စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ယခုေခတ္အခါ၌ ေရွးေခတ္အခါမ်ားကထက္ဒုလႅဘရဟန္းခံပြဲမ်ား ျမန္မာျပည္တြင္ ပို၍ မ်ားျပားလာပါသည္။ ဒုလႅဘဟူေသာ အမည္ႏွင့္ ေလ်ာ္ညီစြာ က်င့္သံုးေနထိုင္ပါက ဒုလႅဘ ရဟန္းခံျပဳသူမ်ားလည္း မဂ္ဖိုလ္နိဗၺာန္ ေရာက္သည္အထိ အက်ဳိးမ်ားၾကမည္ ျဖစ္ေပသည္။
သာသနာေတာ္ႀကီးလည္း မိမိတုိ႔ကို အေၾကာင္းျပဳ၍ တိုးတက္ႀကီးပြား အက်ဳိးမ်ားမည္ ျဖစ္ေပသည္။

ဒုလႅဘဟူေသာအမည္ႏွင့္ ေလ်ာ္ညီစြာ က်င့္သံုးေနထိုင္ျခင္း မရွိပါက မိမိတုိ႔လည္း အပါယ္ငရဲသုိ႔ က်ေရာက္သြားသည္အထိ ဆုတ္ယုတ္သြားမည္ ျဖစ္ေပသည္။ သာသနာေတာ္ႀကီးလည္း မိမိတုိ႔ကုိ အေၾကာင္းျပဳ၍ ဆုတ္ယုတ္သြားမည္ျဖစ္ေပသည္။ သုိ႔ျဖစ္၍ မိမိအတြက္၊
သာသနာေတာ္ႀကီးအတြက္ အက်ဳိးရွိေသာဒုလႅဘရဟန္းေတာ္မ်ားျဖစ္ေအာင္ က်င့္ၾကံ အားထုတ္သင့္လွေပသည္။

“ဒုလႅဘ” ဟူေသာအမည္ကို လူအမ်ားစုက သိရွိနားလည္
သေဘာေပါက္ေနၾကသည္မွာ သာသနာ့ေဘာင္သုိ႔ေခတၱခဏ ဝင္ေရာက္၍ လူျပန္ထြက္ၾကမည့္ ရဟန္းေတာ္မ်ား ျဖစ္ၾကသည္ဟူ၍ နားလည္ သေဘာေပါက္ေနၾကေပသည္။

အမွန္စင္စစ္ ဒုလႅဘဟူေသာအမည္သည္ နားလည္သေဘာ ေပါက္ၾကသည့္အတိုင္း ေခတၱခဏ သာသနာ့ေဘာင္သုိ႔ ဝင္ေရာက္၍ လူျပန္ထြက္ၾကမည့္ ရဟန္းေတာ္မ်ားဟူ၍ အဓိပၸါယ္မရရွိေပ။ “ရခဲသည္ကို ရေအာင္ယူသူမ်ား”ဟူ၍ အဓိပၸါယ္ရရွိေပသည္။ဒုလႅဘ၌ ဒု-က တစ္ပုဒ္၊
လဘ-က တစ္ပုဒ္ ျဖစ္ေပသည္။❖ဒု-ရႏုိင္ခဲသည္ကို၊ ❖လဘ-ရသည္ (ဝါ) ရေအာင္ယူသည္။

“ဒုလႅဘ - ရႏုိင္ခဲေသာ ရဟန္းအျဖစ္ကို ရေအာင္ ယူထားသူ” ဟူ၍ အဓိပၸါယ္ ရရွိေပသည္။

ဒုလဘဟု ပင္ကိုယ္ပုဒ္ရင္းပင္ ျဖစ္ပါေသာ္လည္းသဒၵါစည္းကမ္းမ်ားေၾကာင့္ “ဒုလႅဘ” ဟုလႏွစ္လံုးဆင့္ “လႅ”  ျဖစ္ေနပါသည္။ဒုလႅဘ - ရႏုိင္ခဲေသာ ရဟန္းအျဖစ္ဟူသည္ လူဝတ္ေၾကာင္မ်ားအေနျဖင့္ မရႏုိင္၊မယူႏုိင္သည့္(၂၂၇)သြယ္ေသာ သီလသိကၡာပုဒ္၊ အက်ယ္အားျဖင့္
ကုေဋကိုးေထာင္ေက်ာ္ေသာ သီလသိကၡာတုိ႔ကိုလိုက္နာက်င့္ၾကံ၍ သီလကုသိုလ္မ်ားကို ရယူႏုိင္ေသာေၾကာင့္ ဒုလႅဘ - ရႏုိင္ခဲေသာ ရဟန္းအျဖစ္ဟု ဆိုလိုပါသည္။

“ရဟန္းျပဳသူ (၅)မ်ဳိး”

ဒုလႅဘရဟန္းခံျခင္းႏွင့္စပ္၍ သာသနာေတာ္၌ ရဟန္းျပဳသူ (၅)မ်ဳိး ရွိသည္ကို သိထားသင့္ေပသည္။

ဒုလႅဘရဟန္းျပဳသူႏွင့္တကြ သာသနာေတာ္၌ ရဟန္းျပဳသူ (၅)မ်ဳိးရွိပါသည္။

(၁)။ သဒၶါပဗၺဇိတ = ယံုၾကည္ျခင္းေၾကာင့္ ရဟန္းျပဳသူ၊
(၂)။ ပညာပဗၺဇိတ = ပညာေၾကာင့္ ရဟန္းျပဳသူ၊
(၃)။ ဘယာပဗၺဇိတာ = အျပစ္ေဘးေၾကာင့္ ရဟန္းျပဳသူ၊
(၄)။ မိရိုးဖလာပဗၺဇိတ = မိဘရိုးရာ အစဥ္အလာေၾကာင့္
ရဟန္းျပဳသူ၊
(၅)။ ဒုလႅဘပဗၺဇိတာ = ရခဲသည့္ ရဟန္းအျဖစ္ကို
ရလိုေသာေၾကာင့္ ရဟန္းျပဳသူဟူ၍ (၅)မ်ဳိးရွိပါသည္။

❖(၁)။ သဒၶါပဗၺဇိတ = ယံုၾကည္ျခင္းေၾကာင့္ ရဟန္းျပဳသူဟူသည္ - အၾကင္သူသည္ ဘုရား၊ တရား၊ သံဃာ
ရတနာသံုးပါးတုိ႔၏ အေၾကာင္းကို နာၾကားရ၍ ရတနာသံုးပါး၌ ယံုၾကည္ျခင္း သဒၶါ - တရားျဖစ္၏။

ထိုသဒၶါတရားကို အေၾကာင္းျပဳ၍ ရဟန္းျပဳေသာသူသည္သဒၶါပဗၺဇိတ =ယံုၾကည္ျခင္းေၾကာင့္ ရဟန္းျပဳသူမည္၏။ထိုရဟန္းသည္ ရတနာသံုးပါးကို ယံုၾကည္ေလးစားေသာေၾကာင့္ သီလသိကၡာပုဒ္မ်ားကိုလည္း မက်ဳိးမေပါက္ရေအာင္ အေလးဂရုျပဳ၍ ေစာင့္ထိန္း၏။
ဆရာသမားမ်ားႏွင့္ အတူေနသူ သီတင္းသံုးေဖာ္တုိ႔ကိုလည္း အေလးျပဳ၍ ေနထိုင္၏။

သံသရာမွ လြတ္ေျမာက္ေၾကာင္းကမၼ႒ာန္းတရားတုိ႔ကိုလည္း ႀကိဳးစားအားထုတ္၍
ေနတတ္၏။ ဤကဲ့သုိ႔ ေနထိုင္က်င့္သံုးသျဖင့္ ၾကည္ညိဳဖြယ္ဂုဏ္မ်ားႏွင့္ ျပည့္စံုေသာေၾကာင့္ သာသနာေတာ္၏ ဂုဏ္က်က္သေရေဆာင္ ပုဂၢိဳလ္မ်ဳိး ျဖစ္ေပသည္။

(၂)။ ပညာပဗၺဇိတ = ပညာေၾကာင့္ ရဟန္းျပဳသူဟူသည္ - အၾကင္သူသည္ ဗုဒၶ၏ ပိဋကတ္စာေပ က်မ္းဂန္တုိ႔ကို ေလ့လာဖတ္ရွဳရ၊ နာၾကားရ၍ အသိအလိမၼာ ဉာဏ္ပညာ တိုးတက္လာေသာေၾကာင့္ ရဟန္းျပဳ၏။ အသိအလိမၼာ ဉာဏ္ပညာကို အေၾကာင္း ျပဳ၍ ရဟန္းျပဳေသာသူသည္ ပညာပဗၺဇိတ = ပညာေၾကာင့္ ရဟန္းျပဳသူမည္၏။ထိုရဟန္းသည္ ဗုဒၶ၏ ပိဋကတ္စာေပက်မ္းဂန္တုိ႔ကို
သင္ယူတတ္ေျမာက္ျခင္း၌သာ အေလးျပဳ၏။ အျခားသာသနာေရးကိစၥမ်ား၌ အေလးျပဳျခင္းမရွိ။

အမ်ားႏွင့္ မဆန္႔က်င္ရံုမွ်သာ ေနထိုင္ေလ့ရွိ၏။ သုိ႔ပါေသာ္လည္း ပိဋကတ္စာေပက်မ္းဂန္မ်ား ျပည့္စံုစြာ သင္ၾကားတတ္ေျမာက္ၿပီးေသာအခါ သဒၶါႏွင့္ပညာ ႏွစ္ပါးစံု ျပည့္စံုလာသျဖင့္ သာသနာေတာ္၏
ဂုဏ္က်က္သေရေဆာင္ ပုဂၢိဳလ္မ်ဳိး ျဖစ္ႏုိင္ေပသည္။

❖(၃)။ ဘယာပဗၺဇိတ = အျပစ္ေဘးေၾကာင့္ရဟန္းျပဳသူ ဟူသည္ - အၾကင္သူသည္ ရာဇဝတ္ေဘးစေသာ တစ္စံုတစ္ရာေသာအျပစ္ေဘးေၾကာင့္ေသာ္လည္းေကာင္း၊
စားဝတ္ေနေရး မေျပလည္၍ေသာ္လည္းေကာင္း ရဟန္းျပဳ၏။ ထိုအျပစ္ေဘးႏွင့္ မေျပလည္ျခင္းကို အေၾကာင္းျပဳ၍ ရဟန္းျပဳေသာသူသည္ ဘယာပဗၺဇိတ= အျပစ္ေဘးေၾကာင့္ ရဟန္းျပဳသူမည္၏။ထိုရဟန္းမ်ဳိးသည္ မ်ားေသာအားျဖင့္ဆရာသမားေကာင္းမ်ားထံ၌ စနစ္တက်လည္းမေနလိုေပ။ၾကည္ညိဳဖြယ္ကို ေဆာင္ႏုိင္ေသာ သီလသိကၡာပုဒ္မ်ား
ကိုလည္း ေစာင့္ထိန္းျခင္း မရွိေပ။ အရပ္ေလးမ်က္ႏွာ လွည့္လည္ေတာင္းခံကာ သာသနာေတာ္၏ ဂုဏ္က်က္သေရတုိ႔ကို ဖ်က္ဆီးေနေသာ ပုဂၢိဳလ္မ်ဳိး ျဖစ္ေပသည္။

❖(၄)။ မိရိုးဖလာပဗၺဇိတ = မိဘရိုးရာအစဥ္အလာေၾကာင့္ ရဟန္းျပဳသူဟူသည္ -
အၾကင္သူသည္ ငယ္စဥ္အခါကတည္းက ရွင္သာမေဏျပဳလုပ္၍ အသက္ႏွစ္ဆယ္ျပည့္လွ်င္ မိရိုးဖလာ ထံုးစံအတိုင္းရဟန္းျပဳ၏။ထိုမိရိုးဖလာ ထံုးတမ္းစဥ္လာကို အေၾကာင္းျပဳ၍ ရဟန္းျပဳေသာသူသည္ မိရိုးဖလာပဗၺဇိတ =မိဘရိုးရာ အစဥ္အလာေၾကာင့္ ရဟန္းျပဳသူမည္၏။

ထိုရဟန္းမ်ဳိးကို ယခုေခတ္အခါ၌ “ငယ္ျဖဴရဟန္း”ဟု ေခၚေဝၚၾကကုန္၏။ ထိုရဟန္းသည္ ဆရာသမားေကာင္း မ်ား၏ ဩဝါဒကို ခံယူ၍ ပညာသင္ၾကားတတ္ေျမာက္ပါက ယံုၾကည္ျခင္း သဒၶါတရားႏွင့္လည္း ျပည့္စံု
လာတတ္ေပသည္။ သဒၶါႏွင့္ပညာ ျပည့္စံုလာေသာအခါသာသနာေတာ္၏ ဂုဏ္က်က္သေရေဆာင္ သာသနာ့အာဇာနည္ ပုဂၢိဳလ္မ်ဳိး ျဖစ္ႏုိင္ေပသည္။

❖(၅)။ ဒုလႅဘပဗၺဇိတ = ရခဲသည့္ရဟန္းအျဖစ္ကိုရလိုေသာေၾကာင့္ ရဟန္းျပဳသူဟူသည္- သာသနာ့ေဘာင္၌ အျမဲပင္ မေနႏုိင္ျငားေသာ္လည္း ရခဲေသာ ရဟန္းအျဖစ္ကို ရယူမည္။

ေနာက္ ေနာင္ဘဝမ်ားအတြက္ အထံုပါရမီ ကုသိုလ္ျဖစ္ေအာင္ အားထုတ္မည္ဟု ရည္မွန္း၍ ရဟန္းျပဳ၏။ ထိုရခဲေသာ ရဟန္းအျဖစ္ကို ရလိုျခင္းကို အေၾကာင္းျပဳ၍ ရဟန္းျပဳေသာသူသည္ ဒုလႅဘာပဗၺဇိတ = ရခဲသည့္ ရဟန္းအျဖစ္ကို ရလိုေသာေၾကာင့္ ရဟန္းျပဳသူမည္၏။

➢အၾကင္ ဒုလႅဘရဟန္းေတာ္တုိ႔သည္ (၂၂၇)သြယ္ေသာသီလ သိကၡာပုဒ္တုိ႔ကို ေစာင့္ထိန္းျခင္းလည္း မရွိ။

ဆရာသမားမ်ား၏ ဆံုးမဩဝါဒတုိ႔ကိုလည္း ရိုရိုေသေသလိုက္နာက်င့္ၾကံျခင္းလည္း မရွိ။ သာသနာေတာ္၏ သကၤန္း၊ ဆြမ္း၊ ေက်ာင္း၊ ေဆး ပစၥည္း(၄)ပါးတုိ႔ကို စားကာ၊ ေသာက္ကာျဖင့္ ေပ်ာ္ေပ်ာ္ေနထိုင္ၾကကုန္၏။

ထိုဒုလႅဘ ရဟန္းေတာ္တုိ႔သည္ ဒုလႅဘ ဟူေသာအမည္ႏွင့္ မေလ်ာ္ညီ။အာပတ္ႀကီးငယ္မ်ားလည္း သင့္ေနမည္ျဖစ္၍ “အပါယ္ငရဲ”သုိ႔ က်ေရာက္သြားသည္အထိ ဆုတ္ယုတ္သြားၾကမည္ ျဖစ္ေပသည္။

➢အၾကင္ ဒုလႅဘရဟန္းေတာ္တုိ႔သည္ ဒုလႅဘဟူေသာအမည္ႏွင့္ ေလ်ာ္ညီစြာ လူ႔ဘဝ၌ မရႏုိင္၊ မေစာင့္ထိန္းႏုိင္ေသာ (၂၂၇)သြယ္ေသာ သီလသိကၡာပုဒ္တုိ႔ကို လံုျခံဳေအာင္ ေစာင့္ထိန္း၏။

ဆရာသမားေကာင္းတုိ႔၏ အဆံုးအမဩဝါဒမ်ားကို ရိုရိုေသေသ လိုက္နာ၍ သီလ၊ သမာဓိ၊ ပညာ သိကၡာသံုးပါးႏွင့္ ျပည့္စံုေအာင္ ေနထိုင္၏။ ထိုဒုလႅဘ ရဟန္းေတာ္တုိ႔သည္ မိမိတုိ႔၏ ပါရမီ အားေလ်ာ္စြာ မဂ္ဖိုလ္နိဗၺာန္သုိ႔ ေရာက္ၾကသည္အထိ အက်ဳိးမ်ားၾကမည္ ျဖစ္ေပသည္။

ပါရမီႏုေသး၍ မဂ္ဖိုလ္နိဗၺာန္သုိ႔ မေရာက္ေသးျငားေသာ္လည္း ေနာက္ေနာင္ဘဝ၊ ေနာက္ေနာင္ေသာ ဘုရားရွင္တုိ႔၏ သာသနာေတာ္၌ ေသာတာပန္၊ သကဒါဂါမ္၊ အနာဂါမ္၊ ရဟႏၲာမ်ား ျဖစ္ၾက၍ နိဗၺာန္သုိ႔ ေရာက္သြားၾကရမည္ ျဖစ္ေပသည္။

“သတၱာဟပဗၺဇိတမေထရ္”

ဝိပႆီျမတ္စြာဘုရား လက္ထက္ေတာ္အခါကအမ်ဳိးေကာင္းသား တစ္ေယာက္သည္ ေဆြမ်ဳိးဉာတိမ်ား
ပ်က္စီးျခင္း၊ စည္းစိမ္ဥစၥာမ်ား ပ်က္စီးျခင္းတုိ႔ေၾကာင့္ ဝိပႆီျမတ္စြာဘုရား၏ သာသနာေတာ္၌ ရဟန္းျပဳေလ၏။ ထိုအမ်ဳိးေကာင္းသားရဟန္းသည္ ရဟန္း တရားတုိ႔ကို ႀကိဳးစား၍ အားထုတ္၏။

(၇)ရက္ျပည့္သည္ရွိေသာ္ စိတ္ဆင္းရဲျခင္း၊ စိုးရိမ္ပူပန္ျခင္းတုိ႔ ၿငိမ္းေအးသြားေလ၏။

ထိုအခါ ရဟန္းဘဝမွထြက္၍ လူဝတ္လဲသြားေလ၏။လူ႔ဘဝမွာ ေနထိုင္ၿပီး သက္တမ္းကုန္၍ ကြယ္လြန္ စုေတသြားေသာအခါ (၉၁)ကမၻာပတ္လံုး အပါယ္(၄)ပါးသုိ႔မက်ေရာက္ပါဘဲ ေဂါတမျမတ္စြာဘုရားပြင့္ေတာ္
မူေသာအခါ ဝိပႆီျမတ္စြာဘုရား လက္ထက္ေတာ္အခါက (၇)ရက္ ရဟန္းျပဳခဲ့ဖူးေသာ အထံုပါရမီ ကုသိုလ္တုိ႔ေၾကာင့္ ပဋိသမၻိဒါ(၄)ပါး၊ အဘိညာဥ္(၆)ပါး ရရွိေသာ ရဟႏၲာပုဂၢိဳလ္ ျဖစ္ရေလ၏။

“သတၱာဟပဗၺဇိတမေထရ္” ဟု ထင္ရွား ေလ၏။သုိ႔ျဖစ္၍ ဒုလႅဘရဟန္းေတာ္တုိ႔သည္ ရခဲသည့္ ရဟန္း
အျဖစ္ကို ရေအာင္ယူသူ (ဒုလႅဘ)ဟူေသာ အမည္ႏွင့္ ေလ်ာ္ညီစြာ ေနထိုင္ပါက ရဟႏၲာျဖစ္၍ နိဗၺာန္သုိ႔ ေရာက္သြားရသည္အထိ အက်ဳိးမ်ားၾကမည္ ျဖစ္ပါသည္။။

မဟာစည္နာယက၊အဂၢမဟာ
ကမၼ႒ာနာစရိယ၊အရွင္ကု႑လာဘိဝံသ-
သဒၶမၼရံသီရိပ္သာဆရာေတာ္ဘုရားႀကီး

ဖိုးသူေတာ္ (www.phothutaw.com)
Credit: waiyanthiri

# Unicode Version ျဖင့္ ဖတ္ပါ #

ယခုခေတ်အခါ၌ ရှေးခေတ်အခါများကထက်ဒုလ္လဘရဟန်းခံပွဲများ မြန်မာပြည်တွင် ပို၍ များပြားလာပါသည်။ ဒုလ္လဘဟူသော အမည်နှင့် လျော်ညီစွာ ကျင့်သုံးနေထိုင်ပါက ဒုလ္လဘ ရဟန်းခံပြုသူများလည်း မဂ်ဖိုလ်နိဗ္ဗာန် ရောက်သည်အထိ အကျိုးများကြမည် ဖြစ်ပေသည်။
သာသနာတော်ကြီးလည်း မိမိတို့ကို အကြောင်းပြု၍ တိုးတက်ကြီးပွား အကျိုးများမည် ဖြစ်ပေသည်။

ဒုလ္လဘဟူသောအမည်နှင့် လျော်ညီစွာ ကျင့်သုံးနေထိုင်ခြင်း မရှိပါက မိမိတို့လည်း အပါယ်ငရဲသို့ ကျရောက်သွားသည်အထိ ဆုတ်ယုတ်သွားမည် ဖြစ်ပေသည်။ သာသနာတော်ကြီးလည်း မိမိတို့ကို အကြောင်းပြု၍ ဆုတ်ယုတ်သွားမည်ဖြစ်ပေသည်။ သို့ဖြစ်၍ မိမိအတွက်၊
သာသနာတော်ကြီးအတွက် အကျိုးရှိသောဒုလ္လဘရဟန်းတော်များဖြစ်အောင် ကျင့်ကြံ အားထုတ်သင့်လှပေသည်။

“ဒုလ္လဘ” ဟူသောအမည်ကို လူအများစုက သိရှိနားလည်
သဘောပေါက်နေကြသည်မှာ သာသနာ့ဘောင်သို့ခေတ္တခဏ ဝင်ရောက်၍ လူပြန်ထွက်ကြမည့် ရဟန်းတော်များ ဖြစ်ကြသည်ဟူ၍ နားလည် သဘောပေါက်နေကြပေသည်။

အမှန်စင်စစ် ဒုလ္လဘဟူသောအမည်သည် နားလည်သဘော ပေါက်ကြသည့်အတိုင်း ခေတ္တခဏ သာသနာ့ဘောင်သို့ ဝင်ရောက်၍ လူပြန်ထွက်ကြမည့် ရဟန်းတော်များဟူ၍ အဓိပ္ပါယ်မရရှိပေ။ “ရခဲသည်ကို ရအောင်ယူသူများ”ဟူ၍ အဓိပ္ပါယ်ရရှိပေသည်။ဒုလ္လဘ၌ ဒု-က တစ်ပုဒ်၊
လဘ-က တစ်ပုဒ် ဖြစ်ပေသည်။❖ဒု-ရနိုင်ခဲသည်ကို၊ ❖လဘ-ရသည် (ဝါ) ရအောင်ယူသည်။

“ဒုလ္လဘ - ရနိုင်ခဲသော ရဟန်းအဖြစ်ကို ရအောင် ယူထားသူ” ဟူ၍ အဓိပ္ပါယ် ရရှိပေသည်။

ဒုလဘဟု ပင်ကိုယ်ပုဒ်ရင်းပင် ဖြစ်ပါသော်လည်းသဒ္ဒါစည်းကမ်းများကြောင့် “ဒုလ္လဘ” ဟုလနှစ်လုံးဆင့် “လ္လ”  ဖြစ်နေပါသည်။ဒုလ္လဘ - ရနိုင်ခဲသော ရဟန်းအဖြစ်ဟူသည် လူဝတ်ကြောင်များအနေဖြင့် မရနိုင်၊မယူနိုင်သည့်(၂၂၇)သွယ်သော သီလသိက္ခာပုဒ်၊ အကျယ်အားဖြင့်
ကုဋေကိုးထောင်ကျော်သော သီလသိက္ခာတို့ကိုလိုက်နာကျင့်ကြံ၍ သီလကုသိုလ်များကို ရယူနိုင်သောကြောင့် ဒုလ္လဘ - ရနိုင်ခဲသော ရဟန်းအဖြစ်ဟု ဆိုလိုပါသည်။

“ရဟန်းပြုသူ (၅)မျိုး”

ဒုလ္လဘရဟန်းခံခြင်းနှင့်စပ်၍ သာသနာတော်၌ ရဟန်းပြုသူ (၅)မျိုး ရှိသည်ကို သိထားသင့်ပေသည်။

ဒုလ္လဘရဟန်းပြုသူနှင့်တကွ သာသနာတော်၌ ရဟန်းပြုသူ (၅)မျိုးရှိပါသည်။

(၁)။ သဒ္ဓါပဗ္ဗဇိတ = ယုံကြည်ခြင်းကြောင့် ရဟန်းပြုသူ၊
(၂)။ ပညာပဗ္ဗဇိတ = ပညာကြောင့် ရဟန်းပြုသူ၊
(၃)။ ဘယာပဗ္ဗဇိတာ = အပြစ်ဘေးကြောင့် ရဟန်းပြုသူ၊
(၄)။ မိရိုးဖလာပဗ္ဗဇိတ = မိဘရိုးရာ အစဉ်အလာကြောင့်
ရဟန်းပြုသူ၊
(၅)။ ဒုလ္လဘပဗ္ဗဇိတာ = ရခဲသည့် ရဟန်းအဖြစ်ကို
ရလိုသောကြောင့် ရဟန်းပြုသူဟူ၍ (၅)မျိုးရှိပါသည်။

❖(၁)။ သဒ္ဓါပဗ္ဗဇိတ = ယုံကြည်ခြင်းကြောင့် ရဟန်းပြုသူဟူသည် - အကြင်သူသည် ဘုရား၊ တရား၊ သံဃာ
ရတနာသုံးပါးတို့၏ အကြောင်းကို နာကြားရ၍ ရတနာသုံးပါး၌ ယုံကြည်ခြင်း သဒ္ဓါ - တရားဖြစ်၏။

ထိုသဒ္ဓါတရားကို အကြောင်းပြု၍ ရဟန်းပြုသောသူသည်သဒ္ဓါပဗ္ဗဇိတ =ယုံကြည်ခြင်းကြောင့် ရဟန်းပြုသူမည်၏။ထိုရဟန်းသည် ရတနာသုံးပါးကို ယုံကြည်လေးစားသောကြောင့် သီလသိက္ခာပုဒ်များကိုလည်း မကျိုးမပေါက်ရအောင် အလေးဂရုပြု၍ စောင့်ထိန်း၏။
ဆရာသမားများနှင့် အတူနေသူ သီတင်းသုံးဖော်တို့ကိုလည်း အလေးပြု၍ နေထိုင်၏။

သံသရာမှ လွတ်မြောက်ကြောင်းကမ္မဋ္ဌာန်းတရားတို့ကိုလည်း ကြိုးစားအားထုတ်၍
နေတတ်၏။ ဤကဲ့သို့ နေထိုင်ကျင့်သုံးသဖြင့် ကြည်ညိုဖွယ်ဂုဏ်များနှင့် ပြည့်စုံသောကြောင့် သာသနာတော်၏ ဂုဏ်ကျက်သရေဆောင် ပုဂ္ဂိုလ်မျိုး ဖြစ်ပေသည်။

(၂)။ ပညာပဗ္ဗဇိတ = ပညာကြောင့် ရဟန်းပြုသူဟူသည် - အကြင်သူသည် ဗုဒ္ဓ၏ ပိဋကတ်စာပေ ကျမ်းဂန်တို့ကို လေ့လာဖတ်ရှုရ၊ နာကြားရ၍ အသိအလိမ္မာ ဉာဏ်ပညာ တိုးတက်လာသောကြောင့် ရဟန်းပြု၏။ အသိအလိမ္မာ ဉာဏ်ပညာကို အကြောင်း ပြု၍ ရဟန်းပြုသောသူသည် ပညာပဗ္ဗဇိတ = ပညာကြောင့် ရဟန်းပြုသူမည်၏။ထိုရဟန်းသည် ဗုဒ္ဓ၏ ပိဋကတ်စာပေကျမ်းဂန်တို့ကို
သင်ယူတတ်မြောက်ခြင်း၌သာ အလေးပြု၏။ အခြားသာသနာရေးကိစ္စများ၌ အလေးပြုခြင်းမရှိ။

အများနှင့် မဆန့်ကျင်ရုံမျှသာ နေထိုင်လေ့ရှိ၏။ သို့ပါသော်လည်း ပိဋကတ်စာပေကျမ်းဂန်များ ပြည့်စုံစွာ သင်ကြားတတ်မြောက်ပြီးသောအခါ သဒ္ဓါနှင့်ပညာ နှစ်ပါးစုံ ပြည့်စုံလာသဖြင့် သာသနာတော်၏
ဂုဏ်ကျက်သရေဆောင် ပုဂ္ဂိုလ်မျိုး ဖြစ်နိုင်ပေသည်။

❖(၃)။ ဘယာပဗ္ဗဇိတ = အပြစ်ဘေးကြောင့်ရဟန်းပြုသူ ဟူသည် - အကြင်သူသည် ရာဇဝတ်ဘေးစသော တစ်စုံတစ်ရာသောအပြစ်ဘေးကြောင့်သော်လည်းကောင်း၊
စားဝတ်နေရေး မပြေလည်၍သော်လည်းကောင်း ရဟန်းပြု၏။ ထိုအပြစ်ဘေးနှင့် မပြေလည်ခြင်းကို အကြောင်းပြု၍ ရဟန်းပြုသောသူသည် ဘယာပဗ္ဗဇိတ= အပြစ်ဘေးကြောင့် ရဟန်းပြုသူမည်၏။ထိုရဟန်းမျိုးသည် များသောအားဖြင့်ဆရာသမားကောင်းများထံ၌ စနစ်တကျလည်းမနေလိုပေ။ကြည်ညိုဖွယ်ကို ဆောင်နိုင်သော သီလသိက္ခာပုဒ်များ
ကိုလည်း စောင့်ထိန်းခြင်း မရှိပေ။ အရပ်လေးမျက်နှာ လှည့်လည်တောင်းခံကာ သာသနာတော်၏ ဂုဏ်ကျက်သရေတို့ကို ဖျက်ဆီးနေသော ပုဂ္ဂိုလ်မျိုး ဖြစ်ပေသည်။

❖(၄)။ မိရိုးဖလာပဗ္ဗဇိတ = မိဘရိုးရာအစဉ်အလာကြောင့် ရဟန်းပြုသူဟူသည် -
အကြင်သူသည် ငယ်စဉ်အခါကတည်းက ရှင်သာမဏေပြုလုပ်၍ အသက်နှစ်ဆယ်ပြည့်လျှင် မိရိုးဖလာ ထုံးစံအတိုင်းရဟန်းပြု၏။ထိုမိရိုးဖလာ ထုံးတမ်းစဉ်လာကို အကြောင်းပြု၍ ရဟန်းပြုသောသူသည် မိရိုးဖလာပဗ္ဗဇိတ =မိဘရိုးရာ အစဉ်အလာကြောင့် ရဟန်းပြုသူမည်၏။

ထိုရဟန်းမျိုးကို ယခုခေတ်အခါ၌ “ငယ်ဖြူရဟန်း”ဟု ခေါ်ဝေါ်ကြကုန်၏။ ထိုရဟန်းသည် ဆရာသမားကောင်း များ၏ ဩဝါဒကို ခံယူ၍ ပညာသင်ကြားတတ်မြောက်ပါက ယုံကြည်ခြင်း သဒ္ဓါတရားနှင့်လည်း ပြည့်စုံ
လာတတ်ပေသည်။ သဒ္ဓါနှင့်ပညာ ပြည့်စုံလာသောအခါသာသနာတော်၏ ဂုဏ်ကျက်သရေဆောင် သာသနာ့အာဇာနည် ပုဂ္ဂိုလ်မျိုး ဖြစ်နိုင်ပေသည်။

❖(၅)။ ဒုလ္လဘပဗ္ဗဇိတ = ရခဲသည့်ရဟန်းအဖြစ်ကိုရလိုသောကြောင့် ရဟန်းပြုသူဟူသည်- သာသနာ့ဘောင်၌ အမြဲပင် မနေနိုင်ငြားသော်လည်း ရခဲသော ရဟန်းအဖြစ်ကို ရယူမည်။

နောက် နောင်ဘဝများအတွက် အထုံပါရမီ ကုသိုလ်ဖြစ်အောင် အားထုတ်မည်ဟု ရည်မှန်း၍ ရဟန်းပြု၏။ ထိုရခဲသော ရဟန်းအဖြစ်ကို ရလိုခြင်းကို အကြောင်းပြု၍ ရဟန်းပြုသောသူသည် ဒုလ္လဘာပဗ္ဗဇိတ = ရခဲသည့် ရဟန်းအဖြစ်ကို ရလိုသောကြောင့် ရဟန်းပြုသူမည်၏။

➢အကြင် ဒုလ္လဘရဟန်းတော်တို့သည် (၂၂၇)သွယ်သောသီလ သိက္ခာပုဒ်တို့ကို စောင့်ထိန်းခြင်းလည်း မရှိ။

ဆရာသမားများ၏ ဆုံးမဩဝါဒတို့ကိုလည်း ရိုရိုသေသေလိုက်နာကျင့်ကြံခြင်းလည်း မရှိ။ သာသနာတော်၏ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး ပစ္စည်း(၄)ပါးတို့ကို စားကာ၊ သောက်ကာဖြင့် ပျော်ပျော်နေထိုင်ကြကုန်၏။

ထိုဒုလ္လဘ ရဟန်းတော်တို့သည် ဒုလ္လဘ ဟူသောအမည်နှင့် မလျော်ညီ။အာပတ်ကြီးငယ်များလည်း သင့်နေမည်ဖြစ်၍ “အပါယ်ငရဲ”သို့ ကျရောက်သွားသည်အထိ ဆုတ်ယုတ်သွားကြမည် ဖြစ်ပေသည်။

➢အကြင် ဒုလ္လဘရဟန်းတော်တို့သည် ဒုလ္လဘဟူသောအမည်နှင့် လျော်ညီစွာ လူ့ဘဝ၌ မရနိုင်၊ မစောင့်ထိန်းနိုင်သော (၂၂၇)သွယ်သော သီလသိက္ခာပုဒ်တို့ကို လုံခြုံအောင် စောင့်ထိန်း၏။

ဆရာသမားကောင်းတို့၏ အဆုံးအမဩဝါဒများကို ရိုရိုသေသေ လိုက်နာ၍ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးနှင့် ပြည့်စုံအောင် နေထိုင်၏။ ထိုဒုလ္လဘ ရဟန်းတော်တို့သည် မိမိတို့၏ ပါရမီ အားလျော်စွာ မဂ်ဖိုလ်နိဗ္ဗာန်သို့ ရောက်ကြသည်အထိ အကျိုးများကြမည် ဖြစ်ပေသည်။

ပါရမီနုသေး၍ မဂ်ဖိုလ်နိဗ္ဗာန်သို့ မရောက်သေးငြားသော်လည်း နောက်နောင်ဘဝ၊ နောက်နောင်သော ဘုရားရှင်တို့၏ သာသနာတော်၌ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာများ ဖြစ်ကြ၍ နိဗ္ဗာန်သို့ ရောက်သွားကြရမည် ဖြစ်ပေသည်။

“သတ္တာဟပဗ္ဗဇိတမထေရ်”

ဝိပဿီမြတ်စွာဘုရား လက်ထက်တော်အခါကအမျိုးကောင်းသား တစ်ယောက်သည် ဆွေမျိုးဉာတိများ
ပျက်စီးခြင်း၊ စည်းစိမ်ဥစ္စာများ ပျက်စီးခြင်းတို့ကြောင့် ဝိပဿီမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြုလေ၏။ ထိုအမျိုးကောင်းသားရဟန်းသည် ရဟန်း တရားတို့ကို ကြိုးစား၍ အားထုတ်၏။

(၇)ရက်ပြည့်သည်ရှိသော် စိတ်ဆင်းရဲခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ ငြိမ်းအေးသွားလေ၏။

ထိုအခါ ရဟန်းဘဝမှထွက်၍ လူဝတ်လဲသွားလေ၏။လူ့ဘဝမှာ နေထိုင်ပြီး သက်တမ်းကုန်၍ ကွယ်လွန် စုတေသွားသောအခါ (၉၁)ကမ္ဘာပတ်လုံး အပါယ်(၄)ပါးသို့မကျရောက်ပါဘဲ ဂေါတမမြတ်စွာဘုရားပွင့်တော်
မူသောအခါ ဝိပဿီမြတ်စွာဘုရား လက်ထက်တော်အခါက (၇)ရက် ရဟန်းပြုခဲ့ဖူးသော အထုံပါရမီ ကုသိုလ်တို့ကြောင့် ပဋိသမ္ဘိဒါ(၄)ပါး၊ အဘိညာဉ်(၆)ပါး ရရှိသော ရဟန္တာပုဂ္ဂိုလ် ဖြစ်ရလေ၏။

“သတ္တာဟပဗ္ဗဇိတမထေရ်” ဟု ထင်ရှား လေ၏။သို့ဖြစ်၍ ဒုလ္လဘရဟန်းတော်တို့သည် ရခဲသည့် ရဟန်း
အဖြစ်ကို ရအောင်ယူသူ (ဒုလ္လဘ)ဟူသော အမည်နှင့် လျော်ညီစွာ နေထိုင်ပါက ရဟန္တာဖြစ်၍ နိဗ္ဗာန်သို့ ရောက်သွားရသည်အထိ အကျိုးများကြမည် ဖြစ်ပါသည်။။

မဟာစည်နာယက၊အဂ္ဂမဟာ
ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ-
သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး

ဖိုးသူတော် (www.phothutaw.com)
Credit: waiyanthiri
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top