iMyanmarHouse.com - Best Property Website for Myanmar
×






Credit: 7DayDaily
#Unicode Version#


 မန္တလေးမြို့တွင် (၅) ရက်အတွင်း အလုံပိတ်အအေး ဆိုင် ခုနစ်ဆိုင်ကို ဖမ်းဆီးအရေးယူခဲ့ကြောင်း မန္တလေးမြို့တော် စည် ပင်သာယာရေး ကော်မတီ စည်ပင် သာယာရဲတပ်ဖွဲ့ တာဝန်ရှိသူများ က ပြောသည်။

 ဒီဇင်ဘာ ၁၈ ရက်က မန္တ လေးမြို့ ရှမ်းကလေးကျွန်းအနီး ကမ်းနားလမ်းတွင် အလုံပိတ်တဲ ၁၂ လုံးဖြင့် ဖွင့်လှစ်ထားသော အ အေးဆိုင်တစ်ဆိုင်ကို ဖမ်းဆီးအ ရေးယူခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်က လည်း မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် သံလျက်မှော် (တောင်) ရပ်ကွက် ကန်တော်ကြီးအနောက် ဘက် ပတ်လမ်းရှိ ဆိုင်ခြောက် ဆိုင်ကို ဖမ်းဆီးကာ မြို့တော်စည် ပင် အထူးတရားရုံးသို့ စည်ပင်သာယာဥပဒေ ပုဒ်မ ၁၁၈ ဖြင့် တရား စွဲဆိုတင်ပို့ခဲ့သည်ဟု ဆိုသည်။

ဥပဒေ ပုဒ်မ ၁၁၈ ဖြင့် တရား စွဲဆိုသည့် ဆိုင်ခြောက်ဆိုင်ကို ဥပ ဒေအရတစ်ဆိုင်လျှင် ကျပ်လေး သိန်းစီ ဒဏ်ရိုက်ခဲ့ကြောင်း မန္တ လေးမြို့တော် စည်ပင်သာယာရဲ တပ်ဖွဲ့ရဲအုပ် သဲဦးလှိုင်က ပြော သည်။ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့က အလုံပိတ်တဲ၊ အ လုံပိတ်အအေးဆိုင်များကို ဖမ်း ဆီး အရေးယူရန် ယခင်ကတည်း က ညွှန်ကြားထားကြောင်း စည် ပင်သာယာရဲတပ်ဖွဲ့ တာဝန်ရှိသူ များက ပြောသည်။

‘‘စည်ပင်ရဲတပ်ဖွဲ့ကတော့ ကြားတိုင်းဖမ်းနေတာပါပဲ။ အလုံ  ပိတ်တဲတွေနဲ့ ပတ်သက်ပြီး မလို လားအပ်တဲ့ ပြဿနာလေးတွေ ရှိတယ်။ တချို့အမျိုးကောင်းသမီး လေးတွေ ဘာမှမသိဘူး။ အအေး ဆိုင်ဆိုပြီး လိုက်သွားတယ်။ ဟို ထဲရောက်တော့မှ တဲဖြစ်နေတယ်။ မဖြစ်သင့်တာတွေ ဖြစ် သွားတဲ့ အနေအထားတွေရှိ တယ်။ မူးယစ်ဆေးဝါးသုံးတဲ့ ကောင်တွေ အဲဒီထဲသွားသုံးနေရင် ဘယ်သူမှ သိမှာမဟုတ်ဘူး’’ ဟု ရဲအုပ်သဲဦးလှိုင်က ပြောသည်။

တရားမဝင်ဖွင့်နေသော အလုံပိတ်တဲများ၊ အလုံပိတ်အခန်းများဖြင့် ရောင်းနေသော အအေးဆိုင်၊ စားသောက်ဆိုင်များကို ယခုနှစ်အတွင်း တရားစွဲဆိုခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top