×


ဆွေးနွေးပွဲမှာ ၁ဝ တန်းဖြေဆိုထားပြီးရင် လူငယ်တွေအနေနဲ့ ဘယ်လိုပညာရေးလမ်းကြောင်းတွေကို ရွေးချယ်လျှောက်လှမ်းသင့်လဲ၊ ဘယ်လိုဘာသာရပ်တွေ လေ့လာသင်ယူရင် ဘဝအာမခံချက်ရှိမလဲ၊ ဘယ်လိုဘာသာရပ်တွေက မိမိနဲ့အကိုက်ညီဆုံး ဖြစ်နိုင်မလဲ၊ နောင်တစ်ချိန် ကျောင်းပြီးလို့ အလုပ်ဝင်တဲ့ အခါမှာလည်း ဘယ်လောက်အထောက်အကူ ဖြစ်စေနိုင်လဲ၊ iGCSE ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ GCE ‘A’ level မလိုပဲ တိုက်ရိုက်တက်လို့ရတဲ့ နိုင်ငံတကာ တက္ကသိုလ်တွေအကြောင်း၊ မြန်မာ့ပညာရေးနဲ့ ကမ္ဘာ့ပညာ ရေးဘယ်လောက် ကွာခြားနေပြီလဲ၊ ကမ္ဘာမှာ ဘယ်လိုပညာရပ်တွေ ပြောင်းလဲခေတ်စားလာပြီလဲ၊ ၁၂ တန်းပညာရေးစနစ်၊ SAT/ACT ဖြေဆိုခြင်း၊ IELTS/TOEFL စာမေးပွဲတွေ အကြောင်းကို ရှင်းလင်းပြောကြား ပေးသွားမှာ ဖြစ်ပါတယ်။



# Unicode Version ဖြင့် ဖတ်ပါ #
တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသူတွေအတွက် ပညာရေးလမ်းကြောင်းများအကြောင်း ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၉ ရက် နေ့လယ် ၂ နာရီမှ ညနေ ၄ နာရီထိ ဟိုတယ်မန္တလေး၊ စံပယ်ဖြူခန်းမမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ ၁ဝ တန်းဖြေဆိုထားပြီးရင် လူငယ်တွေအနေနဲ့ ဘယ်လိုပညာရေးလမ်းကြောင်းတွေကို ရွေးချယ်လျှောက်လှမ်းသင့်လဲ၊ ဘယ်လိုဘာသာရပ်တွေ လေ့လာသင်ယူရင် ဘဝအာမခံချက်ရှိမလဲ၊ ဘယ်လိုဘာသာရပ်တွေက မိမိနဲ့အကိုက်ညီဆုံုး ဖြစ်နိုင်မလဲ၊ နောင်တစ်ချိန် ကျောင်းပြီးလို့ အလုပ်ဝင်တဲ့ အခါမှာလည်း ဘယ်လောက်အထောက်အကူ ဖြစ်စေနိုင်လဲ၊ iGCSE ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ GCE ‘A’ level မလိုပဲ တိုက်ရိုက်တက်လို့ရတဲ့ နိုင်ငံတကာ တက္ကသိုလ်တွေအကြောင်း၊ မြန်မာ့ပညာရေးနဲ့ ကမ္ဘာ့ပညာ ရေးဘယ်လောက် ကွာခြားနေပြီလဲ၊ ကမ္ဘာမှာ ဘယ်လိုပညာရပ်တွေ ပြောင်းလဲခေတ်စားလာပြီလဲ၊ ၁၂ တန်းပညာရေးစနစ်၊ SAT/ACT ဖြေဆိုခြင်း၊ IELTS/TOEFL စာမေးပွဲတွေ အကြောင်းကို ရှင်းလင်းပြောကြား ပေးသွားမှာ ဖြစ်ပါတယ်။

တက်ရောက် လိုသူတွေအနေနဲ့ CROWN Education (Mandalay) အခန်း၊ (၁၁၉)၊ Hotel Mandalay ၊ အမှတ် ၆၅၂၊၇၈ လမ်း၊ ၃၇ လမ်းနှင့် ၃၈ လမ်းကြား၊ဖုန်း ၀၉-၄၅၀ ၂၀၀၀ ၈၀၊ဝ၂-၇၁၅၈၂ နှင့် လိုင်းခွဲ ၁၁၉ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်မှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top