ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

အီတလီႏိုင္ငံ ပါလာမိုအရပ္ေဒသရွိ ကပူခ်င္ေျမေအာက္ သခ်ိဳင္းႀကီး သည္ သတၱိေကာင္းသည့္ ခရီးသြားမ်ား လက္လြတ္မခံသင့္သည့္ေနရာျဖစ္သည္။

အေလာင္းေပါင္း ရွစ္ေထာင္ေက်ာ္ျဖင့္ျပည့္ေနသည့္ ယင္းေနရာကို
ခရီးသြားမ်ားအတြက္ဖြင့္လွစ္ထားသည္။ မံမီလုပ္ထားသည့္ အဆိုပါ
အေလာင္းမ်ားထဲတြင္ ဘုန္းေတာ္ႀကီးမ်ား၊ မင္းမ်ိဳးမင္းႏြယ္ႏွင့္ အမ်ိဳးသမီးမ်ား၊ ကေလးမ်ားပါဝင္သည္။ မံမီအေလာင္းမ်ားကို နံရံမ်ားတြင္ တန္းစီခ်ိတ္ျပထားသျဖင့္ အဆိုပါျမင္ကြင္းသည္ အသည္းထိတ္ဖြယ္ျဖစ္ေနေတာ့သည္။ ထိုေနရာတြင္ ၁၅၉၉ ခုႏွစ္က ျမႇဳပ္ႏွံခံခဲ့ရသည့္ ဘုန္းေတာ္ႀကီးသည္ ယင္းေနရာတြင္ ပထဦးဆုံးျမႇဳပ္ႏွံခံခဲ့ရသူျဖစ္သည္။

သက္တမ္းႏွစ္ ၄၀၀ ခန္႔ရွိသည့္ ယင္း႐ုပ္အေလာင္းက အဝင္၀တြင္ ဧည့္သည္မ်ားကို ေစာင့္ႀကိဳေနသည္။ ယခင္ကမူ ယင္းေနရာတြင္ ဘုန္းေတာ္ႀကီးမ်ားကိုသာ ျမႇဳပ္ႏွံခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ေငြေၾကးတတ္ႏိုင္သူမ်ားကပါ ၎တို႔၏ ကြယ္လြန္သူေဆြမ်ိဳးမ်ားကိုျ မႇဳပ္ႏွံခြင့္ရရန္ ေတာင္းဆိုလာသည္။ သို႔မွသာ ၎တို႔ခ်စ္ခင္ရသူမ်ားကို လာၾကည့္ႏိုင္မည္ျဖစ္သည့္အတြက္ ၎တို႔က ထို သို႔ေတာင္းဆိုခဲ့ျခင္း
ျဖစ္သည္။

ထို႔ေၾကာင့္ ထိုေနရာတြင္ ၾကာရွည္ခံေစရန္ေဆးစိမ္ထားသည့္အေလာင္းမ်ားျဖင့္ ျပည့္ေနေတာ့သည္။ ထိုထဲဝင္လိုက္ပါက ေျခတစ္လွမ္းလွမ္းလိုက္တိုင္း ေက်ာစိမ့္သြားမည္ ျဖစ္သည္။ အခ်ိဳ႕ေသာဦးေခါင္းခြံမ်ားဆိုလၽွင္ တျဖည္းျဖည္းခ်င္း အေရျပား အဖတ္လိုက္ကြာက်ေနသည္။ ထို႔ေၾကာင့္ အသည္းငယ္သူမ်ား ထိုေနရာကိုေရွာင္ရွားသင့္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: : Pyi Myanmar(ခ်ယ္ရီ)

# Unicode Version ျဖင့္ ဖတ္ပါ #
အီတလီနိုင်ငံ ပါလာမိုအရပ်ဒေသရှိ ကပူချင်မြေအောက် သချိုင်းကြီး သည် သတ္တိကောင်းသည့် ခရီးသွားများ လက်လွတ်မခံသင့်သည့်နေရာဖြစ်သည်။

အလောင်းပေါင်း ရှစ်ထောင်ကျော်ဖြင့်ပြည့်နေသည့် ယင်းနေရာကို
ခရီးသွားများအတွက်ဖွင့်လှစ်ထားသည်။ မံမီလုပ်ထားသည့် အဆိုပါ
အလောင်းများထဲတွင် ဘုန်းတော်ကြီးများ၊ မင်းမျိုးမင်းနွယ်နှင့် အမျိုးသမီးများ၊ ကလေးများပါဝင်သည်။ မံမီအလောင်းများကို နံရံများတွင် တန်းစီချိတ်ပြထားသဖြင့် အဆိုပါမြင်ကွင်းသည် အသည်းထိတ်ဖွယ်ဖြစ်နေတော့သည်။ ထိုနေရာတွင် ၁၅၉၉ ခုနှစ်က မြှုပ်နှံခံခဲ့ရသည့် ဘုန်းတော်ကြီးသည် ယင်းနေရာတွင် ပထဦးဆုံးမြှုပ်နှံခံခဲ့ရသူဖြစ်သည်။

သက်တမ်းနှစ် ၄၀၀ ခန့်ရှိသည့် ယင်းရုပ်အလောင်းက အဝင်ဝတွင် ဧည့်သည်များကို စောင့်ကြိုနေသည်။ ယခင်ကမူ ယင်းနေရာတွင် ဘုန်းတော်ကြီးများကိုသာ မြှုပ်နှံခဲ့သော်လည်း နောက်ပိုင်းတွင် ငွေကြေးတတ်နိုင်သူများကပါ ၎င်းတို့၏ ကွယ်လွန်သူဆွေမျိုးများကိုြ မှုပ်နှံခွင့်ရရန် တောင်းဆိုလာသည်။ သို့မှသာ ၎င်းတို့ချစ်ခင်ရသူများကို လာကြည့်နိုင်မည်ဖြစ်သည့်အတွက် ၎င်းတို့က ထို သို့တောင်းဆိုခဲ့ခြင်း
ဖြစ်သည်။

ထို့ကြောင့် ထိုနေရာတွင် ကြာရှည်ခံစေရန်ဆေးစိမ်ထားသည့်အလောင်းများဖြင့် ပြည့်နေတော့သည်။ ထိုထဲဝင်လိုက်ပါက ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ကျောစိမ့်သွားမည် ဖြစ်သည်။ အချို့သောဦးခေါင်းခွံများဆိုလျှင် တဖြည်းဖြည်းချင်း အရေပြား အဖတ်လိုက်ကွာကျနေသည်။ ထို့ကြောင့် အသည်းငယ်သူများ ထိုနေရာကိုရှောင်ရှားသင့်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: : Pyi Myanmar(ချယ်ရီ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top