ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ပါပူ၀ါ နယူးဂီနီက အမ်ိဳးသားတေယာက္ဟာ ၃ ႏွစ္အရြယ္ သူ႔ သမီးငယ္ရဲ႕ လည္ပင္း ကုိ ကိုက္ၿပီး အသားေတြစား၊ ေသြးေတြကို ေသာက္လုိ႔ သမီးငယ္ေလး ေသဆံုးသြားတဲ့အတြက္ သူ႔ကို ဖမ္းလိုက္ ပါတယ္။
 ေဒသဆုိင္ရာ ေကာင္စီလူႀကီးတဦးကို ကိုးကားၿပီး ေအအက္ဖ္ပီ သတင္းတပုဒ္အဆုိအရ ၃ ႏွစ္သမီးေလးနဲ႔ သူ႔မိခင္တုိ႔ဟာ ဖခင္ျဖစ္သူထံ အလည္လာခုိက္ ဘာျဖစ္မွန္း မသိရပဲ အေမက သမီးကို လက္ဆြဲရင္း ထြက္ေျပးခဲ့တယ္တဲ့၊ ေနာက္က သူ႔ခင္ပြန္းက လုိက္လာေတာ့ ၿခံဳ ေတြထဲ ၀င္ေျပးသြားခဲ့တယ္လုိ႔ ဆုိတယ္။

ၿပီးေတာ့ ၿခံဳထဲမွာ အဲဒီအမ်ိဳးသားက သူ႔သမီးလည္ပင္းကို ကိုက္၊ အသားေတြစား၊ ေသြးေတြ စုပ္ေနခဲ့ တာ ကို သစ္ပင္တပင္ေပၚ တက္ေနတဲ့ လူငယ္ ၂ ဦးက ျမင္ေတာ့ သူတုိ႔လည္း ထြက္ေျပးၿပီး လူေတြကို ေျပာ
ျပၾကတယ္။

ကေလးေတြေျပာတာကို အဲဒီေကာင္စီလူႀကီးက မယံုခဲ့ဘူး၊ ရယ္စရာေတာင္ လုပ္ပစ္လုိက္ခဲ့တယ္။ ဒါေပမယ့္ အဲဒီ ကေလး ေတြ က ေတာ္ေတာ္ ေၾကာက္ေနတာေတာ့ သတိထားမိတယ္လို႔ ေကာင္စီ လူႀကီးက သတင္းေထာက္ေတြကို ေျပာျပတယ္။

ဒါနဲ႔ မ်က္ျမင္ကေလးေတြေၾကာင့္ လူေတြေရာက္လာၿပီး အဲဒီ ေသြးစုပ္ဖုတ္ေကာင္ဆုိသူကို ၿခံဳထဲမွာ သူ႔သမီးအေလာင္းန႔ဲ ေတြ႔လုိက္ၾကတယ္။ သမီးကို ျပန္စားတဲ့ အေဖျဖစ္သူကလည္း ထြက္ေျပးဖုိ႔ ႀကိဳးစား ခဲ့ေသးတယ္။ ေနာက္ဆံုးေတာ့ လူေတြ က ၀ို္င္းဖမ္းၿပီး ရဲလက္ကို အပ္လုိက္ၾကတယ္။ ေသဆံုးသူ ကေလးမ ရဲ႕ အေမကေတာ့ ဘယ္ေရာက္သြားတယ္ ဆုိတာ သတင္းထဲမပါေတာ့ မသိရဘူး။

၃ ႏွစ္သမီးေလးရဲ႕ လည္ေခ်ာင္းေသြးေဖာက္ေသာက္၊ အသားစားတဲ့ အတြက္ေၾကာင့္ အဖမ္းခံလုိက္ရတဲ့ ဖခင္ျဖစ္သူ ကို ေသြးစုတ္ဖုတ္ေကာင္လို႔ သမုတ္ခံၾကတယ္။

ေသြးစုပ္ဖုတ္ေကာင္ဆုိတာ တကယ္ပဲ ရွိေနေရာ့သလား ဆုိတာေတာ့ ေ၀ခြဲရခက္ေနတဲ့ ပုစာၦတပုဒ္လုိပါဘဲ။ အဲဒီေဒသမွာလည္း ေမွာ္အတတ္ပညာေတြလုိ ရံဖန္ရံခါ ဒီလိုျပႆနာမ်ိဳးေတြ ျဖစ္တတ္ၾကတယ္လုိ႔ ရဲတပ္ဖြဲ႕က ေျပာ ပါတယ္။

မႏွစ္ကပဲ အလားတူ ထူးထူးဆန္းဆန္း ေသဆံုးမႈေတြေၾကာင့္ ဒါဇင္နဲ႔ ခ်ီတဲ့ လူေတြကို ရဲက ဖမ္းခဲ့ရပါေသး တယ္တဲ့။ ၂၀၁၁ ခုႏွစ္ကလည္း ေမြးကင္းစ သားေလးကို ျပန္စားလိုက္တဲ့ လူတေယာက္နဲ႔ ပတ္သက္ၿပီး သတင္းေတြထြက္ခဲ့ပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Writer

#Unicode Version#
ပါပူဝါ နယူးဂီနီက အမျိုးသားတယောက်ဟာ ၃ နှစ်အရွယ် သူ့ သမီးငယ်ရဲ့ လည်ပင်း ကို ကိုက်ပြီး အသားတွေစား၊ သွေးတွေကို သောက်လို့ သမီးငယ်လေး သေဆုံးသွားတဲ့အတွက် သူ့ကို ဖမ်းလိုက် ပါတယ်။
 ဒေသဆိုင်ရာ ကောင်စီလူကြီးတဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတပုဒ်အဆိုအရ ၃ နှစ်သမီးလေးနဲ့ သူ့မိခင်တို့ဟာ ဖခင်ဖြစ်သူထံ အလည်လာခိုက် ဘာဖြစ်မှန်း မသိရပဲ အမေက သမီးကို လက်ဆွဲရင်း ထွက်ပြေးခဲ့တယ်တဲ့၊ နောက်က သူ့ခင်ပွန်းက လိုက်လာတော့ ခြုံ တွေထဲ ဝင်ပြေးသွားခဲ့တယ်လို့ ဆိုတယ်။

ပြီးတော့ ခြုံထဲမှာ အဲဒီအမျိုးသားက သူ့သမီးလည်ပင်းကို ကိုက်၊ အသားတွေစား၊ သွေးတွေ စုပ်နေခဲ့ တာ ကို သစ်ပင်တပင်ပေါ် တက်နေတဲ့ လူငယ် ၂ ဦးက မြင်တော့ သူတို့လည်း ထွက်ပြေးပြီး လူတွေကို ပြော
ပြကြတယ်။

ကလေးတွေပြောတာကို အဲဒီကောင်စီလူကြီးက မယုံခဲ့ဘူး၊ ရယ်စရာတောင် လုပ်ပစ်လိုက်ခဲ့တယ်။ ဒါပေမယ့် အဲဒီ ကလေး တွေ က တော်တော် ကြောက်နေတာတော့ သတိထားမိတယ်လို့ ကောင်စီ လူကြီးက သတင်းထောက်တွေကို ပြောပြတယ်။

ဒါနဲ့ မျက်မြင်ကလေးတွေကြောင့် လူတွေရောက်လာပြီး အဲဒီ သွေးစုပ်ဖုတ်ကောင်ဆိုသူကို ခြုံထဲမှာ သူ့သမီးအလောင်းနဲ့ တွေ့လိုက်ကြတယ်။ သမီးကို ပြန်စားတဲ့ အဖေဖြစ်သူကလည်း ထွက်ပြေးဖို့ ကြိုးစား ခဲ့သေးတယ်။ နောက်ဆုံးတော့ လူတွေ က ဝိုင်းဖမ်းပြီး ရဲလက်ကို အပ်လိုက်ကြတယ်။ သေဆုံးသူ ကလေးမ ရဲ့ အမေကတော့ ဘယ်ရောက်သွားတယ် ဆိုတာ သတင်းထဲမပါတော့ မသိရဘူး။

၃ နှစ်သမီးလေးရဲ့ လည်ချောင်းသွေးဖောက်သောက်၊ အသားစားတဲ့ အတွက်ကြောင့် အဖမ်းခံလိုက်ရတဲ့ ဖခင်ဖြစ်သူ ကို သွေးစုတ်ဖုတ်ကောင်လို့ သမုတ်ခံကြတယ်။

သွေးစုပ်ဖုတ်ကောင်ဆိုတာ တကယ်ပဲ ရှိနေရော့သလား ဆိုတာတော့ ဝေခွဲရခက်နေတဲ့ ပုစ္ဆာတပုဒ်လိုပါဘဲ။ အဲဒီဒေသမှာလည်း မှော်အတတ်ပညာတွေလို ရံဖန်ရံခါ ဒီလိုပြဿနာမျိုးတွေ ဖြစ်တတ်ကြတယ်လို့ ရဲတပ်ဖွဲ့က ပြော ပါတယ်။

မနှစ်ကပဲ အလားတူ ထူးထူးဆန်းဆန်း သေဆုံးမှုတွေကြောင့် ဒါဇင်နဲ့ ချီတဲ့ လူတွေကို ရဲက ဖမ်းခဲ့ရပါသေး တယ်တဲ့။ ၂၀၁၁ ခုနှစ်ကလည်း မွေးကင်းစ သားလေးကို ပြန်စားလိုက်တဲ့ လူတယောက်နဲ့ ပတ်သက်ပြီး သတင်းတွေထွက်ခဲ့ပါသေးတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top