ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကိုယ္႔ထက္ငယ္တဲ႔ ေမာင္ေလးေတြနဲ႔ ဒိတ္ဖူးၾကလား။ တခ်ိဳ႕မိန္းကေလးေတြကေတာ႔ ကိုယ္႔ထက္ငယ္တဲ႔ေကာင္ေလးေတြဆို ရင္မခုန္တတ္တဲ႔ အမူအက်င္႔ရွိပါတယ္။ တကယ္ေတာ႔ အခ်စ္ဆိုတာႀကီးက တကယ္ကို ထူးျခားဆန္းက်ယ္တဲ႔အရာပါ။ ဘယ္လိုလူကိုမွ ရည္းစားေတာ္မယ္လို႔ သႏၶိ႒ာန္ေတြ ခ်ထားပါေစ... အခ်စ္နဲ႔ ပက္ပင္းတိုးမိတဲ႔အခါမွာေတာ႔ ဒူးေထာက္လက္ေျမွာက္ လိုက္ရတာပဲ မဟုတ္ပါလား။ တကယ္ေတာ႔ မမရဲ႕ေမာင္ေလးေတြနဲ႔ ဒိတ္ရတာမွာ ေကာင္းတဲ႔အခ်က္ေလးေတြလည္း ရွိပါတယ္။ အဲဒါေတြကေတာ႔...
၁။ အမ်ိဳးသမီးေတြကို ေလးစားတယ္

အသက္ငယ္တဲ႔ ေကာင္ေလးေတြဟာ မိသားစုထဲက အမ်ိဳးသမီးေတြနဲ႔ ပိုၿပီး နီးနီးကပ္ကပ္ ေနရတတ္တဲ႔အတြက္ (ဥပမာ... အေမ၊ အစ္မ) အမ်ိဳးသမီးေတြအေၾကာင္း ပိုသိပါတယ္။ အမ်ိဳးသမီးေတြ ဘယ္လိုအရာမ်ိဳးကို ႀကိဳက္တယ္၊ ဘယ္လိုအျပဳအမူမ်ိဳးက သူတို႔ကို စိတ္ရႈပ္ေစတယ္ စသည္ျဖင္႔ ေကာင္းေကာင္းသိၾကပါတယ္။ ဒါေၾကာင္႔ အမ်ိဳးသမီးေတြကို ေလးစားတဲ႔ အမူအရာေတြျပၿပီး ဆက္ဆံတတ္ၾကပါတယ္။ ကိုယ္တင္မက ကိုယ္႔အေပါင္းအသင္းေတြကိုပါ  ေလးေလးစားစား ဆက္ဆံတတ္ပါလိမ္႔မယ္။
၂။ ေနရာတကာ ဆရာမလုပ္ဘူး

အိုပါးေတြနဲ႔ မတူတဲ႔အခ်က္က ေမာင္ေလးေတြက သူတို႔ရဲ႕ မမေတြကို ဆရာမလုပ္တတ္ပါဘူး။ အခ်စ္ေရးမွာ တန္းတူညီမွ်မႈကို ေလးစားၿပီး ေနရာတကာ ဆရာလုိက္လုပ္တတ္တဲ႔ အက်င္႔ရွိမွာ မဟုတ္ပါဘူး။ ဒါကလည္း ေမာင္ေလးေတြနဲ႔ ဒိတ္သင္႔တဲ႔ အေၾကာင္းတစ္ခုပဲ ဆုိပါစို႔။
၃။ နားလည္မႈရွိတယ္

သမီးရည္းစား ဆက္ဆံေရးတစ္ခုရဲ႕ အသက္က တစ္ေယာက္ေပၚတစ္ေယာက္ နားလည္မႈ ဘယ္ေလာက္ရွိလဲဆိုတာေပၚ မွီတည္ေနပါတယ္။ ကိုယ္႔ထက္အသက္ငယ္တဲ႔ ေကာင္ေလးေတြဟာ ကိုယ္ေျပာသမွ် စကားတိုင္းကို သင္ယူစရာအျဖစ္ မွတ္ယူတတ္ၿပီး ေဝဖန္စကားလို႔ မယူဆတတ္ၾကပါဘူး။ ဒါေၾကာက္႔ တစ္ေယာက္နဲ႔တစ္ေယာက္ၾကားမွာ နားလည္မႈလည္း ပိုမိုခိုင္မာႏိုင္ပါတယ္။
၄။ ရန္ျဖစ္ရတာနည္းမယ္

ခ်ာတိတ္ေလးေတြက စိတ္လည္းရွည္တတ္ပါတယ္။ တစ္ခါတေလ ကိုယ္စိတ္ရႈပ္လို႔ ရစ္မယ္ဆိုရင္ေတာင္ အိုပါးေတြထက္ပိုၿပီး စိတ္ရွည္ႏိုင္ၾကပါလိမ္႔မယ္။ အိုပါးေတြကုိ သြားဒိတ္မိရင္ေတာ႔ သူ႔အလုပ္နဲ႔သူ ရႈပ္ေနေတာ႔ ကိုယ္ရစ္တာကို သိပ္ခံႏိုင္မွာ မဟုတ္ပါဘူး။ ေကာင္ေလးေတြကေတာ႔ ရစ္တာကိုလည္း ခံႏိုင္ၿပီး စိတ္ရွည္သည္းခံမႈ အားေကာင္းၾကပါလိမ္႔မယ္။
၅။ ဂရုစိုက္တတ္တယ္

ကိုယ္႔ခ်စ္သူရဲ႕ ဂရုစိုက္မႈကို ဘယ္မိန္းကေလးမဆို လိုခ်င္ၾကမွာပါပဲ။ ကိုယ္႔ထက္ငယ္တဲ႔ ေကာင္ေလးေတြက ဂရုပိုစိုက္တတ္ၾကပါတယ္။ သူတို႔ဟာ သူတို႔ရဲ႕ခ်စ္သူ မမေတြ မ်က္ႏွာမညွိဳးေစဖိုု႔ကို ပိုုၿပီး ဂရုစိုက္ၾကပါလိမ္႔မယ္။ သူတို႔ရဲ႕ခ်စ္သူ ေပ်ာ္ရႊင္ေစဖို႔အတြက္ ဘာမဆိုလုပ္ၾကပါလိမ္႔မယ္။
၆။ စြန္႔စားလိုစိတ္ရွိတယ္

စြန္႔စားလိုစိတ္ဆိုတာ ဘဝရဲ႕အရသာစစ္ပါပဲ။ ဒါေပမယ္႔ အသက္ႀကီးသူေတြကေတာ႔ ဒီအရသာကို ေမ႔ေလ်ာ႔ေနၾကပါတယ္။ ဒါမွမဟုတ္ စြန္႔စားဖို႔ကိုေတာင္ မအားလပ္ၾကေတာ႔ပါဘူး။ အလုပ္ေတြ၊ မိသားစုေတြ၊ တာဝန္ေတြနဲ႔ ရႈပ္ယွက္ခတ္ေနပါလိမ္႔မယ္။ ကိုယ္႔ထက္ငယ္တဲ႔ ေကာင္ေလးေတြကေတာ႔ လူငယ္ပီပီ စြန္႔စားလိုစိတ္ အျပည္႔ရွိပါလိမ္႔မယ္။

တစ္ခါတေလ ကုိယ္႔မွာ အလုပ္တာဝန္ေတြေၾကာင္႔ စိတ္ဖိစီးမႈမ်ားေနတဲ႔အခါ ခ်စ္သူေကာင္ေလးေတြက စြန္႔စားခန္းတစ္ခုဆီ ေခၚသြားၿပီး စိတ္ဖိစီးမႈေတြကို ေျဖေဖ်ာက္ေပးပါလိမ္႔မယ္။
၇။ အမ်ားႀကီး ေမွ်ာ္လင္႔မထားဘူး

ေမွ်ာ္လင္႔ခ်က္ဆိုတာ တစ္ခါတေလမွာ အားအင္ဆိုေပမယ္႔ တစ္ခါတေလမွာေတာ႔ သိပ္ကိုေလးလံတဲ႔ ဝန္ထုပ္ဝန္ပိုးတစ္ခုပါ။ ဘာကိုမွ ႀကိဳတင္မွန္းဆလို႔ မရတဲ႔ ေခတ္ႀကီးထဲမွာ ေမွ်ာ္လင္႔ခ်က္ ေလးေလးပင္ပင္ေတြ မထားတာ ပုိေကာင္းပါတယ္။ ကိုယ္နဲ႔ရြယ္တူ (သို႕) အသက္ႀကီးတဲ႔ သူေတြက အိမ္ေထာင္ျပဳဖို႔၊ ကေလးေမြးခိုင္းဖို႔ ရည္မွန္းခ်က္ေတြ ျပည္႔ေနေပမယ္႔ ေမာင္ေလးေတြကေတာ႔ အခ်စ္တစ္ခုတည္းကိုပဲ ကိုးကြယ္ၿပီး ေမွ်ာ္လင္႔ခ်က္ေလးေလးပင္ပင္ေတြ ထားမွာမဟုတ္ပါဘူး။ သူတို႔နားမွာေနရတာ ကိုယ္႔ရဲ႕စိတ္ ပိုမိုေပါ႔ပါးပါလိမ္႔မယ္။

Source: Youngisthan
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ကိုယ့်ထက်ငယ်တဲ့ မောင်လေးတွေနဲ့ ဒိတ်ဖူးကြလား။ တချို့မိန်းကလေးတွေကတော့ ကိုယ့်ထက်ငယ်တဲ့ကောင်လေးတွေဆို ရင်မခုန်တတ်တဲ့ အမူအကျင့်ရှိပါတယ်။ တကယ်တော့ အချစ်ဆိုတာကြီးက တကယ်ကို ထူးခြားဆန်းကျယ်တဲ့အရာပါ။ ဘယ်လိုလူကိုမှ ရည်းစားတော်မယ်လို့ သန္ဓိဋ္ဌာန်တွေ ချထားပါစေ... အချစ်နဲ့ ပက်ပင်းတိုးမိတဲ့အခါမှာတော့ ဒူးထောက်လက်မြှောက် လိုက်ရတာပဲ မဟုတ်ပါလား။ တကယ်တော့ မမရဲ့မောင်လေးတွေနဲ့ ဒိတ်ရတာမှာ ကောင်းတဲ့အချက်လေးတွေလည်း ရှိပါတယ်။ အဲဒါတွေကတော့...
၁။ အမျိုးသမီးတွေကို လေးစားတယ်

အသက်ငယ်တဲ့ ကောင်လေးတွေဟာ မိသားစုထဲက အမျိုးသမီးတွေနဲ့ ပိုပြီး နီးနီးကပ်ကပ် နေရတတ်တဲ့အတွက် (ဥပမာ... အမေ၊ အစ်မ) အမျိုးသမီးတွေအကြောင်း ပိုသိပါတယ်။ အမျိုးသမီးတွေ ဘယ်လိုအရာမျိုးကို ကြိုက်တယ်၊ ဘယ်လိုအပြုအမူမျိုးက သူတို့ကို စိတ်ရှုပ်စေတယ် စသည်ဖြင့် ကောင်းကောင်းသိကြပါတယ်။ ဒါကြောင့် အမျိုးသမီးတွေကို လေးစားတဲ့ အမူအရာတွေပြပြီး ဆက်ဆံတတ်ကြပါတယ်။ ကိုယ်တင်မက ကိုယ့်အပေါင်းအသင်းတွေကိုပါ  လေးလေးစားစား ဆက်ဆံတတ်ပါလိမ့်မယ်။
၂။ နေရာတကာ ဆရာမလုပ်ဘူး

အိုပါးတွေနဲ့ မတူတဲ့အချက်က မောင်လေးတွေက သူတို့ရဲ့ မမတွေကို ဆရာမလုပ်တတ်ပါဘူး။ အချစ်ရေးမှာ တန်းတူညီမျှမှုကို လေးစားပြီး နေရာတကာ ဆရာလိုက်လုပ်တတ်တဲ့ အကျင့်ရှိမှာ မဟုတ်ပါဘူး။ ဒါကလည်း မောင်လေးတွေနဲ့ ဒိတ်သင့်တဲ့ အကြောင်းတစ်ခုပဲ ဆိုပါစို့။
၃။ နားလည်မှုရှိတယ်

သမီးရည်းစား ဆက်ဆံရေးတစ်ခုရဲ့ အသက်က တစ်ယောက်ပေါ်တစ်ယောက် နားလည်မှု ဘယ်လောက်ရှိလဲဆိုတာပေါ် မှီတည်နေပါတယ်။ ကိုယ့်ထက်အသက်ငယ်တဲ့ ကောင်လေးတွေဟာ ကိုယ်ပြောသမျှ စကားတိုင်းကို သင်ယူစရာအဖြစ် မှတ်ယူတတ်ပြီး ဝေဖန်စကားလို့ မယူဆတတ်ကြပါဘူး။ ဒါကြောက့် တစ်ယောက်နဲ့တစ်ယောက်ကြားမှာ နားလည်မှုလည်း ပိုမိုခိုင်မာနိုင်ပါတယ်။
၄။ ရန်ဖြစ်ရတာနည်းမယ်

ချာတိတ်လေးတွေက စိတ်လည်းရှည်တတ်ပါတယ်။ တစ်ခါတလေ ကိုယ်စိတ်ရှုပ်လို့ ရစ်မယ်ဆိုရင်တောင် အိုပါးတွေထက်ပိုပြီး စိတ်ရှည်နိုင်ကြပါလိမ့်မယ်။ အိုပါးတွေကို သွားဒိတ်မိရင်တော့ သူ့အလုပ်နဲ့သူ ရှုပ်နေတော့ ကိုယ်ရစ်တာကို သိပ်ခံနိုင်မှာ မဟုတ်ပါဘူး။ ကောင်လေးတွေကတော့ ရစ်တာကိုလည်း ခံနိုင်ပြီး စိတ်ရှည်သည်းခံမှု အားကောင်းကြပါလိမ့်မယ်။
၅။ ဂရုစိုက်တတ်တယ်

ကိုယ့်ချစ်သူရဲ့ ဂရုစိုက်မှုကို ဘယ်မိန်းကလေးမဆို လိုချင်ကြမှာပါပဲ။ ကိုယ့်ထက်ငယ်တဲ့ ကောင်လေးတွေက ဂရုပိုစိုက်တတ်ကြပါတယ်။ သူတို့ဟာ သူတို့ရဲ့ချစ်သူ မမတွေ မျက်နှာမညှိုးစေဖိုု့ကို ပိုုပြီး ဂရုစိုက်ကြပါလိမ့်မယ်။ သူတို့ရဲ့ချစ်သူ ပျော်ရွှင်စေဖို့အတွက် ဘာမဆိုလုပ်ကြပါလိမ့်မယ်။
၆။ စွန့်စားလိုစိတ်ရှိတယ်

စွန့်စားလိုစိတ်ဆိုတာ ဘဝရဲ့အရသာစစ်ပါပဲ။ ဒါပေမယ့် အသက်ကြီးသူတွေကတော့ ဒီအရသာကို မေ့လျော့နေကြပါတယ်။ ဒါမှမဟုတ် စွန့်စားဖို့ကိုတောင် မအားလပ်ကြတော့ပါဘူး။ အလုပ်တွေ၊ မိသားစုတွေ၊ တာဝန်တွေနဲ့ ရှုပ်ယှက်ခတ်နေပါလိမ့်မယ်။ ကိုယ့်ထက်ငယ်တဲ့ ကောင်လေးတွေကတော့ လူငယ်ပီပီ စွန့်စားလိုစိတ် အပြည့်ရှိပါလိမ့်မယ်။

တစ်ခါတလေ ကိုယ့်မှာ အလုပ်တာဝန်တွေကြောင့် စိတ်ဖိစီးမှုများနေတဲ့အခါ ချစ်သူကောင်လေးတွေက စွန့်စားခန်းတစ်ခုဆီ ခေါ်သွားပြီး စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ပေးပါလိမ့်မယ်။
၇။ အများကြီး မျှော်လင့်မထားဘူး

မျှော်လင့်ချက်ဆိုတာ တစ်ခါတလေမှာ အားအင်ဆိုပေမယ့် တစ်ခါတလေမှာတော့ သိပ်ကိုလေးလံတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုပါ။ ဘာကိုမှ ကြိုတင်မှန်းဆလို့ မရတဲ့ ခေတ်ကြီးထဲမှာ မျှော်လင့်ချက် လေးလေးပင်ပင်တွေ မထားတာ ပိုကောင်းပါတယ်။ ကိုယ်နဲ့ရွယ်တူ (သို့) အသက်ကြီးတဲ့ သူတွေက အိမ်ထောင်ပြုဖို့၊ ကလေးမွေးခိုင်းဖို့ ရည်မှန်းချက်တွေ ပြည့်နေပေမယ့် မောင်လေးတွေကတော့ အချစ်တစ်ခုတည်းကိုပဲ ကိုးကွယ်ပြီး မျှော်လင့်ချက်လေးလေးပင်ပင်တွေ ထားမှာမဟုတ်ပါဘူး။ သူတို့နားမှာနေရတာ ကိုယ့်ရဲ့စိတ် ပိုမိုပေါ့ပါးပါလိမ့်မယ်။

Source: Youngisthan

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top