AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

ဘယ္ေတာ့မွ မခြဲေၾကးလို႔ ကတိေပးခဲ့ဖူးတဲ့ ခ်စ္သူ စံုတြဲ တစ္ခု အေမရိကန္ မွာ ရွိခဲ့ပါတယ္။ ေကာင္ေလးကလည္း ေကာင္မေလးကို ခ်စ္သလို၊ ေကာင္မေလးကလည္း ေကာင္မေလးကို သိပ္ခ်စ္ရွာသတဲ့။

သုိ႔ေပမယ့္ ေကာင္ေလးဟာ အလုပ္သိပ္အဆင္မေျပရွာပါဘူး။ ကုမၼဏီ တစ္ခုမွာ ရိုးရိုးဝန္ထမ္းတစ္ဦး ျဖစ္ပါတယ္။ ဘဝအေၾကာင္း စဥ္းစားတဲ့အခါ ခ်စ္သူကို လက္ထက္ႏိုင္ဖို႔ဆိုတာ သူ႔အတြက္ အခဲယဥ္းဆံုး အလုပ္ ျဖစ္ ပါတယ္။ ခ်စ္သူဘက္ကလည္း လမ္းခြဲ စကား စဆုိပါျပီ။ လမ္းခြဲ စကားရယ္လို ႔တိုက္ရိုက္ မသက္ေရာက္ေပမယ့္ ဘယ္ေတာ့မွ ျပန္မေတြ ႔ရေအာင္ ေဝးရမယ့္အေနအထား ျဖစ္ပါတယ္။

ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ျမိဳ ႔ကိုသြားျပီး တကၠသိုလ္တက္ဖို႔ အတြက္ ေကာင္မေလး က ဆုိပါတယ္။ ပညာသင္ဆု ရရွိထားတဲ့အတြက္ တကၠသိုလ္ျပီးရင္ေတာင္ ပဲရစ္မွာပဲ အလုပ္လုပ္ျပီး ဘဝကို အဆံုးသတ္သြားမယ္ ဆုိတဲ့ စကားကို ဆိုလာပါတယ္။ ေကာင္ေလး မျငင္း ႏိုင္ပါဘူး။ ခ်စ္သူအတြက္ လံုေလာက္တဲ့ ဘဝ တစ္ခု မဖန္ တီးႏိုင္ေသးေတာ့ လက္တေလာေတာ့ လမ္းခြဲဖို႔ သူဆံုးျဖတ္လိုက္ပါတယ္။ ဒါနဲ႔ ခ်စ္သူအတြက္ ရည္ရြယ္ျပီး ေခါက္ ထားတဲ့ စကၠဴၾကယ္ တစ္ေထာင္ ပါတဲ့ ဗူးေလး တစ္ခု လက္ေဆာင္ေပးခဲ့ပါ တယ္။

လမ္းခြဲျပီး ဘဝကိုနာက်ည္းတဲ့ ေကာင္ေလးက အလုပ္ၾကိဳးစားပါတယ္။ အလုပ္လုပ္ရင္း၊ ပညာဆည္းပူးရင္းနဲ႔ ၃ ႏွစ္အတြင္း အံ့မခန္းၾကီးပြားလာ ပါတယ္။ အမ်ားၾကီး သိပ္မဟုတ္ေတာင္ ကိုယ္ပိုင္ကား၊ ကိုယ္ပိုင္ ကြန္ဒို၊ ကိုယ္ပိုင္ ကုမၼဏီငယ္ေလး တစ္ခု စေထာင္ႏိုင္တဲ့ အေနအထားကို ေရာက္ ရွိသြားပါတယ္။ စိတ္ေကာ၊ ႏွလံုးသားထဲမွာပါ သူ႔ခ်စ္သူအတြက္ ေနရာ ခ်န္ထားဆဲမို႔ အခ်စ္ေရး လံုးဝမစဥ္းစားခဲ့ပါဘူး။

တစ္ေန႔ေတာ့ မိုးရြာထဲမွာ ကားေမာင္းရင္း သူ႔ခ်စ္သူေဟာင္းရဲ ႔ မိဘ ႏွစ္ဦး လမ္းေလွ်ာက္ေနတာကို ေတြ႔သြားပါတယ္။ ဒါနဲ႔ သူ႔လက္ရွိအေန အထား ကို ေျပာျပီး သမီးနဲ႔ သေဘာတူေစလိုေၾကာင္း စကားလက္စံုေျပာ ဖုိ႔ ေခၚမယ္ လို႔ ဆံုးျဖတ္လိုက္ပါတယ္။ သုိ႔ေပမယ့္ ခ်စ္သူ မိဘ ႏွစ္ဦးက သခ်ၤိဳင္း တစ္ခု ထဲ ဝင္သြားတာကို ေတြ႔လိုက္ရပါတယ္။ ဒါနဲ႔ သခၤ်ိဳင္းထဲ ထိလိုက္ဝင္ၾကည့္ လိုက္ခ်ိန္မွာေတာ့ အုတ္ဂူ တစ္ခုမွာ သူ႔ခ်စ္သူ အျပံဳးမ်က္ႏွာနဲ႔ ဓာတ္ပံုတစ္ခု တင္ထားတာကို ေတြ႔လုိက္ပါတယ္။

သူနားလည္သြားပါျပီ။ ျဖစ္ပံုအေၾကာင္းစံု သိဖို႔ ခ်စ္သူ မိဘဆီေမးပါ လိုက္တဲ့ အခါ-

ကင္ဆာေရာဂါေၾကာင့္ သူမ ဆံုးသြားတာ ၁ ႏွစ္ရွိျပီ။ ေကာင္ေလးအေပၚ သူတကယ္ခ်စ္ခဲ့ပါတယ္။ ခ်စ္သူေပးတဲ့ ၾကယ္ဗူးေလးဟာ ေဆးရံုမွာ တုန္းကေရာ အခုေရာ သူနဲ႔အတူ ရွိေနတယ္လို ႔သိလိုက္ ရပါတယ္။ ပညာသင္ဆု ရတယ္ဆုိတာကလည္း အၾကံဖန္ ဇာတ္လမ္း သာ ျဖစ္ျပီး ေကာင္ေလးကေန အျမန္ဆံုး ထြက္ခါခ်င္လုိ႔ သံုးလိုက္တဲ့ ပရိယာယ္ျဖစ္ပါတယ္။

အမွန္ေတာ့ ကင္ဆာေရာဂါရွိေနတဲ့ ျဖစ္ေနတာကို အမွန္အတိုင္းဖြင့္ေျပာျပီး ဘဝ ခရီးလက္က်န္ အတူဆက္လို႔ ရေပမယ့္ ေကာင္ေလး နာက်င္မွာကို မလိုလား ပါဘူး။ အခ်စ္ဆုိတာ အခ်ိဳ ႔သူေတြအတြက္ ေအးအတူ ပူအမွ်လို႔ ယူဆ ေပမယ့္ သူမအတြက္ေတာ့ နာက်င္တဲ့ ေဝဒနာကုိေတာ့ မမွ်ေဝလုိပါ ဘူး။

ေသခြဲခြဲရတာထက္ ရွင္ခြဲခြဲျခင္းဟာ အနာသက္သာမယ္လုိ႔ ယူဆတဲ့ သူမ ကေတာ့ ခ်စ္သူကို လိမ္လည္ထားရစ္ခဲ့ပါတယ္။ တမလြန္မွာေတာင္ စံုစည္း ႏိုင္တယ္ဆုိျပီး အခ်စ္စြဲစြဲလို႔ အတူ သယ္သြားတဲ့ စကၠဴဗူးေလး ကေတာ့ တစ္ခ်ိန္မွာ ေျမမွု႔န္ျဖစ္သြားမွာပါ။ သုိ႔ေပမယ့္ ေနာက္ဆံုးမွာ အမွန္ကို သိလိုက္ရတဲ့ ေကာင္ေလးရဲ ႔ ႏွလံုးသား နာက်င္မွု ကေတာ့ ေသသည့္တိုင္ အနာျဖစ္က်န္ခဲ့ရေတာ့မွာ ျဖစ္ပါတယ္။
--
Via:hearttouching
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Search Myanmar

#Unicode Version#
ဘယ်တော့မှ မခွဲကြေးလို့ ကတိပေးခဲ့ဖူးတဲ့ ချစ်သူ စုံတွဲ တစ်ခု အမေရိကန် မှာ ရှိခဲ့ပါတယ်။ ကောင်လေးကလည်း ကောင်မလေးကို ချစ်သလို၊ ကောင်မလေးကလည်း ကောင်မလေးကို သိပ်ချစ်ရှာသတဲ့။

သို့ပေမယ့် ကောင်လေးဟာ အလုပ်သိပ်အဆင်မပြေရှာပါဘူး။ ကုမ္မဏီ တစ်ခုမှာ ရိုးရိုးဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ ဘဝအကြောင်း စဉ်းစားတဲ့အခါ ချစ်သူကို လက်ထက်နိုင်ဖို့ဆိုတာ သူ့အတွက် အခဲယဉ်းဆုံး အလုပ် ဖြစ် ပါတယ်။ ချစ်သူဘက်ကလည်း လမ်းခွဲ စကား စဆိုပါပြီ။ လမ်းခွဲ စကားရယ်လို့တိုက်ရိုက် မသက်ရောက်ပေမယ့် ဘယ်တော့မှ ပြန်မတွေ့ရအောင် ဝေးရမယ့်အနေအထား ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ကိုသွားပြီး တက္ကသိုလ်တက်ဖို့ အတွက် ကောင်မလေး က ဆိုပါတယ်။ ပညာသင်ဆု ရရှိထားတဲ့အတွက် တက္ကသိုလ်ပြီးရင်တောင် ပဲရစ်မှာပဲ အလုပ်လုပ်ပြီး ဘဝကို အဆုံးသတ်သွားမယ် ဆိုတဲ့ စကားကို ဆိုလာပါတယ်။ ကောင်လေး မငြင်း နိုင်ပါဘူး။ ချစ်သူအတွက် လုံလောက်တဲ့ ဘဝ တစ်ခု မဖန် တီးနိုင်သေးတော့ လက်တလောတော့ လမ်းခွဲဖို့ သူဆုံးဖြတ်လိုက်ပါတယ်။ ဒါနဲ့ ချစ်သူအတွက် ရည်ရွယ်ပြီး ခေါက် ထားတဲ့ စက္ကူကြယ် တစ်ထောင် ပါတဲ့ ဗူးလေး တစ်ခု လက်ဆောင်ပေးခဲ့ပါ တယ်။

လမ်းခွဲပြီး ဘဝကိုနာကျည်းတဲ့ ကောင်လေးက အလုပ်ကြိုးစားပါတယ်။ အလုပ်လုပ်ရင်း၊ ပညာဆည်းပူးရင်းနဲ့ ၃ နှစ်အတွင်း အံ့မခန်းကြီးပွားလာ ပါတယ်။ အများကြီး သိပ်မဟုတ်တောင် ကိုယ်ပိုင်ကား၊ ကိုယ်ပိုင် ကွန်ဒို၊ ကိုယ်ပိုင် ကုမ္မဏီငယ်လေး တစ်ခု စထောင်နိုင်တဲ့ အနေအထားကို ရောက် ရှိသွားပါတယ်။ စိတ်ကော၊ နှလုံးသားထဲမှာပါ သူ့ချစ်သူအတွက် နေရာ ချန်ထားဆဲမို့ အချစ်ရေး လုံးဝမစဉ်းစားခဲ့ပါဘူး။

တစ်နေ့တော့ မိုးရွာထဲမှာ ကားမောင်းရင်း သူ့ချစ်သူဟောင်းရဲ့ မိဘ နှစ်ဦး လမ်းလျှောက်နေတာကို တွေ့သွားပါတယ်။ ဒါနဲ့ သူ့လက်ရှိအနေ အထား ကို ပြောပြီး သမီးနဲ့ သဘောတူစေလိုကြောင်း စကားလက်စုံပြော ဖို့ ခေါ်မယ် လို့ ဆုံးဖြတ်လိုက်ပါတယ်။ သို့ပေမယ့် ချစ်သူ မိဘ နှစ်ဦးက သင်္ချိုင်း တစ်ခု ထဲ ဝင်သွားတာကို တွေ့လိုက်ရပါတယ်။ ဒါနဲ့ သင်္ချိုင်းထဲ ထိလိုက်ဝင်ကြည့် လိုက်ချိန်မှာတော့ အုတ်ဂူ တစ်ခုမှာ သူ့ချစ်သူ အပြုံးမျက်နှာနဲ့ ဓာတ်ပုံတစ်ခု တင်ထားတာကို တွေ့လိုက်ပါတယ်။

သူနားလည်သွားပါပြီ။ ဖြစ်ပုံအကြောင်းစုံ သိဖို့ ချစ်သူ မိဘဆီမေးပါ လိုက်တဲ့ အခါ-

ကင်ဆာရောဂါကြောင့် သူမ ဆုံးသွားတာ ၁ နှစ်ရှိပြီ။ ကောင်လေးအပေါ် သူတကယ်ချစ်ခဲ့ပါတယ်။ ချစ်သူပေးတဲ့ ကြယ်ဗူးလေးဟာ ဆေးရုံမှာ တုန်းကရော အခုရော သူနဲ့အတူ ရှိနေတယ်လို့သိလိုက် ရပါတယ်။ ပညာသင်ဆု ရတယ်ဆိုတာကလည်း အကြံဖန် ဇာတ်လမ်း သာ ဖြစ်ပြီး ကောင်လေးကနေ အမြန်ဆုံး ထွက်ခါချင်လို့ သုံးလိုက်တဲ့ ပရိယာယ်ဖြစ်ပါတယ်။

အမှန်တော့ ကင်ဆာရောဂါရှိနေတဲ့ ဖြစ်နေတာကို အမှန်အတိုင်းဖွင့်ပြောပြီး ဘဝ ခရီးလက်ကျန် အတူဆက်လို့ ရပေမယ့် ကောင်လေး နာကျင်မှာကို မလိုလား ပါဘူး။ အချစ်ဆိုတာ အချို့သူတွေအတွက် အေးအတူ ပူအမျှလို့ ယူဆ ပေမယ့် သူမအတွက်တော့ နာကျင်တဲ့ ဝေဒနာကိုတော့ မမျှဝေလိုပါ ဘူး။

သေခွဲခွဲရတာထက် ရှင်ခွဲခွဲခြင်းဟာ အနာသက်သာမယ်လို့ ယူဆတဲ့ သူမ ကတော့ ချစ်သူကို လိမ်လည်ထားရစ်ခဲ့ပါတယ်။ တမလွန်မှာတောင် စုံစည်း နိုင်တယ်ဆိုပြီး အချစ်စွဲစွဲလို့ အတူ သယ်သွားတဲ့ စက္ကူဗူးလေး ကတော့ တစ်ချိန်မှာ မြေမှု့န်ဖြစ်သွားမှာပါ။ သို့ပေမယ့် နောက်ဆုံးမှာ အမှန်ကို သိလိုက်ရတဲ့ ကောင်လေးရဲ့ နှလုံးသား နာကျင်မှု ကတော့ သေသည့်တိုင် အနာဖြစ်ကျန်ခဲ့ရတော့မှာ ဖြစ်ပါတယ်။
--
Via:hearttouching

ဖိုးသူတော် (www.phothutaw.com)
Credit:Search Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top