ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဆင္းရဲမြဲေတမႈေတြနဲ႕ ျပည့္ႏွက္ေနတဲ့ မာလာ၀ီႏိုင္ငံမွာဆိုရင္ HIV ေၾကာင့္ ႏွစ္စဥ္ လူေပါင္း ၂၄၀၀၀ ေက်ာ္ ေသဆုံးေနရပါတယ္။ HIV ေရာဂါခံစားေနရသူကလည္း လူေပါင္း (၁)သန္းခန္႕ရွိေနျပီးေတာ့ HIV ေၾကာင့္ အဆိုး၀ါးဆံုးဒဏ္ခံစားေနရတဲ့ ႏိုင္ငံမ်ားထဲမွာ မာလာ၀ီႏိုင္ငံကလည္း ထိပ္ဆံုးနားက ပါ၀င္ေနပါတယ္။ HIV ျဖစ္ပြားရတဲ့ အဓိကအေၾကာင္းအရင္းကေတာ့ လိင္ဆက္ဆံမႈမွာ ကြန္ဒံုးအသံုးျပဳဖို႕ ျငင္းဆန္ျခင္း၊ HIV ေရာဂါမရွိဘူးလို႕ လိမ္ညာခံရျခင္းဆိုတဲ့ အခ်က္ (၂)ခ်က္ေၾကာင့္ ျဖစ္ပြားေနရတယ္လို႕လည္း သိရပါတယ္။ အခုဆိုရင္ ဒီလိုမ်ိဳးေတြေၾကာင့္ HIV ျဖစ္ပြားမႈႏႈန္းတိုးပြားလာမႈကို ေလွ်ာ့ခ်ဖို႕အတြက္ အမ်ိဳးသမီးသံုး ကြန္ဒံုးအသစ္ တစ္ခုကို တီထြင္လိုက္ပါျပီ။ ဒီ ကြန္ဒံုးကိုေတာ့ မာလာ၀ီႏိုင္ငံမွာ စမ္းသပ္ေနတာလည္း ျဖစ္ပါတယ္။

ဆီလီကြန္နဲ႕ ျပဳလုပ္ထားတဲ့ လက္စြပ္သဖြယ္ ကြန္ဒံုးဟာ အမ်ိဳးသမီးေတြရဲ႕ အဂၤါအတြင္းမွာ လွ်ိဳ႕၀ွက္စြာထည့္သြင္းထားလို႕ရပါတယ္။ ထူးျခားတာကေတာ့ ဆိုဒ္တစ္ခုတည္းရွိျပီးေတာ့ ဘယ္လိုမ်ိဳးပဲျဖစ္ျဖစ္ သင့္ေတာ္တဲ့အေနအထားမွာရွိေအာင္ အလိုအေလ်ာက္ က်ံဳ႕ႏိုင္၊ ဆန္႕ႏိုင္တာမို႕ ထူးျခားတယ္လို႕ ဆိုရတာပါ။ ဒါ့အျပင္ ကြင္းပံုစံျပဳလုပ္ထားတာေၾကာင့္လည္း တျခားေသာ ကြန္ဒံုးေတြလိုမ်ိဳး မဟုတ္ပဲနဲ႕ အျမင္မွာပါ ထူးျခားေနေစပါတယ္။ အမ်ိဳးသမီးရဲ႕ အဂၤါထဲ ထည့္သြင္းျပီးရင္လည္း လိင္ဆက္ဆံေဖာ္အေနနဲ႕ အမ်ိဳးသမီးဟာ ကြန္ဒံုးအသံုးျပဳထားမွန္း သိရွိေစဖို႕ မလြယ္ကူေစေအာင္ စီမံထားတယ္လို႕လည္း ဆိုပါတယ္။ ကြင္းအတြင္းမွာေတာ့ antiretroviral drug လို႕ေခၚတဲ့ ေဆး၀ါးပါ၀င္ျပီးေတာ့ HIV/AIDS ကာကြယ္ေပးႏိုင္မႈကို စမ္းသပ္ျပီး သုေတသနျပဳလုပ္ေနတာလည္း ျဖစ္ပါတယ္။

Joint United Nations Programme on HIV and AIDS အဖြဲ႕မွ ဆရာ၀န္တစ္ဦးကေတာ့ -

" အမ်ိဳးသမီးတစ္ေယာက္အဖို႕ေတာ့ သူ႕ရဲ႕ အဂၤါအတြင္း ဒါကို ထည့္သြင္းတဲ့အခါမွာ အစပိုင္းေတာ့ ေၾကာက္ရြံ႕ေနခဲ့ပါတယ္" လို႕ (၇)ေဒၚလာတန္ ကြန္ဒံုးကို မာလာ၀ီအမ်ိဳးသမီးတစ္ဦးရဲ႕ အဂၤါအတြင္း ထည့္သြင္းအျပီးမွာ ေျပာခဲ့ပါတယ္။

" ဒီကြန္ဒံုးအတြက္ ကၽြန္မတို႕ေတြ အထူးအားထုတ္ခဲ့တာက လူ႕အဖြဲ႕အစည္းတစ္ခုလံုးရဲ႕ က်န္းမာေရးအတြက္ပါ၊ ဒိအတြက္လည္း အျမဲတမ္းဂုဏ္ယူေနမွာျဖစ္သလို ဒီပေရာ့ဂ်က္အတြက္လည္း ေတာ္ေတာ္ေလး အားအင္ေတြ စိုက္ထုတ္ခဲ့ရပါတယ္" လို႕ အမ်ိဳးသမီးသံုးလွ်ိဳ႕၀ွက္ကြန္ဒံုးအတြက္ စမ္းသပ္မႈေတြျပဳလုပ္ခဲ့ရဲ႕ပံုကို ဖြင့္ဟခဲ့ပါေသးတယ္။ ဆက္ျပီးေတ့ာ သူမေျပာခဲ့တာကဆိုရင္ -

" မာလာ၀ီမွာက HIV/AIDS  ျပသနာက ေတာ္ေတာ္ေလးကို ဆိုး၀ါးေနတာပါ။ လူတိုင္းလူတိုင္းက တစ္ေယာက္နဲ႕တစ္ေယာက္ ခ်စ္ခင္ႏွစ္လိုစိတ္ေတြေတာင္ ေပ်ာက္ဆံုးေနျပီလို႕ ကၽြန္မ ေသခ်ာေပါက္ ေျပာႏိုင္ပါတယ္လို႕" သူမက မာလာ၀ီႏိုင္ငံရဲ႕ က်န္းမာေရးအေျခအေနကိုလည္း သံုးသပ္ခဲ့ပါေသးတယ္။

၀ါရွင္တန္တကၠသိုလ္မွ Elizabeth Brown ဆုိတဲ့ ပုဂၢိဳလ္ကေတာ့ - HIV ကာကြယ္ေရးနည္းလမ္းေတြက ဘယ္ေသာအခါမွ ျပီးျပည့္စံုတယ္ဆိုတာ မရွိေသးပါဘူး၊ ဒါေပမယ့္ ကၽြန္မတို႕ သိထားရမွာက အမ်ိဳးသမီးတိုင္းက ဒါကိုအသံုးျပဳၾကဖို႕ ယံုၾကည္မႈ ျပည့္၀ေသးမွာမဟုတ္ပါဘူး။ သူတို႕ေတြ ယံုၾကည္လက္ခံစြာနဲ႕ အသံုးျပဳႏိုင္ေအာင္ ကၽြန္မတို႕ ေလ့လာဆန္းစစ္မႈေတြ၊ သုေတသနေတြ ဆက္လုပ္ေနရမွာျဖစ္ျပီး သူတို႕ေတြ ယံုၾကည္မႈအျပည့္အ၀နဲ႕ သံုးစြဲႏိုင္ဖို႕ အားထုတ္ရမွာပါ၊ လက္ရွိမွာေတာ့ ကၽြန္မတို႕ ေလ့လာမႈေတြအရဆိုရင္ HIV/AIDS ကာကြယ္ႏိုင္ဖို႕ နည္းလမ္းေတြက ပိုပိုျပီးေတာ့ ျပည့္စံုလာတာေတာ့ ေသခ်ာပါတယ္" လို႕ ေျပာခဲ့ပါတယ္။

ဆီလီကြန္လက္စြပ္သ႑ာန္နဲ႕ ကြန္ဒံုးကိုေတာ့ ၂၀၁၈ ခုႏွစ္မွာ စတင္အသံုးျပဳႏိုင္ဖို႕ ရည္ရြယ္ထားေၾကာင္းလည္း သိရပါတယ္။ ဒီ ကိရိယာကိုေတာ့ အမ်ိဳးသမီးအဂၤါအတြင္း ထည့္သြင္းျပီးရင္ေတာ့ တစ္လခန္႕အထိ အသံုးျပဳႏိုင္ျပီး တစ္လျပည့္ရင္ေတာ့ အသစ္လဲလွယ္ေပးရမွာလည္း ျဖစ္ပါတယ္။

Source : dailymail

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

# Unicode Version ျဖင့္ ဖတ္ပါ #

ဆင်းရဲမွဲတေမှုတွေနဲ့ ပြည့်နှက်နေတဲ့ မာလာဝီနိုင်ငံမှာဆိုရင် HIV ကြောင့် နှစ်စဉ် လူပေါင်း ၂၄၀၀၀ ကျော် သေဆုံးနေရပါတယ်။ HIV ရောဂါခံစားနေရသူကလည်း လူပေါင်း (၁)သန်းခန့်ရှိနေပြီးတော့ HIV ကြောင့် အဆိုးဝါးဆုံးဒဏ်ခံစားနေရတဲ့ နိုင်ငံများထဲမှာ မာလာဝီနိုင်ငံကလည်း ထိပ်ဆုံးနားက ပါဝင်နေပါတယ်။ HIV ဖြစ်ပွားရတဲ့ အဓိကအကြောင်းအရင်းကတော့ လိင်ဆက်ဆံမှုမှာ ကွန်ဒုံးအသုံးပြုဖို့ ငြင်းဆန်ခြင်း၊ HIV ရောဂါမရှိဘူးလို့ လိမ်ညာခံရခြင်းဆိုတဲ့ အချက် (၂)ချက်ကြောင့် ဖြစ်ပွားနေရတယ်လို့လည်း သိရပါတယ်။ အခုဆိုရင် ဒီလိုမျိုးတွေကြောင့် HIV ဖြစ်ပွားမှုနှုန်းတိုးပွားလာမှုကို လျှော့ချဖို့အတွက် အမျိုးသမီးသုံး ကွန်ဒုံးအသစ် တစ်ခုကို တီထွင်လိုက်ပါပြီ။ ဒီ ကွန်ဒုံးကိုတော့ မာလာဝီနိုင်ငံမှာ စမ်းသပ်နေတာလည်း ဖြစ်ပါတယ်။

ဆီလီကွန်နဲ့ ပြုလုပ်ထားတဲ့ လက်စွပ်သဖွယ် ကွန်ဒုံးဟာ အမျိုးသမီးတွေရဲ့ အင်္ဂါအတွင်းမှာ လျှို့ဝှက်စွာထည့်သွင်းထားလို့ရပါတယ်။ ထူးခြားတာကတော့ ဆိုဒ်တစ်ခုတည်းရှိပြီးတော့ ဘယ်လိုမျိုးပဲဖြစ်ဖြစ် သင့်တော်တဲ့အနေအထားမှာရှိအောင် အလိုအလျောက် ကျုံ့နိုင်၊ ဆန့်နိုင်တာမို့ ထူးခြားတယ်လို့ ဆိုရတာပါ။ ဒါ့အပြင် ကွင်းပုံစံပြုလုပ်ထားတာကြောင့်လည်း တခြားသော ကွန်ဒုံးတွေလိုမျိုး မဟုတ်ပဲနဲ့ အမြင်မှာပါ ထူးခြားနေစေပါတယ်။ အမျိုးသမီးရဲ့ အင်္ဂါထဲ ထည့်သွင်းပြီးရင်လည်း လိင်ဆက်ဆံဖော်အနေနဲ့ အမျိုးသမီးဟာ ကွန်ဒုံးအသုံးပြုထားမှန်း သိရှိစေဖို့ မလွယ်ကူစေအောင် စီမံထားတယ်လို့လည်း ဆိုပါတယ်။ ကွင်းအတွင်းမှာတော့ antiretroviral drug လို့ခေါ်တဲ့ ဆေးဝါးပါဝင်ပြီးတော့ HIV/AIDS ကာကွယ်ပေးနိုင်မှုကို စမ်းသပ်ပြီး သုတေသနပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

Joint United Nations Programme on HIV and AIDS အဖွဲ့မှ ဆရာဝန်တစ်ဦးကတော့ -

" အမျိုးသမီးတစ်ယောက်အဖို့တော့ သူ့ရဲ့ အင်္ဂါအတွင်း ဒါကို ထည့်သွင်းတဲ့အခါမှာ အစပိုင်းတော့ ကြောက်ရွံ့နေခဲ့ပါတယ်" လို့ (၇)ဒေါ်လာတန် ကွန်ဒုံးကို မာလာဝီအမျိုးသမီးတစ်ဦးရဲ့ အင်္ဂါအတွင်း ထည့်သွင်းအပြီးမှာ ပြောခဲ့ပါတယ်။

" ဒီကွန်ဒုံးအတွက် ကျွန်မတို့တွေ အထူးအားထုတ်ခဲ့တာက လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ကျန်းမာရေးအတွက်ပါ၊ ဒိအတွက်လည်း အမြဲတမ်းဂုဏ်ယူနေမှာဖြစ်သလို ဒီပရော့ဂျက်အတွက်လည်း တော်တော်လေး အားအင်တွေ စိုက်ထုတ်ခဲ့ရပါတယ်" လို့ အမျိုးသမီးသုံးလျှို့ဝှက်ကွန်ဒုံးအတွက် စမ်းသပ်မှုတွေပြုလုပ်ခဲ့ရဲ့ပုံကို ဖွင့်ဟခဲ့ပါသေးတယ်။ ဆက်ပြီးတေ့ာ သူမပြောခဲ့တာကဆိုရင် -

" မာလာဝီမှာက HIV/AIDS  ပြသနာက တော်တော်လေးကို ဆိုးဝါးနေတာပါ။ လူတိုင်းလူတိုင်းက တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်နှစ်လိုစိတ်တွေတောင် ပျောက်ဆုံးနေပြီလို့ ကျွန်မ သေချာပေါက် ပြောနိုင်ပါတယ်လို့" သူမက မာလာဝီနိုင်ငံရဲ့ ကျန်းမာရေးအခြေအနေကိုလည်း သုံးသပ်ခဲ့ပါသေးတယ်။

ဝါရှင်တန်တက္ကသိုလ်မှ Elizabeth Brown ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ - HIV ကာကွယ်ရေးနည်းလမ်းတွေက ဘယ်သောအခါမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိသေးပါဘူး၊ ဒါပေမယ့် ကျွန်မတို့ သိထားရမှာက အမျိုးသမီးတိုင်းက ဒါကိုအသုံးပြုကြဖို့ ယုံကြည်မှု ပြည့်ဝသေးမှာမဟုတ်ပါဘူး။ သူတို့တွေ ယုံကြည်လက်ခံစွာနဲ့ အသုံးပြုနိုင်အောင် ကျွန်မတို့ လေ့လာဆန်းစစ်မှုတွေ၊ သုတေသနတွေ ဆက်လုပ်နေရမှာဖြစ်ပြီး သူတို့တွေ ယုံကြည်မှုအပြည့်အဝနဲ့ သုံးစွဲနိုင်ဖို့ အားထုတ်ရမှာပါ၊ လက်ရှိမှာတော့ ကျွန်မတို့ လေ့လာမှုတွေအရဆိုရင် HIV/AIDS ကာကွယ်နိုင်ဖို့ နည်းလမ်းတွေက ပိုပိုပြီးတော့ ပြည့်စုံလာတာတော့ သေချာပါတယ်" လို့ ပြောခဲ့ပါတယ်။

ဆီလီကွန်လက်စွပ်သဏ္ဍာန်နဲ့ ကွန်ဒုံးကိုတော့ ၂၀၁၈ ခုနှစ်မှာ စတင်အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။ ဒီ ကိရိယာကိုတော့ အမျိုးသမီးအင်္ဂါအတွင်း ထည့်သွင်းပြီးရင်တော့ တစ်လခန့်အထိ အသုံးပြုနိုင်ပြီး တစ်လပြည့်ရင်တော့ အသစ်လဲလှယ်ပေးရမှာလည်း ဖြစ်ပါတယ်။

Source : dailymail

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top