iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္ေရးမွာ ဘယ္လိုပံုစံေလးေတြရွိမလဲ၊ ဘယ္လိုခ်စ္သူမ်ိဳးနဲ႔ ၾကံဳေတြ႕ႏိုင္မလဲဆိုတာကို ကိုယ့္ရဲ႕သက္ဆိုင္ရာ ရာသီခြင္နဲ႔အေလွ်ာက္ ပတ္သက္ျပီး ေဖာ္ျပေပးထားပါတယ္ေနာ္

Aries – မိႆ ရာသီဖြား ( မတ္လ ၂၁ ရက္ – ဧၿပီလ ၁၉ ရက္ )

မိႆ ရာသီဖြား တို႔သည္ အျပင္ပန္း အသြင္အျပင္ တြင္ ၾကမ္းတမ္းသည္ ဟု ထင္ရလင့္ကစား အတြင္းစိတ္ သေဘာ မွာ ႏႈးည့ံၾက သူမ်ား ျဖစ္သည္။ ေမတၱာေရးတြင္ ရယူျခင္းထက္ ေပးဆပ္မႈ ကို လိုလားသူျဖစ္သည္။ သံေယာဇဥ္ တႏြယ္ႏြယ္ ျဖစ္တတ္သည္။ စိတ္သေဘာထား ၾကီးျမွင့္သည္။ ထို႕ ျပင္ သနားခ်စ္၊ အားနာခ်စ္ ကိုလည္း ဦးစားေပးတတ္သည္။ ထိုရာသီဖြားတို႕သည္ ပညာတတ္ျပီး စိတ္ေကာင္းရွိေသာ္​လည္း ဘုခြ ေျပာတတ္ေသာ ေပ်ာ္ေပ်ာ္ ေနတတ္သည့္ သူႏွင့္ ဖူးစာဆံုမည္။
Taurus –  ၿပိႆ ရာသီဖြား ( ဧၿပီလ ၂၀ ရက္ – ေမလ ၂၀ ရက္ )

ျပိႆ ရာသီဖြား တို႔သည္​ သံေယာဇဥ္ၾကီးသည္။ အေခ်ာ့ၾကိဳက္၊ အေပ်ာ့ၾကိဳက္မ်ားျဖစ္သည္။ ခ်စ္ခဲသည္။အခ်စ္ျမဲသည္။ ကိုယ္တိုင္ ဆံုးျဖတ္ခ်က္ ကို ဦးစားေပးသည္။ အခ်စ္အတြက္ ဆိုလွ်င္ ပတ္၀န္းက်င္ႏွင့္ ေသာ္၄င္း၊မိသားစုႏွင့္ ေသာ္၄င္း၊ ဆန္႕က်င္ရန္ ၀န္မေလး၊ သစၥာ ရွိသူကိုလိုလားသည္။ ခ်စ္ျခင္းေမတၱာ ဆိုသည္မွာ သစၥာတရားရွိမွ ခိုင္ျမဲသည္။ ျပီးျပည့္စံုသည္ဟု ခံယူထား သူမ်ား ျဖစ္သည္။ ထိုရာသီဖြား တို႕သည္ ဆံပင္ ထူထူ၊ အရပ္ သြယ္သြယ္၊ ႏွာတံေပၚ ျပီး ႏွဳတ္ခမ္းလွကာ ႏွာေခါင္းေဘး (သို႔) ပါးတြင္ မွဲ႕ပါသူ ႏွင့္ ဖူးစာဆံုမည္။
Gemini – ေမထုန္ရာသီဖြား ( ေမလ ၂၁ ရက္ – ဇြန္လ ၂၀ ရက္ )

ေမထုန္ရာသီဖြား တို႕သည္ ပညာရွိျပီး ဥာဏ္ရည္ျမွင့္ေသာသူကို ႏွစ္သက္သည္။ မိမိႏွင့္ တိုင္ပင္ေဖာ္ တိုင္ပင္ဖက္ အျဖစ္
ရပ္တည္တတ္ေသာ သူကို ဦးစားေပး၊ ေရြးခ်ယ္တတ္ေသာသဘာ၀ရွိသည္။ မိမိထက္ အသက္အရြယ္ ၊အေနအထား၊
ဆက္ဆံရေသာ ၀န္းက်င္ မတူျခားနားေသာ သူကို ေရြးခ်ုယ္ေမတၱာ မွ်တတ္သည္။ ထိုရာသီဖြားတို႕သည္ ႏႈးညံ့စြာ ေျပာဆိုတတ္ေသာ မ်က္လံုးအိမ္ အနည္းငယ္နက္ရွဳိင္း၊ မ်က္၀န္းလွပလင္းလက္ေသာ နဖူး၊ မ်က္ခံုး၊ နွာတံ ဆက္စပ္မွု အလြန္တင့္တယ္ေသာ သူႏွင့္ ဖူးစာဆံုမည္။
Cancer – ကရကဋ္ ရာသီဖြား ( ဇြန္လ ၂၁ ရက္ – ဇူလိုင္ ၂၂ ရက္ )

ကရကဋ္ ရာသီဖြား တို႕၏ ႏွလံုးသားသည္ အျငိဳးၾကီးသည္။ အမွတ္သည္းေျခၾကီးသည္။ စိတ္ၾကီးသည္။ တစ္စံုတစ္ရာ မိမိႏွလံုးသားကို နာက်င္ ထိခိုက္ေအာင္ တစ္ဖက္သူမွ လုပ္လွ်င္ ခ်က္ခ်င္းမုန္တီး အရြဲ႔တုိက္တတ္ေသာ သေဘာသဘာ၀ ပိုင္ဆိုင္သည္။ ဘ၀တြင္ အသိုင္းအ၀ိုင္းက ႏွစ္သက္သူ တစ္ဦး၊ ႏွလံုးသားက လက္ခံသူ တစ္ဦး ၾကား ေရြးခ်ယ္ရန္ အခက္ၾကံဳရတတ္သည္။ ထိုသို႕ ၾကံဳရပါက မိမိေမတၱာထား သလို ထားနိုင္ေသာသူကို ဦးစားေပး ေရြးခ်ယ္ သင့္သည္။ ထိုရာသီဖြားတို႕သည္ ကိုယ္လံုးကိုယ္ထည္ ေတာင့္တင္း၊ မ်က္ႏွာ၀ိုင္းကာ အသားလတ္ျပီး ႏွဳတ္ခမ္းလွ၊ သြားစြယ္သြားတက္ ရွိေသာသူႏွင့္ ဖူးစာဆံုမည္။
Leo –  သိဟ္ ရာသီဖြား ( ဇူလိုင္လ ၂၃ ရက္ – ၾသဂုတ္လ ၂၂ ရက္ )

သိဟ္ ရာသီဖြား တို႔သည္​ အလြန္ သံေယာဇဥ္ၾကီးသည္။ ငယ္ခ်စ္ကို ဦးစားေပးတတ္သည္။ အလြန္မ်က္နွာပြင့္ေသာသူ ျဖစ္ေပရာ
တစ္ဦးထက္ပိုေသာ ခ်စ္သူရည္းစားမ်ား ထားမိတတ္သည္။ ခ်စ္သူမ်ားျခင္းသည္ ဘ၀၏ အေႏွာက္အယွက္တစ္ခု ျဖစ္လာတတ္သည္။
အထူးသတိျပဳရန္မွာ အခ်စ္ဆံုးသူႏွင့္ ေကြကြင္းရတတ္သည္။ လက္ထပ္ရသူက တစ္ေယာက္ ျဖစ္တတ္သည္။ ထိုရာသီဖြားတို႕သည္
အသား၀ါ၀င္း ျပီး အျမဲတမ္း ျပံဳးေနေသာ အလြန္မ်က္နွာခ်ိဳေသာ္လည္းမာန ရွိျပီး ျပတ္သားေသာ ပညာဥာဏ္ရွိသူ ႏွင့္ ဆံုစည္းရတတ္သည္။
Virgo –  ကန္ရာသီဖြား ​( ၾသဂုတ္လ ၂၃ ရက္ – စက္တင္ဘာလ ၂၂ ရက္ )

ကန္ရာသီဖြား တို႔သည္​ အလြန္ စိတ္ထိခိုက္ လြယ္သည္။ ႏွုးညံ့ သိမ္ေမြ႕လြန္းေသာ ႏွလံုးသား ကို ပိုင္ဆိုင္သည္။ အေခ်ာ့ၾကိဳက္၏ မာမာေျပာဆို ဆက္ဆံလာလွ်င္ အက်ိဳးရွိေသာစကား ပင္ ျဖစ္ေစလက္ခံတတ္ျခင္းမရွိ၊ ခ်စ္သူပင္ျဖစ္လင့္ကစား ဘ၀ရည္မွန္းခ်က္တိုးတက္မွဳကို ဆန္႕က်င္ တားဆီးလာပါက မုန္းတီးဆန္႕က်င္ရန္ ၀န္မေလး၊ ထိုရာသီဖြားမ်ားသည္ ပိန္ပိန္သြယ္သြယ္၊ ပါးပါးလွပ္လွပ္ ေအးတိေအးစက္ ေနတတ္ျပီး မ်က္လံုး၊ မ်က္ခံုးေကာင္းကာ ႏွဳတ္ခမ္းပါးပါး စကားတတ္ေသာ ဖူးစာရွင္ ႏွင့္ ေတြ႕မည္။
Libra – တူ ရာသီဖြား ( စက္တင္ဘာ ၂၃ ရက္ – ေအာက္တိုဘာလ ၂၂ ရက္ )

တူ ရာသီဖြား တို႕သည္ မွ်တေသာ သဘာ၀၊ ႏွစ္လိုေသာ အေနအထားရွိလင့္ကစား ႏွလံုးသားမာလြန္း၍ မိမိကိုယ္သာ အခ်စ္ဆံုးသူမ်ားျဖစ္သည္။ ခ်စ္ခဲျပီး အခ်စ္ျမဲေသာသူမ်ားျဖစ္သည္။ ထူးျခားခ်က္မွာ ဥာဏ္ျမင့္ေသာ ပညာတတ္ ထူးခြၽန္ေသာသူကို ဦးစားေပးခ်စ္တတ္သည္။မွ်တစြာ ေတြးေခၚတတ္ ၍ သိမ္ေမြ႕ေအးခ်မ္းသူျဖစ္သည္။ နီးစပ္မွဳကို အေျခတည္၍ အခ်စ္သံေယာဇဥ္ ျဖစ္တတ္သည္။ ပညာတတ္၊ ဥာဏ္ၾကီး၊ စကားေျပာေကာင္း၊ အၾကြားအ၀ါေကာင္း၊ ဟန္ေကာင္း၊ မ်က္ႏွာ ေလးေထာင့္ႏွာတံေပၚ မ်က္ရစ္မပါေသာ (သို႔) မ်က္လံုးေမွး ၍ အျမဲျပံဳးေနေသာသူႏွင့္ဖူးစာဆံုမည္။
Scorpio –  ၿဗိစာၦ ရာသီဖြား ( ေအာက္တိုဘာလ ၂၃ ရက္ – ႏို၀င္ဘာလ ၂၁ ရက္ )

ၿဗိစာၦ ရာသီဖြား တို႕သည္ ခံစားခ်က္၊ ခံယူခ်က္ ကို ဦးစားေပးေသာ သူမ်ားျဖစ္သည္။ လွ်ိဳ၀ွက္သိုသိပ္ ၍ မျဖစ္မေနေဆာင္ရြက္ တတ္ေသာ သဘာ၀ရွိသည္။ တစ္စံုတစ္ေယာက္ကို ခ်စ္မိျပီဆိုရင္ ဆံုးျဖတ္ခ်က္ခ်ရန္အတြက္ အလြန္ အခ်ိန္ယူတတ္သည္။ ဆံုးျဖတ္ျပီးပါကလည္း လံုး၀မျပင္တတ္။ ေ၀ဖန္မႈကို ဂရုမစိုက္တတ္၊ ဥပကၡာ ႏွလံုးသားပိုင္ရွင္မ်ားျဖစ္သည္။ ထိုရာသီဖြားတို႕သည္ ေအးခ်မ္းရိုးသားစြာ ေနတတ္ေသာ မ်က္လံုး၀ိုင္းစက္လွပေသာ  ႏႈးညံ့သိမ္ေမြ႕စြာ ေျပာဆိုတတ္ေသာ ဖူးစာရွင္ ႏွင့္ဆံုဆည္းမည္။
Sagittarius –  ဓႏု ရာသီဖြား ( ႏို၀င္ဘာလ ၂၂ ရက္ – ဒီဇင္ဘာလ ၂၁ ရက္ )

ဓနု ရာသီဖြား တို႕သည္ ဘ၀တြင္ အရာရာ ေအာင္ပြဲခံနိဳင္သေလာက္ အခ်စ္စစ္ မ်က္ႏွာတြင္မူ အျမဲအလံျဖဴ၊ ေ၀ွ႕ရမ္းအရႈံုးေပးရသူမ်ား
ျဖစ္သည္။ ခ်စ္သူမ်ားတတ္သည္။ အခ်စ္ေရးတြင္ အျမဲခြင့္လြတ္ အရံႈးေပး၊ အနစ္နာခံတတ္သည္။ တစ္စံုတစ္ေယာက္ကို ေမတၱာထားရမည္ဆိုရင္ စူးစူးစိုက္စိုက္ ခ်စ္တတ္ေသာသဘာ၀ရွိသည္။ ထိုရာသီဖြားတို႕သည္ အသားလတ္၊ ႏွာတံေပၚ ခႏၵာသြယ္လ်၊ မ်က္နွာသြယ္
စကားေျပာျမန္ ၍ ေခါင္းမာတတ္ေသာ သူႏွင့္ ဖူးစာဆံုမည္။
Capricorn – မကာရ ရာသီဖြား ( ဒီဇင္ဘာလ ၂၂ ရက္ – ဇန္န၀ါရီလ ၁၉ ရက္ )

မကာရ ရာသီဖြား တို႕သည္ အထီးက်န္ဆန္ကာ အားငယ္ေနတတ္သည္။ အထင္လြဲမွား မႈမ်ားအေပၚ အျမဲ ေျဖရွင္းေနရတတ္သည္။ သူတစ္ပါးက စိတ္မ၀င္စား ပစ္ပယ္ထားေသာ အထီးက်န္သမားမ်ားကို ပို၍ စာနာ၊ ေမတၱာထားတတ္သည္။ ေပးဆပ္မႈကို ဦးစားေပးသူျဖစ္သည္။ ခ်စ္သူကို အလိုလိုက္လြန္း ၍ေသာ္ ၄င္း၊ အသာစီးေပးလြန္း ၍ ေသာ္၄င္း၊ တစ္စံုတစ္ရာ ျမင့္မားလာေသာအခါ ခ်စ္သူကပင္ မိမိအား
ပစ္ခြာသြားျခင္းၾကံဳတတ္သည္။ ထိုရာသီဖြားတို႕သည္ ေမးရိုးပါးရုိးျမင့္ေသာ၊ အသားလတ္ျပီး၊ ဆံပင္ ေျဖာင့္ကာ သြက္လက္ ေသာအမူအရာ ရွိေသာ သူႏွင့္ ဖူးစာဆံုမည္။
Aquarius –  ကံု ရာသီဖြား ( ဇန္န၀ါရီလ ၂၀ ရက္ – ေဖေဖာ္၀ါရီလ ၁၈ ရက္ )

ကုမ္ ရာသီဖြား တို႕သည္ အစြဲအလမ္းၾကီးျခင္း၊ တစ္ဖက္စြန္းက်လြန္းျခင္း မ်ားေၾကာင့္ ႏွလံုးသားေရးရာတြင္ ခ်စ္ဒုကၡ ၾကံဳတတ္သည္။သန္႔စင္ေသာ ႏွလံုးသားႏွင့္ တစ္ပါးသူအေပၚ ေမတၱာထားလင့္ကစား ကံဇာတ္ဆရာ မွ မိမိအား အလြမ္း၊ အေဆြးသမားျဖစ္ေအာင္
ဖန္တီးမည္။ သူ႔အေပၚ အနိဳင္မယူ၊ အခြင့္အေရး မယူ မိမိကသာ အနစ္နာခံတတ္သည္။ ရံဖန္ရံခါတြင္ လက္ေတြ႕ထက္ စိတ္ကူးယဥ္မႈဘက္ ေရာက္သြားတတ္သည္။ ထိုရာသီဖြားတို႕သည္ ကိုယ္လံုးကိုဖန္ လွပတင့္တယ္ ၍ မ်က္၀န္းအလြန္လွ ျပီး မ်က္လံုး၊ မ်က္ခံုးေကာင္း နဖူးျပင္က်ယ္ျပန္႕ကာ ေအးခ်မ္းခ်ိဳသာစြာ ေျပာဆိုတတ္သူႏွင့္ ဖူးစာဆံုမည္။
Pisces –  မိန္ ရာသီဖြား ( ေဖေဖာ္၀ါရီလ ၁၉ ရက္ – မတ္လ ၂၀ ရက္ )

မိန္ ရာသီဖြား တို႕သည္ အလြန္ ေအးခ်မ္း ျမင့္ျမတ္ေသာ ႏွလံုးသာပိုင္ရွင္ ျဖစ္သည္။ လြန္လြန္ကဲကဲ သံေယာဇဥ္ ၾကီး၍ တစ္ပါးသူ အေပၚ နားလည္ခြင့္လြတ္တတ္ေသာသူျဖစ္သည္။ အခိုင္အမာဆံုးျဖတ္ ၍ ေလးေလးနက္နက္ ခ်စ္တတ္ေသာသူျဖစ္သည္။ အရွက္အေၾကာက္
ၾကီးျခင္း၊ တစ္ပါးသူက ေ၀ဖန္မည္ကို စိုးရိမ္ျခင္း ေၾကာင့္ အမွန္တကယ္ ခ်စ္သူအေပၚ ဖြင့္မေျပာရဲ၊ လက္မတြဲ ရဲတတ္ျခင္းသည္ ပကတိ
အားနည္းခ်က္ျဖစ္သည္။ ထိုရာသီဖြားတို႕သည္ ကိုယ္ေအးခ်မ္ျပီး ဥာဏ္ပညာရွိေသာ ဆံပင္ထူပြပြ၊ သြားစြယ္၊ သြားတက္ရွိေသာသူႏွင့္ ဖူးစာဆံုမည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဝဒဂၤ Facebook Page

# Unicode Version ျဖင့္ ဖတ္ပါ #
အချစ်ရေးမှာ ဘယ်လိုပုံစံလေးတွေရှိမလဲ၊ ဘယ်လိုချစ်သူမျိုးနဲ့ ကြုံတွေ့နိုင်မလဲဆိုတာကို ကိုယ့်ရဲ့သက်ဆိုင်ရာ ရာသီခွင်နဲ့အလျှောက် ပတ်သက်ပြီး ဖော်ပြပေးထားပါတယ်နော်


Aries – မိဿ ရာသီဖွား ( မတ်လ ၂၁ ရက် – ဧပြီလ ၁၉ ရက် )

မိဿ ရာသီဖွား တို့သည် အပြင်ပန်း အသွင်အပြင် တွင် ကြမ်းတမ်းသည် ဟု ထင်ရလင့်ကစား အတွင်းစိတ် သဘော မှာ နှုးညံ့ကြ သူများ ဖြစ်သည်။ မေတ္တာရေးတွင် ရယူခြင်းထက် ပေးဆပ်မှု ကို လိုလားသူဖြစ်သည်။ သံယောဇဉ် တနွယ်နွယ် ဖြစ်တတ်သည်။ စိတ်သဘောထား ကြီးမြှင့်သည်။ ထို့ ပြင် သနားချစ်၊ အားနာချစ် ကိုလည်း ဦးစားပေးတတ်သည်။ ထိုရာသီဖွားတို့သည် ပညာတတ်ပြီး စိတ်ကောင်းရှိသော်လည်း ဘုခွ ပြောတတ်သော ပျော်ပျော် နေတတ်သည့် သူနှင့် ဖူးစာဆုံမည်။
Taurus –  ပြိဿ ရာသီဖွား ( ဧပြီလ ၂၀ ရက် – မေလ ၂၀ ရက် )

ပြိဿ ရာသီဖွား တို့သည် သံယောဇဉ်ကြီးသည်။ အချော့ကြိုက်၊ အပျော့ကြိုက်များဖြစ်သည်။ ချစ်ခဲသည်။အချစ်မြဲသည်။ ကိုယ်တိုင် ဆုံးဖြတ်ချက် ကို ဦးစားပေးသည်။ အချစ်အတွက် ဆိုလျှင် ပတ်ဝန်းကျင်နှင့် သော်၎င်း၊မိသားစုနှင့် သော်၎င်း၊ ဆန့်ကျင်ရန် ဝန်မလေး၊ သစ္စာ ရှိသူကိုလိုလားသည်။ ချစ်ခြင်းမေတ္တာ ဆိုသည်မှာ သစ္စာတရားရှိမှ ခိုင်မြဲသည်။ ပြီးပြည့်စုံသည်ဟု ခံယူထား သူများ ဖြစ်သည်။ ထိုရာသီဖွား တို့သည် ဆံပင် ထူထူ၊ အရပ် သွယ်သွယ်၊ နှာတံပေါ် ပြီး နှုတ်ခမ်းလှကာ နှာခေါင်းဘေး (သို့) ပါးတွင် မှဲ့ပါသူ နှင့် ဖူးစာဆုံမည်။
Gemini – မေထုန်ရာသီဖွား ( မေလ ၂၁ ရက် – ဇွန်လ ၂၀ ရက် )

မေထုန်ရာသီဖွား တို့သည် ပညာရှိပြီး ဉာဏ်ရည်မြှင့်သောသူကို နှစ်သက်သည်။ မိမိနှင့် တိုင်ပင်ဖော် တိုင်ပင်ဖက် အဖြစ်
ရပ်တည်တတ်သော သူကို ဦးစားပေး၊ ရွေးချယ်တတ်သောသဘာဝရှိသည်။ မိမိထက် အသက်အရွယ် ၊အနေအထား၊
ဆက်ဆံရသော ဝန်းကျင် မတူခြားနားသော သူကို ရွေးချုယ်မေတ္တာ မျှတတ်သည်။ ထိုရာသီဖွားတို့သည် နှုးညံ့စွာ ပြောဆိုတတ်သော မျက်လုံးအိမ် အနည်းငယ်နက်ရှိုင်း၊ မျက်ဝန်းလှပလင်းလက်သော နဖူး၊ မျက်ခုံး၊ နှာတံ ဆက်စပ်မှု အလွန်တင့်တယ်သော သူနှင့် ဖူးစာဆုံမည်။
Cancer – ကရကဋ် ရာသီဖွား ( ဇွန်လ ၂၁ ရက် – ဇူလိုင် ၂၂ ရက် )

ကရကဋ် ရာသီဖွား တို့၏ နှလုံးသားသည် အငြိုးကြီးသည်။ အမှတ်သည်းခြေကြီးသည်။ စိတ်ကြီးသည်။ တစ်စုံတစ်ရာ မိမိနှလုံးသားကို နာကျင် ထိခိုက်အောင် တစ်ဖက်သူမှ လုပ်လျှင် ချက်ချင်းမုန်တီး အရွဲ့တိုက်တတ်သော သဘောသဘာ၀ ပိုင်ဆိုင်သည်။ ဘဝတွင် အသိုင်းအဝိုင်းက နှစ်သက်သူ တစ်ဦး၊ နှလုံးသားက လက်ခံသူ တစ်ဦး ကြား ရွေးချယ်ရန် အခက်ကြုံရတတ်သည်။ ထိုသို့ ကြုံရပါက မိမိမေတ္တာထား သလို ထားနိုင်သောသူကို ဦးစားပေး ရွေးချယ် သင့်သည်။ ထိုရာသီဖွားတို့သည် ကိုယ်လုံးကိုယ်ထည် တောင့်တင်း၊ မျက်နှာဝိုင်းကာ အသားလတ်ပြီး နှုတ်ခမ်းလှ၊ သွားစွယ်သွားတက် ရှိသောသူနှင့် ဖူးစာဆုံမည်။
Leo –  သိဟ် ရာသီဖွား ( ဇူလိုင်လ ၂၃ ရက် – သြဂုတ်လ ၂၂ ရက် )

သိဟ် ရာသီဖွား တို့သည် အလွန် သံယောဇဉ်ကြီးသည်။ ငယ်ချစ်ကို ဦးစားပေးတတ်သည်။ အလွန်မျက်နှာပွင့်သောသူ ဖြစ်ပေရာ
တစ်ဦးထက်ပိုသော ချစ်သူရည်းစားများ ထားမိတတ်သည်။ ချစ်သူများခြင်းသည် ဘဝ၏ အနှောက်အယှက်တစ်ခု ဖြစ်လာတတ်သည်။
အထူးသတိပြုရန်မှာ အချစ်ဆုံးသူနှင့် ကွေကွင်းရတတ်သည်။ လက်ထပ်ရသူက တစ်ယောက် ဖြစ်တတ်သည်။ ထိုရာသီဖွားတို့သည်
အသားဝါဝင်း ပြီး အမြဲတမ်း ပြုံးနေသော အလွန်မျက်နှာချိုသော်လည်းမာန ရှိပြီး ပြတ်သားသော ပညာဉာဏ်ရှိသူ နှင့် ဆုံစည်းရတတ်သည်။
Virgo –  ကန်ရာသီဖွား ( သြဂုတ်လ ၂၃ ရက် – စက်တင်ဘာလ ၂၂ ရက် )

ကန်ရာသီဖွား တို့သည် အလွန် စိတ်ထိခိုက် လွယ်သည်။ နှုးညံ့ သိမ်မွေ့လွန်းသော နှလုံးသား ကို ပိုင်ဆိုင်သည်။ အချော့ကြိုက်၏ မာမာပြောဆို ဆက်ဆံလာလျှင် အကျိုးရှိသောစကား ပင် ဖြစ်စေလက်ခံတတ်ခြင်းမရှိ၊ ချစ်သူပင်ဖြစ်လင့်ကစား ဘဝရည်မှန်းချက်တိုးတက်မှုကို ဆန့်ကျင် တားဆီးလာပါက မုန်းတီးဆန့်ကျင်ရန် ဝန်မလေး၊ ထိုရာသီဖွားများသည် ပိန်ပိန်သွယ်သွယ်၊ ပါးပါးလှပ်လှပ် အေးတိအေးစက် နေတတ်ပြီး မျက်လုံး၊ မျက်ခုံးကောင်းကာ နှုတ်ခမ်းပါးပါး စကားတတ်သော ဖူးစာရှင် နှင့် တွေ့မည်။
Libra – တူ ရာသီဖွား ( စက်တင်ဘာ ၂၃ ရက် – အောက်တိုဘာလ ၂၂ ရက် )

တူ ရာသီဖွား တို့သည် မျှတသော သဘာဝ၊ နှစ်လိုသော အနေအထားရှိလင့်ကစား နှလုံးသားမာလွန်း၍ မိမိကိုယ်သာ အချစ်ဆုံးသူများဖြစ်သည်။ ချစ်ခဲပြီး အချစ်မြဲသောသူများဖြစ်သည်။ ထူးခြားချက်မှာ ဉာဏ်မြင့်သော ပညာတတ် ထူးချွန်သောသူကို ဦးစားပေးချစ်တတ်သည်။မျှတစွာ တွေးခေါ်တတ် ၍ သိမ်မွေ့အေးချမ်းသူဖြစ်သည်။ နီးစပ်မှုကို အခြေတည်၍ အချစ်သံယောဇဉ် ဖြစ်တတ်သည်။ ပညာတတ်၊ ဉာဏ်ကြီး၊ စကားပြောကောင်း၊ အကြွားအဝါကောင်း၊ ဟန်ကောင်း၊ မျက်နှာ လေးထောင့်နှာတံပေါ် မျက်ရစ်မပါသော (သို့) မျက်လုံးမှေး ၍ အမြဲပြုံးနေသောသူနှင့်ဖူးစာဆုံမည်။
Scorpio –  ဗြိစ္ဆာ ရာသီဖွား ( အောက်တိုဘာလ ၂၃ ရက် – နိုဝင်ဘာလ ၂၁ ရက် )

ဗြိစ္ဆာ ရာသီဖွား တို့သည် ခံစားချက်၊ ခံယူချက် ကို ဦးစားပေးသော သူများဖြစ်သည်။ လျှိုဝှက်သိုသိပ် ၍ မဖြစ်မနေဆောင်ရွက် တတ်သော သဘာဝရှိသည်။ တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုရင် ဆုံးဖြတ်ချက်ချရန်အတွက် အလွန် အချိန်ယူတတ်သည်။ ဆုံးဖြတ်ပြီးပါကလည်း လုံးဝမပြင်တတ်။ ဝေဖန်မှုကို ဂရုမစိုက်တတ်၊ ဥပက္ခာ နှလုံးသားပိုင်ရှင်များဖြစ်သည်။ ထိုရာသီဖွားတို့သည် အေးချမ်းရိုးသားစွာ နေတတ်သော မျက်လုံးဝိုင်းစက်လှပသော  နှုးညံ့သိမ်မွေ့စွာ ပြောဆိုတတ်သော ဖူးစာရှင် နှင့်ဆုံဆည်းမည်။
Sagittarius –  ဓနု ရာသီဖွား ( နိုဝင်ဘာလ ၂၂ ရက် – ဒီဇင်ဘာလ ၂၁ ရက် )

ဓနု ရာသီဖွား တို့သည် ဘဝတွင် အရာရာ အောင်ပွဲခံနိုင်သလောက် အချစ်စစ် မျက်နှာတွင်မူ အမြဲအလံဖြူ၊ ဝှေ့ရမ်းအရှုံးပေးရသူများ
ဖြစ်သည်။ ချစ်သူများတတ်သည်။ အချစ်ရေးတွင် အမြဲခွင့်လွတ် အရှုံးပေး၊ အနစ်နာခံတတ်သည်။ တစ်စုံတစ်ယောက်ကို မေတ္တာထားရမည်ဆိုရင် စူးစူးစိုက်စိုက် ချစ်တတ်သောသဘာဝရှိသည်။ ထိုရာသီဖွားတို့သည် အသားလတ်၊ နှာတံပေါ် ခန္ဒာသွယ်လျ၊ မျက်နှာသွယ်
စကားပြောမြန် ၍ ခေါင်းမာတတ်သော သူနှင့် ဖူးစာဆုံမည်။
Capricorn – မကာရ ရာသီဖွား ( ဒီဇင်ဘာလ ၂၂ ရက် – ဇန်နဝါရီလ ၁၉ ရက် )

မကာရ ရာသီဖွား တို့သည် အထီးကျန်ဆန်ကာ အားငယ်နေတတ်သည်။ အထင်လွဲမှား မှုများအပေါ် အမြဲ ဖြေရှင်းနေရတတ်သည်။ သူတစ်ပါးက စိတ်မဝင်စား ပစ်ပယ်ထားသော အထီးကျန်သမားများကို ပို၍ စာနာ၊ မေတ္တာထားတတ်သည်။ ပေးဆပ်မှုကို ဦးစားပေးသူဖြစ်သည်။ ချစ်သူကို အလိုလိုက်လွန်း ၍သော် ၎င်း၊ အသာစီးပေးလွန်း ၍ သော်၎င်း၊ တစ်စုံတစ်ရာ မြင့်မားလာသောအခါ ချစ်သူကပင် မိမိအား
ပစ်ခွာသွားခြင်းကြုံတတ်သည်။ ထိုရာသီဖွားတို့သည် မေးရိုးပါးရိုးမြင့်သော၊ အသားလတ်ပြီး၊ ဆံပင် ဖြောင့်ကာ သွက်လက် သောအမူအရာ ရှိသော သူနှင့် ဖူးစာဆုံမည်။
Aquarius –  ကုံ ရာသီဖွား ( ဇန်နဝါရီလ ၂၀ ရက် – ဖေဖော်ဝါရီလ ၁၈ ရက် )

ကုမ် ရာသီဖွား တို့သည် အစွဲအလမ်းကြီးခြင်း၊ တစ်ဖက်စွန်းကျလွန်းခြင်း များကြောင့် နှလုံးသားရေးရာတွင် ချစ်ဒုက္ခ ကြုံတတ်သည်။သန့်စင်သော နှလုံးသားနှင့် တစ်ပါးသူအပေါ် မေတ္တာထားလင့်ကစား ကံဇာတ်ဆရာ မှ မိမိအား အလွမ်း၊ အဆွေးသမားဖြစ်အောင်
ဖန်တီးမည်။ သူ့အပေါ် အနိုင်မယူ၊ အခွင့်အရေး မယူ မိမိကသာ အနစ်နာခံတတ်သည်။ ရံဖန်ရံခါတွင် လက်တွေ့ထက် စိတ်ကူးယဉ်မှုဘက် ရောက်သွားတတ်သည်။ ထိုရာသီဖွားတို့သည် ကိုယ်လုံးကိုဖန် လှပတင့်တယ် ၍ မျက်ဝန်းအလွန်လှ ပြီး မျက်လုံး၊ မျက်ခုံးကောင်း နဖူးပြင်ကျယ်ပြန့်ကာ အေးချမ်းချိုသာစွာ ပြောဆိုတတ်သူနှင့် ဖူးစာဆုံမည်။
Pisces –  မိန် ရာသီဖွား ( ဖေဖော်ဝါရီလ ၁၉ ရက် – မတ်လ ၂၀ ရက် )

မိန် ရာသီဖွား တို့သည် အလွန် အေးချမ်း မြင့်မြတ်သော နှလုံးသာပိုင်ရှင် ဖြစ်သည်။ လွန်လွန်ကဲကဲ သံယောဇဉ် ကြီး၍ တစ်ပါးသူ အပေါ် နားလည်ခွင့်လွတ်တတ်သောသူဖြစ်သည်။ အခိုင်အမာဆုံးဖြတ် ၍ လေးလေးနက်နက် ချစ်တတ်သောသူဖြစ်သည်။ အရှက်အကြောက်
ကြီးခြင်း၊ တစ်ပါးသူက ဝေဖန်မည်ကို စိုးရိမ်ခြင်း ကြောင့် အမှန်တကယ် ချစ်သူအပေါ် ဖွင့်မပြောရဲ၊ လက်မတွဲ ရဲတတ်ခြင်းသည် ပကတိ
အားနည်းချက်ဖြစ်သည်။ ထိုရာသီဖွားတို့သည် ကိုယ်အေးချမ်ပြီး ဉာဏ်ပညာရှိသော ဆံပင်ထူပွပွ၊ သွားစွယ်၊ သွားတက်ရှိသောသူနှင့် ဖူးစာဆုံမည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဝေဒင်္ဂ Facebook Page
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top