(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲ က်င္းပရန္ ဗဟန္းေရတာရွည္လမ္းတြင္ ျပင္ဆင္ထားစဥ္ (ဓာတ္ပံု − ေဂ်ေမာင္ေမာင္(အမရပူရ))

 ေရႊတိဂံုေစတီေတာ္ သံဃာေတာ္အပါး ၁၈,၀၀၀ အား ဗုဒၶါဘိေသက အေနကဇာတင္ မဟာမဂၤလာႏွင့္ ဆြမ္းဆန္စိမ္း ေလာင္းလွဴပဲ ြမဂၤလာအခမ္းအနား က်င္းပမည္ျဖစ္၍ ဒီဇင္ဘာ ၃၁ ရက္ညေန ၄ နာရီမွစတင္ကာ ၂၀၁၈ ဇန္နဝါရီ ၁ ရက္အခမ္းအ နားၿပီးစီးသည္အထိ လမ္းအခ်ဳိ႕ ေခတၱပိတ္ထားမည္ျဖစ္ေၾကာင္း အမွတ္ (၂) ယာဥ္ထိန္း ရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးကေျပာသည္။

လမ္းပိတ္မည့္ေနရာမ်ားမွာ ဦးဝိစာရလမ္းကို ဓမၼေစတီလမ္း ဆံုမွ ေမာ္ကြန္းတိုက္လမ္းဆံုအထိ ဓမၼေစတီလမ္းကို ဦးဝိစာရလမ္းဆံုမွ လင့္လမ္းအထိ၊ အေနာက္ေရႊဂံုတိုင္လမ္းကို ေရတာရွည္ လမ္းေဟာင္း၊ သစ္မွ ဦးဝိစာရႏွင့္ အာဇာနည္လမ္းဆံုအထိ ေခတၱ ပိတ္ထားမည္ျဖစ္သည္။

ေရတာရွည္လမ္းေဟာင္း၊ လမ္းသစ္ကို အေနာက္ေရႊဂံုတိုင္ လမ္းမွ ဦးေထာင္ဘုိလမ္းအထိ၊ ၾကားေတာရလမ္းကို ကမၻာေအး ဘုရားလမ္းမွ ေရႊတိဂံုအေရွ႕မုခ္ အထိ၊ ဦးေထာင္ဘုိလမ္းကိုဗဟန္းအဝိုင္းမွ ဦးဝိစာရအဝိုင္းအထိ၊ ေရႊတိဂံုဘုရားလမ္းကို ေရႊတိဂံုေစ တီေတာင္ဘက္မုခ္မွ ပန္တ်ာ လမ္းအထိ ပိတ္ထားမည္ျဖစ္ သည္။

‘‘ညဘက္က်ရင္ ႏွစ္သစ္ ကူးပြဲရွိတဲ့အတြက္ လမ္းက်ပ္တဲ့ ေနရာေတြမွာ ယာဥ္ထိန္းရဲေတြ ခ်ထားမယ္။ အခု လမ္းပိတ္တဲ့ ေနရာေတြကမ်ားမယ္။ တခ်ဳိ႕ ေနရာေတြေတာ့ လမ္းလႊဲေလး ေတြေပးမယ္။ ပြဲၿပီးတဲ့အခ်ိန္ထိ ပိတ္မွာဆိုေတာ့ အခ်ိန္ေတာ့ အတိအက်ေျပာလို႔မရဘူး’’ဟု ၎က ေျပာသည္။

ထို႔အျပင္ ၿမိဳ႕မေက်ာင္းလမ္း ကို အလံုလမ္းမွ ေမာ္ကြန္းတိုက္ လမ္းအထိ၊ အလံုလမ္းကို ျပည္ လမ္းမွ ဦးဝိစာရအဝိုင္းအထိ၊ အာ ဇာနည္လမ္းကို ေရႊတိဂံုေတာင္ ဘက္မုခ္မွ အေနာက္ေရႊဂံုတိုင္ လမ္းႏွင့္ ဦးဝိစာရလမ္းဆံုအထိ ေခတၱလမ္းပိတ္၊ လမ္းလႊဲမ်ား ျပဳလုပ္မည္ျဖစ္ေၾကာင္း ရန္ကုန္ တိုင္းေဒသႀကီး ယာဥ္စည္းကမ္း ထိန္းသိမ္းေရးႀကီးၾကပ္မႈေကာ္မ တီက သတင္းထုတ္ျပန္သည္။

‘‘တနလၤာမနက္ ႐ံုးတက္တဲ့ သူေတြအတြက္ေတာ့ အခက္အခဲ ရွိႏုိင္တယ္။ တခ်ဳိ႕လမ္းေတြက အဓိကလမ္းေတြ ျဖစ္ေနေတာ့ သြားလာလို႔ရေအာင္ေတာ့ လုပ္ ေပးမွာပါ။ ဒီအတြက္လည္း အစည္းအေဝးေတြလုပ္ေဆာင္ ေနပါတယ္’’ဟု အမွတ္ (၂) ယာဥ္ ထိန္းရဲတပ္ဖြဲ႕မွ တာဝန္က်ယာဥ္ ထိန္းရဲအရာရွိက ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရန် ဗဟန်းရေတာရှည်လမ်းတွင် ပြင်ဆင်ထားစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

 ရွှေတိဂုံစေတီတော် သံဃာတော်အပါး ၁၈,၀၀၀ အား ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပဲ ွမင်္ဂလာအခမ်းအနား ကျင်းပမည်ဖြစ်၍ ဒီဇင်ဘာ ၃၁ ရက်ညနေ ၄ နာရီမှစတင်ကာ ၂၀၁၈ ဇန်နဝါရီ ၁ ရက်အခမ်းအ နားပြီးစီးသည်အထိ လမ်းအချို့ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

လမ်းပိတ်မည့်နေရာများမှာ ဦးဝိစာရလမ်းကို ဓမ္မစေတီလမ်း ဆုံမှ မော်ကွန်းတိုက်လမ်းဆုံအထိ ဓမ္မစေတီလမ်းကို ဦးဝိစာရလမ်းဆုံမှ လင့်လမ်းအထိ၊ အနောက်ရွှေဂုံတိုင်လမ်းကို ရေတာရှည် လမ်းဟောင်း၊ သစ်မှ ဦးဝိစာရနှင့် အာဇာနည်လမ်းဆုံအထိ ခေတ္တ ပိတ်ထားမည်ဖြစ်သည်။

ရေတာရှည်လမ်းဟောင်း၊ လမ်းသစ်ကို အနောက်ရွှေဂုံတိုင် လမ်းမှ ဦးထောင်ဘိုလမ်းအထိ၊ ကြားတောရလမ်းကို ကမ္ဘာအေး ဘုရားလမ်းမှ ရွှေတိဂုံအရှေ့မုခ် အထိ၊ ဦးထောင်ဘိုလမ်းကိုဗဟန်းအဝိုင်းမှ ဦးဝိစာရအဝိုင်းအထိ၊ ရွှေတိဂုံဘုရားလမ်းကို ရွှေတိဂုံစေ တီတောင်ဘက်မုခ်မှ ပန်တျာ လမ်းအထိ ပိတ်ထားမည်ဖြစ် သည်။

‘‘ညဘက်ကျရင် နှစ်သစ် ကူးပွဲရှိတဲ့အတွက် လမ်းကျပ်တဲ့ နေရာတွေမှာ ယာဉ်ထိန်းရဲတွေ ချထားမယ်။ အခု လမ်းပိတ်တဲ့ နေရာတွေကများမယ်။ တချို့ နေရာတွေတော့ လမ်းလွှဲလေး တွေပေးမယ်။ ပွဲပြီးတဲ့အချိန်ထိ ပိတ်မှာဆိုတော့ အချိန်တော့ အတိအကျပြောလို့မရဘူး’’ဟု ၎င်းက ပြောသည်။

ထို့အပြင် မြို့မကျောင်းလမ်း ကို အလုံလမ်းမှ မော်ကွန်းတိုက် လမ်းအထိ၊ အလုံလမ်းကို ပြည် လမ်းမှ ဦးဝိစာရအဝိုင်းအထိ၊ အာ ဇာနည်လမ်းကို ရွှေတိဂုံတောင် ဘက်မုခ်မှ အနောက်ရွှေဂုံတိုင် လမ်းနှင့် ဦးဝိစာရလမ်းဆုံအထိ ခေတ္တလမ်းပိတ်၊ လမ်းလွှဲများ ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မ တီက သတင်းထုတ်ပြန်သည်။

‘‘တနင်္လာမနက် ရုံးတက်တဲ့ သူတွေအတွက်တော့ အခက်အခဲ ရှိနိုင်တယ်။ တချို့လမ်းတွေက အဓိကလမ်းတွေ ဖြစ်နေတော့ သွားလာလို့ရအောင်တော့ လုပ် ပေးမှာပါ။ ဒီအတွက်လည်း အစည်းအဝေးတွေလုပ်ဆောင် နေပါတယ်’’ဟု အမှတ် (၂) ယာဉ် ထိန်းရဲတပ်ဖွဲ့မှ တာဝန်ကျယာဉ် ထိန်းရဲအရာရှိက ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top