စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

မႏၲေလးၿမိဳ႕တြင္စြန္႔ပစ္ အမႈိက္မွတစ္ဆင့္ လွ်ပ္စစ္ထုတ္သည့္ စီမံကိန္းအေကာင္အထည္ေဖာ္ရန္ တင္ဒါသစ္ထပ္မံေခၚယူမည္ဟု မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ တာ၀န္ရွိသူက ေျပာသည္။

စြန္႔ပစ္အမႈိက္မွ လွ်ပ္စစ္ ထုတ္သည့္ စီမံကိန္းေဆာင္ရြက္ မည့္ကုမၸဏီႏွင့္ယခင္က သေဘာ တူထားျခင္းမ်ား ဖ်က္သိမ္းခဲ့ၿပီး လာမည့္ဘ႑ာႏွစ္တြင္ တင္ဒါ အသစ္ ထပ္မံေခၚယူမည္ဟု မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာ ယာေရး ေကာ္မတီသန္႔ရွင္းေရး ဌာန လက္ေထာက္ၫႊန္ၾကားေရး မွဴးဦးစုိးတင့္ေအာင္က ေျပာ ၾကားသည္။

‘‘တင္ဒါေခၚၿပီးလာမယ့္တစ္ ႏွစ္အတြင္း အေကာင္အထည္ ေဖာ္သြားမွာပါ။ ျပည္သူကသက္ သက္သာသာနဲ႔ သုံးလုိ႔ရမွာပါ။ ဂက္စ္ထြက္လာရင္လည္း သယ္ ယူပုိ႔ေဆာင္ေရးအတြက္ သုံးလုိ႔ရ တာေပါ့’’ ဟု ဦးစုိးတင့္ေအာင္က ေျပာသည္။

စြန္႔ပစ္အမႈိက္မွ လွ်ပ္စစ္ ထုတ္ယူသည့္လုပ္ငန္းေဆာင္ ရြက္ပါက အမႈိက္က်င္းေနရာ ရွာရန္မလုိေတာ့ေၾကာင္း၊ ယင္း စီမံကိန္းအတြက္ေျမေနရာ ၁၂ ဒသမ ၃၅ ဧကလုိအပ္မည္ျဖစ္ၿပီး ပုသိမ္ႀကီးၿမိဳ႕နယ္ ၾကာနီကန္ ေက်းရြာအနီးတြင္ အေကာင္အ ထည္ေဖာ္မည္ျဖစ္သည္။မႏၲေလး ၿမိဳ႕မွ ထြက္ေသာအမႈိက္မ်ားကုိ အမႈိက္စုိ၊ အမႈိက္ေျခာက္ခြဲျခား ကာ ဇီ၀ဓာတ္ေငြ႕ထုတ္လုပ္ျခင္း၊ ဇီ၀ဓာတ္ေငြ႕ကုိ အီသိန္းဓာတ္ ေငြ႕ရည္အျဖစ္ သန္႔စင္ျခင္း၊ဓာတ္ ေငြ႕ထုတ္လုပ္ျခင္းမွ ႂကြင္းက်န္ ေသာေခ်ဖ်က္ၿပီး အႂကြင္းအက်န္ မ်ားႏွင့္ အမႈိက္ေျခာက္မ်ားမွလွ်ပ္ စစ္ဓာတ္အားထုတ္လုပ္ျခင္း စ သည့္လုပ္ငန္းစဥ္မ်ားျဖင့္ ေဆာင္ ရြက္ရန္ ရည္မွန္းထားေၾကာင္း သန္႔ရွင္းေရးဌာနတာ၀န္ရွိသူက ေျပာသည္။

မႏၲေလးၿမိဳ႕ရွိ အမႈိက္မ်ား ကုိ လွ်ပ္စစ္ထုတ္ယူရန္ ၂၀၁၅ က ထုိင္းကုမၸဏီတစ္ခုက ကမ္း လွမ္းဖူးၿပီး အက်ိဳးအျမတ္ကုိ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာ ေရးေကာ္မတီက ၁၀ ရာခုိင္ႏႈန္း၊ ကုမၸဏီဘက္က ၉၀ ရာခုိင္ႏႈန္းခဲြ ေ၀ယူရန္အဆုိျပဳခဲ့ဖူးသည္။ မႏၲ ေလးေျခာက္ၿမိဳ႕နယ္တြင္ တစ္ ရက္လွ်င္ အမႈိက္တန္ခ်ိန္ ၈၂၀ ခန္႔ထြက္ရွိေနေၾကာင္း မႏၲေလး ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 မန္တလေးမြို့တွင်စွန့်ပစ် အမှိုက်မှတစ်ဆင့် လျှပ်စစ်ထုတ်သည့် စီမံကိန်းအကောင်အထည်ဖော်ရန် တင်ဒါသစ်ထပ်မံခေါ်ယူမည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူက ပြောသည်။

စွန့်ပစ်အမှိုက်မှ လျှပ်စစ် ထုတ်သည့် စီမံကိန်းဆောင်ရွက် မည့်ကုမ္ပဏီနှင့်ယခင်က သဘော တူထားခြင်းများ ဖျက်သိမ်းခဲ့ပြီး လာမည့်ဘဏ္ဍာနှစ်တွင် တင်ဒါ အသစ် ထပ်မံခေါ်ယူမည်ဟု မန္တလေးမြို့တော် စည်ပင်သာ ယာရေး ကော်မတီသန့်ရှင်းရေး ဌာန လက်ထောက်ညွှန်ကြားရေး မှူးဦးစိုးတင့်အောင်က ပြော ကြားသည်။

‘‘တင်ဒါခေါ်ပြီးလာမယ့်တစ် နှစ်အတွင်း အကောင်အထည် ဖော်သွားမှာပါ။ ပြည်သူကသက် သက်သာသာနဲ့ သုံးလို့ရမှာပါ။ ဂက်စ်ထွက်လာရင်လည်း သယ် ယူပို့ဆောင်ရေးအတွက် သုံးလို့ရ တာပေါ့’’ ဟု ဦးစိုးတင့်အောင်က ပြောသည်။

စွန့်ပစ်အမှိုက်မှ လျှပ်စစ် ထုတ်ယူသည့်လုပ်ငန်းဆောင် ရွက်ပါက အမှိုက်ကျင်းနေရာ ရှာရန်မလိုတော့ကြောင်း၊ ယင်း စီမံကိန်းအတွက်မြေနေရာ ၁၂ ဒသမ ၃၅ ဧကလိုအပ်မည်ဖြစ်ပြီး ပုသိမ်ကြီးမြို့နယ် ကြာနီကန် ကျေးရွာအနီးတွင် အကောင်အ ထည်ဖော်မည်ဖြစ်သည်။မန္တလေး မြို့မှ ထွက်သောအမှိုက်များကို အမှိုက်စို၊ အမှိုက်ခြောက်ခွဲခြား ကာ ဇီဝဓာတ်ငွေ့ထုတ်လုပ်ခြင်း၊ ဇီဝဓာတ်ငွေ့ကို အီသိန်းဓာတ် ငွေ့ရည်အဖြစ် သန့်စင်ခြင်း၊ဓာတ် ငွေ့ထုတ်လုပ်ခြင်းမှ ကြွင်းကျန် သောချေဖျက်ပြီး အကြွင်းအကျန် များနှင့် အမှိုက်ခြောက်များမှလျှပ် စစ်ဓာတ်အားထုတ်လုပ်ခြင်း စ သည့်လုပ်ငန်းစဉ်များဖြင့် ဆောင် ရွက်ရန် ရည်မှန်းထားကြောင်း သန့်ရှင်းရေးဌာနတာဝန်ရှိသူက ပြောသည်။

မန္တလေးမြို့ရှိ အမှိုက်များ ကို လျှပ်စစ်ထုတ်ယူရန် ၂၀၁၅ က ထိုင်းကုမ္ပဏီတစ်ခုက ကမ်း လှမ်းဖူးပြီး အကျိုးအမြတ်ကို မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီက ၁၀ ရာခိုင်နှုန်း၊ ကုမ္ပဏီဘက်က ၉၀ ရာခိုင်နှုန်းခွဲ ဝေယူရန်အဆိုပြုခဲ့ဖူးသည်။ မန္တ လေးခြောက်မြို့နယ်တွင် တစ် ရက်လျှင် အမှိုက်တန်ချိန် ၈၂၀ ခန့်ထွက်ရှိနေကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top