မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×
Source google
Credit: freezemyanmar
# Unicode Version ဖြင့် ဖတ်ပါ #
ဇနီးမောင်နှံနှစ်ဦး အတူတူရေချိုးဖူးကြရဲ့လား ? ဟုတ်ကဲ့နှစ်ယောက်တူတူရေမချိုးဖူးဘူး ဆိုရင် ခုချိန်ကစပြီးတူတူရေချိုးဖို့ တိုက်တွန်းချင်ပါတယ်။နှစ်ယေက်တူတူရေချိုးခြင်းက ရေကိုချွေတာခြင်း၊ အချိန်ကိုလည်းချွေတာရာရောက်သလို ကျန်းမာရေးကောင်ကျိုးနှင့် တစ်ဦးအပေါ်တစ်ဦး ချစ်မေတ္တာတွေလည်း ပိုတိုးလာစေပါတယ်။ ခုခတ်မှာနှစ်ယောက် တူတူရေချိုးဖို့မဖြစ်နိုင်ပေမဲ့ အလုပ်ပိတ်ရက်ဖြစ်ဖြစ် အားလပ်ရက်တွေမှာဖြစ်ဖြစ် တူတူ ရေချိုးကြဖို့တိုုက်တွန်းချင်ပါတယ်။
မနက်စောစောထရင် ငါအရင်ချိုးမယ် သူအရင်ချိုးမယ်ငြင်းခုန်နေမယ့်အစား အတူတူသာချိုး လိုက်ဖို့တိုက်တွန်းချင်ပါတယ်၊ တစ်ယောက်တည်းရေချိုးခြင်းက ကျောကုန်တို့လိုနေရာ မျိုးတွေကို သန့်စင်အောင်လုပ်ဖို့မလွယ်ကူပါဘူးနော် နှစ်ယေက်တူတူ ရေချိုးလိုက်ရင် တစ်ယောက်ကို တစ်ယောက်ကူညီနိုင်ပါတယ်။ ဘယ်အရာမဆို စုပေါင်းလုပ်ဆောင်ခြင်းက ပိုအောင်မြင်တယ်မဟုတ်ပါလား။ ရေချိုးရင်နဲ့သီချင်းအတူတူဆိုမယ် တစ်ယောက်ကို တစ်ယောက်ခေါင်းလျော်ပေးမယ် ဂျီးတွန်းပေးမယ်၊ အလုပ်မှာတွေ့ကြုံရတဲ့အကြောင်း ရာလေးတွေပြောပြမယ်၊ မိသားစုကြောင်းအရာလေးတွေ ဆွေးမျိုးအသိုင်းအဝိုင်းအကြောင်း အရာလေးတွေပြောရင် ရေချိုကြမယ်ဆိုရင် အရမ်းအဆင်ပြေတဲ့ အိမ်ထောင်ရေးတစ်ခုကို ထူထောင်နိုင်မှာပါ။
ရေချိုးခြင်းက စိတ်ကိုလန်းဆန်းစေတဲ့အပြင် မိမိကိုယ်ကိုလည်း ယုံကြည်မူရှိစေနိုင်ပါတယ် တစ်နေကုန် ပင်ပန်းနေသမျှရေချိုးလိုက်ရင် လန်းဆန်းသွားတာပါပဲ။ မနက်တစ်ခါ ညတစ်ခါ ပုံမှန်ရေချိုးသင့်ပါတယ်နော် လူတွေဟာရေမချိုးတာကြာရင် အခိုးငုတ်ခြင်း ၊လေချုပ်ခြင်း၊ မျက်စီဝေခြင်း၊ ဆံပင်ကျွတ်ခြင်း၊ခေါင်းမူးခြင်း တွေဖြစ်ပေါ်စေနိုင်ပါတယ်၊ ဖျတ်ဖျတ်လတ် လတ်မရှိဘဲထိုင်းမှိုင်းနေတာတွေ ခံစားရပါလိမ့်မယ်။ ဒါကြောင့် မိသားစုတစ်ကိုယ်ရေ သန်းရှင်းရေးကလည်း အရေးကြီးတဲ့လုပ်ဆောင်ချက် တစ်ခုဆိုလည်း မမှားပါဘူး။
Source google
ဖိုးသူတော် (www.phothutaw.com)
Credit: freezemyanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top