စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ေက်ာက္ကပ္ပ်က္စီးမႈေၾကာင့္ ေဆး႐ုံကုတင္ထက္မွာလဲေနရတဲ့ မိခင္ျဖစ္သူကို (၇)ႏွစ္အရြယ္သာရွိေသးၿပီး ဦးေႏွာက္အႀကိတ္ကင္ဆာ ခံစားေနရတဲ့သားေလးက မိခင္ျဖစ္သူအေနနဲ႔ သူ႕ေက်ာက္ကပ္ကုိ ယူႏုိင္ဖုိ႔အတြက္ သူ ေသဖုိ႔အဆင္သင့္ျဖစ္ေနေၾကာင္း ေျပာခဲ့တယ္လုိ႔ ဆုိပါတယ္။

သားျဖစ္သူရဲ႕ထင္ျမင္ခ်က္က သူ႕ရဲ႕ေက်ာက္ကပ္နဲ႔ မိခင္ရဲ႕အသက္ကို ကယ္ႏုိင္မယ္လုိ႔ ယုံၾကည္ေနပါတယ္။ ကေလးရဲ႕နာမည္မွာ Chen Xiaotian ျဖစ္ၿပီး သူ႕အသက္ (၅)ႏွစ္အရြယ္ကတည္းက ဦးေႏွာက္အႀကိတ္ရွိေနေၾကာင္း ဆရာဝန္ေတြက စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။

မိခင္ျဖစ္တဲ့ Zhou Lu (၃၄)ႏွစ္ကေတာ့ ၿပီးခဲ့တဲ့ လအနည္းငယ္ကမွ ေက်ာက္ကပ္ပ်က္စီးတဲ့ေရာဂါနဲ႔ ေဆး႐ုံကုတင္ထက္မွာ လဲေလ်ာင္းေနခဲ့ရပါတယ္။ ေဒါက္တာေတြဟာ Chen ရဲ႕ေရာဂါကို ခြဲစိတ္ကုသရင္ ေပ်ာက္ကင္းႏုိင္မယ္လုိ႔ ကနဦးတုန္းက ေျပာခဲ့ေပမယ့္ တကယ္တမ္းစစ္ေဆးၾကည့္ေတာ့ အရြယ္ေရာက္တဲ့ကေလးဘဝကို ေရာက္ႏုိင္ဖုိ႔မရွိေတာ့ဘူးလုိ႔ ဆုိပါတယ္။

Chen ဟာ ေနာက္ပိုင္းမွာ ကင္ဆာဆဲလ္ေတြက အျမင္အာ႐ုံေၾကာကုိေတာင္ ထိန္းခ်ဳပ္လုိက္ၿပီျဖစ္လုိ႔ မ်က္လုံးအျမင္ ကြယ္ခဲ့ရပါတယ္။ ကေလးဆုိေပမယ့္ သူ ဘာေတြဆက္ျဖစ္မယ္ဆုိတာ သိထားတဲ့ Chen ဟာ မိခင္ကုိ တုိးတုိးေလး ကပ္ေျပာပါတယ္။ သူက ” အေမ့ကုိ က်ေနာ္ ကယ္ခ်င္ပါတယ္ … အေမသာ က်ေနာ္႔ေက်ာက္ကပ္ကို လက္ခံလုိက္ရင္ လူဆက္ျဖစ္ေနဦးမွာ “လုိ႔ ဆုိခဲ့ပါတယ္

ဒီစကားလုံးေတြဟာ မိခင္ျဖစ္တဲ့ Lu အတြက္္ေတာ့ ႏွလုံးကို ဓားနဲ႔မႊမ္းတာထက္ နာမွာပါ။ မိခင္ဆုိတာ ကုိယ့္အသက္ကုိသာ ေပးခ်င္ေပးမယ္၊ ကိုယ့္ကေလးအသက္ကိုေတာ့ ဘယ္ေတာ့မွ ႏႈတ္မယူဘူးဆုိၿပီး ေတြးထားသူေတြပါ။ ဒါေပမယ့္ ေနာက္ပုိင္းမွာ ေခါင္းမာတဲ့ Lu ကုိ နားခ်လုိ႔မရေတာ့ Chen ရဲ႕ အဖြား Lu Yuanxiu ကုိ ေဒါက္တာေတြက နားခ်ၾကည့္ပါတယ္။ Lu အေနနဲ႔ ကေလးရဲ႕ေကာ်က္ကပ္ကို လက္ခံသင့္ေၾကာင္းေပါ့။

ေဒါက္တာေတြရဲ႕ ရွင္းျပခ်က္အရ ဒီေက်ာက္ကပ္ဟာ Lu ကုိသာမက အျခားေက်ာက္ကပ္လုိအပ္ေနတဲ့ လူနာႏွစ္ဦးရဲ႕ အသက္ကုိပါ ကယ္ႏုိင္မယ္လုိ႔ ဆုိပါတယ္။ ဒီကိစၥကုိ Yuan က သူမရဲ႕သမီးျဖစ္သူနဲ႔ တုိင္ပင္ေတာ့ Lu က ခါးခါးသီးသီးျငင္းၿပီး အဲဒီအေၾကာင္း ေျပာမယ္ဆုိ၊ မလာနဲ႔လုိ႔ မိခင္ Yuan ကုိ ခပ္မာမာတုံ႔ျပန္ခဲ့ပါတယ္။

ဒါေပမယ့္ ေနာက္ဆုံးမွာ Chen ဟာ အေရးေပၚအေျခအေန ျဖစ္သြားခဲ့ၿပီး မိခင္ျဖစ္သူ Lu ကလည္း သတိမရတစ္ခ်က္ ရတစ္ခ်က္အေျခအေနမွာ အဖြားျဖစ္သူ Yuan ရဲ႕ သေဘာတူညီမႈနဲ႔ Chen ရဲ႕ ေက်ာက္ကပ္ကို မိခင္ဆီမွာ ထည့္သြင္းခြဲစိတ္ေစခဲ့သလုိ၊ လုိအပ္တဲ့ အလွဴရွင္ႏွစ္ဦးကိုလည္း လွဴဒါန္းေစခဲ့ပါတယ္။

Chen ဟာ ယမန္ႏွစ္ ဧၿပီလ (၂)ရက္ေန႔မွာ ဆုံးသြားခဲ့ေပမယ့္ သူ႕ေက်ာက္ကပ္ေၾကာင့္ မိခင္နဲ႔ တစ္ျခားလူနာႏွစ္ဦးကေတာ့ အသက္ဆက္ရွင္ခြင့္ ရခဲ့ပါတယ္။ ဆရာဝန္ေတြဟာ Chen ရဲ႕ အေလာင္းကုိ ဦးညႊတ္ဂုဏ္ျပဳခဲ့ၾကၿပီး၊ ဒီသတင္းကလည္း တ႐ုတ္သတင္းစာမ်က္ႏွာေတြမွာ အမ်ားေလးစားအတုယူဖြယ္ရာအျဖစ္ တစ္ခမ္းတနား ေဖာ္ျပခံခဲ့ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike

# Unicode Version ျဖင့္ ဖတ္ပါ #
ကျောက်ကပ်ပျက်စီးမှုကြောင့် ဆေးရုံကုတင်ထက်မှာလဲနေရတဲ့ မိခင်ဖြစ်သူကို (၇)နှစ်အရွယ်သာရှိသေးပြီး ဦးနှောက်အကြိတ်ကင်ဆာ ခံစားနေရတဲ့သားလေးက မိခင်ဖြစ်သူအနေနဲ့ သူ့ကျောက်ကပ်ကို ယူနိုင်ဖို့အတွက် သူ သေဖို့အဆင်သင့်ဖြစ်နေကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

သားဖြစ်သူရဲ့ထင်မြင်ချက်က သူ့ရဲ့ကျောက်ကပ်နဲ့ မိခင်ရဲ့အသက်ကို ကယ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ ကလေးရဲ့နာမည်မှာ Chen Xiaotian ဖြစ်ပြီး သူ့အသက် (၅)နှစ်အရွယ်ကတည်းက ဦးနှောက်အကြိတ်ရှိနေကြောင်း ဆရာဝန်တွေက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

မိခင်ဖြစ်တဲ့ Zhou Lu (၃၄)နှစ်ကတော့ ပြီးခဲ့တဲ့ လအနည်းငယ်ကမှ ကျောက်ကပ်ပျက်စီးတဲ့ရောဂါနဲ့ ဆေးရုံကုတင်ထက်မှာ လဲလျောင်းနေခဲ့ရပါတယ်။ ဒေါက်တာတွေဟာ Chen ရဲ့ရောဂါကို ခွဲစိတ်ကုသရင် ပျောက်ကင်းနိုင်မယ်လို့ ကနဦးတုန်းက ပြောခဲ့ပေမယ့် တကယ်တမ်းစစ်ဆေးကြည့်တော့ အရွယ်ရောက်တဲ့ကလေးဘဝကို ရောက်နိုင်ဖို့မရှိတော့ဘူးလို့ ဆိုပါတယ်။

Chen ဟာ နောက်ပိုင်းမှာ ကင်ဆာဆဲလ်တွေက အမြင်အာရုံကြောကိုတောင် ထိန်းချုပ်လိုက်ပြီဖြစ်လို့ မျက်လုံးအမြင် ကွယ်ခဲ့ရပါတယ်။ ကလေးဆိုပေမယ့် သူ ဘာတွေဆက်ဖြစ်မယ်ဆိုတာ သိထားတဲ့ Chen ဟာ မိခင်ကို တိုးတိုးလေး ကပ်ပြောပါတယ်။ သူက ” အမေ့ကို ကျနော် ကယ်ချင်ပါတယ် … အမေသာ ကျနော့်ကျောက်ကပ်ကို လက်ခံလိုက်ရင် လူဆက်ဖြစ်နေဦးမှာ “လို့ ဆိုခဲ့ပါတယ်

ဒီစကားလုံးတွေဟာ မိခင်ဖြစ်တဲ့ Lu အတွက်တော့ နှလုံးကို ဓားနဲ့မွှမ်းတာထက် နာမှာပါ။ မိခင်ဆိုတာ ကိုယ့်အသက်ကိုသာ ပေးချင်ပေးမယ်၊ ကိုယ့်ကလေးအသက်ကိုတော့ ဘယ်တော့မှ နှုတ်မယူဘူးဆိုပြီး တွေးထားသူတွေပါ။ ဒါပေမယ့် နောက်ပိုင်းမှာ ခေါင်းမာတဲ့ Lu ကို နားချလို့မရတော့ Chen ရဲ့ အဖွား Lu Yuanxiu ကို ဒေါက်တာတွေက နားချကြည့်ပါတယ်။ Lu အနေနဲ့ ကလေးရဲ့ကောျက်ကပ်ကို လက်ခံသင့်ကြောင်းပေါ့။

ဒေါက်တာတွေရဲ့ ရှင်းပြချက်အရ ဒီကျောက်ကပ်ဟာ Lu ကိုသာမက အခြားကျောက်ကပ်လိုအပ်နေတဲ့ လူနာနှစ်ဦးရဲ့ အသက်ကိုပါ ကယ်နိုင်မယ်လို့ ဆိုပါတယ်။ ဒီကိစ္စကို Yuan က သူမရဲ့သမီးဖြစ်သူနဲ့ တိုင်ပင်တော့ Lu က ခါးခါးသီးသီးငြင်းပြီး အဲဒီအကြောင်း ပြောမယ်ဆို၊ မလာနဲ့လို့ မိခင် Yuan ကို ခပ်မာမာတုံ့ပြန်ခဲ့ပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာ Chen ဟာ အရေးပေါ်အခြေအနေ ဖြစ်သွားခဲ့ပြီး မိခင်ဖြစ်သူ Lu ကလည်း သတိမရတစ်ချက် ရတစ်ချက်အခြေအနေမှာ အဖွားဖြစ်သူ Yuan ရဲ့ သဘောတူညီမှုနဲ့ Chen ရဲ့ ကျောက်ကပ်ကို မိခင်ဆီမှာ ထည့်သွင်းခွဲစိတ်စေခဲ့သလို၊ လိုအပ်တဲ့ အလှူရှင်နှစ်ဦးကိုလည်း လှူဒါန်းစေခဲ့ပါတယ်။

Chen ဟာ ယမန်နှစ် ဧပြီလ (၂)ရက်နေ့မှာ ဆုံးသွားခဲ့ပေမယ့် သူ့ကျောက်ကပ်ကြောင့် မိခင်နဲ့ တစ်ခြားလူနာနှစ်ဦးကတော့ အသက်ဆက်ရှင်ခွင့် ရခဲ့ပါတယ်။ ဆရာဝန်တွေဟာ Chen ရဲ့ အလောင်းကို ဦးညွှတ်ဂုဏ်ပြုခဲ့ကြပြီး၊ ဒီသတင်းကလည်း တရုတ်သတင်းစာမျက်နှာတွေမှာ အများလေးစားအတုယူဖွယ်ရာအဖြစ် တစ်ခမ်းတနား ဖော်ပြခံခဲ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top