စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ပဲခူးတုိင္းေဒသႀကီး ဒိုက္ ဦးၿမိဳ႕အဝင္တြင္ ကုန္မ်ားတင္ ေဆာင္လာသည့္ ဘီး ၂၀ တြဲကား သည္ လမ္းေဘး ကုကၠိဳပင္ကို ဝင္ တိုက္မိရာ ယာဥ္ေမာင္းႏွင့္ ယာဥ္ အကူေသဆံုးခဲ့သည္။


ဒိုက္ဦးၿမိဳ႕ အေၾကာင္ခင္ တန္းရြာ တံတားအနီး ရန္ကုန္- မႏၲေလးကားလမ္း မိုင္တိုင္ ၈၂ အလြန္တြင္ ဒီဇင္ဘာ ၁၀ ရက္ နံနက္ ၄ နာရီေက်ာ္က ပဲခူးမွ ဒိုက္ ဦးသို႔ ေမာင္းႏွင္လာသည့္ ဘီး ၂၀ တြဲကား လမ္းေဘးသစ္ပင္ကို ဝင္တိုက္ခဲ့ေၾကာင္း ဒိုက္ဦးရဲစခန္း မွ ရဲအရာရွိက ေျပာသည္။

‘‘ယာဥ္ေမာင္းကေတာ့ ဘယ္သူမွန္း မသိရေသးပါဘူး။ ယာဥ္ အကူကေတာ့ ကားေနာက္ခန္းထဲ မွာ ဝင္အိပ္ေနတယ္။ အိပ္ငိုက္ၿပီး ဝင္တိုက္မိသြားတာနဲ႔တူတယ္’’ဟု ၎က ေျပာသည္။

ယာဥ္ေနာက္ခန္းတြင္ အိပ္ ေပ်ာ္ေနသူ ယာဥ္အကူသည္ ေအးေက်ာ္ဆိုသူျဖစ္ၿပီး ယာဥ္ေမာင္း ကို စံုစမ္းေနေၾကာင္း အဆိုပါ ရဲ အရာရွိက ေျပာသည္။

‘‘သူတုိ႔ကုန္ကားေမာင္းတဲ့ သူေတြအခ်င္းခ်င္းထဲက ေျပာတာေတာ့ ယာဥ္ေမာင္းကို မသိဘူး။ ယာဥ္အကူကေတာ့ သူတို႔သိ တယ္။ ကားကို ကရိန္းကားနဲ႔ဆြဲ ထုတ္ၿပီး ေနာက္ခန္းက တစ္ ေယာက္ကို ဆြဲထုတ္ရတာပါ’’ဟု ၎က ေျပာသည္။

ယာဥ္ေပၚပါ ႏွစ္ဦးသည္ ဦးေခါင္းေၾကမြ၊ ေျခေထာက္ႏွင့္လက္တုိ႔တြင္ ဒဏ္ရာရရွိေသဆံုးခဲ့ ၿပီး ဒိုက္ဦးၿမိဳ႕မရဲစခန္းက ယာဥ္ ေမာင္းကို ယာဥ္ (ပ) ရာဇသတ္ ႀကီးဥပေဒပုဒ္မ ၃၀၄ (က) ျဖင့္ အမႈဖြင့္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ပဲခူးတိုင်းဒေသကြီး ဒိုက် ဦးမြို့အဝင်တွင် ကုန်များတင် ဆောင်လာသည့် ဘီး ၂၀ တွဲကား သည် လမ်းဘေး ကုက္ကိုပင်ကို ဝင် တိုက်မိရာ ယာဉ်မောင်းနှင့် ယာဉ် အကူသေဆုံးခဲ့သည်။


ဒိုက်ဦးမြို့ အကြောင်ခင် တန်းရွာ တံတားအနီး ရန်ကုန်- မန္တလေးကားလမ်း မိုင်တိုင် ၈၂ အလွန်တွင် ဒီဇင်ဘာ ၁၀ ရက် နံနက် ၄ နာရီကျော်က ပဲခူးမှ ဒိုက် ဦးသို့ မောင်းနှင်လာသည့် ဘီး ၂၀ တွဲကား လမ်းဘေးသစ်ပင်ကို ဝင်တိုက်ခဲ့ကြောင်း ဒိုက်ဦးရဲစခန်း မှ ရဲအရာရှိက ပြောသည်။

‘‘ယာဉ်မောင်းကတော့ ဘယ်သူမှန်း မသိရသေးပါဘူး။ ယာဉ် အကူကတော့ ကားနောက်ခန်းထဲ မှာ ဝင်အိပ်နေတယ်။ အိပ်ငိုက်ပြီး ဝင်တိုက်မိသွားတာနဲ့တူတယ်’’ဟု ၎င်းက ပြောသည်။

ယာဉ်နောက်ခန်းတွင် အိပ် ပျော်နေသူ ယာဉ်အကူသည် အေးကျော်ဆိုသူဖြစ်ပြီး ယာဉ်မောင်း ကို စုံစမ်းနေကြောင်း အဆိုပါ ရဲ အရာရှိက ပြောသည်။

‘‘သူတို့ကုန်ကားမောင်းတဲ့ သူတွေအချင်းချင်းထဲက ပြောတာတော့ ယာဉ်မောင်းကို မသိဘူး။ ယာဉ်အကူကတော့ သူတို့သိ တယ်။ ကားကို ကရိန်းကားနဲ့ဆွဲ ထုတ်ပြီး နောက်ခန်းက တစ် ယောက်ကို ဆွဲထုတ်ရတာပါ’’ဟု ၎င်းက ပြောသည်။

ယာဉ်ပေါ်ပါ နှစ်ဦးသည် ဦးခေါင်းကြေမွ၊ ခြေထောက်နှင့်လက်တို့တွင် ဒဏ်ရာရရှိသေဆုံးခဲ့ ပြီး ဒိုက်ဦးမြို့မရဲစခန်းက ယာဉ် မောင်းကို ယာဉ် (ပ) ရာဇသတ် ကြီးဥပဒေပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top