ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

“မိန္းမတစ္ေယာက္အေနျဖင့္ အမ်ိဳးသားတစ္ဦးႏွင့္ ခ်စ္သူျဖစ္သြားပါက အိေျႏၵ သိကၡာပိုင္းဆိုင္ရာ ထိန္းသိမ္းမႈမ်ိဳးသည္ မိန္းမတစ္ေယာက္ခ်င္းစီ၏ စိတ္ဓာတ္ႏွင့္သာ သက္ဆိုင္သည္ ဟု ေအး၀တ္ရည္ေသာင္းက သံုးသပ္ေျပာဆိုလိုက္သည္။

“မိန္းမတစ္ေယာက္အေနနဲ႔ ခ်စ္သူ အမ်ိဳးသားတစ္ေယာက္ကို ခ်စ္မိရင္ သူ႔ရဲ႕အိေျႏၵသိကၡာပိုင္းဆိုင္ရာ ထိန္းသိမ္းမႈမ်ိဳးက တစ္ေယာက္ခ်င္းစီရဲ႕ စိတ္နဲ႔ပဲ သက္ဆိုင္တယ္လို႔ အစ္မထင္တယ္။ ဘယ္ေလာက္ထိ ထိန္းသိမ္းသင့္လည္းဆိုေတာ့ ျမန္မာမိန္းကေလးျဖစ္ေနတာမို႔လို႔ေတာ့ အေနာက္တိုင္း မိန္းကေလးေတြလို အရမ္းပြင့္လင္းတာေတြ၊ ရဲတင္းတာတို႔ မရိွပါဘူး။ ႏိုင္ငံျခားမွာဆိုရင္ လူေရွ႕သူေရွ႕မွာ နမ္းတာမ်ိဳးေတြေတာင္ ရွိွေနတယ္။ ျမန္မာမိန္းကေလးေတြက အေစာႀကီးကတည္းက ထိန္းသိမ္းၿပီးသားျဖစ္တဲ့ အတြက္ေၾကာင့္မို႔ တစ္ေယာက္ခ်င္းစီရဲ႕ တန္ဖိုးထားမႈနဲ႔ပဲ သက္ဆိုင္ပါတယ္။ ဘယ္ေလာက္ထိ ထိန္းသိမ္းသင့္လဲဆိုတာက ျဖတ္သန္းလာတဲ့ Life Style ေပါ့။ ကိုယ့္ရဲ႕ပံုစံေပါ့။

ေယာကၤ်ားေလးတစ္ေယာက္နဲ႔ အရမ္း တြဲသြား တြဲလာလို႔ ေဟာ့ေဟာ့ရမ္းရမ္း သိကၡာမရိွဘူးဆိုတာက ဟုတ္ခ်င္မွဟုတ္မယ္။ သူ႔ရဲ႕သိကၡာကို ထိန္းသိမ္းတဲ့မိန္းကေလးလည္း ျဖစ္ရင္ ျဖစ္ေနမွာပဲေလ။ အဲဒီေတာ့ အျမင္နဲ႔ မဆံုးျဖတ္သင့္ပါဘူး။ အခ်စ္နဲ႔ မိန္းမတစ္ေယာက္ရဲ႕ဂုဏ္သိကၡာ ဆိုၿပီး ေမးတတ္တဲ့ ေမာင္ေလး ေမးခြန္းက တကယ့္ကို အႀကီးႀကီးပဲ။ ေပါက္စီေတာ င္ မေျဖတတ္ဘူး။ ေပါက္စီလည္းအရမ္းႀကီး နားမလည္ေတာ့ မေျပာတတ္ဘူးေတာ့။ အခ်စ္နဲ႔ဂုဏ္သိကၡာမွာ တစ္ခါတေလက်ရင္ တကယ္ခ်စ္မိတယ္ဆိုရင္ ကုိယ့္ဂုဏ္သိကၡာေတြဟာ ဘာမွကို မရိွၾကေတာ့တဲ့အထိ ျဖစ္ၾကတာ ရိွတတ္ပါတယ္။ အခ်ိန္ကာလအရ ခ်စ္မိတာရိွမယ္။ ဒါက တစ္ေယာက္ခ်င္းစီရဲ႕စိတ္ေပၚ မူတည္ေနျပန္ေရာ။ အခ်စ္ေၾကာင့္ ရူးရူးမိုက္မိုက္ ခ်စ္ၾကတဲ့ မိန္းကေလးေတြရိွသလို ဂုဏ္သိကၡာေၾကာင့္ အခ်စ္ကို ဆံုးရံႈးခံလိုက္ရတဲ့ မိန္းမေတြလည္း အမ်ားႀကီးရိွပါတယ္။ အခ်စ္နဲ႔ ဂုဏ္သိကၡာ ဆက္စပ္မႈက လူတစ္ေယာက္ခ်င္းစီရဲ႕ စိတ္ေပၚ မူတည္တယ္လို႔ အစ္မျမင္ပါတယ္”ဟု မေအးေသာင္းက သံုးသပ္ေျပာဆိုခဲ့သည္။

မေအးေသာင္းအေနျဖင့္ ခ်စ္ရသူရိွေနေသာ္လည္း သူမဂုဏ္သိကၡာႏွင့္ ခ်စ္သူ၏ဂုဏ္သိကၡာ ရိွေနျခင္းေၾကာင့္ အမ်ားအျမင္တြင္ ထုတ္ေဖာ္ျပသျခင္း သိပ္မရိွဘူးဟုဆိုသည္။ ေမာ္ဒယ္သရုပ္ေဆာင္ ေအး၀တ္ရည္ေသာင္းသည္ အႏုပညာေလာကထဲကို ျမန္မာဆန္ဆန္ ၀တ္စားဆင္ယင္မႈျဖင့္ ပရိသတ္မ်ား စိတ္၀င္စားျခင္း ခံရျခင္းေၾကာင့္ ျပန္လည္ နာမည္ရ ထင္ရွားလာသူတစ္ဦးျဖစ္ၿပီး လက္ရိွတြင္ ႐ုပ္ရွင္ဇာတ္ကားမ်ား၊ ဇာတ္လမ္းတြဲမ်ားႏွင့္ ေၾကာ္ျငာမ်ားကို လက္ခံရိုက္ကူးကာ အႏုပညာေလာကတြင္ ဆက္လက္ေလ်ွာက္လွမ္းေနသူျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Shwe Myanmar

# Unicode Version ျဖင့္ ဖတ္ပါ #

 “မိန်းမတစ်ယောက်အနေဖြင့် အမျိုးသားတစ်ဦးနှင့် ချစ်သူဖြစ်သွားပါက အိနြေ္ဒ သိက္ခာပိုင်းဆိုင်ရာ ထိန်းသိမ်းမှုမျိုးသည် မိန်းမတစ်ယောက်ချင်းစီ၏ စိတ်ဓာတ်နှင့်သာ သက်ဆိုင်သည် ဟု အေးဝတ်ရည်သောင်းက သုံးသပ်ပြောဆိုလိုက်သည်။

“မိန်းမတစ်ယောက်အနေနဲ့ ချစ်သူ အမျိုးသားတစ်ယောက်ကို ချစ်မိရင် သူ့ရဲ့အိနြေ္ဒသိက္ခာပိုင်းဆိုင်ရာ ထိန်းသိမ်းမှုမျိုးက တစ်ယောက်ချင်းစီရဲ့ စိတ်နဲ့ပဲ သက်ဆိုင်တယ်လို့ အစ်မထင်တယ်။ ဘယ်လောက်ထိ ထိန်းသိမ်းသင့်လည်းဆိုတော့ မြန်မာမိန်းကလေးဖြစ်နေတာမို့လို့တော့ အနောက်တိုင်း မိန်းကလေးတွေလို အရမ်းပွင့်လင်းတာတွေ၊ ရဲတင်းတာတို့ မရှိပါဘူး။ နိုင်ငံခြားမှာဆိုရင် လူရှေ့သူရှေ့မှာ နမ်းတာမျိုးတွေတောင် ရှှိနေတယ်။ မြန်မာမိန်းကလေးတွေက အစောကြီးကတည်းက ထိန်းသိမ်းပြီးသားဖြစ်တဲ့ အတွက်ကြောင့်မို့ တစ်ယောက်ချင်းစီရဲ့ တန်ဖိုးထားမှုနဲ့ပဲ သက်ဆိုင်ပါတယ်။ ဘယ်လောက်ထိ ထိန်းသိမ်းသင့်လဲဆိုတာက ဖြတ်သန်းလာတဲ့ Life Style ပေါ့။ ကိုယ့်ရဲ့ပုံစံပေါ့။

ယောင်္ကျားလေးတစ်ယောက်နဲ့ အရမ်း တွဲသွား တွဲလာလို့ ဟော့ဟော့ရမ်းရမ်း သိက္ခာမရှိဘူးဆိုတာက ဟုတ်ချင်မှဟုတ်မယ်။ သူ့ရဲ့သိက္ခာကို ထိန်းသိမ်းတဲ့မိန်းကလေးလည်း ဖြစ်ရင် ဖြစ်နေမှာပဲလေ။ အဲဒီတော့ အမြင်နဲ့ မဆုံးဖြတ်သင့်ပါဘူး။ အချစ်နဲ့ မိန်းမတစ်ယောက်ရဲ့ဂုဏ်သိက္ခာ ဆိုပြီး မေးတတ်တဲ့ မောင်လေး မေးခွန်းက တကယ့်ကို အကြီးကြီးပဲ။ ပေါက်စီတော င် မဖြေတတ်ဘူး။ ပေါက်စီလည်းအရမ်းကြီး နားမလည်တော့ မပြောတတ်ဘူးတော့။ အချစ်နဲ့ဂုဏ်သိက္ခာမှာ တစ်ခါတလေကျရင် တကယ်ချစ်မိတယ်ဆိုရင် ကိုယ့်ဂုဏ်သိက္ခာတွေဟာ ဘာမှကို မရှိကြတော့တဲ့အထိ ဖြစ်ကြတာ ရှိတတ်ပါတယ်။ အချိန်ကာလအရ ချစ်မိတာရှိမယ်။ ဒါက တစ်ယောက်ချင်းစီရဲ့စိတ်ပေါ် မူတည်နေပြန်ရော။ အချစ်ကြောင့် ရူးရူးမိုက်မိုက် ချစ်ကြတဲ့ မိန်းကလေးတွေရှိသလို ဂုဏ်သိက္ခာကြောင့် အချစ်ကို ဆုံးရှုံးခံလိုက်ရတဲ့ မိန်းမတွေလည်း အများကြီးရှိပါတယ်။ အချစ်နဲ့ ဂုဏ်သိက္ခာ ဆက်စပ်မှုက လူတစ်ယောက်ချင်းစီရဲ့ စိတ်ပေါ် မူတည်တယ်လို့ အစ်မမြင်ပါတယ်”ဟု မအေးသောင်းက သုံးသပ်ပြောဆိုခဲ့သည်။

မအေးသောင်းအနေဖြင့် ချစ်ရသူရှိနေသော်လည်း သူမဂုဏ်သိက္ခာနှင့် ချစ်သူ၏ဂုဏ်သိက္ခာ ရှိနေခြင်းကြောင့် အများအမြင်တွင် ထုတ်ဖော်ပြသခြင်း သိပ်မရှိဘူးဟုဆိုသည်။ မော်ဒယ်သရုပ်ဆောင် အေးဝတ်ရည်သောင်းသည် အနုပညာလောကထဲကို မြန်မာဆန်ဆန် ဝတ်စားဆင်ယင်မှုဖြင့် ပရိသတ်များ စိတ်ဝင်စားခြင်း ခံရခြင်းကြောင့် ပြန်လည် နာမည်ရ ထင်ရှားလာသူတစ်ဦးဖြစ်ပြီး လက်ရှိတွင် ရုပ်ရှင်ဇာတ်ကားများ၊ ဇာတ်လမ်းတွဲများနှင့် ကြော်ငြာများကို လက်ခံရိုက်ကူးကာ အနုပညာလောကတွင် ဆက်လက်လျှောက်လှမ်းနေသူဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Shwe Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top