ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ခိုးဆိုးလုႏႈိက္ (၂) – ေတာက်ီးကန္း ႐ုပ္ရွင္ဇာတ္ကားမွာ သ႐ုပ္ေဆာင္တစ္ေယာက္ အေနနဲ႔ ကိုယ္စြမ္းဉာဏ္စြမ္း ရွိသေလာက္ အေကာင္းဆုံး ႀကိဳးစားထားပါတယ္၊ ရလာတဲ့ ရလဒ္ကေတာ့ ဘုရားေပးတဲ့ဆုပါ လို႔ သ႐ုပ္ေဆာင္ မိုးေဟကို က MC သို႔ေျပာပါတယ္ ။

“မိုး ထုတ္လုပ္ေရး က ႐ိုက္တဲ့ဇာတ္ကားေတြမွာ ပါဝင္ေပးပါ ေျပာေနၾကတဲ့ ပရိသတ္ေတြေရာ ၊ မိုးရဲ႕ WeLove ေတြေရာ ေက်နပ္မယ္လို႔ ထင္ပါတယ္။ မိုးကေတာ့ေလ အမ်ားႀကီး မေမွ်ာ္လင့္ထားဘူး ။ ေမွ်ာ္လင့္ထားၿပီးေတာ့မွ ျဖစ္မလာခဲ့ရင္လည္း ပိုၿပီး ခံစားရမွာဆိုးလို႔ပါ ။ လုပ္တဲ့အခ်ိန္မွာေတာ့ ကိုယ့္ဘက္က ကိုယ္စြမ္းဉာဏ္စြမ္း ရွိသေလာက္ အေကာင္းဆုံးေတာ့ ကိုယ့္ဘက္က လုပ္ခဲ့တယ္။ ရလာတဲ့ ရလဒ္ ဆိုတာကေတာ့ မိုးကို ဘုရားကေပးတဲ့ ဆုလာဘ္ ေပါ့ေနာ္ ”- မိုးေဟကို

ဒီဇာတ္ကားက မိုး ထုတ္လုပ္ေရးရဲ႕ ေလးကားေျမာက္ ႐ုံတင္ဇာတ္ကားျဖစ္ပါတယ္ ။ ခိုးဆိုးလုႏႈိက္ (၁) မွာ ပရိသတ္တစ္ခဲနက္ အားေပးလို႔ (၂) ကိုဆက္လက္ ႐ိုက္ကူးႏိုင္တာျဖစ္လို႔ ေက်းဇူတင္ပါတယ္လို႔ ေျပာပါတယ္။

“ (၁) စ႐ိုက္ကတည္း က (၂) ကို ႐ိုက္ဖို႔ စီစဥ္ထားတဲ့ စိတ္ကူးရွိၿပီးသားပါ ။ ဒီဇာတ္ကား႐ိုက္ေတာ့ အခက္ခဲေတာ့ ဘာမွ မရွိခဲ့ဘူး ။ အမွတ္တရေလးေတြေတာ့ ရွိတာေပါ့။ မိုးအတြက္ အခက္ခဲမရွိခဲ့ေပမယ့္ ဦးခင္လႈိင္ ၊ ကိုျမင့္ျမတ္ သ႐ုပ္ေဆာင္တာ ၾကေတာ့ အခက္အခဲ ရွိခဲ့တာေပါ့ ။ မနက္ (၃) နာရီ ၊ (၄) နာရီ သစ္ပင္ေပၚေတြ တတ္ လူစားမထိုးပဲ ႐ိုက္ၾကတယ္။ ဦးခင္လႈိင္ဆိုရင္ ေခါင္းေပါက္သြားတယ္။ ကိုျမင့္ျမတ္ဆိုရင္ ေျခသည္းေတြ လန္သြားတာေတြ ရွိတာေပါ့ ။ ခက္ခက္ခဲခဲ သူတိ့ု ႐ိုက္ၾကရတယ္။ ၾကည့္ရ တာ တစ္ေနရာ တည္းထင္ရေပမယ့္ ကေလာရဲ႕ ေတာင္ ၊ ေျမာက္ ဟိုးဘက္ေတြ မွာ သြား႐ိုက္ထားရတာေပါ့ ။ အဓိကကေတာ့ ပရိသတ္ ႀကိဳက္မယ္ ထင္ပါတယ္ ” လို႔ သူမကေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyanmarCelebrity

#Unicode Version#
ခိုးဆိုးလုနှိုက် (၂) – တောကျီးကန်း ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်တစ်ယောက် အနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် အကောင်းဆုံး ကြိုးစားထားပါတယ်၊ ရလာတဲ့ ရလဒ်ကတော့ ဘုရားပေးတဲ့ဆုပါ လို့ သရုပ်ဆောင် မိုးဟေကို က MC သို့ပြောပါတယ် ။

“မိုး ထုတ်လုပ်ရေး က ရိုက်တဲ့ဇာတ်ကားတွေမှာ ပါဝင်ပေးပါ ပြောနေကြတဲ့ ပရိသတ်တွေရော ၊ မိုးရဲ့ WeLove တွေရော ကျေနပ်မယ်လို့ ထင်ပါတယ်။ မိုးကတော့လေ အများကြီး မမျှော်လင့်ထားဘူး ။ မျှော်လင့်ထားပြီးတော့မှ ဖြစ်မလာခဲ့ရင်လည်း ပိုပြီး ခံစားရမှာဆိုးလို့ပါ ။ လုပ်တဲ့အချိန်မှာတော့ ကိုယ့်ဘက်က ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် အကောင်းဆုံးတော့ ကိုယ့်ဘက်က လုပ်ခဲ့တယ်။ ရလာတဲ့ ရလဒ် ဆိုတာကတော့ မိုးကို ဘုရားကပေးတဲ့ ဆုလာဘ် ပေါ့နော် ”- မိုးဟေကို

ဒီဇာတ်ကားက မိုး ထုတ်လုပ်ရေးရဲ့ လေးကားမြောက် ရုံတင်ဇာတ်ကားဖြစ်ပါတယ် ။ ခိုးဆိုးလုနှိုက် (၁) မှာ ပရိသတ်တစ်ခဲနက် အားပေးလို့ (၂) ကိုဆက်လက် ရိုက်ကူးနိုင်တာဖြစ်လို့ ကျေးဇူတင်ပါတယ်လို့ ပြောပါတယ်။

“ (၁) စရိုက်ကတည်း က (၂) ကို ရိုက်ဖို့ စီစဉ်ထားတဲ့ စိတ်ကူးရှိပြီးသားပါ ။ ဒီဇာတ်ကားရိုက်တော့ အခက်ခဲတော့ ဘာမှ မရှိခဲ့ဘူး ။ အမှတ်တရလေးတွေတော့ ရှိတာပေါ့။ မိုးအတွက် အခက်ခဲမရှိခဲ့ပေမယ့် ဦးခင်လှိုင် ၊ ကိုမြင့်မြတ် သရုပ်ဆောင်တာ ကြတော့ အခက်အခဲ ရှိခဲ့တာပေါ့ ။ မနက် (၃) နာရီ ၊ (၄) နာရီ သစ်ပင်ပေါ်တွေ တတ် လူစားမထိုးပဲ ရိုက်ကြတယ်။ ဦးခင်လှိုင်ဆိုရင် ခေါင်းပေါက်သွားတယ်။ ကိုမြင့်မြတ်ဆိုရင် ခြေသည်းတွေ လန်သွားတာတွေ ရှိတာပေါ့ ။ ခက်ခက်ခဲခဲ သူတိ့ု ရိုက်ကြရတယ်။ ကြည့်ရ တာ တစ်နေရာ တည်းထင်ရပေမယ့် ကလောရဲ့ တောင် ၊ မြောက် ဟိုးဘက်တွေ မှာ သွားရိုက်ထားရတာပေါ့ ။ အဓိကကတော့ ပရိသတ် ကြိုက်မယ် ထင်ပါတယ် ” လို့ သူမကပြောပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: MyanmarCelebrity
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top