ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ရခိုင္႐ိုးမေတာင္တန္း ေပၚ နတ္ေရကန္ေတာင္ေဒသ အနီးတြင္ စိုက္ပ်ဳိးထားသည့္ ဘိန္း စိုက္ ၅၃ ဧကကို ငဖဲၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးဦးေဆာင္သည့္ စစ္ေၾကာင္းက ရွာေဖြဖ်က္ဆီးခဲ့ေၾကာင္း ငဖဲၿမိဳ႕နယ္ ဂုတ္ႀကီးရဲကင္းစခန္း စခန္းမွဴး ရဲအုပ္ေက်ာ္မ်ဳိးက ေျပာသည္။


အဆိုပါစစ္ေၾကာင္းက ရခိုင္႐ိုးမေတာင္တန္းေပၚရွိ ဘိန္းစိုက္ခင္းမ်ားကို ဒီဇင္ဘာ ၄ ရက္မွ ၁၀ရက္အထိ တစ္ပတ္အတြင္း သြား ေရာက္ရွာေဖြဖ်က္ဆီးခဲ့သည္။

‘‘စိုက္ခင္း ၅၃ ဧကကို ဖ်က္ ဆီးႏုိင္ခဲ့ပါတယ္။ မိုးရြာတာ၊ ႏွင္းက်တာ၊ ရာသီဥတုဆိုးတာ ေၾကာင့္ ဒီေလာက္ပဲ ရွာေတြ႕ခဲ့ တယ္’’ဟု ရဲအုပ္ေက်ာ္မ်ဳိးက ဆို သည္။

စစ္ေၾကာင္းအေနျဖင့္ သစ္ ပင္ေပၚသို႔တက္ၿပီး ဘိန္းစိုက္ခင္း မ်ားကို ရွာေဖြၾကည့္႐ႈကာ ေတြ႕ရွိပါက သြားေရာက္ဖ်က္ဆီးေၾကာင္း ၎ကေျပာသည္။ ဘိန္းစိုက္ခင္းမ်ား ဖ်က္ဆီးသည့္ေနရာ သည္ ရခိုင္ျပည္နယ္ႏွင့္ မေကြး တိုင္းေဒသႀကီးအၾကား အမ္း-  မင္းဘူးလမ္းမအနီး နတ္ေရကန္ ေတာင္ေဒသတြင္တည္ရွိသည္။

ဘိန္းစိုက္ခင္းမ်ား ရွာေဖြ ဖ်က္ဆီးႏုိင္ေသာ္လည္း စိုက္ခင္း ပိုင္ရွင္ႏွင့္ လုပ္သားတစ္ဦးမွ် မေတြ႕ရွိခဲ့ေၾကာင္း ရဲအုပ္ကေျပာ သည္။ ‘‘အရင္ႏွစ္ေတြကလည္း လူေတြကို မေတြ႕ဘူး။ စိုက္ခင္း ေတြကိုပဲ ဖ်က္ဆီးတာ။ လူေတြ ကို တစ္ႏွစ္မွမေတြ႕ေသးဘူး’’ဟု ၎ကဆိုသည္။

ငဖဲၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးဦး ေဆာင္သည့္ စစ္ေၾကာင္းသည္ ရခိုင္႐ိုးမေတာင္တန္းေပၚရွိ ဘိန္း စိုက္ခင္းမ်ားကို ႏွစ္စဥ္ရွာေဖြဖ်က္ ဆီးေနၿပီး ၿပီးခဲ့သည့္ႏွစ္က ႐ိုးမေတာင္ေပၚရွိ ဘိန္းစိုက္ခင္းဧက ၁၀၀ ခန္႔ကို ရွာေဖြဖ်က္ဆီးႏိုင္ခဲ့ ေၾကာင္း ၎ကေျပာသည္။

ႏွစ္စဥ္ရွာေဖြဖ်က္ဆီးေနသျဖင့္ ယခုႏွစ္တြင္ ရခိုင္႐ိုးမေပၚ၌ ဘိန္းစိုက္ခင္းပမာဏနည္းပါး ေၾကာင္းလည္း ၎ကေျပာၾကား သည္။

ျမန္မာႏုိင္ငံတြင္ ၂၀၁၅ ႏွင့္ ၂၀၁၇ ၾကား ဘိန္းစိုက္ပ်ဳိးမႈ ေလး ပံုတစ္ပံု (၂၅ ရာခိုင္ႏႈန္း)ေလ်ာ့က် ခဲ့ေၾကာင္း ကုလသမဂၢမူးယစ္ ေဆး၀ါးႏွင့္ ရာဇ၀တ္မႈဆိုင္ရာ႐ုံး (UNODC) က ေၾကညာထား သည္။

မူးယစ္ေဆး၀ါးထုတ္လုပ္ ေရာင္းခ်ေသာ ပင္ရင္းေနရာမ်ား အထိ ၿဖိဳခြင္းေဆာင္ရြက္ရန္ (၅၃) ႏွစ္ေျမာက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ေန႔တြင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ရဲခ်ဳပ္ေအာင္၀င္းဦးက တိုက္တြန္းထား သည္။ ထို႔အျပင္ မူးယစ္ေဆး၀ါး တားဆီးႏွိမ္နင္းေရးအထူးစစ္ဆင္ ေရးမ်ားကို စဥ္ဆက္မျပတ္ေဖာ္ ေဆာင္ေနၿပီး မူးယစ္ေဆး၀ါးအႏၲ ရာယ္ရွိေသာ ေဒသမ်ားကို ေရြး ခ်ယ္ေဖာ္ထုတ္ေဆာင္ရြက္မည္ ျဖစ္ေၾကာင္း ရဲခ်ဳပ္က ေျပာထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ရခိုင်ရိုးမတောင်တန်း ပေါ် နတ်ရေကန်တောင်ဒေသ အနီးတွင် စိုက်ပျိုးထားသည့် ဘိန်း စိုက် ၅၃ ဧကကို ငဖဲမြို့နယ်ရဲတပ်ဖွဲ့မှူးဦးဆောင်သည့် စစ်ကြောင်းက ရှာဖွေဖျက်ဆီးခဲ့ကြောင်း ငဖဲမြို့နယ် ဂုတ်ကြီးရဲကင်းစခန်း စခန်းမှူး ရဲအုပ်ကျော်မျိုးက ပြောသည်။


အဆိုပါစစ်ကြောင်းက ရခိုင်ရိုးမတောင်တန်းပေါ်ရှိ ဘိန်းစိုက်ခင်းများကို ဒီဇင်ဘာ ၄ ရက်မှ ၁၀ရက်အထိ တစ်ပတ်အတွင်း သွား ရောက်ရှာဖွေဖျက်ဆီးခဲ့သည်။

‘‘စိုက်ခင်း ၅၃ ဧကကို ဖျက် ဆီးနိုင်ခဲ့ပါတယ်။ မိုးရွာတာ၊ နှင်းကျတာ၊ ရာသီဥတုဆိုးတာ ကြောင့် ဒီလောက်ပဲ ရှာတွေ့ခဲ့ တယ်’’ဟု ရဲအုပ်ကျော်မျိုးက ဆို သည်။

စစ်ကြောင်းအနေဖြင့် သစ် ပင်ပေါ်သို့တက်ပြီး ဘိန်းစိုက်ခင်း များကို ရှာဖွေကြည့်ရှုကာ တွေ့ရှိပါက သွားရောက်ဖျက်ဆီးကြောင်း ၎င်းကပြောသည်။ ဘိန်းစိုက်ခင်းများ ဖျက်ဆီးသည့်နေရာ သည် ရခိုင်ပြည်နယ်နှင့် မကွေး တိုင်းဒေသကြီးအကြား အမ်း-  မင်းဘူးလမ်းမအနီး နတ်ရေကန် တောင်ဒေသတွင်တည်ရှိသည်။

ဘိန်းစိုက်ခင်းများ ရှာဖွေ ဖျက်ဆီးနိုင်သော်လည်း စိုက်ခင်း ပိုင်ရှင်နှင့် လုပ်သားတစ်ဦးမျှ မတွေ့ရှိခဲ့ကြောင်း ရဲအုပ်ကပြော သည်။ ‘‘အရင်နှစ်တွေကလည်း လူတွေကို မတွေ့ဘူး။ စိုက်ခင်း တွေကိုပဲ ဖျက်ဆီးတာ။ လူတွေ ကို တစ်နှစ်မှမတွေ့သေးဘူး’’ဟု ၎င်းကဆိုသည်။

ငဖဲမြို့နယ်ရဲတပ်ဖွဲ့မှူးဦး ဆောင်သည့် စစ်ကြောင်းသည် ရခိုင်ရိုးမတောင်တန်းပေါ်ရှိ ဘိန်း စိုက်ခင်းများကို နှစ်စဉ်ရှာဖွေဖျက် ဆီးနေပြီး ပြီးခဲ့သည့်နှစ်က ရိုးမတောင်ပေါ်ရှိ ဘိန်းစိုက်ခင်းဧက ၁၀၀ ခန့်ကို ရှာဖွေဖျက်ဆီးနိုင်ခဲ့ ကြောင်း ၎င်းကပြောသည်။

နှစ်စဉ်ရှာဖွေဖျက်ဆီးနေသဖြင့် ယခုနှစ်တွင် ရခိုင်ရိုးမပေါ်၌ ဘိန်းစိုက်ခင်းပမာဏနည်းပါး ကြောင်းလည်း ၎င်းကပြောကြား သည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ နှင့် ၂၀၁၇ ကြား ဘိန်းစိုက်ပျိုးမှု လေး ပုံတစ်ပုံ (၂၅ ရာခိုင်နှုန်း)လျော့ကျ ခဲ့ကြောင်း ကုလသမဂ္ဂမူးယစ် ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ကြေညာထား သည်။

မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းချသော ပင်ရင်းနေရာများ အထိ ဖြိုခွင်းဆောင်ရွက်ရန် (၅၃) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အောင်ဝင်းဦးက တိုက်တွန်းထား သည်။ ထို့အပြင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအထူးစစ်ဆင် ရေးများကို စဉ်ဆက်မပြတ်ဖော် ဆောင်နေပြီး မူးယစ်ဆေးဝါးအန္တ ရာယ်ရှိသော ဒေသများကို ရွေး ချယ်ဖော်ထုတ်ဆောင်ရွက်မည် ဖြစ်ကြောင်း ရဲချုပ်က ပြောထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top