(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

မူးယစ္ေဆးဝါးမႈနဲ႕ မၾကာေသးခင္ကမွ ေထာင္က လြတ္လာခဲ့တဲ့ မင္းသားရဲတိုက္က လြတ္လာခ်ိန္ကစၿပီးခုခ်ိန္ထိ အင္တာဗ်ဴးမ်ားစြာေျဖဆိုခဲ့ေပမယ့္ ေထာင္ထဲကအေတြ႕အႀကဳံေတြအေၾကာင္းကိုေတာ့ ပရိတ္သတ္စိတ္မေကာင္းျဖစ္မွာစိုးလို႔ ဆိုၿပီး မေျပာျပခဲ့ဘဲ သူမိန္းမယူေတာ့မွ သူ႕မိန္းမကို ေျပာျပမယ္လို႔ ဆိုခဲ့ပါတယ္ ။

မိန္းမယူမယ္လို႔ ေျပာတဲ့ ရဲတိုက္က ခုခ်ိန္မွာ ခ်စ္သူရွိေနၿပီလားဆိုတာ ပရိတ္သတ္ေတြ စိတ္ဝင္စားတဲ့ေမးခြန္းတစ္ခုျဖစ္လာပါတယ္ ။ အဲဒီ အခ်စ္ေရးေမးခြန္းကို ရဲတိုက္က အင္တာဗ်ဴးတစ္ရပ္မွာ ေျဖဆိုထားေပးတာကိုေတြ႕ရၿပီး သူ႕ရဲ႕ အေျဖက တစ္ကယ့္ကို အံ့ၾသစရာပါ ။ ေနာက္ဆုံးခ်စ္သူကို ေထာင္ထဲမွာရခဲ့တယ္လို႔ သူက ဆိုပါတယ္ ။

” ပြင့္ပြင့္လင္းလင္းေျပာရရင္ ေထာင္မက်ခင္မွာ ရည္းစားသုံးေယာက္ရွိတယ္ ။ ႏွစ္ေယာက္ကိုပရိတ္သတ္သိတယ္ ။ တစ္ေယာက္ကမသိဘူး ။ ဒါေပမယ့္ ေထာင္မက်ခင္မွာတစ္ေယာက္နဲ႕ ျပတ္သြားတယ္။ ေနာက္တစ္ေယာက္က ေထာင္က်မယ္ဆိုတာ ေသခ်ာတဲ့ေန႕မွာ ျပတ္တယ္ ။ ေနာက္တစ္ေယာက္ကေတာ့ ေထာင္က်ၿပီး ေထာင္ဝင္စာလာမေတြ႕ေတာ့တဲ့အတြက္ ျပတ္သြားတယ္ ။ ဒါေပမယ့္ စိတ္မပူပါနဲ႕ ။ ကြၽန္ေတာ္ေထာင္ထဲမွာ ရည္းစားတစ္ေယာက္ထပ္ရခဲ့ပါတယ္ ။ ဘယ္လိုထားလဲေတာ့မေမးနဲ႕ ။ တကယ္ရတာပါ ။ ဒါေပမယ့္ သူက ကြၽန္ေတာ့္ကို ပြင့္လင္းလြန္းလို႔ ေၾကာက္တယ္တဲ့ ။ ေလာေလာဆယ္မွာေမာင္ႏွမလိုပဲေနလို႔ ရည္းစားရယ္လို႔ သတ္သတ္မွတ္မွတ္မရွီပါဘူး ။ မိန္းမယူမလားဆိုရင္ေတာ့ အဲဒီကိစၥက ႀကိဳမစဥ္းစားတာ အေကာင္းဆုံးပါပဲ ” လို႔ ရဲတိုက္က အခ်စ္ေရးကို ပြင့္ပြင့္လင္းလင္း ေျဖဆိုသြားခဲ့တာပါ ။

ရဲတိုက္ဟာ ဆာတိုရီ ႐ုပ္ရွင္ထုတ္လုပ္ေရးနဲ႕ လက္တြဲၿပီး အႏုပညာအလုပ္ေတြ ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ၿပီး ရဲတိုက္ေဖာင္ေဒးရွင္း နဲ႕ ပရဟိတလုပ္ငန္းေတြကိုလည္း ဆက္လက္လုပ္ေဆာင္ဖို႔ ရွိတယ္လို႔ သိရွိရပါတယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
မူးယစ်ဆေးဝါးမှုနဲ့ မကြာသေးခင်ကမှ ထောင်က လွတ်လာခဲ့တဲ့ မင်းသားရဲတိုက်က လွတ်လာချိန်ကစပြီးခုချိန်ထိ အင်တာဗျူးများစွာဖြေဆိုခဲ့ပေမယ့် ထောင်ထဲကအတွေ့အကြုံတွေအကြောင်းကိုတော့ ပရိတ်သတ်စိတ်မကောင်းဖြစ်မှာစိုးလို့ ဆိုပြီး မပြောပြခဲ့ဘဲ သူမိန်းမယူတော့မှ သူ့မိန်းမကို ပြောပြမယ်လို့ ဆိုခဲ့ပါတယ် ။

မိန်းမယူမယ်လို့ ပြောတဲ့ ရဲတိုက်က ခုချိန်မှာ ချစ်သူရှိနေပြီလားဆိုတာ ပရိတ်သတ်တွေ စိတ်ဝင်စားတဲ့မေးခွန်းတစ်ခုဖြစ်လာပါတယ် ။ အဲဒီ အချစ်ရေးမေးခွန်းကို ရဲတိုက်က အင်တာဗျူးတစ်ရပ်မှာ ဖြေဆိုထားပေးတာကိုတွေ့ရပြီး သူ့ရဲ့ အဖြေက တစ်ကယ့်ကို အံ့သြစရာပါ ။ နောက်ဆုံးချစ်သူကို ထောင်ထဲမှာရခဲ့တယ်လို့ သူက ဆိုပါတယ် ။

” ပွင့်ပွင့်လင်းလင်းပြောရရင် ထောင်မကျခင်မှာ ရည်းစားသုံးယောက်ရှိတယ် ။ နှစ်ယောက်ကိုပရိတ်သတ်သိတယ် ။ တစ်ယောက်ကမသိဘူး ။ ဒါပေမယ့် ထောင်မကျခင်မှာတစ်ယောက်နဲ့ ပြတ်သွားတယ်။ နောက်တစ်ယောက်က ထောင်ကျမယ်ဆိုတာ သေချာတဲ့နေ့မှာ ပြတ်တယ် ။ နောက်တစ်ယောက်ကတော့ ထောင်ကျပြီး ထောင်ဝင်စာလာမတွေ့တော့တဲ့အတွက် ပြတ်သွားတယ် ။ ဒါပေမယ့် စိတ်မပူပါနဲ့ ။ ကျွန်တော်ထောင်ထဲမှာ ရည်းစားတစ်ယောက်ထပ်ရခဲ့ပါတယ် ။ ဘယ်လိုထားလဲတော့မမေးနဲ့ ။ တကယ်ရတာပါ ။ ဒါပေမယ့် သူက ကျွန်တော့်ကို ပွင့်လင်းလွန်းလို့ ကြောက်တယ်တဲ့ ။ လောလောဆယ်မှာမောင်နှမလိုပဲနေလို့ ရည်းစားရယ်လို့ သတ်သတ်မှတ်မှတ်မရှီပါဘူး ။ မိန်းမယူမလားဆိုရင်တော့ အဲဒီကိစ္စက ကြိုမစဉ်းစားတာ အကောင်းဆုံးပါပဲ ” လို့ ရဲတိုက်က အချစ်ရေးကို ပွင့်ပွင့်လင်းလင်း ဖြေဆိုသွားခဲ့တာပါ ။

ရဲတိုက်ဟာ ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ လက်တွဲပြီး အနုပညာအလုပ်တွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ရဲတိုက်ဖောင်ဒေးရှင်း နဲ့ ပရဟိတလုပ်ငန်းတွေကိုလည်း ဆက်လက်လုပ်ဆောင်ဖို့ ရှိတယ်လို့ သိရှိရပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top