စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
×







Credit: 7daydaily

# Unicode Version ဖြင့် ဖတ်ပါ #
အခကြေးငွေယူကာ ဘင်္ဂါ လီခြောက်ဦးကို ကားဖြင့်တင်ခေါ် လာသော ကြေးမုံသတင်းစာမှ သတင်းထောက်တစ်ဦးကို ဒီဇင် ဘာ ၂၈ ရက်က ပန်းတောင်းမြို့ နယ် ဥသျှစ်ပင်မြို့တွင်ဖမ်းမိခဲ့ ကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲ မှူးပြုံးလွင်က ပြောသည်။

ဒီဇင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းက ဥသျှစ်ပင်မြို့၊ ညောင် ကျိုးစစ်ဆေးရေးဂိတ်တွင် တာ ဝန်ကျရဲတပ်ဖွဲ့ဝင်များ ပိတ်ဆို့ ရှာဖွေမှုများ ပြုလုပ်နေစဉ် တောင်ကုတ်မြို့မှ ပြည်မြို့ဘက် သို့ မောင်းနှင်လာသည့် တိုယိုတာ မတ်တူးအမျိုးအစား အိမ်စီးကား တစ်စီးသည် စစ်ဆေးမခံဘဲ မောင်းပြေးခဲ့သဖြင့် လိုက်လံဖမ်း ဆီးရာ ဥသျှစ်ပင်မြို့တွင် ဖမ်းမိခဲ့ ခြင်းဖြစ်ကြောင်း ၎င်းကပြော သည်။

‘‘တောင်ကုတ်-ပြည်လမ်း က ညောင်ခြေထောက်ကျေးရွာအ နီးမှာ ဖမ်းမိခဲ့တယ်။ ယာဉ်မောင်း ဆီက ကြေးမုံသတင်းစာ သတင်း ထောက်ကတ်ပြားနဲ့အတူ ဖမ်းမိ ခဲ့တယ်’’ ဟု ၎င်းကပြောသည်။

ဘင်္ဂါလီခြောက်ဦးနှင့်အတူ ဖမ်းမိခဲ့သည့် ကြေးမုံသတင်းစာ သတင်းထောက်သည် အသက် (၅၀) အရွယ် ဦးစောမိုးကျော်ဆို သူဖြစ်ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် နေထိုင်သူဖြစ် သည်။ ၎င်းမောင်းနှင်ထွက်ပြေး သည့် ယာဉ်ပေါ်တွင် ကျောက်ဖြူ မြို့နယ် ကျောက်တစ်လုံးကယ် ဆယ်ရေးစခန်းမှ အသက် (၃၄) နှစ်နှင့် အသက် (၁၄) နှစ်အရွယ် ဘင်္ဂါလီအမျိုးသားနှစ်ဦး၊ အ သက် (၄၄) နှစ်၊ အသက် (၁၆) နှစ်၊ အသက် (၁၁) နှစ်နှင့် အ သက်(၈)နှစ်အရွယ် ဘင်္ဂါလီအမျိုး သမီးလေးဦး စုစုပေါင်းခြောက်ဦး ကို ဖမ်းမိခဲ့ကြောင်း ပြည်ခရိုင်ရဲ တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဦးစောမိုးကျော်ကို စစ်ဆေး ရာတွင် ၎င်းသည် ကျောက်ဖြူမြို့ ကြေးမုံသတင်းထောက်အဖြစ် ကျောက်ဖြူမြို့ရှိ ကျောက်တစ် လုံးကယ်ဆယ်ရေးစခန်းသို့ တစ် လတစ်ကြိမ် သွားရောက်သတင်း ယူရကြောင်း၊ ကယ်ဆယ်ရေးစ ခန်းရှိ ငယ်သူငယ်ချင်းဖြစ်သူ ဦး မောင်လှနှင့် ခင်မင်ရင်းနှီးပြီး ဦး မောင်လှက ကယ်ဆယ်ရေးစခန်း နေ ဘင်္ဂါလီများ ရန်ကုန်သို့ သွား ရောက်လိုပြီး ပြည်သို့ သွားရန်ရှိပါက ပြည်မြို့အထိ ခေါ်ဆောင် သွားရန် ပြောကြားခဲ့သည်ဟု ဆို သည်။ ထို့အတွက် ဘင်္ဂါလီခြောက် ဦးကို သယ်ဆောင်ခ ကျပ်သိန်း ၂၀ ဖြင့် ပြည်မြို့သို့ ခေါ်ဆောင် သွားရန် သဘောတူညီခဲ့သည်ဟု ထွက်ဆိုကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ထို့ကြောင့် ကြေးမုံသတင်း ထောက်ဦးစောမိုးကျော်အား ကျွန်ပြုခံစေရန် လူခိုးမှု ရာဇသတ်ကြီး ပုဒ်မ ၃၆၇ ဖြင့် ဥသျှစ်ပင်ရဲစခန်း တွင် အမှုဖွင့်အရေးယူထားပြီး ဘင်္ဂါလီ ခြောက်ဦးကိုလည်း ၁၉၄၉ ပြည်ထောင်စုမြန်မာ နိုင်ငံအတွင်း နေထိုင်သူများ မှတ် ပုံတင်ရေးဥပဒေ ပုဒ်မ ၆ (၂)/၆ (၃) ဖြင့် ပန်းတောင်းမြို့နယ် လူ ဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှူးက တရားစွဲဆိုမည်ဖြစ်ကြောင်း ပြည် ခရိုင်ရဲတပ်ဖွဲ့က သတင်းထုတ် ပြန်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top