ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ရန္ကုန္တိုင္းေဒသႀကီး ေျမာက္ဒဂံုၿမိဳ႕နယ္တြင္ သ႐ုပ္ေဆာင္ ေမသန္းႏု ၏ ေနအိမ္ျခံတံခါးကို ကားျဖင့္တိုက္ဖြင့္ၿပီး ျခံ၀င္းအတြင္းရိွကားကို ႐ိုက္ခြဲဖ်က္ဆီးသည့္ အမ်ဳိးသားအား သက္ဆိုင္ရာရဲစခန္းတြင္ အမႈဖြင့္ထားၿပီး အာမခံေပးကာ ရဲတပ္ဖြဲ႕က ဆက္လက္စစ္ေဆးေနေၾကာင္း ဒီဇင္ဘာ ၃ ရက္တြင္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ တာ၀န္ရွိသူ တစ္ဦးထံမွ သိရသည္။

ျဖစ္စဥ္မွာ သ႐ုပ္ေဆာင္ေမသန္းႏု ေနထိုင္သည့္ ေျမာက္ဒဂံုၿမိဳ႕နယ္ (၂၇) ရပ္ကြက္ ေရႊပင္လံုအိမ္ရာ အပိုင္း (၁) ရိွ ေနအိမ္သို႔ ႏို၀င္ဘာ ၃၀ ရက္ ည ၁၁ နာရီခြဲခန္႔က မာစီဒီးအမ်ဳိးအစားယာဥ္ျဖင့္ အသက္ ၅၀ ခန္႔ရိွ အမ်ဳိးသားတစ္ဦး ေရာက္ရိွလာၿပီး ေနအိမ္ျခံတံခါးကုိ ယာဥ္ျဖင့္၀င္ေရာက္ တိုက္ခဲ့ၿပီးေနာက္ ျခံ၀င္းအတြင္း၀င္ကာ သ႐ုပ္ေဆာင္ေမသန္းႏု စီးနင္းသည့္ Alphard အမ်ဳိးအစားယာဥ္အား ပန္းအိုး၊ ခဲတို႔ျဖင့္ ထု႐ိုက္ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

“ျခံတံခါးကို ဖြင့္မေပးေတာ့ ကားနဲ႔တိုက္ဖြင့္တယ္ေျပာတယ္။ ေနာက္ၿပီးေတာ့ ျခံ၀င္းထဲ ေရာက္တဲ့အခ်ိိန္မွာ ျခံထဲမွာရိွတဲ့ ကားတစ္စီးရဲ႕မွန္ကို ႐ိုက္ခြဲတယ္လို႔ သိရတယ္။ သူတို႔ႏွစ္ေယာက္က အသိမိတ္ေဆြေတြလို႔ သိရတယ္။ က်န္တာေတြေတာ့ ကြၽန္ေတာ္တို႔ မသိပါဘူး” ဟု ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ တာ၀န္ရွိသူတစ္ဦးက ေျပာၾကားသည္။

ထို႔ေနာက္ သက္ဆိုင္ရာ တာ၀န္ရိွသူမ်ားက စစ္ေဆးရာ က်ဴးလြန္သူမွာ မရမ္းကုန္းၿမိဳ႕နယ္ (၇) ရပ္ကြက္တြင္ ေနထိုင္သည့္ ဦးသုခက္ (၄၉ ႏွစ္) ျဖစ္ၿပီး ၎အား သက္ဆိုင္ရာရဲစခန္းက အာမခံေပးၿပီး ဆက္လက္ စစ္ေဆးေနေၾကာင္း သိရသည္။

“သူက ဒီအိမ္ရာ၀င္းထဲကို ေျပာင္းလာတာ ခုနစ္လ၊ ရွစ္လေလာက္ရိွၿပီ။ အိမ္ငွားေနတာလို႔ သိရတယ္။ သူဒီအိမ္ရာထဲကို ေျပာင္းလာတာကို ကြၽန္မတို႔ကိုေတာ့ အေၾကာင္းၾကား သတင္းပို႔ျခင္း မရိွပါဘူး။ သတင္းပို႔ဖို႔ေျပာေတာ့ လူမရိွလို႔ မလာႏိုင္ဘူးတို႔၊ အျပင္သြားေနတာတို႔ ေျပာပါတယ္။ သတင္းမပို႔ေတာ့ ကြၽန္မတို႔က ျပႆနာ တစ္စံုတစ္ရာ ျဖစ္လာရင္ ေျဖရွင္းရတာ ခက္ခဲပါတယ္။ သူတို႔အိမ္မွာ လူဘယ္ေလာက္ရိွတယ္။ ဘယ္သူေတြ ေနတယ္ဆိုတာ ကြၽန္မတို႔ မသိရဘူး။ ဒီလိုကိစၥ ျဖစ္ျဖစ္ခ်င္းမွာေတာ့ ကြၽန္မတို႔ သိရတယ္။ ေနာက္တာ၀န္ရိွသူေတြ ေရာက္လာၿပီး က်ဴးလြန္သူကို ဖမ္းဆီးၿပီး စခန္းကို ေခၚသြားတယ္လို႔ သိရတယ္” ဟု (၂၇) ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ေဒၚမာမာစိုး (ခ) ေဒၚစိုးစံက ေျပာၾကားသည္။

ယင္းျဖစ္စဥ္ကို သ႐ုပ္ေဆာင္ေမသန္းႏုက ေျမာက္ဒဂံုၿမိဳ႕မ ရဲစခန္းသို႔ ဒီဇင္ဘာ ၁ ရက္တြင္ သြားေရာက္တိုင္တန္း အမႈဖြင့္ခဲ့ၿပီး ရဲစခန္းက (ပ) ၁၈၁၈/၂၀၁၇၊ ရာဇသတ္ႀကီး ပုဒ္မ ၄၅၀/၄၂၇ ျဖင့္ အမႈဖြင့္ထားၿပီး စစ္ေဆးေဆာင္ရြက္လ်က္ရိွေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ သ႐ုပ္ေဆာင္ေမသန္းႏုအား The Daily Eleven သတင္းစာမွ ဖုန္းျဖင့္ အႀကိမ္ႀကိမ္ ဆက္သြယ္ေသာ္လည္း ဒီဇင္ဘာ ၃ ရက္ ညေနပိုင္းအထိ ဆက္သြယ္၍ မရခဲ့ေပ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Eleven
#Unicode Version#


ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်တွင် သရုပ်ဆောင် မေသန်းနု ၏ နေအိမ်ခြံတံခါးကို ကားဖြင့်တိုက်ဖွင့်ပြီး ခြံဝင်းအတွင်းရှိကားကို ရိုက်ခွဲဖျက်ဆီးသည့် အမျိုးသားအား သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ထားပြီး အာမခံပေးကာ ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးနေကြောင်း ဒီဇင်ဘာ ၃ ရက်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ဖြစ်စဉ်မှာ သရုပ်ဆောင်မေသန်းနု နေထိုင်သည့် မြောက်ဒဂုံမြို့နယ် (၂၇) ရပ်ကွက် ရွှေပင်လုံအိမ်ရာ အပိုင်း (၁) ရှိ နေအိမ်သို့ နိုဝင်ဘာ ၃၀ ရက် ည ၁၁ နာရီခွဲခန့်က မာစီဒီးအမျိုးအစားယာဉ်ဖြင့် အသက် ၅၀ ခန့်ရှိ အမျိုးသားတစ်ဦး ရောက်ရှိလာပြီး နေအိမ်ခြံတံခါးကို ယာဉ်ဖြင့်ဝင်ရောက် တိုက်ခဲ့ပြီးနောက် ခြံဝင်းအတွင်းဝင်ကာ သရုပ်ဆောင်မေသန်းနု စီးနင်းသည့် Alphard အမျိုးအစားယာဉ်အား ပန်းအိုး၊ ခဲတို့ဖြင့် ထုရိုက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ခြံတံခါးကို ဖွင့်မပေးတော့ ကားနဲ့တိုက်ဖွင့်တယ်ပြောတယ်။ နောက်ပြီးတော့ ခြံဝင်းထဲ ရောက်တဲ့အချိန်မှာ ခြံထဲမှာရှိတဲ့ ကားတစ်စီးရဲ့မှန်ကို ရိုက်ခွဲတယ်လို့ သိရတယ်။ သူတို့နှစ်ယောက်က အသိမိတ်ဆွေတွေလို့ သိရတယ်။ ကျန်တာတွေတော့ ကျွန်တော်တို့ မသိပါဘူး” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးရာ ကျူးလွန်သူမှာ မရမ်းကုန်းမြို့နယ် (၇) ရပ်ကွက်တွင် နေထိုင်သည့် ဦးသုခက် (၄၉ နှစ်) ဖြစ်ပြီး ၎င်းအား သက်ဆိုင်ရာရဲစခန်းက အာမခံပေးပြီး ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။

“သူက ဒီအိမ်ရာဝင်းထဲကို ပြောင်းလာတာ ခုနစ်လ၊ ရှစ်လလောက်ရှိပြီ။ အိမ်ငှားနေတာလို့ သိရတယ်။ သူဒီအိမ်ရာထဲကို ပြောင်းလာတာကို ကျွန်မတို့ကိုတော့ အကြောင်းကြား သတင်းပို့ခြင်း မရှိပါဘူး။ သတင်းပို့ဖို့ပြောတော့ လူမရှိလို့ မလာနိုင်ဘူးတို့၊ အပြင်သွားနေတာတို့ ပြောပါတယ်။ သတင်းမပို့တော့ ကျွန်မတို့က ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာရင် ဖြေရှင်းရတာ ခက်ခဲပါတယ်။ သူတို့အိမ်မှာ လူဘယ်လောက်ရှိတယ်။ ဘယ်သူတွေ နေတယ်ဆိုတာ ကျွန်မတို့ မသိရဘူး။ ဒီလိုကိစ္စ ဖြစ်ဖြစ်ချင်းမှာတော့ ကျွန်မတို့ သိရတယ်။ နောက်တာဝန်ရှိသူတွေ ရောက်လာပြီး ကျူးလွန်သူကို ဖမ်းဆီးပြီး စခန်းကို ခေါ်သွားတယ်လို့ သိရတယ်” ဟု (၂၇) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်မာမာစိုး (ခ) ဒေါ်စိုးစံက ပြောကြားသည်။

ယင်းဖြစ်စဉ်ကို သရုပ်ဆောင်မေသန်းနုက မြောက်ဒဂုံမြို့မ ရဲစခန်းသို့ ဒီဇင်ဘာ ၁ ရက်တွင် သွားရောက်တိုင်တန်း အမှုဖွင့်ခဲ့ပြီး ရဲစခန်းက (ပ) ၁၈၁၈/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၄၅၀/၄၂၇ ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သရုပ်ဆောင်မေသန်းနုအား The Daily Eleven သတင်းစာမှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဒီဇင်ဘာ ၃ ရက် ညနေပိုင်းအထိ ဆက်သွယ်၍ မရခဲ့ပေ။

ဖိုးသူတော် (www.phothutaw.com)
Credit: Eleven
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top