ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

သီဟိုဠ္ေစ့က ႏွလံုးက်န္းမာေရး၊ အာရံုေၾကာက်န္းမာေရး၊ ၾကြက္သားလုပ္ေဆာင္ခ်က္ေကာင္းမြန္ေစျခင္း၊တို႔လို က်န္းမာေရးအက်ိဳးေက်းဇူးေတြအျပင္ ေသြးအားနည္းျခင္း၊ ဆီးခ်ိဳေရာဂါတို႔လို   ေရာဂါအေျခအေနေတြကိုပါ သက္သာေလ်ာ့ပါးေစနိုင္တဲ့ အေစ့အဆံတစ္မ်ိဳးျဖစ္ပါ တယ္။ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြပါဝင္တာေၾကာင့္လည္း ေသြးနီဥဆဲလ္ျဖစ္ေပၚမႈကို ကူညီေပးျပီး ကိုယ္ခံအားကိုေကာင္းေစပါတယ္။

သီဟိုဠ္ေစ့ရဲ႕အာဟာရတန္ဖိုး

သီဟုိဠ္ေစ့မွာ အာဟာရဓာတ္ျပည့္ဝတဲ့အျပင္ ေကာ့ပါး၊ ကယ္လ္စီယမ္၊ မဂၢနီဆီယမ္၊ သံဓာတ္၊ပိုတက္စီယမ္နဲ႔ဇင့္အပါအဝင္ သတၳဳဓာတ္ေတြနဲ႔ ပရိုတင္းေတြပါဝင္ပါတယ္။ သူ႔မွာ ဗီတာမင္ C ၊B1 (thiamin)၊ B2(riboflavin) ၊B3 (niacin)၊B6၊ folate ၊ ဗီတာမင္ E (alpha-tocopherol) နဲ႔ ဗီတာမင္ K (phylloquinone) တုိ႔ပါဝင္တဲ့အျပင္ သင့္တင့္စြာ စားသံုးမယ္ဆိုရင္ monounsaturated အဆီေတြနဲ႔ polyunsaturated အဆီေတြ၊ အက်ိဳးျပဳကိုလက္စထေရာေတြကို ေကာင္းမြန္စြာထိန္းသိမ္းနိုင္ပါတယ္။

က်န္းမာေရးအက်ိဳးေက်းဇူးမ်ား

သီဟိုဠ္ေစ့ရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြကေတာ့  –

(၁) ႏွလံုးေရာဂါကာကြယ္ေပးျခင္း

သီဟိုဠ္ေစ့ဟာ အဆီမွာေပ်ာ္ဝင္လြယ္တဲ့ ဗီတာမင္ A ၊ D၊ E ၊ K တို႔ကို စုပ္ယူနုိင္ ဦးေႏွာက္ဖြံ႔ျဖိဳးမႈနဲ႔ေသြးခဲပိတ္ဆို႔ျခင္းတို႔အတြက္ အေရးပါတဲ့ အက်ိဳးျပဳအဆီေတြ၊ ဦးေႏွာက္ဖြံ႔ျဖိဳးမႈနဲ႔ ေသြးခဲပိတ္ဆို႔မႈအတြက္ အဓိကက်တဲ့ အဆီအက္စစ္ေတြပါဝင္ပါတယ္။ စားသံုးပံုမွန္ကန္ မယ္ဆိုရင္ ဒီအဆီဓာတ္ေတြက ဆိုးက်ိဳးေပးတဲ့ကိုလက္စထေရာ (LDL cholesterol) ေတြကို ေလွ်ာ့ခ်ေပးနိုင္ျပီး ႏွလံုးအတြက္ အက်ိဳးျပဳပါတယ္။

(၂) ၾကြက္သားနဲ႔အာရံုေၾကာအားေကာင္းေစျခင္း

သီဟိုဠ္ေစ့ေတြမွာ အရိုး၊ၾကြက္သား၊တစ္ရွဴးနဲ႔ ကိုယ္တြင္းအဂၤါအစိတ္အပိုင္းေတြက်န္းမာဖြံ႔ျဖိဳးမႈအတြက္ အေရးပါတဲ့ မဂၢနီဆီယမ္ပါဝင္ပါတယ္။ မဂၢနီဆီယမ္က ေသြးဖိအားကိုထိန္းညွိေပးျပီး ကိုယ္ခံအားေကာင္းေစ၊ အာရံုေၾကာလုပ္ေဆာင္ခ်က္ေကာင္းေစတဲ့အျပင္ အရိုးကို သန္မာေစပါတယ္။ အင္ဆူလင္လုပ္ေဆာင္ခ်က္ကိုလည္း ထိန္းညွိေပးျပီး ေသြးတြင္းသၾကားဓာတ္ကို မွန္ကန္ေစတယ္လို႔ ဆိုပါတယ္။

(၃) ဆီးခ်ိဳေသြးခ်ိဳအႏၱရာယ္ေလ်ာ့နည္းေစျခင္း

သၾကားဓာတ္နဲ႔ မေကာင္းတဲ့ကိုလက္စထေရာပါဝင္မႈ နည္းပါးလြန္းျခင္းေၾကာင့္ ဆီးခ်ိဳေဝဒနာသည္ေတြအတြက္ ေဘးဥပါဒ္ကင္းပါတယ္။ ေရာဂါမရွိေသးသူေတြမွာလညး္ အမ်ိုးအစား ၂ ဆီးခ်ိဳေရာဂါျဖစ္လာနိုင္တဲ့အႏၱရာယ္လည္းနည္းပါးေစတယ္လို႔ သိရပါတယ္။

(၄) ကင္ဆာေဆးေတြပိုထိေရာက္ေစျခင္း

သီဟိုဠ္ေစ့မွာပါဝင္တဲ့ anacardic acids၊  cardanols နဲ႔ cardols တို႔လို ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ ၾကြယ္ဝမႈေၾကာင့္ အက်ိတ္နဲ႔ ကင္ဆာတို႔အတြက္ ကုသမႈခံယူေနဆဲ လူနာေတြအတြက္ ထိေရာက္မႈရွိေစတယ္လို႔ သုေတသနေတြက ေတြ႔ရွိထားပါတယ္။

(၅) ေသြးနီဥဆဲလ္ ျဖစ္ေပၚမႈကို အားေပးျခင္း

သီဟိုဠ္ေစ့မွာ သံဓာတ္ရဲ႕ဇီဝျဖစ္စဥ္အတြက္ အေထာက္အကူေပးတဲ့ ေကာ့ပါးဓာတ္ၾကြယ္ဝျပီး ေသြးနီဥဆဲလ္ျဖစ္ေပၚမႈကို အားေပးကာ အရိုးနဲ႔ကိုယ္ခံအားစနစ္ကို က်န္းမာေစပါတယ္။ ဒါ့အျပင္ အာရံုေၾကာစနစ္နဲ႔ ေက်ာရိုးစနစ္အတြက္လည္း အေရးပါပါတယ္။ ေကာ့ပါးဓာတ္ခ်ိဳ႕တဲ့ရင္ အရိုးပြေရာဂါ၊ ႏွလံုးခုန္မမွန္တာ၊ ေသြးအားနည္းေရာဂါေတြ ျဖစ္ေစတတ္ပါတယ္။

(၆) အရိုးနဲ႔ ခံတြင္းက်န္းမာေရးေကာင္းေစျခင္း

အရိုးနဲ႔သြား ဖြံ႔ျဖိဳးမႈက်န္းမာေရးအတြက္လည္း အေရးပါတဲ့ phosphorous ဓာတ္ပါဝင္တာေၾကာင့္လည္း ပရိုတင္းခ်က္လုပ္မႈကို အေထာက္အကူေပးျပီး ကာဗိုဟိုက္ဒရိတ္၊ အဆီဓာတ္ေတြစုပ္ယူျခင္းနဲ႔ ကလာပ္စည္းမ်ားရဲ႕က်န္းမာေရးကို ထိန္းသိမ္းေစာင့္ေရွာက္ေပးပါတယ္။

(၇) ေသြးအားနည္းျခင္းကို ကာကြယ္ေပးျခင္း

သီဟိုဠ္ေစ့ေတြမွာ ခႏၶာကိုယ္အႏွံ႔ ေအာက္ဆီဂ်င္ပို႔ေဆာင္ရာမွာ အေရးပါတဲ့ သံဓာတ္ၾကြယ္ဝျပီး အင္ဇိုင္းနဲ႔ ကိုယ္ခံအားစနစ္ရဲ႕လုပ္ေဆာင္ခ်က္ေတြကုိ ေကာင္းမြန္ေစပါတယ္။ သံဓာတ္ခ်ိဳ႕တဲ့ရင္ ေမာပန္းႏြမ္းနယ္ျခင္း၊ေသြးအားနည္းျခင္းေတြျဖစ္ေစနိုင္ျပီး ေရာဂါကူးစက္မႈေတြ ဝင္ေရာက္နိုင္ဖို႔လြယ္ကူေစပါတယ္။

(၈) သည္းေျခေက်ာက္မျဖစ္ေအာင္ ကာကြယ္ေပးျခင္း

သည္းေျခေက်ာက္ဆိုတာ သည္းေျခအတြင္း စုပံုလာတဲ့ ကိုလက္စထေရာအပါအဝင္ ေက်ာက္ခဲလိုလိုအနယ္အႏွစ္ေတြျဖစ္ပါတယ္။ သီဟိုဠ္ေစ့လို က်န္းမာေရးနဲ႔ညီညြတ္တဲ့ အေစ့အဆံေတြကို မၾကာခဏစားသံုးေပးရင္ သည္းေျခေက်ာက္တည္နုိင္တဲ့ အႏၱရာယ္ နည္းပါးေစမွာျဖစ္ပါတယ္။

(၉) ကိုယ္ခံအားေကာင္းေစျခင္း

ေရာဂါပိုးမႊားေတြရဲ႕ ရန္ကေန ကိုယ္ခံအားစနစ္ရဲ႕ခုခံကာကြယ္နိုင္စြမ္းကို ေထာက္ကူေပးျပီး ပရိုတင္းခ်က္လုပ္မႈနဲ႔ အနာက်က္ျမန္ျခင္းအတြက္ အေရးပါတဲ့ ဇင့္ ဓာတ္က သီဟိုဠ္ေစ့မွာ ပါရွိပါတယ္။ ဒီဓာတ္က ကိုယ္ဝန္ေဆာင္ေတြမွာ သေႏၶသားဖြံ႔ျဖိဳးမႈအတြက္လည္း အေရးပါသလို ကေလးငယ္ရဲ႕ဖြံ႔ျဖိဳးစအသက္အရြယ္အပိုင္းအျခားေတြမွာလည္း ခႏၶာကိုယ္အေနအထားတည္ျငိမ္ေအာင္ ထိန္းသိမ္းနုိင္ေစပါတယ္။

(၁၀) အဆီပါဝင္မႈ

သီဟိုဠ္ေစ့မွာ ဗီတာမင္နဲ႔ အာဟာရေတြအမ်ားၾကီးပါဝင္တယ္ဆိုေပမယ့္ အဆီဓာတ္ကလည္း မ်ားပါတယ္။ ဒါေပမယ့္ ဒီအဆီေတြဟာလည္း အမ်ားစုက မျပည့္ဝဆီေတြနဲ႔ အက်ိဳးျပဳအဆီေတြျဖစ္ပါတယ္။
သီဟိုဠ္ေစ့ရဲ႕ ေဘးထြက္ဆိုးက်ိဳး

ေက်ာက္ကပ္ေက်ာက္တည္ျခင္း – သီဟိုဠ္ေစ့မွာ ခႏၶာကိုယ္အတြင္း ကယ္လ္စီယမ္စုပ္ယူမႈကိုအေႏွာင့္အယွက္ျဖစ္ေစတဲ့ oxalate salts ေတြပါဝင္ပါတယ္။ ကယ္လ္စီယမ္ေတြကို မစုပ္ယူနုိင္ဘဲ စုပံုသြားရင္ ေက်ာက္ကပ္မွာေက်ာက္တည္ေစနိုင္ပါတယ္။ ဒါ့ေၾကာင့္ ေက်ာက္ကပ္မေကာင္းတဲ့သူေတြမွာ သီဟိုဠ္ေစ့ကုိ နည္းနည္းသာခ်င့္ခ်ိန္စားသင့္ပါတယ္။

ဓာတ္မတည့္ျခင္း – က်န္းမာေရးအက်ိဳးေက်းဇူးေတြမ်ားေပမယ့္ အေစ့အဆံေတြနဲ႔ဓာတ္မတည့္သူေတြအတြက္ကေတာ့ အႏၱရာယ္ရွိနို္င္ပါတယ္။ သီဟိုဠ္ေစ့နဲ႔ သစ္ၾကားသီးတို႔လို အေစ့အဆံေတြကို ဓာတ္မတည့္မႈဟာ အနည္းအက်ဥ္းျဖစ္ရင္ျဖစ္နိုင္သလို ျပင္းထန္တာလည္း ရွိနုိင္ပါတယ္။ အမ်ားအားျဖင့္ေတာ့ ေအာက္ပါေနာက္ဆက္တြဲ ျပႆနာေတြ ရွိလာေစနုိင္ပါတယ္ –

        အစာအိိမ္နဲ႔အူလမ္းေၾကာင္း ျပႆနာမ်ား – တခ်ိဳ႕မွာ မအီမသာျဖစ္ျခင္း၊ ဝမ္းပ်က္ျခင္း၊ ဗိုက္ေအာင့္ျခင္း၊ေခ်ာင္းဆိုးျခင္း၊ ေအာ့အန္ျခင္း တို႔ခံစားရတတ္ပါတယ္။
        အသက္ရွဴလမ္းေၾကာင္းျပႆနာ– ႏွာရည္က်ျခင္း၊ ေခ်ာင္းဆိုးျခင္း၊ အသက္ရွဴမဝျခင္းတို႔ ျဖစ္နိုင္ပါတယ္။

ဒီထက္ပိုျပီးျပင္းထန္လာရင္ေတာ့ glottis edema ဒါမွမဟုတ္  anaphylaxis လို႔ေခၚတဲ့ အသက္ဆံုးရံႈးရတဲ့အထိျဖစ္ေစနိုင္တဲ့ အေျခအေနမ်ိဳးကိုေရာက္သြားနုိင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
သီဟိုဠ်စေ့က နှလုံးကျန်းမာရေး၊ အာရုံကြောကျန်းမာရေး၊ ကြွက်သားလုပ်ဆောင်ချက်ကောင်းမွန်စေခြင်း၊တို့လို ကျန်းမာရေးအကျိုးကျေးဇူးတွေအပြင် သွေးအားနည်းခြင်း၊ ဆီးချိုရောဂါတို့လို   ရောဂါအခြေအနေတွေကိုပါ သက်သာလျော့ပါးစေနိုင်တဲ့ အစေ့အဆံတစ်မျိုးဖြစ်ပါ တယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့်လည်း သွေးနီဥဆဲလ်ဖြစ်ပေါ်မှုကို ကူညီပေးပြီး ကိုယ်ခံအားကိုကောင်းစေပါတယ်။

သီဟိုဠ်စေ့ရဲ့အာဟာရတန်ဖိုး

သီဟိုဠ်စေ့မှာ အာဟာရဓာတ်ပြည့်ဝတဲ့အပြင် ကော့ပါး၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ပိုတက်စီယမ်နဲ့ဇင့်အပါအဝင် သတ္ထုဓာတ်တွေနဲ့ ပရိုတင်းတွေပါဝင်ပါတယ်။ သူ့မှာ ဗီတာမင် C ၊B1 (thiamin)၊ B2(riboflavin) ၊B3 (niacin)၊B6၊ folate ၊ ဗီတာမင် E (alpha-tocopherol) နဲ့ ဗီတာမင် K (phylloquinone) တို့ပါဝင်တဲ့အပြင် သင့်တင့်စွာ စားသုံးမယ်ဆိုရင် monounsaturated အဆီတွေနဲ့ polyunsaturated အဆီတွေ၊ အကျိုးပြုကိုလက်စထရောတွေကို ကောင်းမွန်စွာထိန်းသိမ်းနိုင်ပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူးများ

သီဟိုဠ်စေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့  –

(၁) နှလုံးရောဂါကာကွယ်ပေးခြင်း

သီဟိုဠ်စေ့ဟာ အဆီမှာပျော်ဝင်လွယ်တဲ့ ဗီတာမင် A ၊ D၊ E ၊ K တို့ကို စုပ်ယူနိုင် ဦးနှောက်ဖွံ့ဖြိုးမှုနဲ့သွေးခဲပိတ်ဆို့ခြင်းတို့အတွက် အရေးပါတဲ့ အကျိုးပြုအဆီတွေ၊ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ သွေးခဲပိတ်ဆို့မှုအတွက် အဓိကကျတဲ့ အဆီအက်စစ်တွေပါဝင်ပါတယ်။ စားသုံးပုံမှန်ကန် မယ်ဆိုရင် ဒီအဆီဓာတ်တွေက ဆိုးကျိုးပေးတဲ့ကိုလက်စထရော (LDL cholesterol) တွေကို လျှော့ချပေးနိုင်ပြီး နှလုံးအတွက် အကျိုးပြုပါတယ်။

(၂) ကြွက်သားနဲ့အာရုံကြောအားကောင်းစေခြင်း

သီဟိုဠ်စေ့တွေမှာ အရိုး၊ကြွက်သား၊တစ်ရှူးနဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကျန်းမာဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ မဂ္ဂနီဆီယမ်ပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်က သွေးဖိအားကိုထိန်းညှိပေးပြီး ကိုယ်ခံအားကောင်းစေ၊ အာရုံကြောလုပ်ဆောင်ချက်ကောင်းစေတဲ့အပြင် အရိုးကို သန်မာစေပါတယ်။ အင်ဆူလင်လုပ်ဆောင်ချက်ကိုလည်း ထိန်းညှိပေးပြီး သွေးတွင်းသကြားဓာတ်ကို မှန်ကန်စေတယ်လို့ ဆိုပါတယ်။

(၃) ဆီးချိုသွေးချိုအန္တရာယ်လျော့နည်းစေခြင်း

သကြားဓာတ်နဲ့ မကောင်းတဲ့ကိုလက်စထရောပါဝင်မှု နည်းပါးလွန်းခြင်းကြောင့် ဆီးချိုဝေဒနာသည်တွေအတွက် ဘေးဥပါဒ်ကင်းပါတယ်။ ရောဂါမရှိသေးသူတွေမှာလည်း အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်လာနိုင်တဲ့အန္တရာယ်လည်းနည်းပါးစေတယ်လို့ သိရပါတယ်။

(၄) ကင်ဆာဆေးတွေပိုထိရောက်စေခြင်း

သီဟိုဠ်စေ့မှာပါဝင်တဲ့ anacardic acids၊  cardanols နဲ့ cardols တို့လို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝမှုကြောင့် အကျိတ်နဲ့ ကင်ဆာတို့အတွက် ကုသမှုခံယူနေဆဲ လူနာတွေအတွက် ထိရောက်မှုရှိစေတယ်လို့ သုတေသနတွေက တွေ့ရှိထားပါတယ်။

(၅) သွေးနီဥဆဲလ် ဖြစ်ပေါ်မှုကို အားပေးခြင်း

သီဟိုဠ်စေ့မှာ သံဓာတ်ရဲ့ဇီဝဖြစ်စဉ်အတွက် အထောက်အကူပေးတဲ့ ကော့ပါးဓာတ်ကြွယ်ဝပြီး သွေးနီဥဆဲလ်ဖြစ်ပေါ်မှုကို အားပေးကာ အရိုးနဲ့ကိုယ်ခံအားစနစ်ကို ကျန်းမာစေပါတယ်။ ဒါ့အပြင် အာရုံကြောစနစ်နဲ့ ကျောရိုးစနစ်အတွက်လည်း အရေးပါပါတယ်။ ကော့ပါးဓာတ်ချို့တဲ့ရင် အရိုးပွရောဂါ၊ နှလုံးခုန်မမှန်တာ၊ သွေးအားနည်းရောဂါတွေ ဖြစ်စေတတ်ပါတယ်။

(၆) အရိုးနဲ့ ခံတွင်းကျန်းမာရေးကောင်းစေခြင်း

အရိုးနဲ့သွား ဖွံ့ဖြိုးမှုကျန်းမာရေးအတွက်လည်း အရေးပါတဲ့ phosphorous ဓာတ်ပါဝင်တာကြောင့်လည်း ပရိုတင်းချက်လုပ်မှုကို အထောက်အကူပေးပြီး ကာဗိုဟိုက်ဒရိတ်၊ အဆီဓာတ်တွေစုပ်ယူခြင်းနဲ့ ကလာပ်စည်းများရဲ့ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ပေးပါတယ်။

(၇) သွေးအားနည်းခြင်းကို ကာကွယ်ပေးခြင်း

သီဟိုဠ်စေ့တွေမှာ ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင်ပို့ဆောင်ရာမှာ အရေးပါတဲ့ သံဓာတ်ကြွယ်ဝပြီး အင်ဇိုင်းနဲ့ ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပါတယ်။ သံဓာတ်ချို့တဲ့ရင် မောပန်းနွမ်းနယ်ခြင်း၊သွေးအားနည်းခြင်းတွေဖြစ်စေနိုင်ပြီး ရောဂါကူးစက်မှုတွေ ဝင်ရောက်နိုင်ဖို့လွယ်ကူစေပါတယ်။

(၈) သည်းခြေကျောက်မဖြစ်အောင် ကာကွယ်ပေးခြင်း

သည်းခြေကျောက်ဆိုတာ သည်းခြေအတွင်း စုပုံလာတဲ့ ကိုလက်စထရောအပါအဝင် ကျောက်ခဲလိုလိုအနယ်အနှစ်တွေဖြစ်ပါတယ်။ သီဟိုဠ်စေ့လို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစေ့အဆံတွေကို မကြာခဏစားသုံးပေးရင် သည်းခြေကျောက်တည်နိုင်တဲ့ အန္တရာယ် နည်းပါးစေမှာဖြစ်ပါတယ်။

(၉) ကိုယ်ခံအားကောင်းစေခြင်း

ရောဂါပိုးမွှားတွေရဲ့ ရန်ကနေ ကိုယ်ခံအားစနစ်ရဲ့ခုခံကာကွယ်နိုင်စွမ်းကို ထောက်ကူပေးပြီး ပရိုတင်းချက်လုပ်မှုနဲ့ အနာကျက်မြန်ခြင်းအတွက် အရေးပါတဲ့ ဇင့် ဓာတ်က သီဟိုဠ်စေ့မှာ ပါရှိပါတယ်။ ဒီဓာတ်က ကိုယ်ဝန်ဆောင်တွေမှာ သန္ဓေသားဖွံ့ဖြိုးမှုအတွက်လည်း အရေးပါသလို ကလေးငယ်ရဲ့ဖွံ့ဖြိုးစအသက်အရွယ်အပိုင်းအခြားတွေမှာလည်း ခန္ဓာကိုယ်အနေအထားတည်ငြိမ်အောင် ထိန်းသိမ်းနိုင်စေပါတယ်။

(၁၀) အဆီပါဝင်မှု

သီဟိုဠ်စေ့မှာ ဗီတာမင်နဲ့ အာဟာရတွေအများကြီးပါဝင်တယ်ဆိုပေမယ့် အဆီဓာတ်ကလည်း များပါတယ်။ ဒါပေမယ့် ဒီအဆီတွေဟာလည်း အများစုက မပြည့်ဝဆီတွေနဲ့ အကျိုးပြုအဆီတွေဖြစ်ပါတယ်။
သီဟိုဠ်စေ့ရဲ့ ဘေးထွက်ဆိုးကျိုး

ကျောက်ကပ်ကျောက်တည်ခြင်း – သီဟိုဠ်စေ့မှာ ခန္ဓာကိုယ်အတွင်း ကယ်လ်စီယမ်စုပ်ယူမှုကိုအနှောင့်အယှက်ဖြစ်စေတဲ့ oxalate salts တွေပါဝင်ပါတယ်။ ကယ်လ်စီယမ်တွေကို မစုပ်ယူနိုင်ဘဲ စုပုံသွားရင် ကျောက်ကပ်မှာကျောက်တည်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကျောက်ကပ်မကောင်းတဲ့သူတွေမှာ သီဟိုဠ်စေ့ကို နည်းနည်းသာချင့်ချိန်စားသင့်ပါတယ်။

ဓာတ်မတည့်ခြင်း – ကျန်းမာရေးအကျိုးကျေးဇူးတွေများပေမယ့် အစေ့အဆံတွေနဲ့ဓာတ်မတည့်သူတွေအတွက်ကတော့ အန္တရာယ်ရှိနိုင်ပါတယ်။ သီဟိုဠ်စေ့နဲ့ သစ်ကြားသီးတို့လို အစေ့အဆံတွေကို ဓာတ်မတည့်မှုဟာ အနည်းအကျဉ်းဖြစ်ရင်ဖြစ်နိုင်သလို ပြင်းထန်တာလည်း ရှိနိုင်ပါတယ်။ အများအားဖြင့်တော့ အောက်ပါနောက်ဆက်တွဲ ပြဿနာတွေ ရှိလာစေနိုင်ပါတယ် –

        အစာအိမ်နဲ့အူလမ်းကြောင်း ပြဿနာများ – တချို့မှာ မအီမသာဖြစ်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ချောင်းဆိုးခြင်း၊ အော့အန်ခြင်း တို့ခံစားရတတ်ပါတယ်။
        အသက်ရှူလမ်းကြောင်းပြဿနာ– နှာရည်ကျခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်းတို့ ဖြစ်နိုင်ပါတယ်။

ဒီထက်ပိုပြီးပြင်းထန်လာရင်တော့ glottis edema ဒါမှမဟုတ်  anaphylaxis လို့ခေါ်တဲ့ အသက်ဆုံးရှုံးရတဲ့အထိဖြစ်စေနိုင်တဲ့ အခြေအနေမျိုးကိုရောက်သွားနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top