ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

တစ္ခါတစ္ရံ ကမၻာႀကီးမွာ ဘာေတြမ်ားျဖစ္ေနၾကပါလိမ့္လို႔ ေတြးမိတယ္။ ဗုဒၶဘုရားရွင္ေဟာထားသလို ပုထုဥၨေနာ ဥမၼတေကာ ဆိုသလို လူေတြအားလုံး တစ္မ်ိဳးစီ ႐ူးေနၾကတာပါပဲ။ ဒါေပမယ့္ သာမန္လူေတြထက္ ထူးထူးဆန္းဆန္း႐ူးတဲ့ ယူေကက လူတစ္ေယာက္ကေတာ့ သူဘဝမွာ အျဖစ္ခ်င္ဆုံးက ေခြးလိုေနထိုင္ျပဳမူခ်င္တာပဲျဖစ္ပါတယ္။

Rachel Watson ဆိုသူအမ်ိဳးသမီးဟာ Tom Peter ဆိုသူ အမ်ိဳးသားနဲ႔ ခ်စ္သူေတြျဖစ္ခဲ့ၾကၿပီး လက္ထပ္ၾကေတာ့မဲ့ ဆဲဆဲမွာ Tom Peter ရဲ့ လူမသိသူမသိဖုံးကြယ္ထားတဲ့ ဘဝမွန္ကို သိခဲ့ရပါတယ္။ Tom Peter ဟာ ကဇာတ္႐ုံတစ္ခုမွာ အသံနဲ႔ အလင္းအေမွာင္ပညာရွင္အျဖစ္ အလုပ္လုပ္ကိုင္ေနသူျဖစ္ေပမယ့္ သူ႔ရဲ့ ကိုယ္ပိုင္အခ်ိန္နဲ႔ အိမ္မွာေနတဲ့ အခ်ိန္ေတြမွာဆိုရင္ ေခြးတစ္ေကာင္လိုပဲ ျပဳမူေနထိုင္ပါတယ္။ ဒါကို Rachel သိသြားၿပီးတဲ့ေနာက္မွာ သူမတစ္ဘဝလုံး ေခြးလိုေနတဲ့သူနဲ႔ အတူေနဖို႔ မျဖစ္နိုင္ဖူးလို႔ ဆုံးျဖတ္ခဲ့ၿပီး လက္ထပ္မယ့္အစီစဥ္ကို ဖ်က္ခဲ့ပါတယ္။

ဒါေပမယ့္ ခ်စ္သူေတြအျဖစ္ မဟုတ္ရင္ေတာင္ သူငယ္ခ်င္းေကာင္းေတြအျဖစ္ ေနေပးဖို႔ ျပန္စဥ္းစားခဲ့ၿပီး Tom ရဲ့ အ႐ူးအမူးေခြးျဖစ္ခ်င္တဲ့ ဆႏၵကို လိုက္လံျဖည့္ဆည္းေပးခဲ့ပါတယ္။ Tom ဟာ ေခြးတစ္ေကာင္လို ျဖစ္ဖို႔ ႀကိဳးစားခဲ့တာ ဆယ္စုႏွစ္ အ​ေတာ္ၾကာခဲ့ပါၿပီ။
စိတ္ပညာရွင္ေတြကေတာ့ လူစင္စစ္ကေန တိရိစၧာန္လို ျပဳမူေနထိုင္ခ်င္တဲ့ ဆႏၵေတြ ထိန္းမရတာဟာ စိတ္ေရာဂါတစ္မ်ိဳးပဲလို႔ ဆိုပါတယ္။

Tom ဟာ ေခြးအစစ္နဲ႔တူေအာင္ သူ႔ရဲ့ဝတ္စုံအတြက္ စတာလင္ေပါင္ ၄,၀၀၀ (က်ပ္ ၇၃ သိန္းခန႔္) ကုန္က်ခံၿပီးျဖစ္ပါတယ္။ သူ႔ရဲ့အိပ္ခန္းထဲမွာ သူဝင္အိပ္ဖို႔ ေခြးေလွာင္အိမ္ အႀကီးတစ္လုံးလဲ ထားရွိၿပီး အထဲမွာ ေခြးေတြ မစင္အေပါ့အပါးသြားခ်င္ရင္ခံတဲ့ အရာေတြကအစ ထည့္ထားပါတယ္။

လူစင္စစ္ကေန ေခြးဘဝျဖစ္ခ်င္သူ Tom ကို “This Morning” တီဗီအစီစဥ္ကေန ေခၚယူေမးျမန္းတင္ဆက္ခဲ့ရပါတယ္။ သူကလည္း သူ႔ရဲ့ ဖုံးကြယ္ထားတဲ့ဘဝကို အမွန္အတိုင္း ေျပာျပခဲ့ပါတယ္။
Tom နဲ႔ Rachel ကေတာ့ တစ္သက္လုံး သူငယ္ခ်င္းအျဖစ္သာ ရွိေနမွာပါလို႔ Rachel က ေျပာဆိုခဲ့ပါတယ္။
မိန္းကေလး..! သင္ဆိုရင္ေရာ ေခြးလူသားကို အိမ္ေထာင္ဖက္အျဖစ္ ေရြးခ်ယ္မွာလား..?

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#
တစ်ခါတစ်ရံ ကမ္ဘာကြီးမှာ ဘာတွေများဖြစ်နေကြပါလိမ့်လို့ တွေးမိတယ်။ ဗုဒ္ဓဘုရားရှင်ဟောထားသလို ပုထုဉ္ဇနော ဥမ္မတကော ဆိုသလို လူတွေအားလုံး တစ်မျိုးစီ ရူးနေကြတာပါပဲ။ ဒါပေမယ့် သာမန်လူတွေထက် ထူးထူးဆန်းဆန်းရူးတဲ့ ယူကေက လူတစ်ယောက်ကတော့ သူဘဝမှာ အဖြစ်ချင်ဆုံးက ခွေးလိုနေထိုင်ပြုမူချင်တာပဲဖြစ်ပါတယ်။

Rachel Watson ဆိုသူအမျိုးသမီးဟာ Tom Peter ဆိုသူ အမျိုးသားနဲ့ ချစ်သူတွေဖြစ်ခဲ့ကြပြီး လက်ထပ်ကြတော့မဲ့ ဆဲဆဲမှာ Tom Peter ရဲ့ လူမသိသူမသိဖုံးကွယ်ထားတဲ့ ဘဝမှန်ကို သိခဲ့ရပါတယ်။ Tom Peter ဟာ ကဇာတ်ရုံတစ်ခုမှာ အသံနဲ့ အလင်းအမှောင်ပညာရှင်အဖြစ် အလုပ်လုပ်ကိုင်နေသူဖြစ်ပေမယ့် သူ့ရဲ့ ကိုယ်ပိုင်အချိန်နဲ့ အိမ်မှာနေတဲ့ အချိန်တွေမှာဆိုရင် ခွေးတစ်ကောင်လိုပဲ ပြုမူနေထိုင်ပါတယ်။ ဒါကို Rachel သိသွားပြီးတဲ့နောက်မှာ သူမတစ်ဘဝလုံး ခွေးလိုနေတဲ့သူနဲ့ အတူနေဖို့ မဖြစ်နိုင်ဖူးလို့ ဆုံးဖြတ်ခဲ့ပြီး လက်ထပ်မယ့်အစီစဉ်ကို ဖျက်ခဲ့ပါတယ်။

ဒါပေမယ့် ချစ်သူတွေအဖြစ် မဟုတ်ရင်တောင် သူငယ်ချင်းကောင်းတွေအဖြစ် နေပေးဖို့ ပြန်စဉ်းစားခဲ့ပြီး Tom ရဲ့ အရူးအမူးခွေးဖြစ်ချင်တဲ့ ဆန္ဒကို လိုက်လံဖြည့်ဆည်းပေးခဲ့ပါတယ်။ Tom ဟာ ခွေးတစ်ကောင်လို ဖြစ်ဖို့ ကြိုးစားခဲ့တာ ဆယ်စုနှစ် အတော်ကြာခဲ့ပါပြီ။
စိတ်ပညာရှင်တွေကတော့ လူစင်စစ်ကနေ တိရိစ္ဆာန်လို ပြုမူနေထိုင်ချင်တဲ့ ဆန္ဒတွေ ထိန်းမရတာဟာ စိတ်ရောဂါတစ်မျိုးပဲလို့ ဆိုပါတယ်။

Tom ဟာ ခွေးအစစ်နဲ့တူအောင် သူ့ရဲ့ဝတ်စုံအတွက် စတာလင်ပေါင် ၄,၀၀၀ (ကျပ် ၇၃ သိန်းခန့်) ကုန်ကျခံပြီးဖြစ်ပါတယ်။ သူ့ရဲ့အိပ်ခန်းထဲမှာ သူဝင်အိပ်ဖို့ ခွေးလှောင်အိမ် အကြီးတစ်လုံးလဲ ထားရှိပြီး အထဲမှာ ခွေးတွေ မစင်အပေါ့အပါးသွားချင်ရင်ခံတဲ့ အရာတွေကအစ ထည့်ထားပါတယ်။

လူစင်စစ်ကနေ ခွေးဘဝဖြစ်ချင်သူ Tom ကို “This Morning” တီဗီအစီစဉ်ကနေ ခေါ်ယူမေးမြန်းတင်ဆက်ခဲ့ရပါတယ်။ သူကလည်း သူ့ရဲ့ ဖုံးကွယ်ထားတဲ့ဘဝကို အမှန်အတိုင်း ပြောပြခဲ့ပါတယ်။
Tom နဲ့ Rachel ကတော့ တစ်သက်လုံး သူငယ်ချင်းအဖြစ်သာ ရှိနေမှာပါလို့ Rachel က ပြောဆိုခဲ့ပါတယ်။
မိန်းကလေး..! သင်ဆိုရင်ရော ခွေးလူသားကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မှာလား..?


ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top