ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

႐ိုက္ႏွက္ႏွိပ္စက္ခံရသည္ဆုိေသာ ကေလးငယ္ႏွစ္ဦးပံုမွာ လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ပ်ံ႕ႏွံ႔လာၿပီးေနာက္ ႐ိုက္ႏွက္သူကုိ အေရးယူရန္ ႀကိဳးပမ္းမ်ားရွိလာခဲ့ျခင္းျဖစ္သည္။ (ဓာတ္ပံု − Zaw Htet Facebook)

အသက္(၁၀)ႏွစ္အရြယ္ သမီးရင္းႏွင့္ တူေတာ္စပ္သည့္ ကေလးတုိ႔ကို ႏွိပ္စက္ခဲ့သူအား ပုဒ္မသံုးခုျဖင့္ အမႈဖြင့္ ဖမ္းဆီးကာ အာမခံေပးၿပီး ျပန္လႊတ္ေပးထားေၾကာင္း ဓႏုျဖဴၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးေအးမင္းက ေျပာၾကားသည္။

ကေလးႏွစ္ဦး ႏွိပ္စက္သူကို အျပင္းအထန္နာက်င္ေစမႈ ပုဒ္မ ၃၂၅၊ ပိတ္ေလွာင္ထားမႈ ပုဒ္မ၃၄၂၊ ၿခိမ္းေျခာက္မႈ ပုဒ္မ ၅၀၆တုိ႔ျဖင့္ အမႈဖြင့္ကာ ဒီဇင္ဘာ ၁၅ ရက္က ဖမ္းဆီးခဲ့သည္။ သို႔ေသာ္ ထိုေန႔မွာပင္ တရား႐ံုးက ၎အားအာမခံေပးကာ ျပန္လႊတ္ေပးခဲ့ သည္။


၎ကို ပုဒ္မသံုးခုျဖင့္ အမႈ ဖြင့္ထားသည့္အျပင္ ကေလးသူ ငယ္ ညႇဥ္းပန္းႏွိပ္စက္မႈဆုိင္ရာ ဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္လည္း တရား႐ံုးသို႔  ဦးတိုက္ေလွ်ာက္ ထားခဲ့သည္။

 ယခုအခါ ကေလးႏွိပ္စက္ သူကို တရား႐ံုးက ပုဒ္မ ၆၆ (ဃ)ျဖင့္ တရားစြဲထားၿပီး ရဲစခန္းတြင္ အမႈဖြင့္ထားသည့္ ပုဒ္မသံုးခုျဖင့္ တရားစြဲႏုိင္ရန္ ဥပေဒအႀကံေပး ထံ တင္ျပထားေၾကာင္း ဒုရဲမွဴး ေအးမင္းကေျပာသည္။

‘‘ဥပေဒအႀကံေပးဆီက အ ေၾကာင္းျပန္တာနဲ႔ တရားစြဲမွာပါ’’ ဟု ၎ကေျပာသည္။

လက္ရွိ အမႈဖြင့္ထားသည့္ ပုဒ္မမ်ားကို ဥပေဒအႀကံေပးက သံုးသပ္မည္ျဖစ္ၿပီး တရားစြဲသင့္ သည့္ပုဒ္မမ်ားကို အေၾကာင္းျပန္ ေပးမည္ျဖစ္သည္။ ၎ကို ဒီဇင္ ဘာ ၂၁ ရက္တြင္ တရား႐ံုးက ျပန္လည္ ခ်ိန္းဆုိထားေၾကာင္း ဒုရဲမွဴးေအးမင္းကေျပာသည္။

ဓႏုျဖဴၿမိဳ႕ (၁၀)ရပ္ကြက္ အ ေနာက္ျခမ္း နန္းေတာ္ကုန္းအုပ္စု ေန ဦးရဲေလးသည္ ၎၏သမီးကို႐ိုက္ႏွက္ႏွိပ္စက္ေနၿပီး ဆံုးမ၍ မရပါက သုသာန္တြင္ သၿဂႋဳဟ္မည္ဟုပင္ ၿခိမ္းေျခာက္ခဲ့ေၾကာင္း၊ ယင္းအျပင္ ၎၏တူကိုလည္း ႐ိုက္ႏွက္ၿပီး ေရအိုင္၌ ႏွစ္ခဲ့ ေၾကာင္း ဒုရဲမွဴးေအးမင္းကေျပာ သည္။

ယခုအခါ ႏွိပ္စက္ခံရသည့္ ကေလးငယ္ႏွစ္ဦးကို ဧရာဝတီ တုိင္း လူမႈဝန္ထမ္းဦးစီးဌာန လက္ ေအာက္ရွိ ပုုသိမ္ကေလးျပဳစုေရး ဌာနတြင္ ထိန္းသိမ္းေစာင့္ေရွာက္ ထားေၾကာင္း ဧရာဝတီတုိင္း လူမႈ ဝန္ထမ္းဦးစီးဌာန ဦးစီးအရာရွိ ေဒၚခင္မိုးမိုးကေျပာသည္။

ဓႏုျဖဴၿမိဳ႕တြင္ ဖခင္က သမီးအရင္းကို ႐ိုက္ႏွက္ႏွိပ္စက္ရာ၌ ပတ္ဝန္းက်င္ကလည္း မေျပာရဲမဆိုရဲျဖစ္ေနေၾကာင္း ဒီဇင္ဘာ ၁၄ ရက္က လူမႈကြန္ရက္စာမ်က္ ႏွာတြင္ ကေလးငယ္၏ ဓာတ္ပံုႏွင့္တကြ သတင္းမ်ား ပ်ံ႕ႏွံ႔ၿပီး ေနာက္ ဧရာဝတီတုိင္း လူမႈဝန္ထမ္းဦးစီးဌာနက အဆုိပါကေလးငယ္ကို စစ္ေဆးေမးျမန္းခဲ့သည္။

 ‘‘ကေလးႏွစ္ေယာက္စလံုး က ႏွိပ္စက္ခံထားရတယ္။ ဒါ ေၾကာင့္ ကြၽန္မတုိ႔ ေစာင့္ေရွာက္ ထားပါတယ္’’ဟု ေဒၚခင္မိုးမိုးက ဒီဇင္ဘာ ၂၀ ရက္တြင္ ေျပာ သည္။

(၁၀)ႏွစ္အရြယ္ ကေလး ငယ္၏ ေျခေထာက္ႏွင့္ လက္တုိ႔ တြင္ ဒဏ္ရာမ်ားရရွိထားၿပီး ဦး ေခါင္း၌လည္း ဆံပင္မ်ားကြၽတ္ ေနကာ ဒဏ္ရာမ်ားရွိေနသည္။ သို႔ေသာ္ ဦးေခါင္းရွိ ဒဏ္ရာသည္ ကေလးငယ္၏ဖခင္က ႐ိုက္ႏွက္ထားျခင္းမဟုတ္ဘဲ ေရေႏြးေလာင္ထားသျဖင့္ မိဘမ်ားက ဆံပင္ရိတ္ေပးထားျခင္းျဖစ္ေၾကာင္း ဒုရဲမွဴး ေအးမင္းကေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
ရိုက်နှက်နှိပ်စက်ခံရသည်ဆိုသော ကလေးငယ်နှစ်ဦးပုံမှာ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လာပြီးနောက် ရိုက်နှက်သူကို အရေးယူရန် ကြိုးပမ်းများရှိလာခဲ့ခြင်းဖြစ်သည်။ (ဓာတ်ပုံ − Zaw Htet Facebook)

အသက်(၁၀)နှစ်အရွယ် သမီးရင်းနှင့် တူတော်စပ်သည့် ကလေးတို့ကို နှိပ်စက်ခဲ့သူအား ပုဒ်မသုံးခုဖြင့် အမှုဖွင့် ဖမ်းဆီးကာ အာမခံပေးပြီး ပြန်လွှတ်ပေးထားကြောင်း ဓနုဖြူမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးအေးမင်းက ပြောကြားသည်။

ကလေးနှစ်ဦး နှိပ်စက်သူကို အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၅၊ ပိတ်လှောင်ထားမှု ပုဒ်မ၃၄၂၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆တို့ဖြင့် အမှုဖွင့်ကာ ဒီဇင်ဘာ ၁၅ ရက်က ဖမ်းဆီးခဲ့သည်။ သို့သော် ထိုနေ့မှာပင် တရားရုံးက ၎င်းအားအာမခံပေးကာ ပြန်လွှတ်ပေးခဲ့ သည်။


၎င်းကို ပုဒ်မသုံးခုဖြင့် အမှု ဖွင့်ထားသည့်အပြင် ကလေးသူ ငယ် ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်လည်း တရားရုံးသို့  ဦးတိုက်လျှောက် ထားခဲ့သည်။

 ယခုအခါ ကလေးနှိပ်စက် သူကို တရားရုံးက ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲထားပြီး ရဲစခန်းတွင် အမှုဖွင့်ထားသည့် ပုဒ်မသုံးခုဖြင့် တရားစွဲနိုင်ရန် ဥပဒေအကြံပေး ထံ တင်ပြထားကြောင်း ဒုရဲမှူး အေးမင်းကပြောသည်။

‘‘ဥပဒေအကြံပေးဆီက အ ကြောင်းပြန်တာနဲ့ တရားစွဲမှာပါ’’ ဟု ၎င်းကပြောသည်။

လက်ရှိ အမှုဖွင့်ထားသည့် ပုဒ်မများကို ဥပဒေအကြံပေးက သုံးသပ်မည်ဖြစ်ပြီး တရားစွဲသင့် သည့်ပုဒ်မများကို အကြောင်းပြန် ပေးမည်ဖြစ်သည်။ ၎င်းကို ဒီဇင် ဘာ ၂၁ ရက်တွင် တရားရုံးက ပြန်လည် ချိန်းဆိုထားကြောင်း ဒုရဲမှူးအေးမင်းကပြောသည်။

ဓနုဖြူမြို့ (၁၀)ရပ်ကွက် အ နောက်ခြမ်း နန်းတော်ကုန်းအုပ်စု နေ ဦးရဲလေးသည် ၎င်း၏သမီးကိုရိုက်နှက်နှိပ်စက်နေပြီး ဆုံးမ၍ မရပါက သုသာန်တွင် သင်္ဂြိုဟ်မည်ဟုပင် ခြိမ်းခြောက်ခဲ့ကြောင်း၊ ယင်းအပြင် ၎င်း၏တူကိုလည်း ရိုက်နှက်ပြီး ရေအိုင်၌ နှစ်ခဲ့ ကြောင်း ဒုရဲမှူးအေးမင်းကပြော သည်။

ယခုအခါ နှိပ်စက်ခံရသည့် ကလေးငယ်နှစ်ဦးကို ဧရာဝတီ တိုင်း လူမှုဝန်ထမ်းဦးစီးဌာန လက် အောက်ရှိ ပုုသိမ်ကလေးပြုစုရေး ဌာနတွင် ထိန်းသိမ်းစောင့်ရှောက် ထားကြောင်း ဧရာဝတီတိုင်း လူမှု ဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးမိုးကပြောသည်။

ဓနုဖြူမြို့တွင် ဖခင်က သမီးအရင်းကို ရိုက်နှက်နှိပ်စက်ရာ၌ ပတ်ဝန်းကျင်ကလည်း မပြောရဲမဆိုရဲဖြစ်နေကြောင်း ဒီဇင်ဘာ ၁၄ ရက်က လူမှုကွန်ရက်စာမျက် နှာတွင် ကလေးငယ်၏ ဓာတ်ပုံနှင့်တကွ သတင်းများ ပျံ့နှံ့ပြီး နောက် ဧရာဝတီတိုင်း လူမှုဝန်ထမ်းဦးစီးဌာနက အဆိုပါကလေးငယ်ကို စစ်ဆေးမေးမြန်းခဲ့သည်။

 ‘‘ကလေးနှစ်ယောက်စလုံး က နှိပ်စက်ခံထားရတယ်။ ဒါ ကြောင့် ကျွန်မတို့ စောင့်ရှောက် ထားပါတယ်’’ဟု ဒေါ်ခင်မိုးမိုးက ဒီဇင်ဘာ ၂၀ ရက်တွင် ပြော သည်။

(၁၀)နှစ်အရွယ် ကလေး ငယ်၏ ခြေထောက်နှင့် လက်တို့ တွင် ဒဏ်ရာများရရှိထားပြီး ဦး ခေါင်း၌လည်း ဆံပင်များကျွတ် နေကာ ဒဏ်ရာများရှိနေသည်။ သို့သော် ဦးခေါင်းရှိ ဒဏ်ရာသည် ကလေးငယ်၏ဖခင်က ရိုက်နှက်ထားခြင်းမဟုတ်ဘဲ ရေနွေးလောင်ထားသဖြင့် မိဘများက ဆံပင်ရိတ်ပေးထားခြင်းဖြစ်ကြောင်း ဒုရဲမှူး အေးမင်းကပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top