စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ပုဂံေဒသရွိ ေနဝင္ခ်ိန္႐ႈခင္းမ်ားကုိ တက္ေရာက္ၾကည့္႐ႈႏိုင္သည့္ ဘုရားအဆူ ၅၀ ခန္႔တြင္ ဘုရားေပၚသို႔ တက္ေရာက္ႏိုင္ေသာ ေလွကားမ်ားထိပ္၌ ၂၀၁၈ ဇန္နဝါရီကစ၍ သံပန္းတံခါးမ်ား တပ္ဆင္မည္ျဖစ္ေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန (ပုဂံ) ၫႊန္ၾကားေရးမွဴး ဦးေအာင္ေအာင္ေက်ာ္ကေျပာသည္။

‘‘အေပၚတက္လို႔ရတဲ့ေနရာ ေတြမွာ အတတ္ႏိုင္ဆံုး မတက္ ေအာင္လုိ႔ သံတံခါးတပ္ၿပီး ကာ ထားမယ့္သေဘာပါ။ ေဘးကေန၊ ပတ္ပတ္လည္ႀကီးကေန ကာသြားမွာမဟုတ္ပါဘူး။ ေလွကားရွိတဲ့ တံခါးေတြမွာဆိုရင္ သံတံခါးတပ္ၿပီး ေသာ့ခတ္ထားလိုက္ရင္ တက္လုိ႔မရေတာ့ဘူးေပါ့။ အလြယ္တကူတက္လုိ႔မရေအာင္ ေဆာင္ရြက္တဲ့သေဘာမ်ိဳးပါ’’ဟု ၎က သံပန္းတံခါးမ်ား တပ္ဆင္မည့္အေန အထားကို ရွင္းျပသည္။


ႏွစ္ေပါင္းရာခ်ီသက္တမ္းရွိ သည့္ ပုဂံဘုရားမ်ားသည္ သဘာဝေဘးဒဏ္ကို အႀကိမ္ႀကိမ္ခံစားခဲ့ ရ၍ ေရရွည္တည္တံ့မႈရွိေစေရး ထိန္းသိမ္းေစာင့္ေရွာက္ရန္ ရည္ရြယ္၍ ယခုကဲ့သို႔ စီစဥ္ရေၾကာင္း အဆိုပါပုဂၢိဳလ္ကေျပာသည္။

၂၀၁၆ ႏွင့္ ၂၀၁၇ တုိ႔တြင္ ပုဂံဘုရားမ်ားေပၚသို႔ တက္ေရာက္ၾကည့္႐ႈရာမွ ျပဳတ္က်ခဲ့သည့္ ျဖစ္စဥ္ေလးႀကိမ္ရွိၿပီး တစ္ဦးေသဆံုး၍ ယခုကဲ့သို႔ ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း ၎ကေျပာသည္။

 ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနက ဒီဇင္ဘာလဆန္းမွ စတင္ကာ ပုဂံဘုရားမ်ားေပၚသို႔ တက္ေရာက္ၾကည့္႐ႈျခင္းမျပဳရန္ ေမတၱာရပ္ခံမႈမ်ား ျပဳလုပ္ေနသည္။

လက္ရွိတြင္ ေနဝင္ခ်ိန္တက္ေရာက္ၾကည့္႐ႈႏုိင္သည့္ ဘုရားမ်ား စာရင္းေကာက္ယူေနၿပီး အနည္းဆံုး ဘုရား ၅၀ မွ ၈၀ ခန္႔အထိကို အေပၚသို႔ မတက္ေစရန္ သံပန္းတံခါးမ်ား တပ္ဆင္ပိတ္ ထားမည္ျဖစ္ေၾကာင္း ဦးေအာင္ေအာင္ေက်ာ္ကေျပာသည္။

‘‘အကုန္လံုးပိတ္ပစ္တာမ်ိဳး ကေတာ့ မျဖစ္သင့္ဘူး။ ယဥ္ေက်းမႈေရာ သမုိင္းေၾကာင္းပါ မထိခိုက္ႏုိင္တဲ့ ဘုရားေလးေတြ၊ အုတ္ေက်ာင္းေလးေတြကိုေတာ့ ဖြင့္ ထားေပးသင့္တယ္။ ယဥ္ေက်းမႈနဲ႔ ခရီးသြားဆိုတာ နည္းနည္းေတာ့ မွ်ၿပီးလုပ္ရမယ္ေလ။ အဲဒီၾကားေလးထဲကေတာ့ သြားသင့္တယ္လို႔ ျမင္ပါတယ္’’ဟု ပုဂံဟုိတယ္ဇုန္ ဧည့္လမ္းၫႊန္အသင္းနာယက ဦးေဇာ္ဝင္းခ်ိဳကအႀကံျပဳသည္။

ယခင္က ပုဂံေဒသတြင္ ေန ဝင္ခ်ိန္ၾကည့္႐ႈရန္ ဘုရားငါးဆူကုိ တက္ေရာက္ခြင့္ ေပးေသာ္လည္း ၂၀၁၆ ဩဂုတ္အတြင္း ျဖစ္ပြားသည့္ ငလ်င္ေၾကာင့္ ေစတီမ်ား ထိခိုက္မႈရွိသျဖင့္ ေရႊဆံေတာ္၊ေတာင္ဂူနီႏွင့္ ေျမာက္ဂူနီဘုရား တုိ႔၌သာ ေနဝင္ခ်ိန္ၾကည့္႐ႈရန္ ခြင့္ျပဳထားခဲ့သည္။

‘‘ဒီလို တားျမစ္မယ္ဆုိရင္ တျခားဘယ္ေနရာေတြမွာ အစားထိုးၾကည့္ခြင့္ရမလဲ။ အဲဒီေနရာေတြကေကာ တကယ့္ေနဝင္ခ်ိန္ကို သာယာလွပတဲ့၊ ၾကည့္ခြင့္ရတဲ့ ေနရာလား၊ လံုေလာက္သလား ဆုိတာ အေျဖရွာသင့္ပါတယ္။ ပုဂံမွာ ႀကံ႕ခိုင္တဲ့ဘုရားေတြ အမ်ား ႀကီးရွိပါေသးတယ္။ အဲဒီဘုရား ေတြကို သတ္မွတ္ေပးၿပီး အခ်ိန္အကန္႔အသတ္နဲ႔၊ လူဦးေရအကန္႔အသတ္နဲ႔၊ စည္းမ်ဥ္းစည္းကမ္း ေတြနဲ႔အညီ တက္ေရာက္ခြင့္ျပဳ သင့္ပါတယ္’’ဟု Nature Dream ခရီးသြားလုပ္ငန္း မန္ေနဂ်င္း ဒါ႐ိုက္တာ ေဒၚစံပယ္ေအာင္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ပုဂံဒေသရှိ နေဝင်ချိန်ရှုခင်းများကို တက်ရောက်ကြည့်ရှုနိုင်သည့် ဘုရားအဆူ ၅၀ ခန့်တွင် ဘုရားပေါ်သို့ တက်ရောက်နိုင်သော လှေကားများထိပ်၌ ၂၀၁၈ ဇန်နဝါရီကစ၍ သံပန်းတံခါးများ တပ်ဆင်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်ကပြောသည်။

‘‘အပေါ်တက်လို့ရတဲ့နေရာ တွေမှာ အတတ်နိုင်ဆုံး မတက် အောင်လို့ သံတံခါးတပ်ပြီး ကာ ထားမယ့်သဘောပါ။ ဘေးကနေ၊ ပတ်ပတ်လည်ကြီးကနေ ကာသွားမှာမဟုတ်ပါဘူး။ လှေကားရှိတဲ့ တံခါးတွေမှာဆိုရင် သံတံခါးတပ်ပြီး သော့ခတ်ထားလိုက်ရင် တက်လို့မရတော့ဘူးပေါ့။ အလွယ်တကူတက်လို့မရအောင် ဆောင်ရွက်တဲ့သဘောမျိုးပါ’’ဟု ၎င်းက သံပန်းတံခါးများ တပ်ဆင်မည့်အနေ အထားကို ရှင်းပြသည်။


နှစ်ပေါင်းရာချီသက်တမ်းရှိ သည့် ပုဂံဘုရားများသည် သဘာဝဘေးဒဏ်ကို အကြိမ်ကြိမ်ခံစားခဲ့ ရ၍ ရေရှည်တည်တံ့မှုရှိစေရေး ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်၍ ယခုကဲ့သို့ စီစဉ်ရကြောင်း အဆိုပါပုဂ္ဂိုလ်ကပြောသည်။

၂၀၁၆ နှင့် ၂၀၁၇ တို့တွင် ပုဂံဘုရားများပေါ်သို့ တက်ရောက်ကြည့်ရှုရာမှ ပြုတ်ကျခဲ့သည့် ဖြစ်စဉ်လေးကြိမ်ရှိပြီး တစ်ဦးသေဆုံး၍ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

 ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဒီဇင်ဘာလဆန်းမှ စတင်ကာ ပုဂံဘုရားများပေါ်သို့ တက်ရောက်ကြည့်ရှုခြင်းမပြုရန် မေတ္တာရပ်ခံမှုများ ပြုလုပ်နေသည်။

လက်ရှိတွင် နေဝင်ချိန်တက်ရောက်ကြည့်ရှုနိုင်သည့် ဘုရားများ စာရင်းကောက်ယူနေပြီး အနည်းဆုံး ဘုရား ၅၀ မှ ၈၀ ခန့်အထိကို အပေါ်သို့ မတက်စေရန် သံပန်းတံခါးများ တပ်ဆင်ပိတ် ထားမည်ဖြစ်ကြောင်း ဦးအောင်အောင်ကျော်ကပြောသည်။

‘‘အကုန်လုံးပိတ်ပစ်တာမျိုး ကတော့ မဖြစ်သင့်ဘူး။ ယဉ်ကျေးမှုရော သမိုင်းကြောင်းပါ မထိခိုက်နိုင်တဲ့ ဘုရားလေးတွေ၊ အုတ်ကျောင်းလေးတွေကိုတော့ ဖွင့် ထားပေးသင့်တယ်။ ယဉ်ကျေးမှုနဲ့ ခရီးသွားဆိုတာ နည်းနည်းတော့ မျှပြီးလုပ်ရမယ်လေ။ အဲဒီကြားလေးထဲကတော့ သွားသင့်တယ်လို့ မြင်ပါတယ်’’ဟု ပုဂံဟိုတယ်ဇုန် ဧည့်လမ်းညွှန်အသင်းနာယက ဦးဇော်ဝင်းချိုကအကြံပြုသည်။

ယခင်က ပုဂံဒေသတွင် နေ ဝင်ချိန်ကြည့်ရှုရန် ဘုရားငါးဆူကို တက်ရောက်ခွင့် ပေးသော်လည်း ၂၀၁၆ ဩဂုတ်အတွင်း ဖြစ်ပွားသည့် ငလျင်ကြောင့် စေတီများ ထိခိုက်မှုရှိသဖြင့် ရွှေဆံတော်၊တောင်ဂူနီနှင့် မြောက်ဂူနီဘုရား တို့၌သာ နေဝင်ချိန်ကြည့်ရှုရန် ခွင့်ပြုထားခဲ့သည်။

‘‘ဒီလို တားမြစ်မယ်ဆိုရင် တခြားဘယ်နေရာတွေမှာ အစားထိုးကြည့်ခွင့်ရမလဲ။ အဲဒီနေရာတွေကကော တကယ့်နေဝင်ချိန်ကို သာယာလှပတဲ့၊ ကြည့်ခွင့်ရတဲ့ နေရာလား၊ လုံလောက်သလား ဆိုတာ အဖြေရှာသင့်ပါတယ်။ ပုဂံမှာ ကြံ့ခိုင်တဲ့ဘုရားတွေ အများ ကြီးရှိပါသေးတယ်။ အဲဒီဘုရား တွေကို သတ်မှတ်ပေးပြီး အချိန်အကန့်အသတ်နဲ့၊ လူဦးရေအကန့်အသတ်နဲ့၊ စည်းမျဉ်းစည်းကမ်း တွေနဲ့အညီ တက်ရောက်ခွင့်ပြု သင့်ပါတယ်’’ဟု Nature Dream ခရီးသွားလုပ်ငန်း မန်နေဂျင်း ဒါရိုက်တာ ဒေါ်စံပယ်အောင်က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top