ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

သမီးသိပ္ခ်စ္ရတဲ့…

ခ်စ္သူၾကင္ယာျဖစ္ေနပါေစ

မွန္တာေျပာရရင္..

သမီး အသည္းမလွဴဝံ့ပါေဖေဖ။

မိဖဆိုတာက..

အနေႏၱာ အနႏၱငါးပါးထဲမွာ

တစ္ပါးအပါးအဝင္မဟုတ္လား။

အႏႈိင္းမဲ့ ​ေက်းဇူး႐ွင္ေတြမို႔လား။

ၿပီးေတာ့လည္း..

သည္ေဖေဖက

သမီးတို႔ေတြရဲ႕ ဘဝေတြ

အစစအရာရာျပည့္စုံေစခဲ့တယ္။

သမီးတို႔ေၾကာင့္..

ေဖေဖဂုဏ္တက္ရတာ..

နည္းမွာျဖစ္ေပမယ့္

ခ်စ္ေဖေဖေၾကာင့္ သမီးတို႔

ဘယ္ကိုသြားသြား

မ်က္ႏွာမငယ္ ဂုဏ္မငယ္ခဲ့ပါေဖေဖ။

ေဖေဖ ေမေမ႐ွာေဖြခဲ့ေပးတာေတြ

သမီးတို႔ ညီအမေတြ အတြက္ခ်ည္းပဲေလ။

စီးပြားေရး အဆင္မေျပခင္က

ေဖေဖ ေမေမတို႔လည္း႐ုန္းကန္ခဲ့ရတယ္။

အသည္းလွဴၾကဖို႔ စဥ္းစားၾကေတာ့

အခြင့္အေရးရခဲ့တဲ့

ညီအမ ေလးေယာက္မွာ

သမီးက ကံအေကာင္းဆုံးပါေဖေဖ။

က်န္ မမေတြက ကေလးအေမေတြ

ျဖစ္ေနၾကၿပီေလ။

ကံေကာင္းျခင္းနဲ႔အတူ

ဖခင္ကို ေက်းဇူးဆပ္ခြင့္ရျခင္း ဆိုတဲ့

ၾကည္ႏူးဝမ္းသာမႈေတြက

ဘယ္လို ပီတီနဲ႔မွ မတူဘူးေနာ္ေဖေဖ။

သမီးတို႔ အိႏၵိယကိုေရာက္ေတာ့

Psycho Test ေတြ ေျဖရတယ္။

အသည္းလွဴျခင္းအားျဖင့္..

ျဖစ္ေပၚလာႏိုင္တာေတြ ေျပာျပၿပီး

ျပန္ေမးခဲ့ပါတယ္။

တရား႐ုံးမွာေရာ ေဆး႐ုံမွာပါေပါ့။

မည္သူတစ္ဦးတစ္ေယာက္ရဲ႕

တိုက္တြန္း ႏႈိးေဆာ္မႈေၾကာင့္

ၿခိမ္းေျခာက္မႈေၾကာင့္ လွဴတာပါလဲတဲ့။

လူသုံးရာမွာ တစ္ေယာက္ေလာက္..

အသည္းလွဴရင္း အသက္ဆုံးတတ္တာကို

ေသခ်ာသိထားပါသလားတဲ့။

ဝမ္းဘိုက္မွာ ေသရာပါတဲ့အထိ

အမာရြတ္ႀကီး ရသြားမွာေရာ

ေကာင္းေကာင္းသိထားပါသလားတဲ့။

အသည္းလွဴၿပီး နာတာ႐ွည္

ေဝဒနာသည္လည္းျဖစ္ႏိုင္တာကို

နားလည္သေဘာေပါက္ပါသလားတဲ့။

တစ္ခ်ဳိ့က ဒီေမးခြန္းေတြေမးေတာ့

လန္႔ၿပီး မလွဴရဲၾကေတာ့ဘူးေလ..

သမီးကေတာ့ ေဖ့ေဖ့သမီးမဟုတ္လား။

အစကတည္းက အသက္စြန္႔ရစြန္႔ရ

ဒုကၡိတျဖစ္ရျဖစ္ရ အ႐ုပ္ပဲဆိုးဆိုး

လုံးဝမေျပာင္းလဲဘူးေပါ့ေဖေဖရယ္။

သည္လိုနဲ႔ပဲ ..

သမီး ကုသိုလ္ျပဳခြင့္ရခဲ့ပါၿပီ။

ဘယ္ေလာက္နာတယ္ဆိုတာ

လွဴဖူးသူမွ သိၾကမွာပါ။

ဒါေပမယ့္ သမီးအတြက္က

စာမဖြဲ႔ေလာက္ပါဘူးေဖေဖ။

ဝမ္းဘိုက္မွာ က်န္ေနခဲ့တဲ့

L shape အမာရြတ္ႀကီးကလည္း

သမီးဘဝအတြက္ ၾကည္ႏူးစရာ

ဂုဏ္ျပဳမွတ္တမ္းပါပဲ။

သမီးေပးတဲ့ အသည္းအသစ္နဲ႔

ခ်စ္ေဖေဖတစ္ေယာက္..

က်န္းမာေနတာေတြ႔ရတာေလာက္

စိတ္ခ်မ္းသာရတာ

သမီးဘဝမွာ မ႐ွိေတာ့ပါဘူးေဖေဖ။

ေဖေဖ က်န္းက်န္းမာမာ

သာသနာ့အက်ဳိး

ပရဟိတအက်ဳိး

တိုင္းျပည္အက်ဳိး

အမ်ဳိးဘာသာအက်ဳိး

မိသားစုအက်ဳိးေတြ…

ဆထက္တံပိုး ရြက္ေဆာင္ႏိုင္ပါေစ

သမီး ခ်စ္တဲ့ ခ်စ္ေဖေဖရယ္။

အသည္းအလွဴ႐ွင္ သားသမီးမ်ားကိုယ္စား

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သမီး ခ်စ္ခ်စ္ ( မေကခိုင္ယု )

# Unicode Version ျဖင့္ ဖတ္ပါ #
သမီးသိပ်ချစ်ရတဲ့…

ချစ်သူကြင်ယာဖြစ်နေပါစေ

မှန်တာပြောရရင်..

သမီး အသည်းမလှူဝံ့ပါဖေဖေ။

မိဖဆိုတာက..

အနန္တော အနန္တငါးပါးထဲမှာ

တစ်ပါးအပါးအဝင်မဟုတ်လား။

အနှိုင်းမဲ့ ကျေးဇူးရှင်တွေမို့လား။

ပြီးတော့လည်း..

သည်ဖေဖေက

သမီးတို့တွေရဲ့ ဘဝတွေ

အစစအရာရာပြည့်စုံစေခဲ့တယ်။

သမီးတို့ကြောင့်..

ဖေဖေဂုဏ်တက်ရတာ..

နည်းမှာဖြစ်ပေမယ့်

ချစ်ဖေဖေကြောင့် သမီးတို့

ဘယ်ကိုသွားသွား

မျက်နှာမငယ် ဂုဏ်မငယ်ခဲ့ပါဖေဖေ။

ဖေဖေ မေမေရှာဖွေခဲ့ပေးတာတွေ

သမီးတို့ ညီအမတွေ အတွက်ချည်းပဲလေ။

စီးပွားရေး အဆင်မပြေခင်က

ဖေဖေ မေမေတို့လည်းရုန်းကန်ခဲ့ရတယ်။

အသည်းလှူကြဖို့ စဉ်းစားကြတော့

အခွင့်အရေးရခဲ့တဲ့

ညီအမ လေးယောက်မှာ

သမီးက ကံအကောင်းဆုံးပါဖေဖေ။

ကျန် မမတွေက ကလေးအမေတွေ

ဖြစ်နေကြပြီလေ။

ကံကောင်းခြင်းနဲ့အတူ

ဖခင်ကို ကျေးဇူးဆပ်ခွင့်ရခြင်း ဆိုတဲ့

ကြည်နူးဝမ်းသာမှုတွေက

ဘယ်လို ပီတီနဲ့မှ မတူဘူးနော်ဖေဖေ။

သမီးတို့ အိန္ဒိယကိုရောက်တော့

Psycho Test တွေ ဖြေရတယ်။

အသည်းလှူခြင်းအားဖြင့်..

ဖြစ်ပေါ်လာနိုင်တာတွေ ပြောပြပြီး

ပြန်မေးခဲ့ပါတယ်။

တရားရုံးမှာရော ဆေးရုံမှာပါပေါ့။

မည်သူတစ်ဦးတစ်ယောက်ရဲ့

တိုက်တွန်း နှိုးဆော်မှုကြောင့်

ခြိမ်းခြောက်မှုကြောင့် လှူတာပါလဲတဲ့။

လူသုံးရာမှာ တစ်ယောက်လောက်..

အသည်းလှူရင်း အသက်ဆုံးတတ်တာကို

သေချာသိထားပါသလားတဲ့။

ဝမ်းဘိုက်မှာ သေရာပါတဲ့အထိ

အမာရွတ်ကြီး ရသွားမှာရော

ကောင်းကောင်းသိထားပါသလားတဲ့။

အသည်းလှူပြီး နာတာရှည်

ဝေဒနာသည်လည်းဖြစ်နိုင်တာကို

နားလည်သဘောပေါက်ပါသလားတဲ့။

တစ်ချို့က ဒီမေးခွန်းတွေမေးတော့

လန့်ပြီး မလှူရဲကြတော့ဘူးလေ..

သမီးကတော့ ဖေ့ဖေ့သမီးမဟုတ်လား။

အစကတည်းက အသက်စွန့်ရစွန့်ရ

ဒုက္ခိတဖြစ်ရဖြစ်ရ အရုပ်ပဲဆိုးဆိုး

လုံးဝမပြောင်းလဲဘူးပေါ့ဖေဖေရယ်။

သည်လိုနဲ့ပဲ ..

သမီး ကုသိုလ်ပြုခွင့်ရခဲ့ပါပြီ။

ဘယ်လောက်နာတယ်ဆိုတာ

လှူဖူးသူမှ သိကြမှာပါ။

ဒါပေမယ့် သမီးအတွက်က

စာမဖွဲ့လောက်ပါဘူးဖေဖေ။

ဝမ်းဘိုက်မှာ ကျန်နေခဲ့တဲ့

L shape အမာရွတ်ကြီးကလည်း

သမီးဘဝအတွက် ကြည်နူးစရာ

ဂုဏ်ပြုမှတ်တမ်းပါပဲ။

သမီးပေးတဲ့ အသည်းအသစ်နဲ့

ချစ်ဖေဖေတစ်ယောက်..

ကျန်းမာနေတာတွေ့ရတာလောက်

စိတ်ချမ်းသာရတာ

သမီးဘဝမှာ မရှိတော့ပါဘူးဖေဖေ။

ဖေဖေ ကျန်းကျန်းမာမာ

သာသနာ့အကျိုး

ပရဟိတအကျိုး

တိုင်းပြည်အကျိုး

အမျိုးဘာသာအကျိုး

မိသားစုအကျိုးတွေ…

ဆထက်တံပိုး ရွက်ဆောင်နိုင်ပါစေ

သမီး ချစ်တဲ့ ချစ်ဖေဖေရယ်။

အသည်းအလှူရှင် သားသမီးများကိုယ်စား

ဖိုးသူတော် (www.phothutaw.com)
Credit: သမီး ချစ်ချစ် ( မကေခိုင်ယု )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top