စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ထုိင္းလိဂ္၀မ္းကလပ္ ပုိလစ္တယ္႐ုိအသင္းကို ေျပာင္းေရႊ႕ခဲ့တဲ့ တုိက္စစ္မႉး ေအာင္သူဟာ ထုိင္းလူမႈကြန္ရက္ေတြမွာ ေရပန္းစားေနပါတယ္။

ထုိင္းႏုိင္ငံ ခ်န္နယ္ ၃ ႐ုပ္သံလိုင္းက ထုတ္လႊင့္ခ်က္ထဲမွာ တုိက္စစ္မႉး ေအာင္သူ ေရာက္ရွိလာၿပီးေနာက္ ၿပိဳင္ဘက္ကလပ္အသင္းေတြက ပိုမုိသတိထားလာၾကသလုိ ကလပ္အသင္းရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာလည္း ပရိသတ္ေတြ ပိုမ်ားလာတယ္လို႔ ဆုိပါတယ္။

ပုိလစ္တယ္႐ုိ ကစားသမားတဦးက ေအာင္သူဟာ ေဘာလုံးကို ကၽြမ္းက်င္စြာ ကစားႏိုင္သူျဖစ္ၿပီး တကယ္အရည္ခ်င္းရွိသူျဖစ္ေၾကာင္း၊ ကလပ္အသင္းမွာ အသားက်ဖို႔ ၀ိုင္း၀န္းကူညီေနၾကေၾကာင္းေျပာပါတယ္။

ပုိလစ္တယ္႐ုိအသင္းမန္ေနဂ်ာက “ထိုင္းမွာ ျမန္မာျပည္က လူေတြ ၃ သန္းေလာက္ေရာက္ေနတယ္။ သူတို႔ထဲက တစ္ေထာင္ႏွစ္ေထာင္ေလာက္ လာအားေပးဖို႔ ေမွ်ာ္လင့္ပါတယ္” လုိ႔ ေျပာပါတယ္။

ထိုင္းနာမည္ႀကီး အားကစားသတင္းေၾကညာသူနဲ႔ ေဘာလံုးအေရး ကၽြမ္းက်င္သူ  ေအကရက္ကိန္ထြတ္ထန္းက “က်ေနာ္ကေတာ့ ေအာင္သူဟာ ျမန္မာႏိုင္ငံရဲ႔ ဒီေခတ္မွာ အေတာ္ဆံုး ကစားသမား တေယာက္လို႔ေျပာခ်င္တယ္။ သူဟာ သဘာ၀တိုက္စစ္မႉး တေယာက္ျဖစ္တယ္၊  ဂိုးသြင္းဖို႔အတြက္ ေမြးဖြားလာတာျဖစ္တယ္၊ သြက္လက္တယ္၊ သန္မာ တယ္၊ ထက္ျမက္တယ္။ အသင္းေဖာ္ေတြက သူ႔ကိုေကာင္းေကာင္းျမႇင့္တင္အားေပးမယ္ဆိုရင္ သူဟာ ဒီထက္မက ဂိုးေတြသြင္းႏိုင္လိမ့္မယ္၊ ထိုင္းလိဂ္မွာ ေအာင္ျမင္တယ္ဆိုရင္ မဆန္းပါဘူး၊ သူလုပ္ႏိုင္ပါလိမ့္မယ္” လုိ႔ ေျပာပါတယ္။

ေအာင္သူရဲ႕ ကစားကြက္ေတြဟာ ပုိလစ္တယ္႐ုိ ေဘာလုးအသင္းလက္ေရြးစင္  က်နာ ထစ္ပ္ကၽြမ္ထက္ဆင္ နဲ႔   ဆင္တယ္လို႔ သတင္းဌာနေတြက သံုးသပ္ေနၾကပါတယ္။

“သူတို႔ကေတာ့ ျမန္မာလူမ်ဳိးဆိုေတာ့ ဘာပဲျဖစ္ျဖစ္ ျမန္မာႏိုင္ငံသားတေယာက္အေနနဲ႔ အားေပးမွာပဲ။ ဘယ္လိုပြဲ မ်ဳိးျဖစ္ျဖစ္အားေပးမွာပဲ။ သူတို႔အားေပးလို႔လည္း ေအာင္သူဆိုတာ ျဖစ္လာတယ္။ သူတို႔ကိုလည္း အမ်ားႀကီး ေက်းဇူးတင္တယ္။ ထိုင္းက ပရိသတ္ေတြလည္း က်ေနာ့္ကို အမ်ားႀကီး သည္းခံေပး ၾကပါ။ ဘာလို႔လဲဆိုေတာ့ ထိုင္းကစားပံုနဲ႔ ျမန္မာ ကစားပံုကြာတဲ့အတြက္ အဲဒီအေပၚမွာ သည္းခံေပးဖို႔ က်ေနာ္ေတာင္းဆိုခ်င္ပါတယ္” လို႔ ေအာင္သူက ေျပာပါတယ္။

ျမန္မာ့လက္ေရြးစင္တိုက္စစ္မႉး ေအာင္သူဟာ ထိုင္းလိဂ္ဝမ္းကလပ္ ပုိလစ္တယ္႐ုိ (Police Tero) အသင္းနဲ႔  ၿပီးခဲ့တဲ့ ႏုိ၀င္ဘာ ၃၀ က ထိုင္းႏိုင္ငံမွာ အၿပီးသတ္ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာ ျဖစ္ပါတယ္။ ေအာင္သူအေနနဲ႔ တရာသီစာ အငွားစာခ်ဳပ္နဲ႔ တလ အေမရိကန္ေဒၚလာ ၇၀၀၀ လစာရရွိမွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike

# Unicode Version ျဖင့္ ဖတ္ပါ #
ထိုင်းလိဂ်ဝမ်းကလပ် ပိုလစ်တယ်ရိုအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူး အောင်သူဟာ ထိုင်းလူမှုကွန်ရက်တွေမှာ ရေပန်းစားနေပါတယ်။

ထိုင်းနိုင်ငံ ချန်နယ် ၃ ရုပ်သံလိုင်းက ထုတ်လွှင့်ချက်ထဲမှာ တိုက်စစ်မှူး အောင်သူ ရောက်ရှိလာပြီးနောက် ပြိုင်ဘက်ကလပ်အသင်းတွေက ပိုမိုသတိထားလာကြသလို ကလပ်အသင်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း ပရိသတ်တွေ ပိုများလာတယ်လို့ ဆိုပါတယ်။

ပိုလစ်တယ်ရို ကစားသမားတဦးက အောင်သူဟာ ဘောလုံးကို ကျွမ်းကျင်စွာ ကစားနိုင်သူဖြစ်ပြီး တကယ်အရည်ချင်းရှိသူဖြစ်ကြောင်း၊ ကလပ်အသင်းမှာ အသားကျဖို့ ဝိုင်းဝန်းကူညီနေကြကြောင်းပြောပါတယ်။

ပိုလစ်တယ်ရိုအသင်းမန်နေဂျာက “ထိုင်းမှာ မြန်မာပြည်က လူတွေ ၃ သန်းလောက်ရောက်နေတယ်။ သူတို့ထဲက တစ်ထောင်နှစ်ထောင်လောက် လာအားပေးဖို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

ထိုင်းနာမည်ကြီး အားကစားသတင်းကြေညာသူနဲ့ ဘောလုံးအရေး ကျွမ်းကျင်သူ  အေကရက်ကိန်ထွတ်ထန်းက “ကျနော်ကတော့ အောင်သူဟာ မြန်မာနိုင်ငံရဲ့ ဒီခေတ်မှာ အတော်ဆုံး ကစားသမား တယောက်လို့ပြောချင်တယ်။ သူဟာ သဘာဝတိုက်စစ်မှူး တယောက်ဖြစ်တယ်၊  ဂိုးသွင်းဖို့အတွက် မွေးဖွားလာတာဖြစ်တယ်၊ သွက်လက်တယ်၊ သန်မာ တယ်၊ ထက်မြက်တယ်။ အသင်းဖော်တွေက သူ့ကိုကောင်းကောင်းမြှင့်တင်အားပေးမယ်ဆိုရင် သူဟာ ဒီထက်မက ဂိုးတွေသွင်းနိုင်လိမ့်မယ်၊ ထိုင်းလိဂ်မှာ အောင်မြင်တယ်ဆိုရင် မဆန်းပါဘူး၊ သူလုပ်နိုင်ပါလိမ့်မယ်” လို့ ပြောပါတယ်။

အောင်သူရဲ့ ကစားကွက်တွေဟာ ပိုလစ်တယ်ရို ဘောလုးအသင်းလက်ရွေးစင်  ကျနာ ထစ်ပ်ကျွမ်ထက်ဆင် နဲ့   ဆင်တယ်လို့ သတင်းဌာနတွေက သုံးသပ်နေကြပါတယ်။

“သူတို့ကတော့ မြန်မာလူမျိုးဆိုတော့ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံသားတယောက်အနေနဲ့ အားပေးမှာပဲ။ ဘယ်လိုပွဲ မျိုးဖြစ်ဖြစ်အားပေးမှာပဲ။ သူတို့အားပေးလို့လည်း အောင်သူဆိုတာ ဖြစ်လာတယ်။ သူတို့ကိုလည်း အများကြီး ကျေးဇူးတင်တယ်။ ထိုင်းက ပရိသတ်တွေလည်း ကျနော့်ကို အများကြီး သည်းခံပေး ကြပါ။ ဘာလို့လဲဆိုတော့ ထိုင်းကစားပုံနဲ့ မြန်မာ ကစားပုံကွာတဲ့အတွက် အဲဒီအပေါ်မှာ သည်းခံပေးဖို့ ကျနော်တောင်းဆိုချင်ပါတယ်” လို့ အောင်သူက ပြောပါတယ်။

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူဟာ ထိုင်းလိဂ်ဝမ်းကလပ် ပိုလစ်တယ်ရို (Police Tero) အသင်းနဲ့  ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ က ထိုင်းနိုင်ငံမှာ အပြီးသတ် သဘောတူစာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ အောင်သူအနေနဲ့ တရာသီစာ အငှားစာချုပ်နဲ့ တလ အမေရိကန်ဒေါ်လာ ၇၀၀၀ လစာရရှိမှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top