စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

တခါတေလက်ရင္ ကိုယ္ျဖစ္ခ်င္တာက တမ်ိဳး၊တကယ္တမ္းလက္ေတြ႕က်ေတာ့ ဆန္႕က်င္ဖက္ လုပ္မိတာမ်ိဳးေတြ ၾကံဳဖူးပါသလား။သင့္ရဲ့ အမူအက်င့္/ခံယူခ်က္ စိတ္ေနစိတ္ထားေတြဟာ မတည္မျငိမ္ ေျပာင္းလဲတတ္လြန္းလို႕ ကိုယ့္ကိုယ္ကိုေတာင္ မခန္႕မွန္းတတ္ေတာ့ေအာင္ ျဖစ္ေနပါသလား။ တည္ျငိမ္ေအးခ်မ္းတဲ့သူေတြဟာ အတြင္းစိတ္သႏၲာန္ တသမတ္တည္း ရွိျပီး သူတို႕ကိုယ္သူတို႕ ဘာလုပ္ခ်င္တယ္၊ ဘာျဖစ္ခ်င္တယ္ ဆိုတာ သိရွိနားလည္ထားသူေတြျဖစ္ပါတယ္။ အခ်ိန္နဲ႕ အမွ် ဟိုစိတ္ေျပာင္းလိုက္၊ဒီစိတ္ေျပာင္းလိုက္ ဂနာမျငိမ္ ျဖစ္ေနၾကသူေတြ မဟုတ္ဘဲ တည္တည္ျငိမ္ျငိမ္ ရွိၾကသူေတြ ျဖစ္ပါတယ္။ ဒါ့အျပင္ သင္လိုခ်င္တဲ့၊ျဖစ္ခ်င္တဲ့၊ေမွ်ာ္လင့္တဲ့ လက္ေတြ႕ဘဝကို အေကာင္အထည္ေဖာ္ဖို႕အတြက္ ဆိုရင္ တသမတ္တည္းရွိျပီး တည္ျငိမ္တဲ့ စိတ္ရွိဖို႕ အထူးလိုအပ္ပါတယ္။ ဒီလို စိတ္အေနအထားမ်ိဳးဟာ အရာရာကို ျပီးေျမာက္ေအာင္ျမင္ႏိုင္ေလာက္တဲ့ စြမ္းအားရွိျပီး ဂေယာက္ဂယက္ထေနျပီး မတည္ျငိမ္တဲ့ စိတ္ကေတာ့ ဘာကိုမွ အေကာင္အထည္ေပၚလာေစမွာ မဟုတ္ပါဘူး။

စိတ္အေျပာင္းအလဲျမန္တတ္သူေတြရဲ့ အမူအက်င့္ စ႐ိုက္လကၡဏာမ်ား

 အေတြးေတြ၊အထင္အျမင္ေတြ မ်ားလြန္းျပီး အခ်က္တခ်က္တည္း၊အေတြးတခုတည္းကိုပဲ အာ႐ံုမစိုက္ႏိုင္တဲ့အခါ စိတ္နဲ႕ကိုယ္ဟာ ပဋိပကၡျဖစ္လာပါတယ္။ဒီလိုျဖစ္လာသူေတြရဲ့ အမူအက်င့္ေတြက ေအာက္ပါအတိုင္းပဲ ျဖစ္ပါတယ္။

    တျခားလူေတြရဲ့ အထင္အျမင္ ယူဆခ်က္ေတြအတိုင္း အလြယ္တကူ လိုက္လုပ္တတ္တယ္။
    ရုတ္တရက္ ဘယ္သူမဆိုလုပ္မိမယ့္ ကိစၥတခုခုကို လုပ္လိုက္မိျပီးတဲ့အခါ အျပစ္ရွိသလို/ရွက္သလို ခံစားရတယ္။
    ဆုံးျဖတ္ခ်က္တခုကို ဘယ္ေတာ့မွ ခိုင္ခိုင္မာမာ မခ်ႏိုင္ဘူး။အျမဲလို ဒြိဟပြါးေနတယ္။
    အျမဲလိုရန္ျဖစ္၊ပဋိပကၡေတြပြါးျပီး ဘယ္လိုမွ အဆင္မေျပႏိုင္တဲ့ ခ်စ္သူရည္းစားမ်ိဳး/အိမ္ေထာင္ဖက္မ်ိဳးကိုမွ တမ္းတမ္းစြဲေနတတ္တယ္။

ျပႆနာတခုခု၊အခက္အခဲတခုနဲ႕ ေတြ႕ၾကံဳျပီဆိုရင္ တည္ျငိမ္မႈမရွိဘဲ ပ်ာယာခတ္ေနတတ္တယ္။

    မိမိကိုယ္ကို အားကိုးႏိုင္စြမ္းမရွိတဲ့အတြက္ တျခားလူေတြရဲ့ အကူအညီကို အျမဲလိုခ်င္တယ္။
    စိတ္ခံစားမႈအေနအထား ဒါမွမဟုတ္ စိတ္ေနစိတ္ထား ခံယူခ်က္ေတြက ရုတ္တရက္ေျပာင္းလဲေလ့ရွိတယ္။
    စီးပြါးေရးပဲ ျဖစ္ျဖစ္၊ခ်စ္သူနဲ႕ ပဲျဖစ္ျဖစ္ ဒါမွမဟုတ္ လူေနမႈဘဝပံုစံပဲ ျဖစ္ျဖစ္ ဘာလိုခ်င္တယ္၊ဘာျဖစ္ခ်င္တယ္၊ဘာလုပ္ခ်င္တယ္ဆိုတာ ကိုယ့္ကိုယ္ကို ေရေရရာရာ မသိဘူး။
    ရင္ဆိုင္ေနရတဲ့ စိတ္တြင္းပဋိပကၡ အေျခအေနေတြကေနေရွာင္ပုန္းဖို႕အတြက္ ကိုယ့္စိတ္ကိုယ္ အာ႐ံုလႊဲတာမ်ိဳးေတြ လုပ္ဖို႕ၾကိဳးစားေလ့ရွိတယ္။ အာ႐ံုလႊဲတယ္ဆိုရာမွာ အေပ်ာ္အပါးေနာက္လိုက္တာ၊ အရက္၊ေဆးစြဲတာ၊ေဗဒင္ေမးတာ၊ဦးတည္ရာ ထူးထူးျခားျခား မရွိဘဲ ေရာက္တတ္ရာရာအလုပ္ေတြ ေလွ်ာက္လုပ္တာ စသျဖင့္ ပါဝင္ပါတယ္။

သင့္အေနနဲ႕ စိတ္မတည္မျငိမ္ျဖစ္ေနသလား၊ စိတ္တြင္းပဋိပကၡျဖစ္ေနသလားဆိုတာကို သိဖို႕ကလြယ္ပါတယ္။ ဒီလိုမ်ိဳး ပဋိပကၡ စိတ္အေျခအေနေပၚေပါက္လာေစဖို႕အတြက္ လံုေလာက္တဲ့ အျဖစ္အပ်က္ေတြ သင့္ဘဝတေလွ်ာက္လုံး မေတြ႕ခ်င္မွအဆုံး ေတြ႕ၾကံဳရမွာမို႕ပဲ ျဖစ္ပါတယ္။

ဒီကိစၥကို ဘယ္လိုေျဖရွင္းမလဲ

 စိတ္တြင္းပဋိပကၡျဖစ္တာဟာ မခံမရပ္ႏိုင္ေလာက္ေအာင္ ဆိုးရြားတဲ့ စိတ္ခံစားမႈေတြအျဖစ္ အဆုံးသတ္သြားႏိုင္တာမို႕ ဒီျပႆနာကို ဘယ္လိုအေျဖရွာျပီး အဆုံးသတ္ရမလဲဆိုတာ သိဖို႕ အရမ္းကို အေရးၾကီးပါတယ္။

လုပ္သင့္တဲ့ အခ်က္ေလးေတြကို ေအာက္မွာ ေဖာ္ျပထားပါတယ္။

စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့ အေတြးေတြ၊ ခံစားခ်က္ေတြကို ကန္ထုတ္မပစ္ပါနဲ႕။

တကယ္လို႕ သင့္အေနနဲ႕ စိတ္တြင္းပဋိပကၡျဖစ္ေနတယ္ဆိုရင္ သင္စိတ္လက္ေျဖေလွ်ာ့ျပီး ေအးရာေအးေၾကာင္းေနမယ္လို႕ စဥ္းစားလိုက္တိုင္းမွာ သင့္ကိုစိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့ အေတြးေတြ၊ခံစားခ်က္ေတြ ေပၚလာမွာပဲ ျဖစ္ပါတယ္။သင့္အေနနဲ႕ ဒီစိတ္အေႏွာင့္အယွက္ျဖစ္စရာ ကိစၥေတြကို သိစိတ္ကေရာ၊မသိစိတ္ကပါ လက္ခံလိုက္ပါ။ ဒါမွသာ ဒီအေတြးေတြက သင့္ကို ဆက္လက္ျပီး မႏွိပ္စက္ေတာ့မွာ ျဖစ္ပါတယ္။

ၾကံဳလာရတဲ့ ျပႆနာေတြ၊အာ႐ံုေနာက္စရာေတြကေန ထြက္မေျပးဘဲ ေျဖရွင္းဖို႕ နည္းလမ္းေတြ၊အၾကံဉာဏ္ေတြကို စဥ္းစားရမွာပဲ ျဖစ္ပါတယ္။

(၁) သင့္ကိုယ္သင္ တန္ဖိုးခ်မပစ္လိုက္ပါနဲ႕။

စိတ္တြင္းပဋိပကၡျဖစ္ပြါးရျခင္းရဲ့ အဓိကအေၾကာင္းရင္းတခုက သင့္အေနနဲ႕ ကိုယ့္တန္ဖိုး ကိုယ္ခ်လုိက္လို႕ပါပဲ။ မသိစိတ္ထဲက သင့္အတြက္အေကာင္းဆုံးလို႕ ဆုံးျဖတ္သတ္မွတ္ေပးထားတာနဲ႕ဆန္႕က်င္ျပီး လုပ္လိုက္မယ္ဆိုရင္ သင့္စိတ္နဲ႕ ခႏၶာ စ,ျပီး တိုက္ပြဲ ျဖစ္ပါျပီ။ ဒီေတာ့ မွတ္ထားရမယ့္အခ်က္က သင္ယံုၾကည္ရာ၊မွန္တယ္ထင္ရာကို ရဲရဲၾကီးလုပ္ပါ။ တကယ္လို႕ သင့္အေနနဲ႕ ဒီတခါေတာ့ ကိုယ့္မသိစိတ္ရဲ့ လမ္းညႊန္မႈကို ဆန္႕က်င္ျပီး လုပ္လိုက္မိတယ္လို႕ ထင္တယ္ဆိုရင္ ေနာက္တခါ ဒါမ်ိဳးမျဖစ္ပါေစနဲ႕။ စိတ္တြင္းပဋိပကၡဆိုတဲ့ အေျခအေနဟာ သင့္အေနနဲ႕ ေန႕တိုင္းလိုလို မိမိတန္ဖိုးကို ကိုယ္တိုင္ ႐ိုက္ခ်ိဳးဖ်က္ဆီးေနတဲ့ အေျခအေနမ်ိဳးမွာပဲ ျဖစ္ေပၚပါတယ္။ အမွားေသးေသးေကြးေကြး က်ဴးလြန္လိုက္မိတဲ့အခ်ိန္မ်ိဳးမွာ ျဖစ္ေပၚတာ မဟုတ္ပါဘူး။

(၂) လုပ္သင့္တာကို လုပ္ပါ။

စိတ္တြင္းပဋိပကၡကို ျဖစ္ေစတဲ့ ေနာက္ထပ္ အေရးၾကီးတဲ့ အေၾကာင္းရင္းခံတခုက သင့္အေနနဲ႕ လုပ္ကိုလုပ္ရမယ့္၊လုပ္သင့္တဲ့ လုပ္ငန္းေဆာင္တာကိစၥေတြကေန ထြက္ေျပးေနတာေၾကာင့္ပဲ ျဖစ္ပါတယ္။ သင္ယံုၾကည္တန္ဖိုးထားတာေတြ၊ရည္မွန္းခ်က္ေတြ ျဖစ္ေျမာက္ဖို႕အတြက္ သင့္အေနနဲ႕ အျမဲတမ္းၾကိဳးစားလုပ္ကိုင္ေနရပါမယ္။ ဒီလိုေတြလုပ္ဖို႕ ပ်က္ကြက္တာ ဒါမွမဟုတ္ ရည္မွန္းခ်က္ကို ျဖစ္ေျမာက္ေအာင္မလုပ္ႏိုင္တာ၊ခ်က္ခ်င္းထလုပ္လိုက္ရမယ့္အလုပ္ကို ေန႕ေရႊ႕ညေရႊ႕လုပ္ေနတာေတြဟာ ဆိုးရြားျပင္းထန္လွတဲ့ စိတ္တြင္းပဋိပကၡဆီကို ဦးတည္ေစပါတယ္။

(၃) သင့္စိတ္ထဲ ျဖစ္ပြါးေနတဲ့ ပဋိပကၡေတြကို ခ်ေရးပါ။

သင့္ဦးေႏွာက္ထဲမွာ မရွိေစခ်င္တဲ့၊မလိုလားအပ္တဲ့ စိတ္ခံစားခ်က္ေတြကို အန္ထုတ္ဖို႕ အေကာင္းဆုံးနည္းကေတာ့ ခ်ေရးတာပဲ ျဖစ္ပါတယ္။ဒီလိုမ်ိဳး ခ်ေရးေနစဥ္ကာလမွာ သင့္အေနနဲ႕ စိတ္ခံစားခ်က္ေတြကို စာရြက္ေပၚ အန္ခ်၊ေထြးခ်လိုက္ရသလို ခံစားရမွာပါ။ ဒီလိုလုပ္ေပးျခင္းအားျဖင့္ သင့္အေနနဲ႕ စိတ္သက္သာရာ ရသြားမွာ ျဖစ္တဲ့အျပင္ ကိုယ့္ကိုယ္ကိုလည္း ပိုနားလည္လာမွာ ျဖစ္တဲ့အတြက္ စိတ္တြင္းပဋိပကၡေတြကို အဆုံးသတ္ေျဖရွင္းဖို႕ ဘယ္လိုမ်ိဳးနည္းလမ္းေတြ အသုံးျပဳသင့္တယ္ဆိုတာကို ပါ သေဘာေပါက္သြားမွာ ျဖစ္ပါတယ္။

(၄) အျမဲၾကိဳတင္ျပင္ဆင္ပါ။

သင့္အေနနဲ႕ အသက္တျဖည္းျဖည္း ၾကီးလာတဲ့အခါ ဒါမွမဟုတ္ ဘဝရဲ့ အေရးပါတဲ့ အခ်ိဳးအေကြ႕ေတြတိုင္းမွာ (ဥပမာ ဆယ္တန္းေအာင္ျပီးလို႕ တကၠသိုလ္တက္တာ၊ဘြဲ႔ရျပီးလို႕ အလုပ္ဝင္တာ) သင့္ကိုယ္သင္ ေဘးနားက အေပါင္းအသင္းေတြနဲ႕ ခ်ိန္ထိုး ႏိႈင္းယွဥ္မိမွာပဲ ျဖစ္ပါတယ္။ ဒီလို အေနအထားမ်ိဳးေတြမွာ သင့္အေနနဲ႕ စိတ္ပိုင္းဆိုင္ရာအရ ၾကိဳတင္ျပင္ဆင္ထားျပီးသားဆိုရင္ မေထာင္းသာေပမယ့္ မျပင္မဆင္နဲ႕ ဆိုရင္ေတာ့ သင့္အေနနဲ႕ ဘဝရဲ့ အခ်ိဳးအေကြ႕ေတြ ေရာက္တိုင္းမွာ စိတ္တြင္းပဋိပကၡျဖစ္တာနဲ႕ ရင္ဆိုင္ရဖြယ္ ရွိေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
တခါတလေကျရင် ကိုယ်ဖြစ်ချင်တာက တမျိုး၊တကယ်တမ်းလက်တွေ့ကျတော့ ဆန့်ကျင်ဖက် လုပ်မိတာမျိုးတွေ ကြုံဖူးပါသလား။သင့်ရဲ့ အမူအကျင့်/ခံယူချက် စိတ်နေစိတ်ထားတွေဟာ မတည်မငြိမ် ပြောင်းလဲတတ်လွန်းလို့ ကိုယ့်ကိုယ်ကိုတောင် မခန့်မှန်းတတ်တော့အောင် ဖြစ်နေပါသလား။ တည်ငြိမ်အေးချမ်းတဲ့သူတွေဟာ အတွင်းစိတ်သန္တာန် တသမတ်တည်း ရှိပြီး သူတို့ကိုယ်သူတို့ ဘာလုပ်ချင်တယ်၊ ဘာဖြစ်ချင်တယ် ဆိုတာ သိရှိနားလည်ထားသူတွေဖြစ်ပါတယ်။ အချိန်နဲ့ အမျှ ဟိုစိတ်ပြောင်းလိုက်၊ဒီစိတ်ပြောင်းလိုက် ဂနာမငြိမ် ဖြစ်နေကြသူတွေ မဟုတ်ဘဲ တည်တည်ငြိမ်ငြိမ် ရှိကြသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် သင်လိုချင်တဲ့၊ဖြစ်ချင်တဲ့၊မျှော်လင့်တဲ့ လက်တွေ့ဘဝကို အကောင်အထည်ဖော်ဖို့အတွက် ဆိုရင် တသမတ်တည်းရှိပြီး တည်ငြိမ်တဲ့ စိတ်ရှိဖို့ အထူးလိုအပ်ပါတယ်။ ဒီလို စိတ်အနေအထားမျိုးဟာ အရာရာကို ပြီးမြောက်အောင်မြင်နိုင်လောက်တဲ့ စွမ်းအားရှိပြီး ဂယောက်ဂယက်ထနေပြီး မတည်ငြိမ်တဲ့ စိတ်ကတော့ ဘာကိုမှ အကောင်အထည်ပေါ်လာစေမှာ မဟုတ်ပါဘူး။

စိတ်အပြောင်းအလဲမြန်တတ်သူတွေရဲ့ အမူအကျင့် စရိုက်လက္ခဏာများ

 အတွေးတွေ၊အထင်အမြင်တွေ များလွန်းပြီး အချက်တချက်တည်း၊အတွေးတခုတည်းကိုပဲ အာရုံမစိုက်နိုင်တဲ့အခါ စိတ်နဲ့ကိုယ်ဟာ ပဋိပက္ခဖြစ်လာပါတယ်။ဒီလိုဖြစ်လာသူတွေရဲ့ အမူအကျင့်တွေက အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

    တခြားလူတွေရဲ့ အထင်အမြင် ယူဆချက်တွေအတိုင်း အလွယ်တကူ လိုက်လုပ်တတ်တယ်။
    ရုတ်တရက် ဘယ်သူမဆိုလုပ်မိမယ့် ကိစ္စတခုခုကို လုပ်လိုက်မိပြီးတဲ့အခါ အပြစ်ရှိသလို/ရှက်သလို ခံစားရတယ်။
    ဆုံးဖြတ်ချက်တခုကို ဘယ်တော့မှ ခိုင်ခိုင်မာမာ မချနိုင်ဘူး။အမြဲလို ဒွိဟပွါးနေတယ်။
    အမြဲလိုရန်ဖြစ်၊ပဋိပက္ခတွေပွါးပြီး ဘယ်လိုမှ အဆင်မပြေနိုင်တဲ့ ချစ်သူရည်းစားမျိုး/အိမ်ထောင်ဖက်မျိုးကိုမှ တမ်းတမ်းစွဲနေတတ်တယ်။

ပြဿနာတခုခု၊အခက်အခဲတခုနဲ့ တွေ့ကြုံပြီဆိုရင် တည်ငြိမ်မှုမရှိဘဲ ပျာယာခတ်နေတတ်တယ်။

    မိမိကိုယ်ကို အားကိုးနိုင်စွမ်းမရှိတဲ့အတွက် တခြားလူတွေရဲ့ အကူအညီကို အမြဲလိုချင်တယ်။
    စိတ်ခံစားမှုအနေအထား ဒါမှမဟုတ် စိတ်နေစိတ်ထား ခံယူချက်တွေက ရုတ်တရက်ပြောင်းလဲလေ့ရှိတယ်။
    စီးပွါးရေးပဲ ဖြစ်ဖြစ်၊ချစ်သူနဲ့ ပဲဖြစ်ဖြစ် ဒါမှမဟုတ် လူနေမှုဘဝပုံစံပဲ ဖြစ်ဖြစ် ဘာလိုချင်တယ်၊ဘာဖြစ်ချင်တယ်၊ဘာလုပ်ချင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ရေရေရာရာ မသိဘူး။
    ရင်ဆိုင်နေရတဲ့ စိတ်တွင်းပဋိပက္ခ အခြေအနေတွေကနေရှောင်ပုန်းဖို့အတွက် ကိုယ့်စိတ်ကိုယ် အာရုံလွှဲတာမျိုးတွေ လုပ်ဖို့ကြိုးစားလေ့ရှိတယ်။ အာရုံလွှဲတယ်ဆိုရာမှာ အပျော်အပါးနောက်လိုက်တာ၊ အရက်၊ဆေးစွဲတာ၊ဗေဒင်မေးတာ၊ဦးတည်ရာ ထူးထူးခြားခြား မရှိဘဲ ရောက်တတ်ရာရာအလုပ်တွေ လျှောက်လုပ်တာ စသဖြင့် ပါဝင်ပါတယ်။

သင့်အနေနဲ့ စိတ်မတည်မငြိမ်ဖြစ်နေသလား၊ စိတ်တွင်းပဋိပက္ခဖြစ်နေသလားဆိုတာကို သိဖို့ကလွယ်ပါတယ်။ ဒီလိုမျိုး ပဋိပက္ခ စိတ်အခြေအနေပေါ်ပေါက်လာစေဖို့အတွက် လုံလောက်တဲ့ အဖြစ်အပျက်တွေ သင့်ဘဝတလျှောက်လုံး မတွေ့ချင်မှအဆုံး တွေ့ကြုံရမှာမို့ပဲ ဖြစ်ပါတယ်။

ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ

 စိတ်တွင်းပဋိပက္ခဖြစ်တာဟာ မခံမရပ်နိုင်လောက်အောင် ဆိုးရွားတဲ့ စိတ်ခံစားမှုတွေအဖြစ် အဆုံးသတ်သွားနိုင်တာမို့ ဒီပြဿနာကို ဘယ်လိုအဖြေရှာပြီး အဆုံးသတ်ရမလဲဆိုတာ သိဖို့ အရမ်းကို အရေးကြီးပါတယ်။

လုပ်သင့်တဲ့ အချက်လေးတွေကို အောက်မှာ ဖော်ပြထားပါတယ်။

စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အတွေးတွေ၊ ခံစားချက်တွေကို ကန်ထုတ်မပစ်ပါနဲ့။

တကယ်လို့ သင့်အနေနဲ့ စိတ်တွင်းပဋိပက္ခဖြစ်နေတယ်ဆိုရင် သင်စိတ်လက်ဖြေလျှော့ပြီး အေးရာအေးကြောင်းနေမယ်လို့ စဉ်းစားလိုက်တိုင်းမှာ သင့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အတွေးတွေ၊ခံစားချက်တွေ ပေါ်လာမှာပဲ ဖြစ်ပါတယ်။သင့်အနေနဲ့ ဒီစိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတွေကို သိစိတ်ကရော၊မသိစိတ်ကပါ လက်ခံလိုက်ပါ။ ဒါမှသာ ဒီအတွေးတွေက သင့်ကို ဆက်လက်ပြီး မနှိပ်စက်တော့မှာ ဖြစ်ပါတယ်။

ကြုံလာရတဲ့ ပြဿနာတွေ၊အာရုံနောက်စရာတွေကနေ ထွက်မပြေးဘဲ ဖြေရှင်းဖို့ နည်းလမ်းတွေ၊အကြံဉာဏ်တွေကို စဉ်းစားရမှာပဲ ဖြစ်ပါတယ်။

(၁) သင့်ကိုယ်သင် တန်ဖိုးချမပစ်လိုက်ပါနဲ့။

စိတ်တွင်းပဋိပက္ခဖြစ်ပွါးရခြင်းရဲ့ အဓိကအကြောင်းရင်းတခုက သင့်အနေနဲ့ ကိုယ့်တန်ဖိုး ကိုယ်ချလိုက်လို့ပါပဲ။ မသိစိတ်ထဲက သင့်အတွက်အကောင်းဆုံးလို့ ဆုံးဖြတ်သတ်မှတ်ပေးထားတာနဲ့ဆန့်ကျင်ပြီး လုပ်လိုက်မယ်ဆိုရင် သင့်စိတ်နဲ့ ခန္ဓာ စ,ပြီး တိုက်ပွဲ ဖြစ်ပါပြီ။ ဒီတော့ မှတ်ထားရမယ့်အချက်က သင်ယုံကြည်ရာ၊မှန်တယ်ထင်ရာကို ရဲရဲကြီးလုပ်ပါ။ တကယ်လို့ သင့်အနေနဲ့ ဒီတခါတော့ ကိုယ့်မသိစိတ်ရဲ့ လမ်းညွှန်မှုကို ဆန့်ကျင်ပြီး လုပ်လိုက်မိတယ်လို့ ထင်တယ်ဆိုရင် နောက်တခါ ဒါမျိုးမဖြစ်ပါစေနဲ့။ စိတ်တွင်းပဋိပက္ခဆိုတဲ့ အခြေအနေဟာ သင့်အနေနဲ့ နေ့တိုင်းလိုလို မိမိတန်ဖိုးကို ကိုယ်တိုင် ရိုက်ချိုးဖျက်ဆီးနေတဲ့ အခြေအနေမျိုးမှာပဲ ဖြစ်ပေါ်ပါတယ်။ အမှားသေးသေးကွေးကွေး ကျူးလွန်လိုက်မိတဲ့အချိန်မျိုးမှာ ဖြစ်ပေါ်တာ မဟုတ်ပါဘူး။

(၂) လုပ်သင့်တာကို လုပ်ပါ။

စိတ်တွင်းပဋိပက္ခကို ဖြစ်စေတဲ့ နောက်ထပ် အရေးကြီးတဲ့ အကြောင်းရင်းခံတခုက သင့်အနေနဲ့ လုပ်ကိုလုပ်ရမယ့်၊လုပ်သင့်တဲ့ လုပ်ငန်းဆောင်တာကိစ္စတွေကနေ ထွက်ပြေးနေတာကြောင့်ပဲ ဖြစ်ပါတယ်။ သင်ယုံကြည်တန်ဖိုးထားတာတွေ၊ရည်မှန်းချက်တွေ ဖြစ်မြောက်ဖို့အတွက် သင့်အနေနဲ့ အမြဲတမ်းကြိုးစားလုပ်ကိုင်နေရပါမယ်။ ဒီလိုတွေလုပ်ဖို့ ပျက်ကွက်တာ ဒါမှမဟုတ် ရည်မှန်းချက်ကို ဖြစ်မြောက်အောင်မလုပ်နိုင်တာ၊ချက်ချင်းထလုပ်လိုက်ရမယ့်အလုပ်ကို နေ့ရွှေ့ညရွှေ့လုပ်နေတာတွေဟာ ဆိုးရွားပြင်းထန်လှတဲ့ စိတ်တွင်းပဋိပက္ခဆီကို ဦးတည်စေပါတယ်။

(၃) သင့်စိတ်ထဲ ဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေကို ချရေးပါ။

သင့်ဦးနှောက်ထဲမှာ မရှိစေချင်တဲ့၊မလိုလားအပ်တဲ့ စိတ်ခံစားချက်တွေကို အန်ထုတ်ဖို့ အကောင်းဆုံးနည်းကတော့ ချရေးတာပဲ ဖြစ်ပါတယ်။ဒီလိုမျိုး ချရေးနေစဉ်ကာလမှာ သင့်အနေနဲ့ စိတ်ခံစားချက်တွေကို စာရွက်ပေါ် အန်ချ၊ထွေးချလိုက်ရသလို ခံစားရမှာပါ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် သင့်အနေနဲ့ စိတ်သက်သာရာ ရသွားမှာ ဖြစ်တဲ့အပြင် ကိုယ့်ကိုယ်ကိုလည်း ပိုနားလည်လာမှာ ဖြစ်တဲ့အတွက် စိတ်တွင်းပဋိပက္ခတွေကို အဆုံးသတ်ဖြေရှင်းဖို့ ဘယ်လိုမျိုးနည်းလမ်းတွေ အသုံးပြုသင့်တယ်ဆိုတာကို ပါ သဘောပေါက်သွားမှာ ဖြစ်ပါတယ်။

(၄) အမြဲကြိုတင်ပြင်ဆင်ပါ။

သင့်အနေနဲ့ အသက်တဖြည်းဖြည်း ကြီးလာတဲ့အခါ ဒါမှမဟုတ် ဘဝရဲ့ အရေးပါတဲ့ အချိုးအကွေ့တွေတိုင်းမှာ (ဥပမာ ဆယ်တန်းအောင်ပြီးလို့ တက္ကသိုလ်တက်တာ၊ဘွဲ့ရပြီးလို့ အလုပ်ဝင်တာ) သင့်ကိုယ်သင် ဘေးနားက အပေါင်းအသင်းတွေနဲ့ ချိန်ထိုး နှိုင်းယှဉ်မိမှာပဲ ဖြစ်ပါတယ်။ ဒီလို အနေအထားမျိုးတွေမှာ သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာအရ ကြိုတင်ပြင်ဆင်ထားပြီးသားဆိုရင် မထောင်းသာပေမယ့် မပြင်မဆင်နဲ့ ဆိုရင်တော့ သင့်အနေနဲ့ ဘဝရဲ့ အချိုးအကွေ့တွေ ရောက်တိုင်းမှာ စိတ်တွင်းပဋိပက္ခဖြစ်တာနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top