ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ႏွစ္ေယာက္စလံုးကို ခ်စ္တယ္ ၊ ႏွစ္ေယာက္လံုးကလည္း ခ်စ္တယ္ဆိုတဲ့ အျဖစ္ေတြၾကံဳဖူးၾကမွာေပါ့ေနာ္။ ဒါမွမဟုတ္ အားလံုးက ဝိုင္းခ်စ္ၾကတယ္ဆိုတာမ်ိဳးေတြလည္း ၾကံဳဖူးၾကမွာေပါ့။ အဲလို ဝိုင္းဝိုင္းလည္လာတဲ့အခါ ဘယ္သူကို ေရြးခ်ယ္ရမလဲ မသိ၊ ဟိုလူ႕ကို ခ်စ္သလိုလို ၊ ဒီလူ႔ကို ခ်စ္သလိုလို နဲ႔ ကိုယ္စိတ္ကိုယ္ ဘာမွန္းမသိပဲ ျဖစ္ေနတတ္ပါတယ္။ တစ္ခါတစ္ေလဆို စိတ္ရႈပ္လာၿပီး ေတာ္ျပီဟာ.. ဘယ္သူ႔မွ မေရြးေတာ့ဘူး ဆိုျပီး အပ်ိဳႀကီးဘဝနဲ႔ အရုိးထုတ္သြားရတာမ်ိဳးလဲ ျဖစ္တတ္ပါတယ္။ အဲ့လို အေျခအေနေတြ ၾကံဳလာတဲ့အခါ ၊ ဘယ္သူ႔ကို ေရြးခ်ယ္ရမလဲ မသိတဲ့အခါ ဒီအခ်က္ေလးေတြနဲ႔ စဥ္းစားၾကည့္ပါ။

၁။ ကိုယ္ဘာလို႔ႀကိဳက္လဲဆိုတာ စဥ္းစားပါ။

သူတို႔ကို ကိုယ္ဘာလို႔ႀကိဳက္လဲ ဆိုတဲ့ အခ်က္ေလးေတြ စဥ္းစားၾကည့္ပါ။  ကိုယ့္ကို ေပ်ာ္ေအာင္ထားလို႔လား။ အရပ္ရွည္လို႔လား။ အရမ္း ဂရုစိုက္ေပးလို႔လား ။ ကိုယ္ဘာလို႔ႀကိဳက္လဲဆိုတဲ့ အခ်က္ေတြကို သိတဲ့အခါ ဘယ္သူ႔ကို ေရြးခ်ယ္ရမလဲဆိုတာ ဆံုးျဖတ္ဖို႔ ပိုလြယ္သြားပါတယ္။ အျပင္ပန္း အသြင္အျပင္ေၾကာင့္လား ၊ ရင္တြင္းစိတ္ခံစားခ်က္ေၾကာင့္ ႀကိဳက္တာလား ဆိုတာကြဲျပားေအာင္ လုပ္ပါ။

၂။ ကိုယ္မႀကိဳက္တဲ့အခ်က္ေတြလည္း စဥ္းစားပါ။

တစ္ေယာက္ခ်င္းစီမွာ ကိုယ္မႀကိဳက္တဲ့အခ်က္က ဘာလဲဆိုတာလည္း စဥ္းစားပါ။ တစ္ကိုယ္ေကာင္းဆန္တဲ့ အက်င့္ကို မႀကိဳက္တာလား။ အလုပ္အရမ္းမ်ားေနတတ္တာကို မႀကိဳက္တာလား စဥ္းစားပါ။ အဲဒီအခ်က္ေတြကို ကိုယ္က သည္းခံေပးနိုင္လားဆိုတာလည္း စဥ္းစားပါ။ ကိုယ္သည္းမခံနိုင္တဲ့ အက်င့္ေတြရွိေနတာကို ခ်စ္လို႔ဆိုတဲ့ အေၾကာင္းျပခ်က္တစ္ခုတည္းနဲ႔ လက္ခံလိုက္ရင္ တစ္ခ်ိန္မဟုတ္တစ္ခ်ိန္ ျပႆနာတက္လာနိုင္ပါတယ္။

၃။ေရရွည္ကိုၾကည့္ပါ။

ကိုယ္က အၾကာႀကီး လက္တြဲဖို႔ ဆံုးျဖတ္ထားတယ္ ဆိုရင္ေတာ့ ေရရွည္ကိုၾကည့္ပါ။ အခု ခဏေလး အဆင္ေျပေနတာနဲ႔ပဲ သူနဲ႔က ပိုအဆင္ေျပတယ္ဆိုၿပီး ဆံုးျဖတ္ခ်က္မခ်ပါနဲ႔။ ေရရွည္ထိ အဆင္ေျပနိုင္လား ဆိုတာ ေတြးပါ။

၄။ အခ်ိန္ယူ စဥ္းစားပါ။

အလ်င္မလိုပါနဲ႔။ ေသခ် အခ်ိန္ယူ ေစာင့္ၾကည့္ၿပီး ဆံုးျဖတ္ပါ။ အလ်င္လိုရင္ ဘယ္ဆံုးျဖတ္ခ်က္မဆို မွားယြင္းသြားနိင္တယ္ေလ။ အခ်ိန္ၾကာလာတဲ့အခါမွာ သူတို႔ရဲ႕ ဖံုးကြယ္ထားတဲ့ အက်င့္ေတြဟာ ဘူးေပၚသလိုေပၚလာမွာပါ။ အဲဒီအခါ ကိုယ့္ကိုတကယ္ ခ်စ္ျမတ္နိုးတာ ဘယ္တစ္ေယာက္လဲ ဆိုတာ သိသာလာမွာပါ။

၅။ ကိုယ့္စိတ္ကို ေသခ်ာဆန္းစစ္ပါ။

ကိုယ့္စိတ္က ေသခ်ာဖို႔လည္း လိုပါတယ္။ ဒီတစ္ေယာက္ကို ေရြးခ်ယ္ၿပီးၿပီဆိုရင္ ဒီတစ္ေယာက္ကိုပဲ ခ်စ္ပါ။ ေရြးခ်ယ္ၿပီးခ်ိန္မွာ စိတ္ႏွစ္ခြ မျဖစ္ပါနဲ႔။ ျပတ္သားပါ။

၆။သူငယ္ခ်င္းေတြဆီက အၾကံေတာင္းပါ။

သူငယ္ခ်င္းေတြရဲ႕ ထင္ျမင္ခ်က္ကို ေမးၾကည့္ပါ။ ဒါေပမယ့္ ဘယ္တစ္ေယာက္ကို ေရြးရမလဲေတာ့ မေမးပါနဲ႔။ တြဲရမွာက ကိုယ္နဲ႔ပါ။ သူငယ္ခ်င္းေတြနဲ႔ မဟုတ္ပါဘူး။ ထင္ျမင္ခ်က္ပဲ ေတာင္းခံပါ။ မေရြးခိုင္းပါနဲ႔။

ဒီလိုအေျခအေနမ်ိဳးက တကယ္ရႈပ္ေထြးပါတယ္။ ၾကံဳလာတဲ့အခါ ေခါင္းေအးေအးထားၿပီး ေသခ်ာေရြးခ်ယ္ စဥ္းစားပါ။ ေယာင္းတို႔ မွန္ကန္တဲ့လူကို ေရြးခ်ယ္နိုင္ပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hana (For Her Myanmar)

# Unicode Version ျဖင့္ ဖတ္ပါ #

နှစ်ယောက်စလုံးကို ချစ်တယ် ၊ နှစ်ယောက်လုံးကလည်း ချစ်တယ်ဆိုတဲ့ အဖြစ်တွေကြုံဖူးကြမှာပေါ့နော်။ ဒါမှမဟုတ် အားလုံးက ဝိုင်းချစ်ကြတယ်ဆိုတာမျိုးတွေလည်း ကြုံဖူးကြမှာပေါ့။ အဲလို ဝိုင်းဝိုင်းလည်လာတဲ့အခါ ဘယ်သူကို ရွေးချယ်ရမလဲ မသိ၊ ဟိုလူ့ကို ချစ်သလိုလို ၊ ဒီလူ့ကို ချစ်သလိုလို နဲ့ ကိုယ်စိတ်ကိုယ် ဘာမှန်းမသိပဲ ဖြစ်နေတတ်ပါတယ်။ တစ်ခါတစ်လေဆို စိတ်ရှုပ်လာပြီး တော်ပြီဟာ.. ဘယ်သူ့မှ မရွေးတော့ဘူး ဆိုပြီး အပျိုကြီးဘဝနဲ့ အရိုးထုတ်သွားရတာမျိုးလဲ ဖြစ်တတ်ပါတယ်။ အဲ့လို အခြေအနေတွေ ကြုံလာတဲ့အခါ ၊ ဘယ်သူ့ကို ရွေးချယ်ရမလဲ မသိတဲ့အခါ ဒီအချက်လေးတွေနဲ့ စဉ်းစားကြည့်ပါ။

၁။ ကိုယ်ဘာလို့ကြိုက်လဲဆိုတာ စဉ်းစားပါ။

သူတို့ကို ကိုယ်ဘာလို့ကြိုက်လဲ ဆိုတဲ့ အချက်လေးတွေ စဉ်းစားကြည့်ပါ။  ကိုယ့်ကို ပျော်အောင်ထားလို့လား။ အရပ်ရှည်လို့လား။ အရမ်း ဂရုစိုက်ပေးလို့လား ။ ကိုယ်ဘာလို့ကြိုက်လဲဆိုတဲ့ အချက်တွေကို သိတဲ့အခါ ဘယ်သူ့ကို ရွေးချယ်ရမလဲဆိုတာ ဆုံးဖြတ်ဖို့ ပိုလွယ်သွားပါတယ်။ အပြင်ပန်း အသွင်အပြင်ကြောင့်လား ၊ ရင်တွင်းစိတ်ခံစားချက်ကြောင့် ကြိုက်တာလား ဆိုတာကွဲပြားအောင် လုပ်ပါ။

၂။ ကိုယ်မကြိုက်တဲ့အချက်တွေလည်း စဉ်းစားပါ။

တစ်ယောက်ချင်းစီမှာ ကိုယ်မကြိုက်တဲ့အချက်က ဘာလဲဆိုတာလည်း စဉ်းစားပါ။ တစ်ကိုယ်ကောင်းဆန်တဲ့ အကျင့်ကို မကြိုက်တာလား။ အလုပ်အရမ်းများနေတတ်တာကို မကြိုက်တာလား စဉ်းစားပါ။ အဲဒီအချက်တွေကို ကိုယ်က သည်းခံပေးနိုင်လားဆိုတာလည်း စဉ်းစားပါ။ ကိုယ်သည်းမခံနိုင်တဲ့ အကျင့်တွေရှိနေတာကို ချစ်လို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ လက်ခံလိုက်ရင် တစ်ချိန်မဟုတ်တစ်ချိန် ပြဿနာတက်လာနိုင်ပါတယ်။

၃။ရေရှည်ကိုကြည့်ပါ။

ကိုယ်က အကြာကြီး လက်တွဲဖို့ ဆုံးဖြတ်ထားတယ် ဆိုရင်တော့ ရေရှည်ကိုကြည့်ပါ။ အခု ခဏလေး အဆင်ပြေနေတာနဲ့ပဲ သူနဲ့က ပိုအဆင်ပြေတယ်ဆိုပြီး ဆုံးဖြတ်ချက်မချပါနဲ့။ ရေရှည်ထိ အဆင်ပြေနိုင်လား ဆိုတာ တွေးပါ။

၄။ အချိန်ယူ စဉ်းစားပါ။

အလျင်မလိုပါနဲ့။ သေချ အချိန်ယူ စောင့်ကြည့်ပြီး ဆုံးဖြတ်ပါ။ အလျင်လိုရင် ဘယ်ဆုံးဖြတ်ချက်မဆို မှားယွင်းသွားနိင်တယ်လေ။ အချိန်ကြာလာတဲ့အခါမှာ သူတို့ရဲ့ ဖုံးကွယ်ထားတဲ့ အကျင့်တွေဟာ ဘူးပေါ်သလိုပေါ်လာမှာပါ။ အဲဒီအခါ ကိုယ့်ကိုတကယ် ချစ်မြတ်နိုးတာ ဘယ်တစ်ယောက်လဲ ဆိုတာ သိသာလာမှာပါ။

၅။ ကိုယ့်စိတ်ကို သေချာဆန်းစစ်ပါ။

ကိုယ့်စိတ်က သေချာဖို့လည်း လိုပါတယ်။ ဒီတစ်ယောက်ကို ရွေးချယ်ပြီးပြီဆိုရင် ဒီတစ်ယောက်ကိုပဲ ချစ်ပါ။ ရွေးချယ်ပြီးချိန်မှာ စိတ်နှစ်ခွ မဖြစ်ပါနဲ့။ ပြတ်သားပါ။

၆။သူငယ်ချင်းတွေဆီက အကြံတောင်းပါ။

သူငယ်ချင်းတွေရဲ့ ထင်မြင်ချက်ကို မေးကြည့်ပါ။ ဒါပေမယ့် ဘယ်တစ်ယောက်ကို ရွေးရမလဲတော့ မမေးပါနဲ့။ တွဲရမှာက ကိုယ်နဲ့ပါ။ သူငယ်ချင်းတွေနဲ့ မဟုတ်ပါဘူး။ ထင်မြင်ချက်ပဲ တောင်းခံပါ။ မရွေးခိုင်းပါနဲ့။

ဒီလိုအခြေအနေမျိုးက တကယ်ရှုပ်ထွေးပါတယ်။ ကြုံလာတဲ့အခါ ခေါင်းအေးအေးထားပြီး သေချာရွေးချယ် စဉ်းစားပါ။ ယောင်းတို့ မှန်ကန်တဲ့လူကို ရွေးချယ်နိုင်ပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: Hana (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top