေတြ႔ရပါမည္၊၊
ဆုေတာင္းမ်ားတြင္လည္း ေအးခ်မ္းမႈအရိပ္အေယာင္မ်ားကို ခံစားေတြ႔ၿမင္ရသည္၊၊မိမိဘ၀တြင္ ၿဖစ္ ခ်င္သည္၊ ရလိုသည္မ်ားထက္ ကမၻာေလာကရွိလူအမ်ား၊ သတၱ၀ါအမ်ား၏ခ်မ္းသာမႈ၊ အက်ဳိးစီးပြား မ်ားကိုအေလးေပး ဆုေတာင္းတတ္ၾကသည္ကို အတုယူဖြင္ေတြ႔ရသည္၊၊ အတုယူသင့္သည္ဟု အရွင္ထင္ၿမင္ မိပါသည္၊၊ ပါဠိစာေပတြင္ ဤကဲ့သုိ႔ေသာေအးခ်မ္းသည့္
ဆုေတာင္းမ်ားရွိသကဲ့သို႔ အလြန္ရက္စက္သည့္ဆုမ်ား စြာကို ေတာင္းၾကသူမ်ားကိုလည္း မ်ားစြာမွတ္တမ္းတင္ထားပါသည္၊၊ ရက္စက္ၾကမ္းၾကဳတ္သည့္ ဆု ေတာင္းမ်ားၿဖစ္သည့္တုိင္ ထုိဆုမ်ားကိုေတာင္းဆုိသူမ်ား၏ စိတ္ဓာတ္ၿပင္းထန္မႈ၊ လုံ႔လပေယာဂၾကီး မႈတို႔ေၾကာင့္ ဆုေတာင္းမ်ားသည္လည္း အံ့ၾသဖြယ္ၿပည့္၀သည္မ်ားကို “ပါဠိနိကာယ္က်မ္း”ၾကီးမ်ား တြင္ ေဖာ္ၿပထားပါေသး သည္၊၊

ေဖာ္ၿပခဲ့ၿပီးသည့္ မ်ားစြာေသာဆုေတာင္းမ်ားကို ေလ့လာသိမွတ္ၿပီး၊ စာဖတ္သူအေနၿဖင့္ မိမိဘ၀ႏွင့္၊ မိမိပတ္၀န္းက်င္ပါ ၿငိမ္းေအး၊ ခ်မ္းသာေစသည့္ဆုမ်ားကို ေရြးခ်ယ္ေတာင္းဆုိတတ္ၿပီဟု အရွင္ယူဆပါ သည္၊၊
မိမိခ်မ္းသာလ်င္ ေကာင္းသည္၊ မိမိ မိသားတစ္စုခ်မ္းသာလ်င္ ပို၍ေကာင္းသည္၊ မိမိေနသည့္ႏုိင္ငံ ခ်မ္းသာလ်င္ ပို၍ပို၍ေကာင္းသည္၊ တစ္ကမၻာလုံးခ်မ္းသာလ်င္ကား အေကာင္းဆုံးဟုအရွင္ ယူဆပါ သည္၊၊စာဖတ္သူအေနၿဖင့္ တစ္ကမၻာလုံးရွိလူတို႔ခ်မ္းသာေစမည့္ ဆုထူးဆုၿမတ္မ်ားကို ေတာင္းဆုိ ရရွိၾကပါေစဟု “အလင္းစက္အရွင္” ဆုမြန္ၿပဳအပ္ပါသည္၊၊

ဖိုးသူေတာ္ (www.phothutaw.com)
Credit: buddhismbeams
#Unicode  Version#

(၁) ငါသည် ဘဝဆက်တိုင်း ဒေါသမရှိသူ ဖြစ်ပါရစေ၊၊
(၂) ငါသည် ဘဝဆက်တိုင်း လောဘမရှိသူ ဖြစ်ပါရစေ၊
(၃) ငါသည် ဘဝဆက်တိုင်း စိတ်မနာတတ်သူ ဖြစ်ပါရစေ၊၊
(၄) ငါသည် ဘဝဆက်တိုင်း အချစ်မရှိသူ ဖြစ်ပါရစေ၊၊
(၅) ငါသည် ဘဝဆက်တိုင်း အနာရောဂါမရှိသူ ဖြစ်ပါရစေ၊၊
(၆) ငါသည် ဘဝဆက်တိုင်း သူတစ်ပါးကို ဒုက္ခမပေးတတ်သူ ဖြစ်ပါရစေ၊၊

ဗုဒ္ဓဘာသာဝင်တို့သည် အလှူတစ်ခုကိုပြုပြီးတိုင်း “ဆုတောင်း”သည့်အလေ့ရှိကြသည်၊၊ ဆုတောင်းခြင်းသည် ဗုဒ္ဓဘာသာ၏အရေးပါသော ဘာသာရေးယဉ်ကျေးမှုတစ်ခုပင် ဖြစ်ပါသည်၊၊ တောင်းဆိုလေ့ရှိကြသည့် “ဆု”အများစုမှာ အသက်ရှည်လိုခြင်း၊ ကျန်းမာလိုခြင်း၊ စီးပွားတိုး တက်လိုခြင်း၊ ဘေးအန္တ ရာယ်ကင်းလိုခြင်းနှင့် ဘဝလိုအပ်ချက်များစွာတို့ဖြစ်ကြသည်၊၊

ထိုသို့ဆုများစွာကို တောင်းသည့်အခါ တောင်းသောဆုများ ရရှိသည်များလည်း ရှိသည်၊ မရရှိကြ သည်များလည်း ရှိပါသည်၊၊ ဗုဒ္ဓဘာသာတွင် သာမန်ချမ်းသာမှအစပြု၍ ဘုရားအဖြစ်တိုင်အောင် “ဆု တောင်းမှု”ကိုရှေးဦးစွာပြုရကြောင်း၊ ပြီးလျင် တောင်းသည့်ဆုအလျောက် လိုအပ်သည့် “ပါရမီ”များကို ဖြည့်ဆည်းရကြောင်း ပါဠိစာပေတွင်ညွှန်ပြထားပါသည်၊၊

“ကောင်းမှုကိုပြုပြီး အလိုရှိသည့်ဆုကို အတိအကျမတောင်းဆိုလျင် အကျိုးကိုရသည့်အခါတွင် မိမိလိုချင်သည့်အကျိုးကို တိတိကျကျမရရှိ” တတ်ဟူ၍ အဋ္ဌကထာ၊ ပါဠိအထောက်အထား ရှိပါသည်၊၊ ဤသည်ကို ကြည့်သောအားဖြင့် ဆုသည်မဖြစ်မနေတောင်းသင့်သည့် “ဗုဒ္ဓဘာသာ ကျင့်ထုံးတစ်ခု”ဟု မှတ်ယူရပါမည်၊၊
ဆုတောင်းခြင်းယဉ်ကျေးမှုကို ဗုဒ္ဓဘာသာပါဠိစာပေမှ ကန့်ကွက်ခြင်းမရှိပါ၊၊ သို့သော် လောကီချမ်း သာမှုအစ၊ ဘုရားအဖြစ်တိုင်အောင် ဆုလာဘ် များကို ဆုတောင်းရုံသက်သက်ဖြင့်ရရှိနိုင်သည်ဟု ပါဠိစာ ပေတွင်ညွှန်းဆိုထားခြင်း မရှိပါ၊၊

ဗုဒ္ဓရှင်တော်လက်ထက်တော်က လူပုဂ္ဂိုလ် ဒါယကာ၊ ဒါယိကာမတို့ ဘုရားရှင်ထံတွင်ဖြစ်စေ၊ အဂ္ဂသာ ဝက၊ မဟာသာဝကနှင့် အခြားရဟန်း များအထံတွင်ဖြစ်စေ ဆုတောင်းကြသောအခါ ဘုရားရှင်နှင့်၊ တပည့်သံဃာတော်များမှ “တောင်းသောဆုများ ပြည့်စုံကြပါစေ” ဟု ပြန်လည် မိန့်ဆိုကြသည်ကို တွေ့ရ သည်၊၊
“ပစ္စေကဗုဒ္ဓါအရှင်မြတ်”တို့သည်တရားအရှည်ကိုဟောလေ့မရှိဘဲ “တောင်းသောဆုများ၊ လိုအပ်သောဆုများ လပြည့်ညတွင် ထွက်ပေါ် သော ရွှေလမင်း ကြီးကဲ့သို့ ဝင်းဝင်းပပပြည့်ဝကြပါစေ”ဟု ဆုကိုသာပေး လေ့ရှိကြောင်းကို ပါဠိစာပေတွင်တွေ့ရသည်၊၊ ဆိုခဲ့ပြီးသည်များ ကိုထောက်ဆ၍ ကောင်းမှုကိုပြုပြီးတိုင်း “ဆုတောင်း”သင့်သည်ဟု မှတ်သားရပါမည်၊၊

ယနေ့ခေတ်အခါတွင်လည်း ဗုဒ္ဓဘာသာဝင်တို့သည် စေတီပုထိုးများနှင့် ရဟန်းသံဃာတော်တို့၏ အထံတွင် ဆုတောင်းလေ့ရှိကြပါသည်၊၊ ဆုတောင်းခြင်းသည် ဗုဒ္ဓဘာသာနှင့် မြန်မာတို့၏နှလုံးသား တွင် အမြစ်တွယ်နေပြီဖြစ်ရကား တေးသီချင်းများ၊ ပျို့၊ ကဗျာ၊ လင်္ကာများ၊ ရတု၊ တောလားများနှင့်၊ ရှေးကြသည့် မြန်မာစာပေများတွင်ပါ ဆုတောင်းခြင်းများကို တသီးတသန့်တွေ့ရသည်၊၊

“အရှင်မဟာသီလဝံသ”၏ “ဆုတောင်းခန်းပျို့”သည် ရှေးခေတ်ဗုဒ္ဓဘာသာဝင်တို့ မည်မျှဆုတောင်းမှုကို နှစ်သက်မြတ်နိုးသည်ကို ဖော်ပြသည့် အကောင်းဆုံး သာဓကကျမ်းစာတစ်ခု ဖြစ်ပါသည်၊၊ ထို့ပြင် ဆုတောင်းမှုကို ပါဠိပညာရှင်တို့ လက်ခံကျင့်သုံးသည်ကိုလည်း ပြရာရောက် သည့်သာဓကလည်း ဖြစ် ပါသည်၊၊
အရှင်၏အမြင်တွင် “ဆုတောင်းခြင်းသည် စိတ်ကိုတစ်မျိုးတစ်ဖုံအားပေးရာရောက်သည်၊ နှစ်သိမ့်ရာ ရောက်သည့်အတွက် အားပေးသင့်သည့် ယဉ်ကျေးမှုတစ်ခုဟု မြင်ပါသည်၊၊”

ဘဝတွင် တစ်ခါတစ်ရံ လက်လှန်းမမှီသည့်အရာများကို တကယ်မရရှိသည့်တိုင် ဘုရားရှေ့၊ သံဃာရှေ့၊ စေတီတော် တို့ရှေ့တွင် ဆုများအဖြစ် ဖောဖောသီသီတောင်းဆိုလိုက်ရလျင် စိတ်များစွာသက်သာရသည်ကို ဆုတောင်းလေ့ရှိ သူတိုင်းက သိကြသည်၊၊
သတိပြုသင့်သည်မှာ မည်သည့်တန်ဖိုးရှိသည့်အရာမှ “ဆုတောင်း”သက်သက်ဖြင့် မရရှိတတ်ကြောင်း ဖြစ်ပါသည်၊၊ လိုချင်သည့်ဆုသည် အဖိုးထိုက်တန်လေလေ၊ ထိုဆုအတွက် လုံ့လအားထုတ်ရမှုသည် လည်း ကြီးမားရလေလေပင် ဖြစ်ပါသည်၊၊

ဘုရားဖြစ်ချင်လွန်းသဖြင့် ဒီပင်္ကရာမြတ်စွာဘုရားအထံတွင် “ဘုရားဆု”တောင်းခဲ့သော “သုမေဓာရှင် ရသေ့”သည် လေးအသင်္ချေ၊ ကပ္ပါတစ်သိမ်း ဒုက္ခများစွာကိုရင်ဆိုင်ကျော်လွှားရင်း၊ အများတကာမ ပြုနိုင်သည့် ဘဝအရင်းအနှီးများကို မြှုပ်နှံခဲ့ရပုံကို “ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်” များတွင် လေ့လာ ရရှိနိုင်သည်၊၊
ဆုတောင်းသည့်အခါ ကောင်းသောဆုတွင်မကဘဲ လွန်စွာကြမ်းကြုတ်ရက်စက်သည့် ဆုများကိုလည်း တောင်းလေ့ရှိကြသည်ကို လက်တွေ့ ပတ်ဝန်းကျင်တွင်မက “ဆဒ္ဒန်ဆင်မင်းဝတ္ထု”တွင် တွေ့ရသည်၊၊ စူဠသုဘဒ္ဒါသည် လင်သားအပေါ်အမျက်ထားပြီး “နောင်ဘဝတွင်လင်သားကို အနိုင်ရသူဖြစ်ရပြီး၊ လင် သား၏ အစွယ်ကိုနားဋောင်းလုပ်ပြီး ပန်ဆင်နိုင်သူဖြစ်ရစေရန် ဆုတောင်းကြောင်း”လေ့လာရသည်၊၊
မည်သည့်ဆုကိုတောင်းသည်ဖြစ်စေ တောင်းဆိုသူ၏စိတ်သည် ထိုဆုအတွက်အမှန်တကယ် ပြင်းပြ ထက်သန်ပြီး၊ တောင်းသည့်ဆုကို ရစေတတ်သည့် အားထုတ်ကြိုးစားဖွယ်များကိုဖြည့်ဆည်းလျင် မိမိ တောင်းတသောဆုသည် အမှန်တကယ်ရရှိတတ်ကြောင်း စာပေ အထောက်အထား၊ လက်တွေ့အ ထောက်အထားများအရ အတည်ပြုနိုင်ပါသည်၊၊


လူတို့တွင် “ဘဝတစ်ခုတွင် ရင့်ကျက်ပြီးသူ၊ ဘဝများစွာအတွက် ရင့်ကျက်ပြီးသူ” ဟု နှစ်မျိုးရှိကြောင်းကို မှတ်သားရပါမည်၊၊ ဘဝတစ်ခုတွင် ရင့်ကျက်ပြီးသူတို့သည် ဘဝတစ်ခုကောင်းစားမှုကိုဆုတောင်းလေ့ ရှိပြီး၊ ဘဝများစွာအတွက် ရင့်ကျက်ပြီးသူများမှာမူ ဘဝမှလွတ်မြောက်ရေးကို ဆုတောင်းလေ့ရှိ ကြောင်းကို တွေ့ရသည်၊၊
“ဘဝတစ်ခုတွင် ရင့်ကျက်ပြီးသူ”ဟူသည် စာရေးသူအရှင်အပါအဝင် စာဖတ်သူအများကို ရည်ညွန်း ပါသည်၊ “ဘဝများစွာတွင် ရင့်ကျက်ပြီးသူ”ဟူသည်မှာ တရားအမြင်ကိုရရှိပြီးသူများကို ရည်ညွှန်းပါ သည်၊၊

အရှင်၏ ယ္ခုစာတမ်းတွင် ဘဝတစ်ခုတွင် ရင့်ကျက်ပြီးသူတို့၏ မဆုံးနိုင်သည့်နေ့စဉ်ဆုတောင်းများ ကိုအသေးစိတ် မဖော်ပြတော့ဘဲ၊ ဘဝများစွာအတွက် ရင့်ကျက်ပြီးကြသောသူတို့၏ အတုယူဖွယ် “ဆုတောင်း”ပုံများကိုဖော်ပြမည် ဖြစ်ပါသည်၊၊
ငါးရာ့ငါးဆယ် ဇာတ်တော်များတွင် “ကဏှဇာတ်”ဟူ၍ ရှိပါသည်၊၊

ကဏှရသေ့ကြီးတရားကျင့်ရာ သစ် ပင်အရိပ်သို့ သိကြားမင်းရောက်လာပြီး၊ “အရှင်ရသေ့ အလိုရှိသောဆုကိုတောင်းဆိုပါ”ဟု ဆုဖြင့်ဖိတ် မန်သောကြောင့် “ကဏှရသေ့”သည် အရှင်သိကြားမင်း သင်ပေးနိုင်မည် ဆိုက ပေးပါဟုအစချီပြီး မှတ် သားအတုယူဖွယ် ဆုခြောက်မျိုးကို တောင်းဆိုလိုက်ပါသည်၊၊

(၁) ငါသည် ဘဝဆက်တိုင်း ဒေါသမရှိသူ ဖြစ်ပါရစေ၊၊
(၂) ငါသည် ဘဝဆက်တိုင်း လောဘမရှိသူ ဖြစ်ပါရစေ၊
(၃) ငါသည် ဘဝဆက်တိုင်း စိတ်မနာတတ်သူ ဖြစ်ပါရစေ၊၊
(၄) ငါသည် ဘဝဆက်တိုင်း အချစ်မရှိသူ ဖြစ်ပါရစေ၊၊
(၅) ငါသည် ဘဝဆက်တိုင်း အနာရောဂါမရှိသူ ဖြစ်ပါရစေ၊၊
(၆) ငါသည် ဘဝဆက်တိုင်း သူတစ်ပါးကို ဒုက္ခမပေးတတ်သူ ဖြစ်ပါရစေ၊၊

ကဏှရသေ့ကြီး၏ ဆုတောင်းခြောက်မျိုးကို သုံးသပ်ကြည့်လျင် ဘဝတစ်ခုချမ်းသာရန်အတွက် တစ်စုံတစ်ရာဆုတောင်း မပါသည်ကို တွေ့ရပေမည်၊၊ စာဖတ်သူတို့နေ့စဉ်တောင်းဆိုတတ်သည့် ဆု များနှင့် များစွာပင်ကွာခြားနေသည်ကို တွေ့ရသည်၊၊ အတုယူသင့်သည့် မှတ်သားဖွယ်ဆုတောင်းများ ဖြစ်ပါသည်၊၊
“ကဏှ”ဟူသော ပါဠိအမည်မှာ “အမည်း=Black”ဟု မြန်မာပြန်ဆိုရပါသည်၊၊ ဇာတ်လမ်းအမည်သည် “အမည်းဇာတ်”ဟု နာမည်ခေါ်ဆိုထားသော် လည်း ကဏှရှင်ရသေ့တောင်းသောဆုများမှာ မည်မျှဖြူ စင်သန့်ရှင်းသည်ကို စာဖတ်သူသိပြီးအတိုင်းပင် ဖြစ်ပါသည်၊၊ လောကတွင် တစ်ခါတရံ ဂုဏ်နှင့်ဒြပ် ထပ်တူမကျသည့် သဘောပင်ဖြစ်သည်၊၊
ယနေ့ခေတ်တွင်လည်း “ကဏှဇာတ်”မှဆုတောင်းများကဲ့သို့ အတုယူသင့်သည့် ဆုတောင်းများကို တောင်းဆိုသွားကြသည့် ဆရာတော်ကြီးများနှင့်၊ လူပုဂ္ဂိုလ်များစွာပင် ရှိပါသည်၊၊ ထိုအထဲမှ “ဒီပဲယင်း ဆရာတော်ကြီး”၏ ဆုတောင်းဆယ်မျိုးကို “အလင်းစက်”စာဖတ်သူသို့တင်ပြလိုပါသည်၊၊
ဒီပဲယင်းဆရာတော်ကြီးသည် တတိယရွှေကျင်သာသနာပိုင်ဖြစ်ပြီး၊ “ပရမတ္ထစက္ခုကျမ်း၊”အပါအဝင် ကျမ်းပေါင်းများစွာကို သာသနာတော် အတွက်ရေးသားခဲ့သည့် ကျမ်းပြုဆရာတော်ကြီးတစ်ပါး ဖြစ်ပါ သည်၊၊ ဆရာတော်ကြီး၏ဘွဲ့တော်အမည်မှာ “ဘဒ္ဒန္တဉာဏဝရ”ဖြစ်ပါသည်၊၊
ဆရာတော်ကြီးသည် သူ၏“ပရမတ္ထစက္ခုကျမ်း”နိဂုံးတွင် အောက်တွင်ဖော်ပြမည့် “ဆု(၁၀)မျိုး”ကို တောင်းဆိုခဲ့ပါသည်၊၊

(၁) ငါသည် သူတစ်ပါးအကျိုးကိုလိုလားသူ ဖြစ်ပါရစေ၊၊
(၂) သူတစ်ပါးတို့သည်လည်း ငါ့အကျိုးကိုလိုလားကြပါစေ၊၊
(၃) ငါသည် သူတစ်ပါး၏ ဆင်းရဲဒုက္ခကို မနှစ်သက်သူ ဖြစ်ပါရစေ၊၊
(၄) ငါ၏ဆင်းရဲဒုက္ခကိုလည်း သူတစ်ပါးတို့က မလိုလားကြပါစေနှင့်၊၊
(၅) ငါသည် အခြားသတ္တဝါများကို ညှင်းဆဲတတ်သူ မဖြစ်ပါရစေနှင့်၊၊
(၆) ငါ့အားလည်း အခြားသတ္တဝါတို့က မညှင်းဆဲကြပါစေနှင့်၊၊
(၇) ငါသည် သူတစ်ပါး၏ရန်သူ မဖြစ်ပါရစေနှင့်၊၊
(၈) သူတစ်ပါးသည်လည်း ငါ၏ရန်သူ မဖြစ်ပါစေနှင့်၊၊
(၉) သတ္တဝါအပေါင်းသည် လမ်းကောက်ကိုရှောင်ရှား၍ လမ်းဖြောင့်ကိုလျောက်လှမ်းနိုင်ကြပါစေ၊၊
(၁၀) ငါသည်လည်း လမ်းကောက်ကိုရှောင်ရှား၍ လမ်းဖြောင့်ကိုလျောက်လှမ်းနိုင်သူ ဖြစ်ပါရစေ၊၊

အထက်တွင် တင်ပြခဲ့သည်များမှာ ဒီပဲယင်းဆရာတော်ကြီး၏ ကျမ်းပြုဆုတောင်းများ ဖြစ်ပါသည်၊၊ ဆရာတော်ကြီး၏ ဆုတောင်းဆယ်မျိုးကို သုံးသပ်ကြည့်လျင် ဆရာတော်ကြီးသည် လောကီစည်းစိမ် နှင့်၊ ဘဝခံစားမှုတစ်စုံတရာကို ဆုမတောင်းဘဲ လူသားတို့အတွက်ကောင်းကျိုးများကိုသာ ဆုတောင်း ခဲ့သည်ကို အတုယူ၊ လေးစားဖွယ် လေ့လာရပါသည်၊၊

ငါးရာ့ငါးဆယ်ဇာတ်တော်မှာပင် အခြားထင်ရှားသည့် ဆုတောင်းနှင့်ပတ်သက်၊ ဆက်စပ်သောဇာတ် လမ်းတစ်ခုမှာ “အကိတ္တိဇာတ်”ဖြစ်ပါသည်၊၊ အကိတ္တိဇာတ်လမ်းသည်လည်း အထက်တွင်တင်ပြ ခဲ့သော “ကဏှဇာတ်”နှင့် အသွားဆင်တူပင်ဖြစ်ပါသည်၊၊ သို့သော် ဆုတောင်းပုံခြင်းကား ကွာခြားပါ သည်၊၊
“အကိတ္တိ”ဟူသော ပါဠိအမည်မှာ “အ+ကိတ္တိ=မထင်ရှားသူ၊ အထင်ရှားခြင်း”ဟူ၍ မြန်မာအဓိပ္ပါယ် သက်ရောက်ပါသည်၊၊ သို့သော် ဇာတ်လမ်းတွင်ပါဝင်သော အကိတ္တိရသေ့၏ဆုတောင်းများမှာ ကမ္ဘာ ကျော်ဆုတောင်းများဟူ၍ပင် ခေါ်ဆိုထိုက်လှပါသည်၊၊

အကိတ္တိရှင်ရသေ့၏ မှတ်သား၊ အတုယူဖွယ်ဆုတောင်းများမှာ - - -

(၁) လောဘမရှိသူ ဖြစ်ရပါလို၏၊၊
(၂) ဒေါသမရှိသူ ဖြစ်ရပါလို၏၊၊
(၃) လူမိုက်ကို ဘဝဆက်တိုင်း မတွေ့မမြင်ရပါစေနှင့်၊၊
(၄) လူမိုက်အကြောင်း ဘဝဆက်တိုင်း မကြားရပါစေနှင့်၊၊
(၅) လူမိုက်နှင့် ဘဝဆက်တိုင်း မိတ်ဆွေမဖြစ်ရပါစေနှင့်၊၊
(၆) လူမိုက်နှင့် ဘဝဆက်တိုင်း စကားမပြောရပါစေနှင့်၊၊
(၇) လူမိုက်အား ဘဝဆက်တိုင်း မနှစ်သက်ရပါစေနှင့်၊၊
(၈) ပညာရှင်ကို ဘဝဆက်တိုင်း တွေ့မြင်ရပါစေ၊၊
(၉) ပညာရှင်အကြောင်း ဘဝဆက်တိုင်း ကြားရပါစေ၊၊
(၁၀) ပညာရှင်နှင့် ဘဝဆက်တိုင်း မိတ်ဆွေဖြစ်ရပါစေ၊၊
(၁၁) ပညာရှင်နှင့် ဘဝဆက်တိုင်း စကားပြောခွင့်ရပါစေ၊၊
(၁၂) ပညာရှင်ကို ဘဝဆက်တိုင်း နှစ်သက်သူဖြစ်ရပါစေ၊၊
(၁၃) နံနက်အာရုဏ်တက်အချိန်တွင် ဆွမ်းဘောဇဉ်များ အလိုအလျောက်ဖြစ်ပေါ်လာပါစေ၊၊
(၁၄) သီလရှိသောအလှူခံပုဂ္ဂိုလ်မြတ်များ လာရောက်အလှူခံကြပါစေ၊၊
(၁၅) ဆွမ်းဘောဇဉ်များသည် လှူ၍မကုန်ခမ်းသည် ဖြစ်ပါစေ၊၊
(၁၆) လှူစဉ် စိတ်ကြည်လင်ပါရစေ၊၊
(၁၇) လှူပြီးနောက်တွင် နောင်တမရသည် ဖြစ်ရပါစေ၊၊
(၁၈) သိကြားမင်းသည် ငါ၏အထံသို့နောက်မလာပါစေနှင့်၊၊

“အကိတ္တိရှင်ရသေ့”၏ ဆုတောင်းများကို ခြုံငုံလေ့လာလျင် ရသေ့ကြီး၏စိတ်ဓာတ်နှင့် အကျင့်မြင့်မြတ် ပုံကို တွေ့မြင်ရမည်ဖြစ်ပါသည်၊၊
ဖော်ပြခဲ့ပြီးသည် သူတော်သူမြတ်သုံးဦး၏ ဆုတောင်းများတွင် ဘဝအတွက်ရလိုသည်ကို ဆုတောင်း သည်ထက် မရလိုသည်များကိုသာ ဆုများအဖြစ်တောင်းဆိုကြသည်ကို တွေ့ရသည်၊၊ ယနေ့ လူတို့နေ့ စဉ်တောင်းဆိုနေကြသော ဆုများနှင့်များစွာခြားနားသည်ကို တွေ့ရပါမည်၊၊
ဆုတောင်းများတွင်လည်း အေးချမ်းမှုအရိပ်အယောင်များကို ခံစားတွေ့မြင်ရသည်၊၊မိမိဘဝတွင် ဖြစ် ချင်သည်၊ ရလိုသည်များထက် ကမ္ဘာလောကရှိလူအများ၊ သတ္တဝါအများ၏ချမ်းသာမှု၊ အကျိုးစီးပွား များကိုအလေးပေး ဆုတောင်းတတ်ကြသည်ကို အတုယူဖွင်တွေ့ရသည်၊၊ အတုယူသင့်သည်ဟု အရှင်ထင်မြင် မိပါသည်၊၊ ပါဠိစာပေတွင် ဤကဲ့သို့သောအေးချမ်းသည့်
ဆုတောင်းများရှိသကဲ့သို့ အလွန်ရက်စက်သည့်ဆုများ စွာကို တောင်းကြသူများကိုလည်း များစွာမှတ်တမ်းတင်ထားပါသည်၊၊ ရက်စက်ကြမ်းကြုတ်သည့် ဆု တောင်းများဖြစ်သည့်တိုင် ထိုဆုများကိုတောင်းဆိုသူများ၏ စိတ်ဓာတ်ပြင်းထန်မှု၊ လုံ့လပယောဂကြီး မှုတို့ကြောင့် ဆုတောင်းများသည်လည်း အံ့သြဖွယ်ပြည့်ဝသည်များကို “ပါဠိနိကာယ်ကျမ်း”ကြီးများ တွင် ဖော်ပြထားပါသေး သည်၊၊

ဖော်ပြခဲ့ပြီးသည့် များစွာသောဆုတောင်းများကို လေ့လာသိမှတ်ပြီး၊ စာဖတ်သူအနေဖြင့် မိမိဘဝနှင့်၊ မိမိပတ်ဝန်းကျင်ပါ ငြိမ်းအေး၊ ချမ်းသာစေသည့်ဆုများကို ရွေးချယ်တောင်းဆိုတတ်ပြီဟု အရှင်ယူဆပါ သည်၊၊
မိမိချမ်းသာလျင် ကောင်းသည်၊ မိမိ မိသားတစ်စုချမ်းသာလျင် ပို၍ကောင်းသည်၊ မိမိနေသည့်နိုင်ငံ ချမ်းသာလျင် ပို၍ပို၍ကောင်းသည်၊ တစ်ကမ္ဘာလုံးချမ်းသာလျင်ကား အကောင်းဆုံးဟုအရှင် ယူဆပါ သည်၊၊စာဖတ်သူအနေဖြင့် တစ်ကမ္ဘာလုံးရှိလူတို့ချမ်းသာစေမည့် ဆုထူးဆုမြတ်များကို တောင်းဆို ရရှိကြပါစေဟု “အလင်းစက်အရှင်” ဆုမွန်ပြုအပ်ပါသည်၊၊


ဖိုးသူတော် (www.phothutaw.com)
Credit: buddhismbeams
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top