ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

အသီးအရြက္မ်ားမ်ားစားဖို႔ ဆရာဝန္ေတြနဲ႔ အာဟာရေဗဒပညာ႐ွင္ေတြက တိုက္တြန္းတာကို ၾကားဖူး၊ ဖတ္ဖူးၾကမွာေပါ့။ ဒါေပမယ့္ ဘယ္အခ်ိန္မွာ ဘယ္လိုအသီးအႏွံမ်ိဳးကို စားသင့္တာလဲ။ ဘယ္လိုအေျခအေနမ်ိဳးမွာ ဘယ္လိုအသီးအႏွံမ်ိဳးကို စားသင့္တာလဲ။ ဒါေတြကိုလည္း သိထားသင့္ပါတယ္။ ယေန႔မွာေတာ့ အသားအေရလွပေစဖို႔အတြက္ စားသံုးသင့္တဲ့ သီးႏွံေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
၁။ သေဘၤာသီး
Image result for papaya
အဝါေရာင္အဆင္းနဲ႔ ေတာက္ပတဲ့အသီးေလးဟာ ဗိုက္တာမင္၊ သတၳဳဓာတ္နဲ႔ papain လိုမ်ိဳး အင္ဇိုင္းေတြ ၾကြယ္ဝၿပီး အေရျပားကို ထိခိုက္ဒဏ္ရာရျခင္းမွ ကာကြယ္ေပးပါတယ္။ ေနာက္ၿပီး သေဘၤာသီးက အေရျပားေပၚက အမာရြတ္နဲ႔ နာက်င္ျခင္းေတြကုိလည္း ေလ်ာ့ပါးသက္သာေစပါတယ္။ ဒါေၾကာင့္ အသားအေရလွခ်င္ရင္ အဆီမ်ားတဲ့ အစားအစာေတြအစား သေဘၤာသီးကို အစားထိုးသင့္ပါတယ္။ အသားအေရလွခ်င္ရင္ သေဘၤာသီးေတြကို စားေပးလို႔ရသလို အေရျပားေပၚမွာ mask တစ္မ်ိဳးအျဖစ္ အံုထားေပးႏိုင္ပါတယ္။
၂။ သခြားသီး
Image result for cucumber
ေရဓာတ္ၾကြယ္ဝတဲ့ ဒီအစိမ္းေရာင္အသီးေလးကေတာ့ အေရျပားကိုေအးျမေစတဲ့ အက်ိဳးသက္ေရာက္မႈေတြကို ေပးစြမ္းႏိုင္ပါတယ္။ ဗိုက္တာမင္ေကနဲ႔ ဗိုက္တာမင္စီလည္း ၾကြယ္ဝတဲ့အတြက္ အသားအေရကို ျဖဴစင္ဝင္းပေစႏိုင္ပါတယ္။ ဒါေၾကာင့္ အာလူးေၾကာ္ေတြ၊ ကိုလာေတြအစား သခြားသီးမ်ားမ်ား စားေပးသင့္ပါတယ္။ သခြားသီးကုိ သံပုရာသီး၊ ဆားတို႔နဲ႔ေရာၿပီး detox တစ္မ်ိဳးအျဖစ္ ေသာက္ေပးမယ္ဆိုရင္လည္း အသားအေရကို ပိုလွေစပါတယ္။
၃။ သံပု႐ာသီး
Related image
ကိုယ္တြင္းအဆိပ္အေတာက္ေတြဟာ အသားအေရလွပေရးကို အက်ိဳးသက္ေရာက္မႈ ႐ွိႏိုင္ပါတယ္။ ဒါေၾကာင့္ အသားအေရလွခ်င္ရင္ ကိုယ္တြင္းအဆိပ္အေတာက္ေတြကို ႐ွင္းလင္းေပးဖို႔ လိုပါတယ္။ မနက္မိုးလင္းရင္ ေရေႏြးေလးတစ္ခြက္ထဲမွာ သံပုရာသီး တစ္ျခမ္းေလာက္ ညွစ္ၿပီးေသာက္ေပးမယ္ဆိုရင္ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကုိ ႐ွင္းလင္းေပးႏိုင္ပါတယ္။ ေနာက္ၿပီး သံပရိုသီးအခြံနဲ႔ သၾကားနဲ႔ေရာၿပီး အေရျပားေပၚက မဲေနတဲ့ေနရာေတြကို ပြတ္ေပးမယ္ဆိုရင္လည္း ျပန္လည္ျဖဴေဖြး လာေစႏိုင္ပါတယ္။
၄။ ငွက္ေပ်ာသီး
Related image
ဗိုက္တာမင္ ေအ၊ စီ၊ အီး၊ ေကတို႔ ၾကြယ္ဝတဲ့ အသီးျဖစ္တဲ့ ငွက္ေပ်ာသီးကေတာ့ အပူေလာင္ဒဏ္ရာနဲ႔ အေရျပားအမာရြတ္ေတြကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။ ေနာက္ၿပီး ငွက္ေပ်ာသီးဟာ ခြန္အားကိုလည္း တိုးေစႏိုင္ပါတယ္။ ဒါေၾကာင့္ ငွက္ေပ်ာသီးကုိ စားလည္းစားေပး၊ အေရျပားေပၚမွာလည္း လိမ္းေပးႏိုင္ပါတယ္။
၅။ စေတာ္ဘယ္ရီသီး
Image result for strawberry
မ်က္ႏွာျပင္ေပၚမွာ ခ်ိဳင့္ခြက္ပလပြနဲ႔ စေတာ္ဘယ္ရီသီးလိုု အသီးမ်ိဳးမွာ အသားအေရကိုလွပေစတဲ့ အာနိသင္ေတြ ပါဝင္ေနလိမ့္မယ္လို႔ ဘယ္သူထင္ထားမလဲကြယ္။ မနက္ခင္းအခ်ိန္မွာ စေတာ္ဘယ္ရီသီးကို ေဖ်ာ္ေသာက္ေပးတာတို႔၊ စေတာ္ဘယ္ရီသီးကို ေခ်ၿပီး အေရျပားေပၚမွာ လိမ္းေပးျခင္းတို႔က အသားအေရကို အလ်င္အျမန္ျပန္လည္လွပေစပါတယ္။
၆။ ဖရဲသီး

ဖရဲသီးကလည္း ကမၻာေပၚမွာေရဓာတ္အၾကြယ္ဝဆံုး အသီးတစ္မ်ိဳးုုျဖစ္ပါတယ္။ ဒါေၾကာင့္ ခႏၶာကုိယ္ထဲက အဆိပ္အေတာက္ ေတြကိုလည္း ခႏၶာကိုယ္ျပင္ပေရာက္ေအာင္ ပို႔ေဆာင္ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ အဆီျပန္တဲ့ အသားအေရပိုင္႐ွင္ေတြဟာ ဖရဲသီးပံုမွန္စားေပးသင့္ပါတယ္။ ေနာက္တစ္နည္းကေတာ့ ဖရဲသီးေဖ်ာ္ရည္ကို ႏွင္းဆီေရနဲ႔ ေရာၿပီးလိမ္းေပးျခင္းကလည္း အသားအေရကို ပိုမိုလွပေစပါတယ္။

Source: Youngisthan
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
အသီးအရွက်များများစားဖို့ ဆရာဝန်တွေနဲ့ အာဟာရဗေဒပညာရှင်တွေက တိုက်တွန်းတာကို ကြားဖူး၊ ဖတ်ဖူးကြမှာပေါ့။ ဒါပေမယ့် ဘယ်အချိန်မှာ ဘယ်လိုအသီးအနှံမျိုးကို စားသင့်တာလဲ။ ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လိုအသီးအနှံမျိုးကို စားသင့်တာလဲ။ ဒါတွေကိုလည်း သိထားသင့်ပါတယ်။ ယနေ့မှာတော့ အသားအရေလှပစေဖို့အတွက် စားသုံးသင့်တဲ့ သီးနှံတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ သင်္ဘောသီး

အဝါရောင်အဆင်းနဲ့ တောက်ပတဲ့အသီးလေးဟာ ဗိုက်တာမင်၊ သတ္ထုဓာတ်နဲ့ papain လိုမျိုး အင်ဇိုင်းတွေ ကြွယ်ဝပြီး အရေပြားကို ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ပေးပါတယ်။ နောက်ပြီး သင်္ဘောသီးက အရေပြားပေါ်က အမာရွတ်နဲ့ နာကျင်ခြင်းတွေကိုလည်း လျော့ပါးသက်သာစေပါတယ်။ ဒါကြောင့် အသားအရေလှချင်ရင် အဆီများတဲ့ အစားအစာတွေအစား သင်္ဘောသီးကို အစားထိုးသင့်ပါတယ်။ အသားအရေလှချင်ရင် သင်္ဘောသီးတွေကို စားပေးလို့ရသလို အရေပြားပေါ်မှာ mask တစ်မျိုးအဖြစ် အုံထားပေးနိုင်ပါတယ်။
၂။ သခွားသီး

ရေဓာတ်ကြွယ်ဝတဲ့ ဒီအစိမ်းရောင်အသီးလေးကတော့ အရေပြားကိုအေးမြစေတဲ့ အကျိုးသက်ရောက်မှုတွေကို ပေးစွမ်းနိုင်ပါတယ်။ ဗိုက်တာမင်ကေနဲ့ ဗိုက်တာမင်စီလည်း ကြွယ်ဝတဲ့အတွက် အသားအရေကို ဖြူစင်ဝင်းပစေနိုင်ပါတယ်။ ဒါကြောင့် အာလူးကြော်တွေ၊ ကိုလာတွေအစား သခွားသီးများများ စားပေးသင့်ပါတယ်။ သခွားသီးကို သံပုရာသီး၊ ဆားတို့နဲ့ရောပြီး detox တစ်မျိုးအဖြစ် သောက်ပေးမယ်ဆိုရင်လည်း အသားအရေကို ပိုလှစေပါတယ်။
၃။ သံပုရာသီး

ကိုယ်တွင်းအဆိပ်အတောက်တွေဟာ အသားအရေလှပရေးကို အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ ဒါကြောင့် အသားအရေလှချင်ရင် ကိုယ်တွင်းအဆိပ်အတောက်တွေကို ရှင်းလင်းပေးဖို့ လိုပါတယ်။ မနက်မိုးလင်းရင် ရေနွေးလေးတစ်ခွက်ထဲမှာ သံပုရာသီး တစ်ခြမ်းလောက် ညှစ်ပြီးသောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ရှင်းလင်းပေးနိုင်ပါတယ်။ နောက်ပြီး သံပရိုသီးအခွံနဲ့ သကြားနဲ့ရောပြီး အရေပြားပေါ်က မဲနေတဲ့နေရာတွေကို ပွတ်ပေးမယ်ဆိုရင်လည်း ပြန်လည်ဖြူဖွေး လာစေနိုင်ပါတယ်။
၄။ ငှက်ပျောသီး

ဗိုက်တာမင် အေ၊ စီ၊ အီး၊ ကေတို့ ကြွယ်ဝတဲ့ အသီးဖြစ်တဲ့ ငှက်ပျောသီးကတော့ အပူလောင်ဒဏ်ရာနဲ့ အရေပြားအမာရွတ်တွေကို ပျောက်ကင်းစေနိုင်ပါတယ်။ နောက်ပြီး ငှက်ပျောသီးဟာ ခွန်အားကိုလည်း တိုးစေနိုင်ပါတယ်။ ဒါကြောင့် ငှက်ပျောသီးကို စားလည်းစားပေး၊ အရေပြားပေါ်မှာလည်း လိမ်းပေးနိုင်ပါတယ်။
၅။ စတော်ဘယ်ရီသီး

မျက်နှာပြင်ပေါ်မှာ ချိုင့်ခွက်ပလပွနဲ့ စတော်ဘယ်ရီသီးလိုု အသီးမျိုးမှာ အသားအရေကိုလှပစေတဲ့ အာနိသင်တွေ ပါဝင်နေလိမ့်မယ်လို့ ဘယ်သူထင်ထားမလဲကွယ်။ မနက်ခင်းအချိန်မှာ စတော်ဘယ်ရီသီးကို ဖျော်သောက်ပေးတာတို့၊ စတော်ဘယ်ရီသီးကို ချေပြီး အရေပြားပေါ်မှာ လိမ်းပေးခြင်းတို့က အသားအရေကို အလျင်အမြန်ပြန်လည်လှပစေပါတယ်။
၆။ ဖရဲသီး

ဖရဲသီးကလည်း ကမ္ဘာပေါ်မှာရေဓာတ်အကြွယ်ဝဆုံး အသီးတစ်မျိုးုုဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက် တွေကိုလည်း ခန္ဓာကိုယ်ပြင်ပရောက်အောင် ပို့ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေဟာ ဖရဲသီးပုံမှန်စားပေးသင့်ပါတယ်။ နောက်တစ်နည်းကတော့ ဖရဲသီးဖျော်ရည်ကို နှင်းဆီရေနဲ့ ရောပြီးလိမ်းပေးခြင်းကလည်း အသားအရေကို ပိုမိုလှပစေပါတယ်။

Source: Youngisthan

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top