ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

အခ်ိဳရည္ေတြ အမ်ိိဳးမ်ိဳးကလည္း ေသာက္သံုးသူေတြကို ပံုစံအမိ်ဳးမ်ိဳးနဲ႔ ဆြဲေဆာင္ေနၾကပါတယ္။အခ်ိဳရည္ေတြဟာ က်န္းမာေရးကို ထိခိုက္ပ်က္စီးေစပါတယ္။ ဒါေပမယ့္ ကိုယ္ကိုယ္တိုင္က သိသိႀကီးနဲ႔ပဲျဖစ္ျဖစ္၊ ကိုယ္တိုင္ေတာင္သတိမထားလိုက္မိပဲ အခ်ိဳရည္ေတြကို အမ်ားႀကီးေသာက္သံုးမိေနတတ္တာေတြလည္း ရွိပါတယ္။

အခ်ိဳရည္အရမ္းႀကိဳက္၊ အရမ္းေသာက္တဲ့ အမ်ိဳးသားတစ္ေယာက္ရဲ႕ အေၾကာင္းကို China Press မွာ ေဖာ္ျပထားပါတယ္။

သူ႔ရဲ႕ နာမည္ကေတာ့ Lim ျဖစ္ၿပီး စင္ကာပူအမ်ိဳးသားပါ။ Lim ဟာ အခ်ိဳရည္ႀကိဳက္သူတစ္ေယာက္ပါ။

တစ္ေန႔ကို အခ်ိဳရည္(၆)ဗူးေလာက္ ပံုမွန္ေသာက္သံုးလာခဲ့သူပါ။ ဒီလိုအက်င့္ေၾကာင့္ပဲ သူ႔အသက္ (၂၁)ႏွစ္မွာေတာ့ ဆီးခ်ိဳေသြးခ်ိဳေရာဂါကို စတင္ခံစားခဲ့ရပါတယ္။

သူ႔ရဲ႕ အလုပ္ကိုက စားဖိုမွဴးျဖစ္ေန၊ အစားအေသာက္ေတြနဲ႔ အၿမဲထိေတြ႔ေနရတာေတြကလည္း သူ႔က်န္းမာေရးကို ပိုဆိုးရြားေစတဲ့ အေၾကာင္းအရင္းေတြထဲက တစ္ခုလို႔ ေျပာလို႔ရပါတယ္။

မီးဖိုထဲမွာ အၿမဲေခၽြးထြက္ေနရေတာ႔ ရင္ေအးေအာင္ ေရမေသာက္ဘဲ အလြယ္တကူ အခ်ိဳရည္ေတြကိုပဲ ေသာက္သံုးခဲ့တဲ့ ေနာက္ဆက္တြဲ ဆိုးက်ိဳးရလဒ္ပါ။

သူကိုယ္တိုင္ေတာင္ သတိမထားလိုက္မိဘဲ တစ္ေန႔(၆)ဗူးေလာက္ေတာင္ ေသာက္မိခဲ့တာပါ။ သူ႔မိခင္နဲ႔ ဇနီးတို႔ကလည္း ဆီးခ်ိဳေ၀ဒနာရွင္ေတြပါ။

ဒါေပမယ့္ သူတုိ႔ကိုယ္တိုင္ကလည္း ဒီေရာဂါနဲ႔ပတ္သက္ၿပီးသတိထားဖို႔ Lim ကို သတိေပးတာေတြ မလုပ္ခဲ့ပါဘူး။

Lim ဟာ အခ်ိဳရည္ေတြအျပင္ သူငယ္ခ်င္းေတြနဲ႔လည္း ညလံုးေပါက္ ေသာက္တာ စားတာေတြလည္း ရွိပါတယ္။

ဒီလိုနဲ႔ပဲ ေနာက္ဆံုးမွာ က်န္းမာေရးဆိုးရြားလာၿပီး ေဆးကုသမႈခံယူခဲ့ပါတယ္။ သူ႔အသက္ (၂၁)ႏွစ္ မွာပဲ ဆီးခ်ိဳေရာဂါခံစားေနရတာကို စစ္ေဆးေတြ႔ရွိခဲ့ပါတယ္။

“ဆီးခ်ိဳဆိုတာမ်ိဳးက အသက္ႀကီးတဲ့သူေတြပဲ ျဖစ္မွာလို႔ ထင္ခဲ့ေၾကာင္း၊ ဒီေလာက္အေျခအေနဆိုးမယ္လို႔လည္း ထင္မထားခဲ့ဘူးလုိ႔ Lim ကေျပာပါတယ္။

ဒီလုိနဲ႔ပဲ ေနာက္(၁၉)ႏွစ္ေလာက္အၾကာမွာေတာ့ အေျခအေန ပိုဆိုးလာခဲ့ပါတယ္။ ေသြးတြင္းသၾကားဓါတ္ဟာ သာမန္သူေတြထက္ (၃)ဆ ပိုျမင့္ေနခဲ့ပါတယ္။

ေက်ာက္ကပ္လည္း ေကာင္းေကာင္း အလုပ္မလုပ္ေတာ့ပဲ ပ်က္စီးသြားခဲ့ပါတယ္။ သူ႔အသက္ (၄၃)ႏွစ္မွာေတာ႔ ဘယ္ဖက္ေျခေထာက္ကို ျဖတ္ပစ္ခဲဲ့ရပါတယ္။

ငယ္ငယ္္က က်န္းမာေရးကို ဂရုမစိုက္ပဲေနမိခဲ့တဲ့အတြက္ Lim တစ္ေယာက္ အခုအခ်ိန္မွာေတာ့ အႀကီးအက်ယ္ေနာင္တရေနပါတယ္။

ဒီလိုေတြ ျဖစ္လာမယ္မွန္းသာသိခဲ့ရင္ ငယ္ငယ္က က်န္းမာေရးကို ဂရုစိုက္မွာ ဆုိၿပီး ယူႀကံဳးမရျဖစ္ေနပါတယ္။

အခ်ိဳရည္မွာ ဒီေလာက္အထိသၾကား ဓါတ္ေတြ အမ်ားႀကီးပါလိမ့္မယ္လုိ႔လည္း ထင္မထားခဲ့မိတာေၾကာင့္ ဒီလိုေတြ အမ်ားႀကီးေသာက္မိခဲ့တာလို႔ ေျပာခဲ့ပါတယ္။

ref;worldofbuzz

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Search Myanmar

# Unicode Version ျဖင့္ ဖတ္ပါ #
အချိုရည်တွေ အမျိုးမျိုးကလည်း သောက်သုံးသူတွေကို ပုံစံအမျိုးမျိုးနဲ့ ဆွဲဆောင်နေကြပါတယ်။အချိုရည်တွေဟာ ကျန်းမာရေးကို ထိခိုက်ပျက်စီးစေပါတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်က သိသိကြီးနဲ့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်တောင်သတိမထားလိုက်မိပဲ အချိုရည်တွေကို အများကြီးသောက်သုံးမိနေတတ်တာတွေလည်း ရှိပါတယ်။

အချိုရည်အရမ်းကြိုက်၊ အရမ်းသောက်တဲ့ အမျိုးသားတစ်ယောက်ရဲ့ အကြောင်းကို China Press မှာ ဖော်ပြထားပါတယ်။

သူ့ရဲ့ နာမည်ကတော့ Lim ဖြစ်ပြီး စင်ကာပူအမျိုးသားပါ။ Lim ဟာ အချိုရည်ကြိုက်သူတစ်ယောက်ပါ။

တစ်နေ့ကို အချိုရည်(၆)ဗူးလောက် ပုံမှန်သောက်သုံးလာခဲ့သူပါ။ ဒီလိုအကျင့်ကြောင့်ပဲ သူ့အသက် (၂၁)နှစ်မှာတော့ ဆီးချိုသွေးချိုရောဂါကို စတင်ခံစားခဲ့ရပါတယ်။

သူ့ရဲ့ အလုပ်ကိုက စားဖိုမှူးဖြစ်နေ၊ အစားအသောက်တွေနဲ့ အမြဲထိတွေ့နေရတာတွေကလည်း သူ့ကျန်းမာရေးကို ပိုဆိုးရွားစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုလို့ ပြောလို့ရပါတယ်။

မီးဖိုထဲမှာ အမြဲချွေးထွက်နေရတော့ ရင်အေးအောင် ရေမသောက်ဘဲ အလွယ်တကူ အချိုရည်တွေကိုပဲ သောက်သုံးခဲ့တဲ့ နောက်ဆက်တွဲ ဆိုးကျိုးရလဒ်ပါ။

သူကိုယ်တိုင်တောင် သတိမထားလိုက်မိဘဲ တစ်နေ့(၆)ဗူးလောက်တောင် သောက်မိခဲ့တာပါ။ သူ့မိခင်နဲ့ ဇနီးတို့ကလည်း ဆီးချိုဝေဒနာရှင်တွေပါ။

ဒါပေမယ့် သူတို့ကိုယ်တိုင်ကလည်း ဒီရောဂါနဲ့ပတ်သက်ပြီးသတိထားဖို့ Lim ကို သတိပေးတာတွေ မလုပ်ခဲ့ပါဘူး။

Lim ဟာ အချိုရည်တွေအပြင် သူငယ်ချင်းတွေနဲ့လည်း ညလုံးပေါက် သောက်တာ စားတာတွေလည်း ရှိပါတယ်။

ဒီလိုနဲ့ပဲ နောက်ဆုံးမှာ ကျန်းမာရေးဆိုးရွားလာပြီး ဆေးကုသမှုခံယူခဲ့ပါတယ်။ သူ့အသက် (၂၁)နှစ် မှာပဲ ဆီးချိုရောဂါခံစားနေရတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

“ဆီးချိုဆိုတာမျိုးက အသက်ကြီးတဲ့သူတွေပဲ ဖြစ်မှာလို့ ထင်ခဲ့ကြောင်း၊ ဒီလောက်အခြေအနေဆိုးမယ်လို့လည်း ထင်မထားခဲ့ဘူးလို့ Lim ကပြောပါတယ်။

ဒီလိုနဲ့ပဲ နောက်(၁၉)နှစ်လောက်အကြာမှာတော့ အခြေအနေ ပိုဆိုးလာခဲ့ပါတယ်။ သွေးတွင်းသကြားဓါတ်ဟာ သာမန်သူတွေထက် (၃)ဆ ပိုမြင့်နေခဲ့ပါတယ်။

ကျောက်ကပ်လည်း ကောင်းကောင်း အလုပ်မလုပ်တော့ပဲ ပျက်စီးသွားခဲ့ပါတယ်။ သူ့အသက် (၄၃)နှစ်မှာတော့ ဘယ်ဖက်ခြေထောက်ကို ဖြတ်ပစ်ခဲ့ရပါတယ်။

ငယ်ငယ်က ကျန်းမာရေးကို ဂရုမစိုက်ပဲနေမိခဲ့တဲ့အတွက် Lim တစ်ယောက် အခုအချိန်မှာတော့ အကြီးအကျယ်နောင်တရနေပါတယ်။

ဒီလိုတွေ ဖြစ်လာမယ်မှန်းသာသိခဲ့ရင် ငယ်ငယ်က ကျန်းမာရေးကို ဂရုစိုက်မှာ ဆိုပြီး ယူကြုံးမရဖြစ်နေပါတယ်။

အချိုရည်မှာ ဒီလောက်အထိသကြား ဓါတ်တွေ အများကြီးပါလိမ့်မယ်လို့လည်း ထင်မထားခဲ့မိတာကြောင့် ဒီလိုတွေ အများကြီးသောက်မိခဲ့တာလို့ ပြောခဲ့ပါတယ်။

ref;worldofbuzz

ဖိုးသူတော် (www.phothutaw.com)
Credit: Search Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top