၂၀၂၀ ခုႏွစ္တြင္ သိန္း ၂၇၀၀ မျဖစ္လွ်င္ ေငြျပန္အမ္းမည့္ Sanchaung Garden ကြန္ဒိုအေရာင္းျပပြဲ
×

 ပုဂံေရွးေဟာင္းယဥ္ ေက်းမႈေဒသ ယူနက္စကို၏ ကမၻာ့အေမြအႏွစ္ စာရင္းဝင္ေရး ေထာက္ခံႀကိဳဆိုပြဲကို ပုဂံေဒသခံ မ်ားက ဒီဇင္ဘာ ၁၉ ရက္၌ ျပဳ လုပ္မည္ျဖစ္သည္။

‘‘တခ်ိဳ႕ေဒသခံေတြက ယဥ္ ေက်းမႈအေမြအႏွစ္အေၾကာင္းကို နားမလည္ၾကဘူးေလ။ ခ႐ိုနီေတြ ကလည္း ပုဂံေဒသကို ကိုင္ထား ေတာ့ ထင္ရာျမင္ရာေတြ လုပ္ေန ၾကတာ။ ေဒသႀကီးက မွားနတာ ေပါ့။ အမွားအယြင္းေတြထပ္လုပ္ေနရင္ ပိုၿပီးထပ္မွားမွာစိုးလို႔ ပုဂံ ေဒသခံေတြကိုေခၚၿပီး အစည္းအ ေဝးလုပ္လုိက္တယ္။ ပထမေတာ့ အေျခအတင္ေတာ့ ေျပာရတာ ေပါ့။ ေနာက္က်ေတာ့ အကုန္လံုး က သေဘာေပါက္လာၿပီး ႀကိဳဆို တဲ့ပြဲ စီစဥ္ၾကေအာင္ဆိုၿပီး ေရွး ေဟာင္းနဲ႔ ရက္သတ္မွတ္လိုက္ၾက တာေပါ့’’ ဟု ယဥ္ေက်းမႈေဒသအ ေထာက္အကူျပဳေကာ္မတီ (ပုဂံ၊ ေညာင္ဦး) အဖြဲ႕မွ ကိုႏိုင္ထြန္းက ေျပာသည္။


ေထာက္ခံႀကိဳဆိုပြဲကို အလို ေတာ္ျပည့္ဘုရား အေနာက္ဘက္ ရွိ ေခမင္ခဘုရားအုပ္စုအနီးတြင္ ဆိုင္းဘုတ္မ်ားေထာင္ကာ ျပဳလုပ္ မည္ျဖစ္ၿပီး ယင္းဘုရားပတ္ဝန္း က်င္ကိုလည္း သန္႔ရွင္းေရးျပဳလုပ္ မည္ျဖစ္ေၾကာင္း ပုဂံေရွးေဟာင္း ယဥ္ေက်းမႈဇုန္အတြင္း ပါဝင္ ေသာ ျမင္းကပါရြာအုပ္ခ်ဳပ္ေရးမွဴး ကိုေအာင္စိုးလင္းကေျပာသည္။

‘‘အကုန္လံုးပါဝင္ၾကပါလိမ့္ မယ္။ ႀကိဳဆိုပြဲလုပ္ၾကမွာေပါ့’’ဟု ကိုေအာင္စိုးလင္းကေျပာသည္။

ပုဂံေရွးေဟာင္းယဥ္ေက်းမႈ ေဒသကို ယူနက္စကို၏ ကမၻာ့အ ေမြအႏွစ္ေဒသအျဖစ္ စာရင္းတင္ သြင္းမႈကို ယခင္ကေဒသခံအခ်ိဳ႕ ကန္႔ကြက္ခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ ႏွစ္ဖက္ညႇိႏႈိင္းမႈ ေၾကာင့္ ေျပလည္မႈရရွိသည္။

 ယူနက္စကိုသို႔ မူၾကမ္းတင္သြင္းၿပီးပါက ပုဂံေဒသသို႔ ICOMOS (International Council on Monuments and Sites) ပညာရွင္မ်ား လာေရာက္စစ္ေဆးၿပီး ေဒသခံမ်ား၏ သေဘာထားကို ေတြ႕ဆံုေမးျမန္းမည္ျဖစ္သည္။

လက္ရွိတြင္ ပုဂံေရွးေဟာင္း ယဥ္ေက်းမႈဇုန္ ဧရိယာသည္ စတုရန္းဧက ၂၇,၉၇၀ က်ယ္ဝန္း သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 ပုဂံရှေးဟောင်းယဉ် ကျေးမှုဒေသ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး ထောက်ခံကြိုဆိုပွဲကို ပုဂံဒေသခံ များက ဒီဇင်ဘာ ၁၉ ရက်၌ ပြု လုပ်မည်ဖြစ်သည်။

‘‘တချို့ဒေသခံတွေက ယဉ် ကျေးမှုအမွေအနှစ်အကြောင်းကို နားမလည်ကြဘူးလေ။ ခရိုနီတွေ ကလည်း ပုဂံဒေသကို ကိုင်ထား တော့ ထင်ရာမြင်ရာတွေ လုပ်နေ ကြတာ။ ဒေသကြီးက မှားနတာ ပေါ့။ အမှားအယွင်းတွေထပ်လုပ်နေရင် ပိုပြီးထပ်မှားမှာစိုးလို့ ပုဂံ ဒေသခံတွေကိုခေါ်ပြီး အစည်းအ ဝေးလုပ်လိုက်တယ်။ ပထမတော့ အခြေအတင်တော့ ပြောရတာ ပေါ့။ နောက်ကျတော့ အကုန်လုံး က သဘောပေါက်လာပြီး ကြိုဆို တဲ့ပွဲ စီစဉ်ကြအောင်ဆိုပြီး ရှေး ဟောင်းနဲ့ ရက်သတ်မှတ်လိုက်ကြ တာပေါ့’’ ဟု ယဉ်ကျေးမှုဒေသအ ထောက်အကူပြုကော်မတီ (ပုဂံ၊ ညောင်ဦး) အဖွဲ့မှ ကိုနိုင်ထွန်းက ပြောသည်။


ထောက်ခံကြိုဆိုပွဲကို အလို တော်ပြည့်ဘုရား အနောက်ဘက် ရှိ ခေမင်ခဘုရားအုပ်စုအနီးတွင် ဆိုင်းဘုတ်များထောင်ကာ ပြုလုပ် မည်ဖြစ်ပြီး ယင်းဘုရားပတ်ဝန်း ကျင်ကိုလည်း သန့်ရှင်းရေးပြုလုပ် မည်ဖြစ်ကြောင်း ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း ပါဝင် သော မြင်းကပါရွာအုပ်ချုပ်ရေးမှူး ကိုအောင်စိုးလင်းကပြောသည်။

‘‘အကုန်လုံးပါဝင်ကြပါလိမ့် မယ်။ ကြိုဆိုပွဲလုပ်ကြမှာပေါ့’’ဟု ကိုအောင်စိုးလင်းကပြောသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသကို ယူနက်စကို၏ ကမ္ဘာ့အ မွေအနှစ်ဒေသအဖြစ် စာရင်းတင် သွင်းမှုကို ယခင်ကဒေသခံအချို့ ကန့်ကွက်ခဲ့သော်လည်း လက်ရှိအချိန်တွင် နှစ်ဖက်ညှိနှိုင်းမှု ကြောင့် ပြေလည်မှုရရှိသည်။

 ယူနက်စကိုသို့ မူကြမ်းတင်သွင်းပြီးပါက ပုဂံဒေသသို့ ICOMOS (International Council on Monuments and Sites) ပညာရှင်များ လာရောက်စစ်ဆေးပြီး ဒေသခံများ၏ သဘောထားကို တွေ့ဆုံမေးမြန်းမည်ဖြစ်သည်။

လက်ရှိတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန် ဧရိယာသည် စတုရန်းဧက ၂၇,၉၇၀ ကျယ်ဝန်း သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top