စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

အခ်စ္ကိုတကယ္တန္ဖိုးထားတဲ့ ခ်စ္သူစံုတြဲေတြဆိုတာ တကယ္ကို ရွားပါးျပီး အခ်စ္ကုိတန္ဖိုးမထားတဲ့ သူေတြက မ်ားလာပါတယ္။ ဒါေၾကာင့္ပဲ စံုတြဲေတာ္ေတာ္မ်ားမ်ားဟာ တြဲတာေတာင္ သိပ္မၾကာေသးပဲ လမး္ခြဲလာၾကတယ္၊ တစ္ေယာက္နဲ႔တစ္ေယာက္ သည္းမခံႏိုင္ၾကေတာ့ဘူး၊ ဒီလိုနဲ႔ပဲ စံုတြဲေတြဟာ ေဖာက္ျပန္လာၾကျပီး တစ္ေယာက္နဲ႔တစ္ေယာက္လည္း တန္ဖိုးမထားၾကေတာ့ပါဘူး။ တကယ္လို႔သင္တို႔စံုတြဲဟာ ခုေဖာ္ျပေပးမယ့္အခ်က္ေတြနဲ႕ ကိုက္ညီေနရင္ အခ်စ္ကိုတန္ဖိုးထားတဲ့သူေတြျဖစ္ေနလို႔ပါ။

(၁) ရန္ျဖစ္ရင္ အေလွ်ာ့ေပးတယ္

စံုတြဲတိုင္းကေတာ့အျမဲတမ္း အဆင္ေျပေနမွာမဟုတ္ပါဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္ဆိုးတဲ့အခ်ိန္ေတြ၊ ရန္ျဖစ္တဲ့အခ်ိန္ေတြလည္း ရိွမွာပါ။ သင္နဲ႔သင့္ခ်စ္သူဟာ ရန္ျဖစ္တဲ့အခါ ဘယ္ေလာက္စိတ္ဆိုးဆိုး တစ္ေယာက္မဟုတ္ရင္ တစ္ေယာက္က အေလွ်ာ့ေပးတတ္ၾကတယ္။ အေၾကာင္းကေတာ့ ထိပ္တိုက္ျဖစ္သြားရင္ သင္တုိ႔ႏွစ္ေယာက္လံုးတင္မက သင္တို႔အခ်စ္ကုိပါထိခိုက္သြားမွာကို မလုိလားၾကလို႔ပါ။

(၂) အရမး္ဂရုစိုက္ၾကတယ္

အခ်စ္ကိုတန္ဖိုးထားတဲ့ စံုတြဲေတြဆိုတာ တစ္ေယာက္ကိုတစ္ေယာက္ အရမး္ဂရုစိုက္ၾကပါတယ္။ သူေနမေကာင္းျဖစ္ရင္၊ ကိုယ္ေနမေကာင္းျဖစ္သလို၊ သူနာက်င္ရင္ ကိုယ္လည္းနာက်င္သလို၊ သူဝမး္နညး္ရင္ ကိုယ္လည္း ဝမ္းနည္းရတာေၾကာင့္ တစ္ေယာက္ကိုတစ္ေယာက္ အရမး္ဂရုစိုက္ၾကပါတယ္။ ဒီလိုဂရုစိုက္တာက အခ်စ္ကို တန္ဖိုးထားေၾကာင္း ျပေနတာျဖစ္ပါတယ္။

(၃) မာနေတြမရွိဘူး

အခ်စ္ကို တန္ဖိုးထားတဲ့ စံုတြဲေတြဆိုတာ တစ္ေယာက္ကိုတစ္ေယာက္ အရမး္ခြင့္လႊတ္ႏိုင္ၾကပါတယ္။ ရန္ျဖစ္ျပီးရင္လညး္ ၾကာၾကာစိတ္မဆိုးႏိုင္ၾကပါဘူး။ ခဏေနေတာ့ ျပန္တည့္သြားၾကပါတယ္။ တစ္ေယာက္မရိွရင္ တစ္ေယာက္ကလည္း ဘယ္လိုမွ မေနႏိုင္ၾကပါဘူး။ ဒါေၾကာင့္ပဲ ၾကာလာေတာ့ ရန္ျဖစ္ရင္ေတာင္ ရန္ျဖစ္ေနရင္းနဲ႔ စိတ္ျပန္ေျပသြားတာမ်ိဳးေတြ ရွိပါတယ္။ အေၾကာင္းကေတာ့ သူတို႔တန္ဖိုးထားတာ မာနေတြမဟုတ္ပဲ အခ်စ္ျဖစ္ေနလို႔ပါ။

(၄) နားလည္ေပးၾကတယ္

ခ်စ္သူက စိတ္ေတြရႈပ္လို႔ စိတ္မရွည္ျဖစ္ေနတဲ့အခ်ိန္ေတြ၊ တစ္ေယာက္တညး္ ေအးေအးေဆးေဆး ေနခ်င္တဲ့ အခ်ိန္ေတြ၊ စိတ္ပင္ပန္းစရာမ်ားတဲ့ အခ်ိန္ေတြဆိုရင္ အရမး္နားလည္ေပးၾကပါတယ္။ ခ်စ္သူကို စာနာနားလည္ျပီး ကိုယ္ခ်င္းစာတရား အျပည့္ရွိၾကပါတယ္။ တစ္ခါတေလ အမွားေတြလုပ္မိရင္ေတာင္၊ ကုိယ့္ကိုနာက်င္ေအာင္ လုပ္မိရင္ေတာင္ သူ႔ဘက္ကေနျပီး နားလည္ေပးႏိုင္ၾကပါတယ္။ အေၾကာင္းကေတာ့ အခ်စ္ကို အရမး္တန္ဖိုးထားလို႔ပါ။

(၅) စည္းလံုးညီညြတ္တယ္

ခ်စ္သူအခ်င္းခ်င္းစိတ္ဝမ္းကြဲတာေလာက္ ကမၻာေပၚမွာ ဆိုးတဲ့အရာမရွိေတာ့ပါဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္ တကယ္ခ်စ္ျပီး အခ်စ္ကို တကယ္တန္ဖိုးထားတဲ့ စံုတြဲေတြဆိုတာ ဘယ္သူေတြဘယ္ေလာက္ ရန္တိုက္ေပးေနပါေစ၊ ကုန္းထိုးေနပါေစ၊ ၾကားဝင္ေနပါေစ ဘယ္ေတာ့မွ စိတ္ဝမ္းကြဲမယ့္သူမ်ိဳးေတြ မဟုတ္ပါဘူး။ အေၾကာင္းကေတာ့ သူတို႔ရဲ႕ အခ်စ္ဟာ သူတို႔တန္ဖိုးအထားဆံုးအရာျဖစ္သလို၊ ဘယ္အရာေၾကာင့္နဲ႔မွ အပ်က္စီးမခံႏိုင္လို႔ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Em Em

# Unicode Version ျဖင့္ ဖတ္ပါ #
အချစ်ကိုတကယ်တန်ဖိုးထားတဲ့ ချစ်သူစုံတွဲတွေဆိုတာ တကယ်ကို ရှားပါးပြီး အချစ်ကိုတန်ဖိုးမထားတဲ့ သူတွေက များလာပါတယ်။ ဒါကြောင့်ပဲ စုံတွဲတော်တော်များများဟာ တွဲတာတောင် သိပ်မကြာသေးပဲ လမ်းခွဲလာကြတယ်၊ တစ်ယောက်နဲ့တစ်ယောက် သည်းမခံနိုင်ကြတော့ဘူး၊ ဒီလိုနဲ့ပဲ စုံတွဲတွေဟာ ဖောက်ပြန်လာကြပြီး တစ်ယောက်နဲ့တစ်ယောက်လည်း တန်ဖိုးမထားကြတော့ပါဘူး။ တကယ်လို့သင်တို့စုံတွဲဟာ ခုဖော်ပြပေးမယ့်အချက်တွေနဲ့ ကိုက်ညီနေရင် အချစ်ကိုတန်ဖိုးထားတဲ့သူတွေဖြစ်နေလို့ပါ။

(၁) ရန်ဖြစ်ရင် အလျှော့ပေးတယ်

စုံတွဲတိုင်းကတော့အမြဲတမ်း အဆင်ပြေနေမှာမဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးတဲ့အချိန်တွေ၊ ရန်ဖြစ်တဲ့အချိန်တွေလည်း ရှိမှာပါ။ သင်နဲ့သင့်ချစ်သူဟာ ရန်ဖြစ်တဲ့အခါ ဘယ်လောက်စိတ်ဆိုးဆိုး တစ်ယောက်မဟုတ်ရင် တစ်ယောက်က အလျှော့ပေးတတ်ကြတယ်။ အကြောင်းကတော့ ထိပ်တိုက်ဖြစ်သွားရင် သင်တို့နှစ်ယောက်လုံးတင်မက သင်တို့အချစ်ကိုပါထိခိုက်သွားမှာကို မလိုလားကြလို့ပါ။

(၂) အရမ်းဂရုစိုက်ကြတယ်

အချစ်ကိုတန်ဖိုးထားတဲ့ စုံတွဲတွေဆိုတာ တစ်ယောက်ကိုတစ်ယောက် အရမ်းဂရုစိုက်ကြပါတယ်။ သူနေမကောင်းဖြစ်ရင်၊ ကိုယ်နေမကောင်းဖြစ်သလို၊ သူနာကျင်ရင် ကိုယ်လည်းနာကျင်သလို၊ သူဝမ်းနည်းရင် ကိုယ်လည်း ဝမ်းနည်းရတာကြောင့် တစ်ယောက်ကိုတစ်ယောက် အရမ်းဂရုစိုက်ကြပါတယ်။ ဒီလိုဂရုစိုက်တာက အချစ်ကို တန်ဖိုးထားကြောင်း ပြနေတာဖြစ်ပါတယ်။

(၃) မာနတွေမရှိဘူး

အချစ်ကို တန်ဖိုးထားတဲ့ စုံတွဲတွေဆိုတာ တစ်ယောက်ကိုတစ်ယောက် အရမ်းခွင့်လွှတ်နိုင်ကြပါတယ်။ ရန်ဖြစ်ပြီးရင်လည်း ကြာကြာစိတ်မဆိုးနိုင်ကြပါဘူး။ ခဏနေတော့ ပြန်တည့်သွားကြပါတယ်။ တစ်ယောက်မရှိရင် တစ်ယောက်ကလည်း ဘယ်လိုမှ မနေနိုင်ကြပါဘူး။ ဒါကြောင့်ပဲ ကြာလာတော့ ရန်ဖြစ်ရင်တောင် ရန်ဖြစ်နေရင်းနဲ့ စိတ်ပြန်ပြေသွားတာမျိုးတွေ ရှိပါတယ်။ အကြောင်းကတော့ သူတို့တန်ဖိုးထားတာ မာနတွေမဟုတ်ပဲ အချစ်ဖြစ်နေလို့ပါ။

(၄) နားလည်ပေးကြတယ်

ချစ်သူက စိတ်တွေရှုပ်လို့ စိတ်မရှည်ဖြစ်နေတဲ့အချိန်တွေ၊ တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်တဲ့ အချိန်တွေ၊ စိတ်ပင်ပန်းစရာများတဲ့ အချိန်တွေဆိုရင် အရမ်းနားလည်ပေးကြပါတယ်။ ချစ်သူကို စာနာနားလည်ပြီး ကိုယ်ချင်းစာတရား အပြည့်ရှိကြပါတယ်။ တစ်ခါတလေ အမှားတွေလုပ်မိရင်တောင်၊ ကိုယ့်ကိုနာကျင်အောင် လုပ်မိရင်တောင် သူ့ဘက်ကနေပြီး နားလည်ပေးနိုင်ကြပါတယ်။ အကြောင်းကတော့ အချစ်ကို အရမ်းတန်ဖိုးထားလို့ပါ။

(၅) စည်းလုံးညီညွတ်တယ်

ချစ်သူအချင်းချင်းစိတ်ဝမ်းကွဲတာလောက် ကမ္ဘာပေါ်မှာ ဆိုးတဲ့အရာမရှိတော့ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်ပြီး အချစ်ကို တကယ်တန်ဖိုးထားတဲ့ စုံတွဲတွေဆိုတာ ဘယ်သူတွေဘယ်လောက် ရန်တိုက်ပေးနေပါစေ၊ ကုန်းထိုးနေပါစေ၊ ကြားဝင်နေပါစေ ဘယ်တော့မှ စိတ်ဝမ်းကွဲမယ့်သူမျိုးတွေ မဟုတ်ပါဘူး။ အကြောင်းကတော့ သူတို့ရဲ့ အချစ်ဟာ သူတို့တန်ဖိုးအထားဆုံးအရာဖြစ်သလို၊ ဘယ်အရာကြောင့်နဲ့မှ အပျက်စီးမခံနိုင်လို့ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Em Em
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top