AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

မႏၲေလးတိုင္းေဒသၾကီး၊ ပုသိမ္ၾကီးျမိဳ႕နယ္၊ အင္က်ယ္ေက်းရြာတြင္ စည္ပင္သာယာေရးေကာ္မတီမွ စြန္႔ပစ္သည့္ ေအးရိပ္ျငိမ္ အမိႈက္ကုန္းမွ ေရဆိုးမ်ား စီးဝင္ေနျခင္းေၾကာင့္ လယ္ယာေျမဧက ၉၀ ေက်ာ္ပ်က္စီးဆုံးရႈံးလ်ွက္ရွိ သည္ဟု အင္က်ယ္ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္မိုးက မဇၩိမကိုေျပာသည္။

ထိုသို႔ လယ္ယာေျမအတြင္းသို႔ ေရဆိုးမ်ားစီးဝင္၍ ေတာင္သူမ်ားဆုံးရႈံးနစ္နာေနျခင္းမွာ ၂၀၁၄ ခုႏွစ္မွ စတင္ ျဖစ္ခဲဲ့ၿပီး ယခု ၂၀၁၇ ခုႏွစ္တြင္ တစ္ခ်ိဳ႕လယ္ယာေျမမ်ားမွာ သီးႏွံစိုက္ပ်ိဳးရန္ပင္ အခက္အခဲမ်ား ျဖစ္ေပၚေနျပီး စိုက္ပ်ိဳးသည့္ သီးႏွံမ်ားမွာလည္း ေအာင္ျမင္မႈမရွိေသာေၾကာင့္ စိုက္ပ်ိဳးစရိတ္မ်ား ဆုံးရႈံးလွ်က္ရွိသည္ဟု ဦးေဇာ္မိုးက ဆိုသည္။

"ကၽြန္ေတာ့္လယ္လည္း ပါတယ္။ ကၽြန္ေတာ့္ရြာသူရြာသားေတြရဲ႕ လယ္ေျမ၊ယာေျမလည္း ပါတယ္။ ဒီေရဆိုးေတြေၾကာင့္ ေတာင္သူေတြ ဆုံးရႈံးေနတာနဲ႔ပတ္သက္ျပီး အဆင့္ဆင့္ တင္ျပတယ္။ လာၾကည့္တယ္။ ဒီေန႔အခ်ိန္ထိေတာ့ ဘာမွလုပ္မေပးေသးဘူး။ စိုက္လို႔ရေသးတဲ႔ေျမက်ေတာ့လည္း ဒီေရဆိုးဝင္ အသီးအႏွံ မေအာင္ျမင္ဘူး။ စိုက္လို႔မရတဲ႔ေျမကေတာ့ ဒီအတိုင္းထားထားရတယ္။အဲလိုက် အကုန္နစ္နာတာေပါ့။"ဟု ဦးေဇာ္မိုးကေျပာသည္။

ထိုသို႔ဆုံးရႈံးနစ္နာမႈမ်ားျဖစ္ေပၚေနျခင္းေၾကာင့္ ေဒသခံေတာင္သူမ်ားအေနျဖင့္ စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ား ျပန္လည္ ေပးဆပ္ရန္အခက္အခဲမ်ားျဖစ္ေပၚေနျခင္းေၾကာင့္ စည္ပင္သာယာေရးေကာ္မတီမွ နစ္နာေၾကးေပးရန္ အတြက္လည္း ျပီးခဲ႔သည့္လပိုင္းက စာတင္ေတာင္းဆိုထားသည္ဟုလည္း ဆုံးရႈံးနစ္နာေနသည့္ ေတာင္သူမ်ားက ဆိုသည္။

လယ္ေျမ ၄ ဧက ဆုံးရႈံးသည့္ ဦးငွက္ရုိးက"ေႏြ၊ မိုး စပါးစိုက္တယ္။ ပ်က္တယ္။ အခု မိုးစပါးလည္း ရိတ္မရေတာ့ဘူး။ စိုက္စရိတ္ေတြ ရႈံးတယ္။ အခု ကုလားပဲစိုက္ေတာ့လည္း ျမင္တဲ႔အတိုင္းပဲ။ ပ်က္တယ္။ စိုက္စရိတ္ ျပန္ဆပ္ဖို႔ခက္တာေပါ့။ အဘတို႔ကေတာ့ မဆပ္ဘူး မဟုတ္ဘူး။ ဆပ္မွာပါ။ ဒါေပမယ့္ နစ္နာေၾကးေလး ကူညီရင္ေတာ့ အဆင္ေျပတာေပါ့။"ဟုေျပာသည္။

အမိႈက္ကုန္းမွ စီးဝင္ခဲ႔ေသာေရဆိုးမ်ားသည္ လယ္ၾကားေျမာင္းမ်ားအတြင္းသို႔ စီးဝင္ေနျခင္းျဖစ္ျပီး မိုးရာသီတြင္ ပိုမို၍စီးဝင္ေၾကာင္းသိရသည္ ။အဆိုပါေရဆိုမ်ားေၾကာင့္ က်န္းမာေရးထိခိုက္မႈတစ္ခ်ိဳ႕ ရွိေၾကာင္း သိရသည္။

ထိုသို႔ စီးဝင္ခဲ႔ေသာေရဆိုးမ်ားေၾကာင့္ ကြင္းအမွတ္ ၄၆၉၊ ၄၆၉(က)၊ ၄၇၀(က)၊ ၄၇၁၊ ၄၇၂၊ ၄၇၂ (က) လယ္ယာေျမအခ်ိဳ႕ ပ်က္စီးေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါလယ္ယာေျမမ်ားတြင္ ေႏြစပါး၊ မိုးစပါးအျဖစ္ ေရႊသြယ္ရင္၊ မေနာသုခ၊ ဧရာမင္းစပါးမ်ိဳးတို႔ကို စိုက္ပ်ိဳးခဲ႔ၾကျပီး ေဆာင္းရာသီတြင္ ကုလားပဲႏွင့္ခရမ္း စိုက္ပ်ိဳးေၾကာင္း သိရသည္။

အမိႈက္ကုန္းမွ စီးဆင္းသည့္ ေရဆိုးမ်ားအား တားဆီးေပးႏိုင္ျခင္းမရွိပါက အနီးပတ္ဝန္းက်င္ရွိ လယ္ယာေျမမ်ားပါ ဆက္လက္ဆုံးရႈံးနစ္နာမႈမ်ားျဖစ္ေပၚႏိုင္ေသာေၾကာင့္ ေဒသခံေတာင္သူအခ်ိဳ႕က စိုးရိမ္လ်ွက္ရွိေၾကာင္းသိရသည္။

ထိုသို႔ျဖစ္ေပၚေနျခင္းႏွင့္ပတ္သက္၍ စည္ပင္သာယာေရးေကာ္မတီမွ တာဝန္ရွိသူတစ္ဦးက အမိႈက္ပုံက ထြက္ေနသည့္ ေရဆိုးမ်ား လယ္ယာေျမမ်ားအတြင္း မဝင္ေရာက္ေစရန္အတြက္ စီမံေဆာင္ရြက္ေပးသြားမွာ ျဖစ္သလို ပ်က္စီးသြားသည့္လယ္ယာေျမမ်ား အတြက္လည္း လာမည့္ ဘ႑ာႏွစ္တြင္ ေလ်ွာ္ေၾကး ေပးသြားမည္ဟု ဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
 မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အင်ကျယ်ကျေးရွာတွင် စည်ပင်သာယာရေးကော်မတီမှ စွန့်ပစ်သည့် အေးရိပ်ငြိမ် အမှိုက်ကုန်းမှ ရေဆိုးများ စီးဝင်နေခြင်းကြောင့် လယ်ယာမြေဧက ၉၀ ကျော်ပျက်စီးဆုံးရှုံးလျှက်ရှိ သည်ဟု အင်ကျယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မိုးက မဇ္ဈိမကိုပြောသည်။

ထိုသို့ လယ်ယာမြေအတွင်းသို့ ရေဆိုးများစီးဝင်၍ တောင်သူများဆုံးရှုံးနစ်နာနေခြင်းမှာ ၂၀၁၄ ခုနှစ်မှ စတင် ဖြစ်ခဲ့ပြီး ယခု ၂၀၁၇ ခုနှစ်တွင် တစ်ချို့လယ်ယာမြေများမှာ သီးနှံစိုက်ပျိုးရန်ပင် အခက်အခဲများ ဖြစ်ပေါ်နေပြီး စိုက်ပျိုးသည့် သီးနှံများမှာလည်း အောင်မြင်မှုမရှိသောကြောင့် စိုက်ပျိုးစရိတ်များ ဆုံးရှုံးလျှက်ရှိသည်ဟု ဦးဇော်မိုးက ဆိုသည်။

"ကျွန်တော့်လယ်လည်း ပါတယ်။ ကျွန်တော့်ရွာသူရွာသားတွေရဲ့ လယ်မြေ၊ယာမြေလည်း ပါတယ်။ ဒီရေဆိုးတွေကြောင့် တောင်သူတွေ ဆုံးရှုံးနေတာနဲ့ပတ်သက်ပြီး အဆင့်ဆင့် တင်ပြတယ်။ လာကြည့်တယ်။ ဒီနေ့အချိန်ထိတော့ ဘာမှလုပ်မပေးသေးဘူး။ စိုက်လို့ရသေးတဲ့မြေကျတော့လည်း ဒီရေဆိုးဝင် အသီးအနှံ မအောင်မြင်ဘူး။ စိုက်လို့မရတဲ့မြေကတော့ ဒီအတိုင်းထားထားရတယ်။အဲလိုကျ အကုန်နစ်နာတာပေါ့။"ဟု ဦးဇော်မိုးကပြောသည်။

ထိုသို့ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည် ပေးဆပ်ရန်အခက်အခဲများဖြစ်ပေါ်နေခြင်းကြောင့် စည်ပင်သာယာရေးကော်မတီမှ နစ်နာကြေးပေးရန် အတွက်လည်း ပြီးခဲ့သည့်လပိုင်းက စာတင်တောင်းဆိုထားသည်ဟုလည်း ဆုံးရှုံးနစ်နာနေသည့် တောင်သူများက ဆိုသည်။

လယ်မြေ ၄ ဧက ဆုံးရှုံးသည့် ဦးငှက်ရိုးက"နွေ၊ မိုး စပါးစိုက်တယ်။ ပျက်တယ်။ အခု မိုးစပါးလည်း ရိတ်မရတော့ဘူး။ စိုက်စရိတ်တွေ ရှုံးတယ်။ အခု ကုလားပဲစိုက်တော့လည်း မြင်တဲ့အတိုင်းပဲ။ ပျက်တယ်။ စိုက်စရိတ် ပြန်ဆပ်ဖို့ခက်တာပေါ့။ အဘတို့ကတော့ မဆပ်ဘူး မဟုတ်ဘူး။ ဆပ်မှာပါ။ ဒါပေမယ့် နစ်နာကြေးလေး ကူညီရင်တော့ အဆင်ပြေတာပေါ့။"ဟုပြောသည်။

အမှိုက်ကုန်းမှ စီးဝင်ခဲ့သောရေဆိုးများသည် လယ်ကြားမြောင်းများအတွင်းသို့ စီးဝင်နေခြင်းဖြစ်ပြီး မိုးရာသီတွင် ပိုမို၍စီးဝင်ကြောင်းသိရသည် ။အဆိုပါရေဆိုများကြောင့် ကျန်းမာရေးထိခိုက်မှုတစ်ချို့ ရှိကြောင်း သိရသည်။

ထိုသို့ စီးဝင်ခဲ့သောရေဆိုးများကြောင့် ကွင်းအမှတ် ၄၆၉၊ ၄၆၉(က)၊ ၄၇၀(က)၊ ၄၇၁၊ ၄၇၂၊ ၄၇၂ (က) လယ်ယာမြေအချို့ ပျက်စီးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလယ်ယာမြေများတွင် နွေစပါး၊ မိုးစပါးအဖြစ် ရွှေသွယ်ရင်၊ မနောသုခ၊ ဧရာမင်းစပါးမျိုးတို့ကို စိုက်ပျိုးခဲ့ကြပြီး ဆောင်းရာသီတွင် ကုလားပဲနှင့်ခရမ်း စိုက်ပျိုးကြောင်း သိရသည်။

အမှိုက်ကုန်းမှ စီးဆင်းသည့် ရေဆိုးများအား တားဆီးပေးနိုင်ခြင်းမရှိပါက အနီးပတ်ဝန်းကျင်ရှိ လယ်ယာမြေများပါ ဆက်လက်ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်နိုင်သောကြောင့် ဒေသခံတောင်သူအချို့က စိုးရိမ်လျှက်ရှိကြောင်းသိရသည်။

ထိုသို့ဖြစ်ပေါ်နေခြင်းနှင့်ပတ်သက်၍ စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက အမှိုက်ပုံက ထွက်နေသည့် ရေဆိုးများ လယ်ယာမြေများအတွင်း မဝင်ရောက်စေရန်အတွက် စီမံဆောင်ရွက်ပေးသွားမှာ ဖြစ်သလို ပျက်စီးသွားသည့်လယ်ယာမြေများ အတွက်လည်း လာမည့် ဘဏ္ဍာနှစ်တွင် လျှော်ကြေး ပေးသွားမည်ဟု ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top