iMyanmarHouse.com - Best Property Website for Myanmar
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ကိုယ္ဝန္ေဆာင္စဥ္ ဆီးခ်ိဳေရာဂါျဖစ္ပြားျခင္းေၾကာင့္ ႏွလံုးခ်ိဳ႕ယြင္းမႈ ျဖစ္ပြားႏိုင္ေၾကာင္း သိထားသည္မွာ ၾကာၿပီျဖစ္ေသာ္လည္း ဆီးခ်ိဳေရာဂါ ျဖစ္ပြားမႈအဆင့္သို႔ မေရာက္ေသးေသာ အဆင့္ျဖစ္သည့္ ေသြးထဲ သၾကားဓာတ္ပမာဏ ျမင့္မားျခင္းေၾကာင့္လည္း ကေလးငယ္၏ ႏွလံုးတြင္ ခ်ိဳ႕ယြင္းမႈျဖစ္ႏိုင္သည့္ အႏၲရာယ္ရွိေၾကာင္း ေလ့လာမႈတစ္ရပ္က ေဖာ္ျပသည္။

ကုိယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ားသည္ ဆီးခ်ိဳေရာဂါအတြက္သာမဟုတ္ဘဲ အေျခအေနအမ်ိဳးမ်ိဳးအတြက္ စစ္ေဆးရန္လိုသည္ဟု ကေလးႏွလံုးအထူးကုဆရာဝန္ ဘယ္ရီဂိုးဘာ့ဂ္ကေျပာသည္။

သေႏၶသားဘဝတြင္ ႏွလံုးသည္ ပံုမွန္ဖြံ႕ၿဖိဳးျခင္း မရွိသျဖင့္ ႏွလံုးေရာဂါျဖစ္ပြားျခင္းျဖစ္ေၾကာင္း ေဒါက္တာဘယ္ရီဂိုးဘာ့ဂ္ကေျပာ သည္။

ယင္းသည္ ႀကံဳေတြ႕မႈအမ်ားဆံုး မီးဖြားမႈဆိုင္ရာ ခ်ိဳ႕ယြင္းမႈျဖစ္ၿပီး ကေလးေမြးဖြားမႈအားလံုး၏ ၁ ရာခိုင္ႏႈန္းအထိ ထိခိုက္မႈရွိသည္။ ကုိယ္ဝန္ေဆာင္အမ်ိဳးသမီး ဆီးခ်ိဳေရာဂါျဖစ္ပြားျခင္းေၾကာင့္ ကေလးတြင္ ႏွလံုးခ်ိဳ႕ယြင္းမႈ ျဖစ္ႏိုင္သည္ကို သိထားႏွင့္ၿပီးျဖစ္ေသာ္ လည္း ယခုေလ့လာမႈက ဆီးခ်ိဳေရာဂါမဟုတ္ဘဲ ေသြးထဲ သၾကား ဓာတ္ပမာဏျမင့္မားမႈေၾကာင့္ ကေလး၏ ႏွလံုးက်န္းမာေရးအေပၚ ထိခိုက္ပံုကို ေလ့လာထားေသာ ပထမဆံုးေလ့လာမႈျဖစ္သည္။

ကိုယ္ဝန္မေဆာင္မီ (သို႔မဟုတ္) ကိုယ္ဝန္ေဆာင္စဥ္အတြင္း ဆီးခ်ိဳေရာဂါမရွိသည့္ အမ်ိဳးသမီးမ်ားသည္ ကိုယ္ဝန္ေဆာင္မႈအေစာ ပိုင္းအေျခအေနတြင္ ေသြးထဲ၌ သၾကားဓာတ္ပမာဏ ၈ ရာခိုင္ႏႈန္း အထိ ျမင့္တက္မႈရွိေၾကာင္း သုေတသီမ်ားကေျပာသည္။

ယင္းေၾကာင့္ ကိုယ္ဝန္ပထမတစ္လအတြင္း မိခင္၏ ေသြးထဲရွိ သၾကားဓာတ္ပမာဏကို တိုင္းတာစစ္ေဆးသင့္ၿပီး ႀကိဳတင္ကာကြယ္သင့္သည္ဟု သုေတသီမ်ားက အႀကံျပဳသည္။ အေစာဆံုး ထိန္းခ်ဳပ္ကာကြယ္မႈျဖင့္ ကေလးငယ္မ်ား၏ အသက္ေပါင္းမ်ားစြာ ကို ကယ္တင္ႏိုင္မည္ျဖစ္သည္။                        

—Ref: UPI

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါဖြစ်ပွားခြင်းကြောင့် နှလုံးချို့ယွင်းမှု ဖြစ်ပွားနိုင်ကြောင်း သိထားသည်မှာ ကြာပြီဖြစ်သော်လည်း ဆီးချိုရောဂါ ဖြစ်ပွားမှုအဆင့်သို့ မရောက်သေးသော အဆင့်ဖြစ်သည့် သွေးထဲ သကြားဓာတ်ပမာဏ မြင့်မားခြင်းကြောင့်လည်း ကလေးငယ်၏ နှလုံးတွင် ချို့ယွင်းမှုဖြစ်နိုင်သည့် အန္တရာယ်ရှိကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

    ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ဆီးချိုရောဂါအတွက်သာမဟုတ်ဘဲ အခြေအနေအမျိုးမျိုးအတွက် စစ်ဆေးရန်လိုသည်ဟု ကလေးနှလုံးအထူးကုဆရာဝန် ဘယ်ရီဂိုးဘာ့ဂ်ကပြောသည်။


သန္ဓေသားဘဝတွင် နှလုံးသည် ပုံမှန်ဖွံ့ဖြိုးခြင်း မရှိသဖြင့် နှလုံးရောဂါဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေါက်တာဘယ်ရီဂိုးဘာ့ဂ်ကပြော သည်။

ယင်းသည် ကြုံတွေ့မှုအများဆုံး မီးဖွားမှုဆိုင်ရာ ချို့ယွင်းမှုဖြစ်ပြီး ကလေးမွေးဖွားမှုအားလုံး၏ ၁ ရာခိုင်နှုန်းအထိ ထိခိုက်မှုရှိသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီး ဆီးချိုရောဂါဖြစ်ပွားခြင်းကြောင့် ကလေးတွင် နှလုံးချို့ယွင်းမှု ဖြစ်နိုင်သည်ကို သိထားနှင့်ပြီးဖြစ်သော် လည်း ယခုလေ့လာမှုက ဆီးချိုရောဂါမဟုတ်ဘဲ သွေးထဲ သကြား ဓာတ်ပမာဏမြင့်မားမှုကြောင့် ကလေး၏ နှလုံးကျန်းမာရေးအပေါ် ထိခိုက်ပုံကို လေ့လာထားသော ပထမဆုံးလေ့လာမှုဖြစ်သည်။

ကိုယ်ဝန်မဆောင်မီ (သို့မဟုတ်) ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆီးချိုရောဂါမရှိသည့် အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်မှုအစော ပိုင်းအခြေအနေတွင် သွေးထဲ၌ သကြားဓာတ်ပမာဏ ၈ ရာခိုင်နှုန်း အထိ မြင့်တက်မှုရှိကြောင်း သုတေသီများကပြောသည်။

ယင်းကြောင့် ကိုယ်ဝန်ပထမတစ်လအတွင်း မိခင်၏ သွေးထဲရှိ သကြားဓာတ်ပမာဏကို တိုင်းတာစစ်ဆေးသင့်ပြီး ကြိုတင်ကာကွယ်သင့်သည်ဟု သုတေသီများက အကြံပြုသည်။ အစောဆုံး ထိန်းချုပ်ကာကွယ်မှုဖြင့် ကလေးငယ်များ၏ အသက်ပေါင်းများစွာ ကို ကယ်တင်နိုင်မည်ဖြစ်သည်။                        

—Ref: UPI

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top