ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
မန္တလေးဗဟိုအမျိုးသ မီးဆေးရုံတွင် ရင်ချင်းဆက်၊ ခေါင်းချင်းဆက် အမြွှာညီအစ်မ နှင့် ယောက်ျားလေးတစ်ဦးတို့ကို သုံးမြွာပူးအဖြစ် မွေးဖွားခဲ့ရာ အမြွှာညီအစ်မသည် မွေးဖွားပြီးနောက်သေဆုံးခဲ့ကြောင်း ကလေးငယ်များကို မွေးဖွားပေးသူတာဝန်ကျဆရာဝန်က ပြောသည်။
Credit: 7daydaily
#Unicode Version#
မန္တလေးဗဟိုအမျိုးသ မီးဆေးရုံတွင် ရင်ချင်းဆက်၊ ခေါင်းချင်းဆက် အမြွှာညီအစ်မ နှင့် ယောကျ်ားလေးတစ်ဦးတို့ကို သုံးမြွာပူးအဖြစ် မွေးဖွားခဲ့ရာ အမြွှာညီအစ်မသည် မွေးဖွားပြီးနောက်သေဆုံးခဲ့ကြောင်း ကလေးငယ်များကို မွေးဖွားပေးသူတာဝန်ကျဆရာဝန်က ပြောသည်။
ဗဟိုအမျိုးသမီးဆေးရုံတွင် ဒီဇင်ဘာ ၂၄ ရက် နံနက်က ရင်ချင်းဆက်နှင့် ခေါင်းချင်းဆက်အမြွှာ ကလေးနှစ်ဦးပါ ကလေးငယ် သုံးဦး မွေးဖွားခဲ့သည်။
‘‘တစ်ယောက်တည်းမွေးတဲ့ ယောကျ်ားလေးကတော့ အသက် ရှင်သေးတယ်။ သေသွားတဲ့ နှစ် ယောက်ကို ခွဲစိတ်စစ်ဆေးတာ တွေ လုပ်ရဦးမှာ’’ဟု ကလေးမွေး ပေးသည့် မန္တလေးဗဟိုအမျိုး သမီးဆေးရုံမှ တာဝန်ကျဆရာ ဝန်က ပြောသည်။
အဆိုပါ ကလေးငယ်များနှင့် ပတ်သက်၍ ဗဟိုအမျိုးသမီးဆေး ရုံအုပ်ကြီးထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ရုံးဖွင့် ရက်မှသာ ပြန်လည်ဆက်သွယ် မေးမြန်းရန် ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ခန္ဓာကိုယ် ချင်းထိစပ်ပြီး မွေးဖွားလာသော အမြွှာကလေးငယ်များအနက် ရန်ကုန်ကလေးဆေးရုံကြီး၌ ၁၉၇၁ က မနန်းစိုးနှင့် မနန်းစံ၊ ၁၉၉၃ က အေးအေးငြိမ်းနှင့် အိအိ ငြိမ်း၊ ၂၀၀၉ က စိုပြေလင်းနှင့် စို ပြေဝင်း၊ ၂၀၁၁ က အင်ကြင်းခိုင် နှင့် အင်ကြင်းလှိုင်၊ ၂၀၁၁ က ရန်ကင်းနှင့် ရန်ရှင်း၊ ၂၀၁၂ က ဘေ ဘီချိုချိုဝင်း၊ ၂၀၁၅ က ဘေဘီမိုး သူဇာ၊ ၂၀၁၇ တွင် စိုင်းခမ်းနှင့် စိုင်းငယ်၊ မန္တလေးကလေးဆေး ရုံကြီး၌ ၂၀၀၂ က မိုးပပအောင် နှင့် မိုးမမအောင်၊ ၂၀၁၂ က အောင်ခန့်ကျော်နှင့် အောင်မြတ်ကျော်၊ ၂၀၁၇ တွင် ဝေယံဟိန်းနှင့် ဝေယံငြိမ်းတို့ကို အောင်မြင်စွာခွဲ စိတ် ကုသနိုင်ခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top